( သည်ဆောင်းဟေမန် )

တောင်ပေါ်သားDecember 12, 20141min19011

မြောက်လေအပြန်

ဟေမန်လို့ခေါ်

ကျနော်မျှော်နေသော်လည်း

ပေါ်ပဲမလာနိုင်

ဖြာယိုင်ကျလာတဲ့နေခြည်

လေသည်ရယ် စိမ့်လို့မအေး

ဟိုး အဝေးဝေးကနှင်း

ဘယ်အကြောင်းရင်းကြောင့်ပျောက်ကွယ်

ရောက်တယ်ရယ်မရှိ

ဖောက်လွဲသည်ကွယ့်ဖောက်ပြန်

ရောက်နေ၏ ဤကံ

မြောက်လေမပြန်မှတော့

လက်လျှော့ရ ငါ့မျှော်ခြင်း

ဖော်သင်းမဲ့ အထီးကျန်

ကီးမမှန်တဲ့ ဒီဘဝ

ဤမျှလေလား ဆောင်းဟေမန် ။

6 (2)

11 comments

  • ခင်ဇော်

    December 12, 2014 at 3:06 pm

    ချမ်းပါတယ်ဆိုကွယ်
    :mrgreenn:

    • တောင်ပေါ်သား

      December 12, 2014 at 3:17 pm

      ဒီမှာဖြင့် ပူတာာာာာာာ

  • ခင် ခ

    December 12, 2014 at 3:20 pm

    ကီးမမှန်တဲ့ ဒီဘဝ
    အထီးကျန်လို့ မညီမျှရင်
    အပျင်းရယ်ပြေ စိတ်တော်ဖြေဖို့
    ဟစ်ကြွေးလို့ရတဲ့ဆိုင်
    အတွဲညီလက်ကိုဆွဲပြီး
    သွားပါပေါ့ကိုယ့်ဆရာရယ်
    သားတော်မောင်နဲ့ပါကွယ်။

    • တောင်ပေါ်သား

      December 12, 2014 at 3:25 pm

      သားတော်မောင်နဲ့တော့ မသွားချင်ပေါင်

      ဟေမန်လေးနဲ့ဆို တော်သေး ဟေး ဟေး ဟေး 🙂

  • အံမယ် ဒီကဗျာ ဒီတစ်ခါတော့
    မင်းသားကြီးပုံပါ တွဲတင်ထားသကိုးး

    :k:

    အေးဗျာာာာ
    ကဗျာတွေ မြင်မှ
    စကားးလုံးပြတိုက် အမှတ် ၂ ကို အခုထိ စ မကိုင်ရသေးတာ
    မအားချက်များးး

    😆

  • ဖားသက်ပြင်း

    December 13, 2014 at 10:08 am

    ဖက်ကြမ်းယီးနဲ့ ဂေါ်သဗျာ…

    😛

    • တောင်ပေါ်သား

      December 13, 2014 at 4:16 pm

      အနော်က ဘော့ဖွာတဲ့ ဘဝသမားလေးပါ 🙂

  • လုံမလေးမွန်မွန်

    December 14, 2014 at 10:44 am

    အေးရင် စိတ်ညစ်တတ်ပေမယ့်.. ဆောင်းတွင်းက မအေးတဲ့အခါကျတော့လည်း အေးကို လွမ်းသလိုလို.. 🙂

    • တောင်ပေါ်သား

      December 15, 2014 at 2:08 pm

      အေး ကိုလား ၊ အံ ကိုလား မှန်မှန်ပြောစမ်း ကောင်မလေး 🙂

  • Kaung Kin Pyar

    December 15, 2014 at 1:16 pm

    ဆောင်းတွင်းမတော့ မြောက်ပြန်လေတိုက်တာ သဘောအကျဆုံး….။ အိမ်နားမှာ…အပင်တွေများလေတော့ လေတိုက်လို့ သစ်ရွက်ကြွေရင်ဖြင့်….
    :
    :
    :
    :
    :
    :
    :
    :
    :
    အတော် အမှိုက်ပွတာပဲလို့……..

    • တောင်ပေါ်သား

      December 15, 2014 at 2:12 pm

      သစ်ရွက်ကြွေတာကို ကြည့်ပြီး စိတ်ရူးထရမယ့်အရွယ် ကျော်ခဲ့တဲ့ အပျို ကြီးဖြစ်နေပြီပဲလေ ၊ 🙂

Leave a Reply