ရွာဆူပြီ !!!

alinsettDecember 15, 20141min44842

 

ဒီလိုဗျ မိတ်ဆွေတော်ကြီးတို့ရ။

 

 

မောင်သူရကြီးက ဗမာပီပီ. . .

ရေနွေးကြမ်းလေးနဲ့ လက်ဖက်သုပ်လေးနဲ့ သိပ်ကြိုက်တာပေါ့။

( စကားမစပ် . . .သူကြီးရေ. . . လက်ဖက်သုပ်နဲ့ရေနွေးကြမ်းဆိုတာ ဗမာရိုးရာအစားအသောက် စစ်/မစစ် ဗဟုသုတ ပေးပါဦး)

 

မောင်သူရ ကြိုက်တဲ့ လက်ဖက်သုပ်ဆိုတာက လက်ဖက်အညွန့်လေးတွေများများနဲ့ ခါးသက်သက်ဆိမ့်ဖန်ဖန် လက်ဖက်သုပ်လေ။

 

အံမယ် ပုဇွန်ခြောက်လေးကလည်း နီနီတွတ်တွတ် ပါဦးမှဗျားးး။

 

လက်ဖက်ညွန့်လေးတွေကို မိုးကုတ်မြို့က သူငယ်ချင်းမိတ်ဆွေတွေက မကြာခဏပို့ပေးပါရဲ့။

 

ဒါပေမယ့်. . .

မောင်သူရအကြိုက် လက်ဖက်ညွန့်ကလေးတွေ

ဒီက ပဲခြမ်းကြော်တွေနဲ့ သိပ်မလိုက်ဘူးဗျ။

 

အဲ မိုးကုတ်က လက်ဖက်အညွန့် နှပ်ပြီးသားလေးတွေနဲ့လိုက်တာကတော့ ယုဇန လက်ဖက်ထဲက အကြော်စုံဗျ။

 

သူကျ ကြွပ်ရွနေတာလေးက သူများနဲ့ မတူဘူး။ တမူထူးနေသလားလို့။

 

မိုးကုတ်က ပို့ပေးတဲ့ လက်ဖက်ညွန့်လေးတွေနဲ့ ယုဇနအကြော်စုံနဲ့ ပေါင်း သုပ်လိုက်တော့ အရသာက ထူးသမှ ထူးဗျားးးး။

(ဒီလိုပြောတော့ ယုဇန လက်ဖက်လုပ်ငန်းက ကြော်ငြာခ ပေးထားတယ်ထင်နေပါဦးမယ်။ မဟုတ်ရပါဘူး။)

 

အဲ့ဒီ လက်ဖက်သုပ်နဲ့ (မိုးကုတ်ကပို့တဲ့)လက်ဖက်ခြောက် မွှေးမွှေးလေးကို ကျိုချက်ခတ်ထည့်ထားတဲ့ ရေနွေးကြမ်း ဖန်ဖန်မွှေးတေးတေး

ပေါင်းပြီး စားလိုက်/သောက်လိုက်တာ. . .

 

ဘာပြောကောင်းမလဲဗျာာာာာာ

 

နတ်စည်းစိမ် သိကြားစည်းစိမ်ကို (မခံစားဖူးပေမယ့် စိတ်မှန်းနဲ့)

မလဲနိုင်ဘူးဗျို့. . .

 

လက်ဖက်သုပ်ထက်

(လက်ဖက်ရည်ဆိုင်ထိုင်နေကျဆိုတော့ ဆိုင်မှာ သောက်တဲ့ ရေနွေးကြမ်း မကောင်းမကန်း အဖြစ်တညစ်ကို သောက်မိတိုင်း. . .) လက်ဖက်ခြောက် ကောင်းကောင်းမွှေးမွှေးလေးတွေနဲ့ ကျိုထားတဲ့ မိုးကုတ်လက်ဖက်ခြောက် ခတ်ထားတဲ့ရေနွေးကြမ်းလေးကိုသတိရမိတယ်။

 

အဲ ပြောနေရင်းနဲ့တောင် ရွာဆူပြီဗျို့. . .

