အိမ်ကွင်း ကန်တဲ့ ဘလက်ချော…။

black chawDecember 15, 20144min23325

ခေါင်းစဉ်နဲ့ ပတ်သက်၍

မန္တလေး ဂဇက်က ကျွန်တော့် ရဲ့ အိမ်ကွင်းပါ။ အဲဒါကြောင့် ဒီနာမည်ပေးလိုက်တာပါ။

ခင်ဗျားတို့ရဲ့ ဘီစီ (ဘလက်ချော) ကို အယ်ဒီတာလူကြီးမင်းက ညွှန်ကြားချက်ပေးလာပါတယ်။

ဒီလစာမူကို ရှယ်လိုချင်ပါတယ် တဲ့။ အထူးပေါ့လေ။

အဲဒါ နဲ့ ဘီစီလည်း စာမူကို အထူးကြိုးစားပြီးသကာလ လက်ကုန်ဖွင့် ရေးချလိုက်ပါတယ်ဗျာ။

ထူးရင်ထူး မထူးရင်ရူးပေါ့ ကျောင်းဒကာတို့ရယ်။

မြန်မာ့ဘောလုံးသတင်းကတော့ ခင်ဗျားတို့ သိပြီး ဖြစ်ကြမှာပါ။

အရှေ့တောင်အာရှ ရဲ့ အဆင့်အမြင့်ဆုံးပြိုင်ပွဲ ဖြစ်တဲ့ Suzuki ဖလားပြိုင်ပွဲမှာ

အုပ်စုအဆင့်က ညှိုးငယ်သော မျက်နှာနဲ့ ထွက်လာခဲ့ပြီးသကာလ

ရုတ်တရက် အသံတွေ တိတ်သွားပါရောလားဗျာ။

လက်ရွေးစင်အဆင့် အသင်းကြီးတွေသာ ပြိုင်ရတဲ့ ပြိုင်ပွဲမို့ ဒါဟာ မြန်မာ့ဘောလုံးရဲ့

အဆင့်အတန်းအမှန်ပဲလို့ ဆိုလာခဲ့ရင် ဘီစီ မငြင်းဝံ့ပါဘူး။

အေးလေ သူ့အိုးနဲ့ သူ့ဆန် တန်ရုံပဲ ရတော့မပေါ့ ကျောင်းဒကာတို့ရယ်။

အဲ…မထူးခြားပေမယ့် ထူးခြားတဲ့ သတင်းတစ်ပုဒ်ကတော့ အနှိပ်ခန်းတွေကို

တရားဝင် ဖွင့်ခွင့်ပြုဖို့ ရန်ကုန်တိုင်းဒေသကြီး

လွှတ်တော်မှာ အဆိုတင်သွင်းသွားတဲ့ သတင်းပါပဲ။

ဝိုး…ဒါမှ ပြည်သူ့ကိုယ်စားလှယ် အစစ်။

အဆိုတင်သွင်းသူ ရန်ကင်းမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်

ဦးသောင်းကျော်ကို ဒီနေရာကနေ ကျေးဇူးအထူးတင်ရှိပါကြောင်း ဘီစီက

တရားဝင်ပြောပါတယ်ဗျာ။

ဘယ့်နှယ့် အနှိပ်ခန်းတွေ မှိုလိုပေါက်နေတာ တရားမဝင် ဆိုတော့ ရဲတွေဆီမှာ

တရားမဝင် အခွန်ဆောင်နေကြရမှာ ဗေဒင်မေးနေစရာတောင် မလိုပါဘူး။

အခု ဦးသောင်းကျော် ပြောသလို တရားခွင်သာ ခွင့်ပြုလိုက်ရင်

အခွန်အခတွေလည်းပိုမိုရရှိပြီးသကာလ

ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် သစ်ကြီး တည်ဆောက်တဲ့ နေရာမှာ

အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်လာမယ့် အလားအလာတွေ တွေ့နေရပါတယ်ဗျာ။

သားရွှေအိုးထမ်းလာမယ့် အခြေအနေမို့ ဘီစီတို့ က ကြိုဆိုပါတယ်ဗျာ။

အဲ..အဲ..ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကတော့ မကြိုဆိုပါဘူးတဲ့ ခင်ဗျာ။

အကြောင်းပြချက်ကတော့

မြန်မာ့ယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရားကို ထိခိုက်နိုင်သည့် အတွက်

