စိတ်ချမ်းသာအောင်နေတတ်သူတွေမှာ ရှိတဲ့ အချင်းအရာ လက္ခဏာ
စိတ်ချမ်းသာအောင်နေတတ်သူတွေမှာ ရှိတဲ့ အချင်းအရာ လက္ခဏာတွေဟာ ဘာတွေလဲ။
Boldness: သတ္တိရှိတယ်။ ဆုံးဖြတ်ရဲတယ်။ ပြောရဲတယ်။ လုပ်ရဲတယ်။
Brightness: အသိဥာဏ် တောက်ပြောင်တယ်။
Cheerfulness: ရွှင်လန်းတယ်။
Common sense: ပင်ကိုယ်ဥာဏ်ရှိတယ်။
Confidence: ကိုယ့်ကိုယ်ကို ကိုယ် ယုံကြည်မှုရှိတယ်။
Control: မိမိကိုယ်ကို ထိန်းသိမ်းနိုင်တယ်။ အခြေအနေကို ထိန်းသိမ်းနိုင်တယ်။
Enthusiasm: စိတ်အားထက်သန်တယ်။ တက်ကြွတယ်။
Forgiveness: ခွင့်လွှတ်နိုင်တယ်။
Friendliness: ခင်ခင်မင်မင် ဆက်ဆံတတ်တယ်။
Gratitude: ကျေးဇူးသိတတ်တယ်။ တန်ဖိုးထားတတ်တယ်။ အသိအမှတ်ပြုတယ်။
Joyousness: ကြည်လင်ရွှင်လန်းတယ်။
Kindness: ကြင်နာတတ်၊ ညှာတာတတ်တယ်။
Mental fitness: စိတ်ဓာတ် ကြံ့ခိုင်တယ်။
Optimist: အကောင်းမြင်တယ်။ အဖြစ်ကိုမြင်တယ်။ အပြုသဘောရှိတယ်။
Patience: စိတ်ရှည်တယ်။ စောင့်ထိန်းနိုင်တယ်။
Peacefulness: စိတ်ငြိမ်းချမ်းတယ်။
Power: စိတ်စွမ်းအားကြီးတယ်။
Productiveness: အလုပ်များများလုပ်နိုင်တယ်။
Wisdom: ဥာဏ်ပညာရှိတယ်။
ဒီစာလေးကိုဖတ်ပြီး စိတ်ချမ်းသာမှုအစစ်ကိုရရှိနိုင်ြ
သေသေချာချာတွေးပြီးနားလည်လိုက်နာကျင်.ကြံနိုင်ပါစေ ။ ကိုယ်ရောစိတ်ပါ
ရွှင်ရွှင် လန်းလန်း ချမ်းမြေ့ သာယာကြပါစေ
“လူတွေက ရာသီဥတုမကောင်းဘူးလို့ အမြဲပြစ်တင်ပြောဆိုကြတယ်။ တကယ်တော့
ရာသီဥတုမကောင်းတာ မဟုတ်ဘူး။ မိမိကိုယ်ကိုယ် ယုံကြည်မယ်၊ အကောင်းဖက်ကို
တွေးမြင်မယ်ဆိုရင် ရာသီဥတုက နေ့တိုင်းကောင်းနေမှာပါပဲ”
ကိုယ့်ဘ၀မှာ စိတ်တူကိုယ်တူ အမြဲပေါင်းသင်းတဲ့ သူငယ်ချင်း
ဘယ်နှစ်ယောက်ရှိလဲလို့ လက်ချိုး ရေတွက်ကြည့်ဖူးပါသလား.. ? ကိုယ်နဲ့
အခုမှခင်မင်ရင်းနှီးပေမဲ့ ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ ငယ်ပေါင်းလို
ဘာမဆိုဖွင့်ပြော တိုင်ပင် မျှဝေလို့
ရနိုင်တဲ့ သူငယ်ချင်းကော ရှိဖူးလား…?ရှိတယ်ဆိုရင် တန်ဖိုးထား မြတ်နိုးပါ။
ကံတရားက ဆန်းကြယ်တယ်။
ကိုယ်မထင်မှတ်၊ မမျှော်လင့်တဲ့ အချိန်မှာ လူတစ်ယောက်ကို ကိုယ်ဆီ
အရောက်ပို့လိုက်တယ်။ အဲဒီလူက ကိုယ်မျှော်လင့်နေတဲ့ အချိန်မှာ
ရောက်မလာတတ်ဘဲ ရောက်လာတဲ့အချိန်မှာတော့ ကိုယ်က တန်ဖိုးထားရ ကောင်းမှန်း
မသိခဲ့ဘူး။ ဒါကြောင့် ကိုယ်ဘေးပတ်ဝန်းကျင်က လူတွေကို တန်ဖိုးထားပါ။
သူငယ်ချင်းပဲ ဖြစ်ဖြစ်၊ ချစ်သူရည်းစားပဲ ဖြစ်ဖြစ်၊ မိသားစုပဲဖြစ်ဖြစ်
တွေ့တုန်း၊ ဆုံတုန်း သူတို့ကို တန်ဖိုးထား မြတ်နိုးတတ်ဖို့
လိုပါလိမ့်မယ်။