 

 

ရွာ ဆူတယ်ဆိုလို့ ဂဇက်ရွာကြီး ဆူလေပြီ မထင်နဲ့ဦးမိတ်ဆွေတို့. . .

 

ဒီလို ဒီလိုဗျ. . .

 

ဟောဒီ မောင်သူရက လက်ဖက်ခြောက် မွှေးမွှေးဖန်ဖန်လေးနဲ့ ကျိုထားတဲ့ ရေနွေးကြမ်းကို

”ရွာ”လို့ ကိုယ်ပိုင်နာမည်ပေးထားတာဗျ။

 

လက်ဖက်ခြောက်မွှေးမွှေး ဖန်ဆိမ့်သက်သက် အရသာလေးကို ပူပူလောလော သောက်မိတိုင်း မောင်သူရကြီးနေခဲ့တဲ့ ရွာကို သိပ်သတိရတာဗျ။

 

ဒါကြောင့် ရေနွေးကြမ်းကောင်းကောင်းလေးကို

”ရွာ”ရယ်လို့ အလွမ်းပြေ အမည်မှည့်ထားတာ။

 

 

အဲအဲ အခု ပြောနေရင်နဲ့ကို မောင်သူရကြီး ကျိုထားတဲ့

”ရွာ” ဆူနေပြီဗျို့. . .

 

kettle

 

 

 

 

 

 

 

 

 

 

 