တရားဝင်ခွင့်ပြုရန် မဖြစ်နိုင်ကြောင်း တဲ့။

လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း က

အနှိပ်ခန်းကိစ္စရပ်များနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင်

လာဘ်ပေးလာဘ်ယူမှုများ၊ ခြစားမှုများ

ရှိနေသည်ကို ငြင်းဆို၍ မရကြောင်း၊ အနှိပ်ခန်းများသည် တရားဥပဒေစိုးမိုးမှုကို

စိန်ခေါ်နေပြီး အာဏာပိုင်တချို့နှင့်

ပေါင်း၍ အာဏာပိုင်တချို့၏ ခြစားမှုများကြောင့်ဟု သက်သေပြနေကြောင်း

ဝေဖန်ပြောဆိုခဲ့ပါတယ်တဲ့။

ဟုတ်ကဲ့…။ ဖမ်းချင်တဲ့ သူကိုဖမ်းပြီး မဖမ်းချင်တဲ့လူကို လွှတ်ပေးလို့ရနေမှတော့

လာဘ်ပေးလာဘ်ယူ ကိစ္စတွေ မဖြစ် ခံနိုင်ရိုးလားခင်ဗျာ။

နောက်တစ်ခု ထည့်စဉ်းစားပေးရမှာက အနှိပ်ခန်းမှာ အလုပ်လုပ်ကြတဲ့ အနှိပ်သမလေးတွေဟာ

အနှိပ်ခန်း အဖမ်းခံရရင် အသားလွတ်ကြီး ပြည့်တန်ဆာပုဒ်မ နဲ့ အရေးယူခံနေကြရတဲ့ ကိစ္စပါပဲ။

အေးလေ သူ့အရပ်နဲ့ သူ့ဇာတ်၊ သူ့ရွာနဲ့ သူ့အထာ ပေါ့။

မောင်မင်းကြီးသား ကိုရွှေပြည်သူ့ရဲတွေ ကျန်းမာချမ်းသာလန်းဖြာ ကြပါစေဗျာ။

ခွင့်မပြုပေးနိုင်ပါဘူးဆိုတဲ့ ကိုရွှေလွှတ်တော် အမတ်မင်းများလည်း ကျန်းမာချမ်းသာကြပါစေဗျာ။

 

ရုပ်ရှင်လောက အသံများ                                           

အေးမြတ်သူ သတင်း

ရုပ်ရှင် သရုပ်ဆောင် အေးမြတ်သူ လေးတစ်ယောက်လည်း

သွားရလာရခက်ခဲတဲ့ ဖားကန့်ဒေသကို

အရောက်သွားပြီး ဖားကန့် ပရိသတ်ကို ဖျော်ဖြေခဲ့ပါသတဲ့။

ရွှေမန်းသဘင် ချမ်းသာရဲ့ စတိတ်ရှိုး ကဏ္ဍမှာ ပါဝင်ဖျော်ဖြေခဲ့တာပါတဲ့။

ပရိသတ်တွေကလည်း သည်းသည်းလှုပ်ကို အားပေးကြတာတဲ့။

တစ်ညကို ၆ ပုဒ် ရ ပုဒ် အနည်းဆုံးဆိုပါတယ် တဲ့။

ဝတ်စုံကျတော့ တစ်ညကို ၃ စုံလောက် လဲရပါသတဲ့။

အင်…၂ ပုဒ်ဆိုပြီး တစ်စုံလဲ တဲ့သဘောပေါ့။

ဟေးဟေး…။ ထင်ပါတယ်။

အသံမကောင်းပေမယ့် ဆက်စီ ဖြစ်တဲ့ ရုပ်ကလေးနဲ့ ထိန်းဆိုခဲ့တဲ့ သဘောပေါ့ ကျောင်းဒကာရယ်။

ဘီစီကတော့ မုဒိတာ ပွားပါတယ်။

အောင်မယ်…အခြေအနေကောင်းရင် ဒုတိယ အကြိမ်သွားဖို့တောင် အစီအစဉ်ရှိ ဆိုပဲ။

ရုပ်ကလေးနဲ့ ထိန်း ဆိုပေါ့ကွယ်။

ပြေတီဦး သတင်း

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ပြေတီဦး ကလည်း ၂၀၁၄ ဟာ သူ့အတွက်

