ဒီလိုဗျ မိတ်ဆွေတော်ကြီးတို့ရ။

 

 

မောင်သူရကြီးက ဗမာပီပီ. . .

ရေနွေးကြမ်းလေးနဲ့ လက်ဖက်သုပ်လေးနဲ့ သိပ်ကြိုက်တာပေါ့။

( စကားမစပ် . . .သူကြီးရေ. . . လက်ဖက်သုပ်နဲ့ရေနွေးကြမ်းဆိုတာ ဗမာရိုးရာအစားအသောက် စစ်/မစစ် ဗဟုသုတ ပေးပါဦး)

 

မောင်သူရ ကြိုက်တဲ့ လက်ဖက်သုပ်ဆိုတာက လက်ဖက်အညွန့်လေးတွေများများနဲ့ ခါးသက်သက်ဆိမ့်ဖန်ဖန် လက်ဖက်သုပ်လေ။

 

အံမယ် ပုဇွန်ခြောက်လေးကလည်း နီနီတွတ်တွတ် ပါဦးမှဗျားးး။

 

လက်ဖက်ညွန့်လေးတွေကို မိုးကုတ်မြို့က သူငယ်ချင်းမိတ်ဆွေတွေက မကြာခဏပို့ပေးပါရဲ့။

 

ဒါပေမယ့်. . .

မောင်သူရအကြိုက် လက်ဖက်ညွန့်ကလေးတွေ

ဒီက ပဲခြမ်းကြော်တွေနဲ့ သိပ်မလိုက်ဘူးဗျ။

 

အဲ မိုးကုတ်က လက်ဖက်အညွန့် နှပ်ပြီးသားလေးတွေနဲ့လိုက်တာကတော့ ယုဇန လက်ဖက်ထဲက အကြော်စုံဗျ။

 

သူကျ ကြွပ်ရွနေတာလေးက သူများနဲ့ မတူဘူး။ တမူထူးနေသလားလို့။

 

မိုးကုတ်က ပို့ပေးတဲ့ လက်ဖက်ညွန့်လေးတွေနဲ့ ယုဇနအကြော်စုံနဲ့ ပေါင်း သုပ်လိုက်တော့ အရသာက ထူးသမှ ထူးဗျားးးး။

(ဒီလိုပြောတော့ ယုဇန လက်ဖက်လုပ်ငန်းက ကြော်ငြာခ ပေးထားတယ်ထင်နေပါဦးမယ်။ မဟုတ်ရပါဘူး။)

 

အဲ့ဒီ လက်ဖက်သုပ်နဲ့ (မိုးကုတ်ကပို့တဲ့)လက်ဖက်ခြောက် မွှေးမွှေးလေးကို ကျိုချက်ခတ်ထည့်ထားတဲ့ ရေနွေးကြမ်း ဖန်ဖန်မွှေးတေးတေး

ပေါင်းပြီး စားလိုက်/သောက်လိုက်တာ. . .

 

ဘာပြောကောင်းမလဲဗျာာာာာာ

 

နတ်စည်းစိမ် သိကြားစည်းစိမ်ကို (မခံစားဖူးပေမယ့် စိတ်မှန်းနဲ့)

မလဲနိုင်ဘူးဗျို့. . .

 

လက်ဖက်သုပ်ထက်

(လက်ဖက်ရည်ဆိုင်ထိုင်နေကျဆိုတော့ ဆိုင်မှာ သောက်တဲ့ ရေနွေးကြမ်း မကောင်းမကန်း အဖြစ်တညစ်ကို သောက်မိတိုင်း. . .) လက်ဖက်ခြောက် ကောင်းကောင်းမွှေးမွှေးလေးတွေနဲ့ ကျိုထားတဲ့ မိုးကုတ်လက်ဖက်ခြောက် ခတ်ထားတဲ့ရေနွေးကြမ်းလေးကိုသတိရမိတယ်။

 

အဲ ပြောနေရင်းနဲ့တောင် ရွာဆူပြီဗျို့. . .

 

 

ရွာ ဆူတယ်ဆိုလို့ ဂဇက်ရွာကြီး ဆူလေပြီ မထင်နဲ့ဦးမိတ်ဆွေတို့. . .

 

ဒီလို ဒီလိုဗျ. . .

 

ဟောဒီ မောင်သူရက လက်ဖက်ခြောက် မွှေးမွှေးဖန်ဖန်လေးနဲ့ ကျိုထားတဲ့ ရေနွေးကြမ်းကို

”ရွာ”လို့ ကိုယ်ပိုင်နာမည်ပေးထားတာဗျ။

 

လက်ဖက်ခြောက်မွှေးမွှေး ဖန်ဆိမ့်သက်သက် အရသာလေးကို ပူပူလောလော သောက်မိတိုင်း မောင်သူရကြီးနေခဲ့တဲ့ ရွာကို သိပ်သတိရတာဗျ။

 

ဒါကြောင့် ရေနွေးကြမ်းကောင်းကောင်းလေးကို

”ရွာ”ရယ်လို့ အလွမ်းပြေ အမည်မှည့်ထားတာ။

 

 

အဲအဲ အခု ပြောနေရင်နဲ့ကို မောင်သူရကြီး ကျိုထားတဲ့

”ရွာ” ဆူနေပြီဗျို့. . .

 

kettle

 

 

 

 

 

 

 

 

 

 

 

 

~~~~~~~~~

 

မောင်သူရ

 

၂၀၁၄၊ ဒီဇင်ဘာ ၊ ၈

 

 

About alinsett

alinsett has written 615 post in this Website..

. . .