 

~~~~~~~~~

 

မောင်သူရ

 

၂၀၁၄၊ ဒီဇင်ဘာ ၊ ၈

 

 

42 comments

  • အောင် မိုးသူ

    December 15, 2014 at 10:26 am

    ငါသုတ်စားတဲ့လက်ဖက်သုပ်က တစ်မျိုး နောက်မှ ပို့စ်တင်လိုက်ဦးမယ်

  • မွသဲ ( 17082011 )

    December 15, 2014 at 10:36 am

    ဂါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး တကတဲ ရေနွေးကြမ်းရေးဒါမြန်းအေ ငါ့အဟုတ်မှတ်လို့ အပြေးအဖြန်းလာဒါ ခလုတ်တိုက်လို့ခေါ်လဲဒူးကွဲ မှောက်ရက်လဲပါကောလား။ နင့်ဟာတကယ်ရွာဆူဒါမှမဟုတ် ရွာတကယ်ဆူအောင် ဆိုင်းဘုတ်ထောင် ဒဂျီးကို ဆန်ဒပြမယ် ပွိုင့်များများတိုးရေးဒို့အရေး :mrgreen:

    • အဟိ
      ကျနော့်ရဲ့ တကယ့်ရွာလေးက တကယ် ဆူသွားတာဗျ။
      :k:

      နောက်ဆက်တွဲရွာဆူအောင် ဘာလုပ်ကြမဲ

      :k:

  • kai

    December 15, 2014 at 11:10 am

    ရွာဆူအောင်.. နယ်စည်းမခြားအဖွဲ့အတွက်လည်း.. ပုလင်းဝယ်ပြီးပြီ..။
    …. အနံ့မထွက်တဲ့.. ဗော့ကာ..။ :k:
    ရေရောသောက်ခွင့်မရှိ..။ ၁.၇၅လီတာရှိပါ၏။

    ရွာကာလသားအုပ်စုမူးရင်.. တအိမ်တက်စေ့.. ပြဿနာရှာကြမယ်.. လို့..။
    ဒါပေမယ့်…
    လူကြုံကမရှိ..။
    ကယ်ပါ.. ကယ်ပါ.. ကယ်ကြပါ၏..။ :i:

    • ခင် ခ

      December 15, 2014 at 4:01 pm

      ကြားသာကြား မကြင်ရ တော့ လုပ်ပြီ။

  • ခင်ဇော်

    December 15, 2014 at 12:59 pm

    ဂလောက် ခန ခန ဆူတဲ့ဟာဂျီးမြန်းးး
    ရွာလို့ ပေးထားရသလားအေ။
    :mrgreenn:
    နာတို့ ရွာလေးမြန်း ကြည့်။
    ဘယ်မှာ ဆူလို့တုန်းးးးးးး
    တဂျီးကို ချစ်ကြောက်ရိုသေ ငြိမ်ဝပ် ပိပြားနေကြတာပဲ။
    မနှိုင်းကောင်း နှိုင်းကောင်းအေ။
    :k:

  • Kaung Kin Pyar

    December 15, 2014 at 1:13 pm

    တရုတ်လူမျိုးတွေဟာ ရေနွေးအကြိုက်ဆုံးလို့ ကြားဖူးတယ်….။
    သူရို့…ရေနွေးကြိုပုံ၊ လက်ဖက်ခြောက်ခတ်ပုံ၊ သောက်ပုံတွေ တစ်ခါလား ဖတ်ရပေမယ့်…ခုတော့ မေ့သွားပြီ….။
    အင်း….ကောင်းကင်ပြာလဲ…အရင်က ရေနွေးကြမ်းဆိုတာ မသောက်ဖြစ်ပေမယ့်….
    ခုဆို…..ရေနွေးကြိုက်တတ်နေပြီ….

    • ကောင်းကင်ပြာ ရေနွေးကြမ်း ကြိုက်တတ်နေတာကို…
      ယုံတယ်… ။
      ကျဆိမ့်လည်း.. ကြိုက်နေတာလား…

  • ဖားသက်ပြင်း

    December 15, 2014 at 2:03 pm

    အို
    ရှုပ်​ထှာ
    စိတ်​ညစ်​တဲ့ယ်​့

  • Swal Taw Ywet

    December 15, 2014 at 2:25 pm

    ကာတာရောက်မှ တဆောင်ထည်းနေ အိန္ဒိယကုလားတွေဆီက နည်းတခုရထားသဗျ။ လက်ဖက်ခြောက်နဲ့အတူ ပူစီနံ အရွက်လေးတွေထည့်ခပ်သောက်ကြည့်။ တော်ယုံမကောင်းတဲ့ လက်ဖက်ခြောက်တောင် အရသာပိုကောင်းသွားသဗျ။ အရင်အဆောင်တုံးကတော့ စိုက်စရာမြေလေးရှိလို့ ပူစီနံအခင်းစိုက်ထားပြီး ရေနွေးကြမ်းသောက်တိုင်းခတ်သောက်ဖြစ်တာ။ အခုအဆောင်တော့ မြေပိုမရှိလို့ ရေသန့်ဘူးအလွတ်ထဲထည့်စိုက်ရမယ်ထင့်။ စမ်းကြည့်ပါလေ။
    With respect,
    Swal Taw Ywet.

    • kai

      December 16, 2014 at 7:49 am

      ပူစီနံက.. အစားအသောက်.. အချိုရည်.. အိုက်စ်ကရင်တွေမှာ.. မင့်..ပူမွှေးနံ့လေးအပြင်..အစိမ်းရွက်လှလေးမို့.. တန်ဆာဆင်သုံးတာ..။