ကံကောင်းခြင်းတွေ စုတဲ့ နှစ် လို့ ပြောလိုက်ပါတယ်ဗျာ။

ဒီနှစ်ထဲမှာ သူ့ရဲ့ ဟာသရုပ်ရှင် ဖြစ်တဲ့ မော်ဒန်ရာဇဝင် အောင်မြင်တာရယ်…၊

တိုက်ဆိုင်မှုရှိလျှင် ဆိုတဲ့ ဒရာမာ ရုပ်ရှင်ကလည်း ဝင်ငွေ

စံချိန်ချိုးလောက်အောင်…အောင်မြင်တာရယ်…၊

ပြီးတော့…သူ့ ရဲ့ ဇနီးမယားဖြစ်သူ အိန္ဒြာကျော်ဇင် အနေနဲ့ ဒုတိယကိုယ်ဝန်ကို ရရှိခဲ့တာရယ်…၊

သူတို့ လင်မယား ၂ ယောက်လုံး အကယ်ဒမီ တစ်ပြေးနေတာရယ်..၊

အဲ့ဒါတွေကြောင့် ၂၀၁၄ ဟာ သူ့အတွက် ကံကောင်းခြင်းတွေ စုတဲ့ နှစ် ဖြစ်ပါတယ်လို့

ဂျာနယ်တစ်စောင်ကို ဖွင့်ဟ ပြောကြားလိုက်ပါတယ်ခင်ဗျာ။

ဆန်နီချီးဘားကို ဆွဲစေ့ဖို့ ကြံတဲ့ သားညီ

ရုပ်ရှင် သရုပ်ဆောင် သားညီ က ရုပ်ရှင် တစ်ကား ကို ဒါရိုက်တာ လုပ်ရိုက်ကူးနေပါတယ်တဲ့။

သားညီတို့ အကြံကြီးပုံက မြန်မာနိုင်ငံကို အလည်ရောက်လာတဲ့

ဂျပန်မင်းသားကြီး ဆန်နီချီးဘား ကို

ဧည့်သည်သရုပ်ဆောင်အနေနဲ့ ဇာတ်လမ်းထဲ ထည့်ရိုက်ဖို့ ကြိုးစားခဲ့ပါသတဲ့။

မင်းသား လူမင်းနဲ့ ဆန်နီချီးဘားတို့ ဓါးခြင်း ယှဉ်ခုတ်ကြတဲ့ အခန်းရိုက်မလို့ ဆိုပဲ။

ဂျပန်ဆာမူရိုင်းကြီး နဲ့ မြန်မာကျန်စစ်မင်းကြီး တို့ရဲ့ စိန်ခေါ်ပွဲဆိုပြီး

ပွဲသွင်းလိုက်လို့ကတော့…ဟေးဟေး ငွေတွေ ရလိုက်မယ့်ဖြစ်ခြင်း…။

လူမင်း နဲ့ ဆန်နီချီးဘား အဝေးကြီး ပါ သားညီရယ်။

ဓါးခြင်း ယှဉ်ခုတ်စရာလားကွယ်။

တော်သေးတယ်…။ ဆန်နီချီးဘားဘက်က အခက်အခဲတွေရှိလို့ မရိုက်ဖြစ်လိုက်ပါဘူး။

ပြောပါတယ် လူမင်းနဲ့ ဆန်နီချီးဘား အဝေးကြီး ပါဆို။

ဝိုင်း အကယ်ဒမီ မရရင် ရှော့ရှိတယ်

ဒီနှစ် အကယ်ဒမီ ရဖို့ တစ်ပြေးနေတဲ့ ဒါရိုက်တာ ၂ ယောက်ကတော့ ပန်းချီစိုးမိုး နဲ့

ကိုဝိုင်း တို့ ပါခင်ဗျာ။

အဲဒါနဲ့ ပတ်သက်လို့ ဒါရိုက်တာ ဝိုင်းက

ဝိုင်း ဆိုတာဟာ အကယ်ဒမီရုပ်ကြီးနဲ့ ခန့်ခန့်ကြီးရိုက်ပြမှ ဝိုင်း ဆိုပြီး

နာမည်တပ်စရာမလိုပါဘူး။

ပရိသတ်က ပေးတဲ့ အကယ်ဒမီများစွာကို ကျွန်တော် ရပြီးနေပါပြီ။

လို့ ဂျာနယ်တစ်စောင်မှာ ပြောသွားခဲ့ပါတယ်ဗျာ။

ပန်းချီစိုးမိုး ရဲ့ ကြယ်စင်မော်ကွန်းနဲ့ ပတ်သက်လို့လည်း အခုလို ပြောသွားပါသေးတယ်။

အရှင်းဆုံးပြောရရင် ဒီမှာ ကြယ်စင်မော်ကွန်း လို

ဘာမှ မဟုတ်တဲ့ Documentary လို ကားမျိုးဆို

အနုပညာ လုံးဝ မမြောက်ဘူး။ အဲဒါကို အရင်ခေတ်က ပေးနေကျ

ပုံစံ မျိုးပေးမှာလား။ တကယ့်အနုပညာစံနဲ့

ပေးမှာလားဆိုတာ ဒီမူဝါဒနဲ့ဆို စောင့်ကြည့်လို့ရပြီ။

အော်…ကိုဝိုင်းရယ်။

သူတို့ကို ပြောချင်တာနဲ့ ပန်းချီစိုးမိုးကြီး အားနာစရာ ဖြစ်မနေဘူးလားဗျာ။

ဒါရိုက်တာ ညီညီထွန်းလွင်ကလည်း သူ့တပည့် ဝိုင်း နဲ့ ပတ်သက်လို့

ကျွန်တော့်အနေနဲ့ ဝိုင်းရသင့်ပြီလို့ ထင်ပါတယ်။

တကယ်လို့ မရဘူးဆိုရင်တော့ စဉ်းစားစရာတွေ

ဖြစ်လာလိမ့်မယ်။ ရသွားရင် ကိစ္စမရှိပေမယ့် မရရင် ပြောစရာတွေ

ဖြစ်လာမယ် ထင်တယ်

လို့ ပြောသွားပြန်ပါတယ်ဗျာ။

ဒါရိုက်တာ ပန်းချီစိုးမိုးကတော့ ရိုးရိုးသားသား မျှော်လင့်နေပုံပါပဲ။

ပန်းချီစိုးမိုး ရသွားရင်လည်း ဝိုင်းဘက်က လူကြီးလူကောင်းဆန်ဆန် တုံ့ပြန်နိုင်ဖို့

မျှော်လင့်ပါတယ်ဗျာ။

ရုပ်ရှင်အစည်းအရုံးဥက္ကဌကြီး လူမင်း သတင်း

ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ကြီး ဦးလူမင်း သတင်းလေးတွေကလည်း မွှေး နေတာပါပဲ ခင်ဗျာ။

ရွေးကောက်ပွဲ မဝင်တော့ဘူး လို့ ပြောထားပြီးမှ အခု အရွေးခံဖို့ လျှောက်လွှာတင်လိုက်ပါပြီတဲ့။