      ပြီးခဲ့တဲ့တပါတ်က.. စူပါမားကက်က.. စတားဘတ်တကပ်ဝယ်လာတာမှာ.. ကော်ဖီထဲပက်ပါးမင့်(peppermint)ထည့်ထားသဗျ..
      သိပ်တော့မကြိုက်…။

      ရေနွေးကြမ်းနှင့်စမ်းကြည့်ပါမည့်အကြောင်း..။
      ============
      နောက်ဆို.. ဆူရင်ပူစီခပ်ကြနော..။ ကျမ်းမာရေးညီညွှတ်သတဲ့..။

      5 Health Benefits Of Drinking Peppermint Tea
      October 12, 2013 | By The Sleuth Journal | General Health

      peppermint tea

      Peppermint tea is more than just plain delicious. It has been proven to have some fairly amazing health and beauty benefits. From the tips of your hair to the tips of your toes and everything in between, let peppermint tea bestow its healing powers on you!
      1. Stress Relief

      When it comes to stress and anxiety, peppermint tea is one of your best allies. The menthol that is naturally present in the tea is a muscle relaxant; the relaxation of the muscles can be an enormous component of natural stress and anxiety relief… not to mention falling asleep!

      Drinking peppermint tea before bed has been proven to give you a more restful sleep. Not only does the relaxation of the muscles lead to more restful sleep, the tea has properties that can even help you dream more vividly.
      2. Sinus Relief

      The season of constant colds and flus has begun, so let peppermint tea become part of your evening routine. Not only does the consumption of any warm liquid, such as tea, help you clear your sinuses and soothe sore throats, peppermint tea in particular is a known natural decongestant.
      3. Weight Loss

      When it comes to weight loss, there’s no all-natural miracle. But you can get some help from peppermint tea! Peppermint tea can act as an appetite suppressant, making it easier to stick to your healthy eating goals. Drinking a blend of peppermint tea and green tea can help increase your metabolism as well, making it easier to shed extra pounds.
      4. Skin-Clearing

      If you suffer from hormonal skin problems such as acne, peppermint tea could be a natural solution. Peppermint tea offers a slight boost in estrogen levels to some drinkers, which can help curb these hormonal problems and aid in clearing up acne. If you really want to make sure that you’re reaping all the benefits, try adding peppermint tea to your bath water. It can help soothe burns and rashes as well as other skin inflammations.
      5. Stomach Problems

      If that wasn’t enough, peppermint tea is also a great natural remedy for certain stomach ailments, including bloating and gas. Having a cup of tea in the evening before bed can help soothe these problems, making it easier to digest and fall asleep.

      • ပူစီတွေအတွက် နံတဲ့အရွက်ပေါ့နော်
        ဗမာပြည်မှာက ပူစီနှစ်မျိုးကလည်း ရှိသေးဆိုတော့
        ကြောင်=ပူစီ နဲ့
        လူမ=ပူစီ
        ဘယ်ပူစီအတွက်လည်း မသိ။
        ဗမာစကားများ ရှုပ်ပုံ
        :k:

        ဘာပဲဖြစ်ဖြစ် ကျနော်ကတော့ ပူစီနံကို မွှေးတယ်လို့သာထင်
        ငါးပိရည်နဲ့တောင် မကြာခဏတို့စားဖြစ်သေးတယ်
        ရေနွေးကြမ်းထဲတော့ အခုမှ စမ်းကြည့်ရမယ်။

        :k:

        • kai

          December 23, 2014 at 3:02 am

          လူမ=ပူစီ
          လို့.. ကိုရင့်ကိုဘယ်သူပြောသလဲကွယ်…

          ကြည့်ရတာ. Cat Woman ကြည့်ပြောတာလားမသိ..
          ဆိုတော့..
          Woman Pussy လို့.. Google Image search စေလို…။ :k:

        • မြစပဲရိုး

          December 23, 2014 at 3:18 am

          Internet Search Engine တွေ မှာ ရှာတိုင်း ကောင်းတာ မဟုတ်မှန်း သိရက်ချွန်တယ်ဗျို့။
          ကိုယ်ရှာသမျှ ကို နောက်က လိုက်ကြည့် နေနိုင်တာ သိရက်ကိုများ။
          အဲဒီမှာ အဓိက အကြမ်းဖက် မှု စာလုံးပါလို့ ကတော့ မသကာင်္ ရင် FBI လာတာဘဲ မဟုတ်လား။
          မြန်မာပြည်က ပိုပြီး ဟောင်းလောင်းပွင့်နေတာ မှ ဘယ်နေရာ က ဘာကို Browse နေတယ်တောင် သိနိုင်ဆိုဘဲ။
          ဟုတ်မဟုတ်တော့ မသိ။
          ဆရာ့ ဆရာကြီး တွေ ပြောတာဘဲ။
          lol:-))

        • ငင်
          သဂျီးကလဲ
          ရန်ကုန်မှာ ကန်ဘောင်ဘေးတို့ ဘာတို့မှာ မတ်တပ်ရပ်နေပြီး
          မျက်စပစ် ပစ်ပြတတ်တဲ့ မမတွေကို ဗန်းစကားနဲ့
          အရပ်ထဲမှာ ပူစီလို့ခေါ်တယ်လေ။

          :k:

        • kai

          December 23, 2014 at 3:26 am

          ယူအက်စ် အန်အက်စ်အေ က.. တကမ္ဘာလုံးရဲ့.. တက်သမျှအကုန်. .ကြည့်နေနိုင်တာဗျ..။
          စနိုဒန်မပြောခင်ကတည်းက.. ကျုပ်ဒီရွာထဲပြောပြီးသားဗျနော..။
          ဖုံးပြောတာတွေရောပဲ..

          ဆိုတော့…
          သတိထားဖို့က.. အင်တာနက်ဆိုတာကြီးနဲ့.. ကွန်ပြူတာဆိုတာကြီးက.. သူတို့တီထွင်ထားတာလေ…။ :k:

  • Ma Ei

    December 16, 2014 at 12:41 pm

    .ရွာဆူပြီ ဆိုလို့ တစ်ကယ်လားလို့ တစ်ကယ်တော့ ရွာ ဆူတာကိုး…
    .အန်တီလဲ ရေနွေးကြမ်းကြိုက်တယ်…ကောက်ညင်းမွှေး..စပယ်..အနံ့လေးတွေပါတာလဲကြိုက်တယ်….
    .စားသောက်ဆိုင်ကြီးတွေမှာဆို ရေနွေးကြမ်းက ဝယ်သောက်ရတော့တဲ့ အမျိုးဖြစ်သွားပီ…
    .ဟိုတယ် Park Royal မှာ ရေနွေးကြမ်းဝိုင်းအတွက် တရုတ်ပညာရှင်သီးသန့်ငှားထားရတာတဲ့…
    .သူတို့ ရေနွေးကြမ်းက ပန်းကန်ထဲမှာ လက်ဘက်ခြောက်နဲ့ တစ်ခြားသီးပွင့်ခြောက်(ဂန္နမာပန်း၊ ဇီးသီး၊ လိုင်ချီးသီး၊ မုန်လာဥ၊ဂေါ်ဖီ၊ နောက်ဘာသီးမှန်းမသိတဲ့ နီနီသီးလေး) ထည့်ထားပီး ရေနွေးဖြူ ထည့်ရတာ..ရေနွေးကရားနှတ်သီးရှည်ကြီး ကို ပုံစံမျိုးစုံ အိုက်တင်ပေးလို့ ထည့်ပေးတာ …
    သူကြီးလို comment ထဲမှာ ပုံလေးတင်ပေးလို့ရရင်ကောင်းသား…
    🙂

    • အဲဒါ အန်တီအိရေ အဲ့ဒါ
      အခုမှပဲ ရွာဆူအောင် ဆန်ဒပြရမယ့်အချက် တွေ့သွားပြီ
      သဂျီးလို comment ထဲ ပုံထည့်ပြလို့ ရရေး ဒို့အရေးး

      :k:

      • Ma Ei

        December 16, 2014 at 1:02 pm

        တီရှပ်ဆင်တူဝတ်ပြီး ဆန္ဒပြကြမယ်လေ…

        • အနီရောင် တီရှပ် ထပ် ထုတ်မယ်
          မြို့တော်ခန်းမ အပေါက်ဝမှာ လူစုပြီး ပြကြမယ်
          ဂွစ်ဂွစ်

          :k:

  • uncle gyi

    December 17, 2014 at 10:07 pm

    ရွာဆူမဆူတော့မသိဖူးဗျာ
    လက္ဘကတော့ကျမ်းမာရေးအတွက်တယ်ကောင်းလို့
    ဖတ်လိုက်ရတာပဲ
    လူကြီးတွေကတော့ဆူရင်လက္ဘခြောက်ခပ်လို့ပြောတာပဲ
    စွယ်တော်ရွက်ပြောမှပူစီနံခပ်ဖြစ်တော့တယ်
    ခပ်သောက်ကြည့်အုန်းမယ်
    အိမ်မှာအများကြီးပဲ

  • manawphyulay

    December 18, 2014 at 8:50 am

    အမှန်တော့ ရွာက အမြဲဆူနေတာ ခုမှ ဆူမယ်ဆိုရင် မဆန်းတော့ဘူးလို့ အဲ့လာ ဝင်ပြောတာ… မောင်သူရ

  • lu lu

    December 18, 2014 at 9:03 am

    ခေါင်းစည်းကြောင့် လန် ့သွားပါကြောင်း
    လက်ဖက် ညွှန် ့ကြိုက်ချင်းတော့ တူနေပါကြောင်း
    ရေနွေးကြမ်းကို ရှမ်းပြည်မှာ အခါးရည် ဟူ၍ ခေါ်ပါကြောင်း
    ဒါလေးလာပြောတာပါ
    😀

  • Lay Pai

    December 20, 2014 at 1:17 am

    မြေအိုး နဲ့ ရွာ က မှ သောက်လို့ အကောင်းဆုံးဗျ ။

  • ​မောင်​မိုဘိုင်​း

    December 21, 2014 at 9:46 pm

    ကျနော် သိတာလေးပြောရရင်….
    အဲ့သလို ရွာဆူနေတုံး ရေနွေးအိုးဖင်ကို လက်နဲ့ကိုင်ရင် မပူဖူးဗျ…..
    လက်တွေ့စမ်းကြည့်ပီးသားးးးး

  • ဦးဦးပါလေရာ

    December 23, 2014 at 11:19 am

    အဲဒီ အရမ်းကောင်းတဲ့ ဆေးဖက်ဝင်တဲ့ အရွက်ရဲ့ နာမည်က

    ပူဒီနာ ဖြစ်ကြောင်း…

    ဟိုဟာနံ မဟုတ်ကြောင်း….
    :mrgreen:

  • CharTooLan

    December 24, 2014 at 8:19 am

    နမိတ်များဖတ်ရော့တလား အောင်သျဲလင်းရယ်…………. :'(

    • ခင်ဇော်

      December 24, 2014 at 8:25 am

      နောက်ကွယ်က ကြိုးကိုင်သူက အောင်ယဲလင်းမြန်းလား?? 🙄

    • အေးနော်
      ဘိုလိုဂဘိုလို ခေါင်းစဉ်နဲ့ တိုက်ဆိုင်သွားတယ်မသိ။
      😥

      မမဇီ
      နောက်ကွယ်က ကြိုးကိုင်ဖို့. . .
      ကိုင်ချင်ရင်တောင်
      ဘယ်မလဲ
      ကျနော့်မှာ . . . ”လက်”

      😥

  • padonmar

    December 25, 2014 at 10:09 am

    အဲဒါလေး ပြောချင်လို့ ဝင်လာတာ ကိုယ့်အရင် ပြောတဲ့သူတွေ ရှိနေပြီ။
    ဘာပဲပြောပြော မုန်တိုင်းစဲသွားတဲ့ ကောင်းကင်ဟာ အကြည်လင်ဆုံးပါပဲ။
    (မုန်တိုင်းကလည်း ခဏခဏ တိုက်တာခက်စ်)

    • .နောက်ထပ်ပိုစ့်တွေထဲမှာ
      ရွာစည်ပြီ ဆိုပြီး ခေါင်းစဉ် တပ်ဦးမှပါ

      ကျနော် ပြောသလိုဖြစ်ဖို့ လျှာစက်အာစက် သွားတပ်လိုက်ဦးမယ်

      :k:

  • kai

    December 25, 2014 at 2:05 pm

    ( စကားမစပ် . . .သူကြီးရေ. . . လက်ဖက်သုပ်နဲ့ရေနွေးကြမ်းဆိုတာ ဗမာရိုးရာအစားအသောက် စစ်/မစစ် ဗဟုသုတ ပေးပါဦး)

    လက်ဖက်သုပ်က.. မြန်မာ့အစာစစ်စစ်..။
    ရေနွေးကြမ်းကတော့.. စိနပြည်သား… စစ်စစ်..။
    အဲဒါလာပြောတာ.. :k:

Leave a Reply