ရုပ်ရှင် အစည်းအရုံး ဥက္ကဌ သစ်နဲ့ ပတ်သက်လို့ အချိန်ပြည့်

အချိန်ပေးနိုင်တဲ့ လူမျိုးကိုပဲ ဥက္ကဌ ဖြစ်စေချင်ပါတယ်လို့

အကယ်ဒမီ ပြေတီဦး က ပြောသွားပါတယ်ဗျာ။

လူမင်း က နာမည်ရှိသေးတဲ့ မင်းသားဆိုတော့ အချိန်ပေးနိုင်ပုံ မရပါဘူး။

နောက်…အကယ်ဒမီ ဆန်ကာတင် ရုပ်ရှင်ဇာတ်ကားများ ဂုဏ်ပြုပွဲ ဆိုပြီး

လုပ်တဲ့ ပွဲတစ်ပွဲ ကလည်းလူပြောသူပြော အရမ်းအရမ်းကို များနေပါတယ်ခင်ဗျာ။

အဲဒီပွဲကိုတက်ခဲ့တဲ့ နေတိုးကိုယ်တိုင်က အစည်းအရုံးရဲ့ လုပ်ကွက်တွေကို

အစာသိတ်ကျေပုံ မရတဲ့ စကားတွေ ပြောသွားပါတယ်ဗျာ။

အနုပညာရှင်တွေကို ခုတုံးလုပ်ပြီး နှစ်ကျပ်ကွက် နင်းသွားတာလား။

ညစာကျွေးပြီး ကားကြော်ငြာတဲ့ပွဲကို

အနုပညာရှင်တွေ အစုံအလင်ရောက်လာအောင် ဖန်တီးတာလားပေါ့။

အဲဒီပွဲကို တက်ရောက်ခဲ့သူ တချို့ကလည်း အကယ်ဒမီ ဆန်ကာတင် ရုပ်ရှင်တွေကို

ဂုဏ်ပြုတဲ့ ပုံစံလည်း မပေါက်ခဲ့ဘူး လို့ ဝေဖန်ခဲ့ကြပါတယ်။

ဥက္ကဌကြီးလူမင်းကတော့ ကားတွေနဲ့ ဓါတ်ပုံအရိုက်ခံနေတာကို တွေ့ခဲ့ကြပါတယ်တဲ့။

ပြောကြတာပဲ ဗျာ။

ညိုမင်းလွင် နဲ့ မုဒိန်းကျင့်တဲ့ ကိစ္စ

ဒါရိုက်တာ ညိုမင်းလွင်က ဆင်ဆာအဖွဲ့လူကြီးမင်းများထံ

အိတ်ဖွင့်ပေးစာတစ်စောင် ရေးသားလိုက်ပါတယ်ဗျာ။

ဆင်ဆာ လူကြီးမင်းတွေက ညိုမင်းလွင် ရိုက်တဲ့

ဇာတ်သိမ်းအထိ မကြည့်နဲ့ ဆိုတဲ့ ဗီဒီယိုကားကို အောက်ပါအတိုင်း

မှတ်ချက်ပေးခဲ့ပါသတဲ့။

အဓမ္မကျင့်သည့် ပြကွက်ကို (၃) ကြိမ်တိုင်တိုင် ကွက်ကွက် ကွင်းကွင်း

ပြထားသဖြင့် အများပြည်သူသို့ ပြသရန်

ယဉ်ကျေးမှုအရ မသင့်လျော်ခြင်း။

အဲဒီမှာပဲ ကြည့်။

သူတို့ ဆင်ဆာအဖွဲ့ကျတော့ အဓမ္မကျင့် တဲ့ အကွက် (၃) ခါ ပါတာကို ကွက်ကွက်ကွင်းကွင်း ကြည့်

တယ်။ အများပြည်သူကိုတော့ ပြသရန်မသင့်လျော်ဘူးတဲ့။

ညိုမင်းလွင် ကတော့

လူသတ် မုဒိန်းကျင့်ခန်းဟာ သီတင်းကျွတ်ကန်တော့ခန်းမဟုတ်တဲ့အတွက်

ယဉ်ကျေးမှုအရ ဘယ်လိုမှ မသင့်လျော်နိုင်တာ သေချာပါတယ်။

အဲဒီလိုပဲ ယဉ်ကျေးစွာ မုဒိန်းကျင့်ဖို့ ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်တာ သေချာပါတယ်

လို့ အိတ်ဖွင့်ပေးစာထဲမှာ

ထည့်ရေးထားပါတယ်ဗျာ။

ဘီစီကတော့ မုဒိန်းကျင့် ခန်းလေးတော့ ဗဟုသုတ ရအောင် ကြည့်ကြည့်ချင်ပါတယ်။

ဝန်ခံရရင် ဘီစီ တစ်ခါမှ မကြုံဖူးဘူးလေ။ အဲဒါကြောင့်ပါ။ ဂယ်ပြောတာပါ။

ဆိုတော့…ညိုမင်းလွင် ရဲ့ မုဒိန်းကျင့်ခန်း ကွက်ကွက်ကွင်းကွင်း ၃ ကြိမ်ပါတယ်ဆိုတဲ့

ဗီဒီယိုကို ဆင်ဆာအဖွဲ့ကမိတ်ဆွေတွေ ကြည့်ပြီးသကာလ

မုဒိန်းကျင့်ချင်စိတ်တွေ ပေါက်လာခဲ့ပါသလား။

လူကြီးမင်းတို့ရဲ့ ကောင်းမွန်ကြံ့ခိုင်သော စိတ်ဓါတ်တွေကို အဲဒီ မုဒိန်းကျင့် ခန်း တွေက

ဖျက်ဆီးလိုက်နိုင်ပါသလား။

မုဒိန်းကျင့်ခန်း တွေ ကြည့်ရုံနဲ့ လူတစ်ယောက် စာရိတ္တပျက်စီးရမယ်ဆိုရင် လမ်းဘေးမှ

အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ အပြာဇာတ်ကားစီဒီတွေကို မဖြစ်မနေ နှိမ်နင်းကြရမှာက

အဓိက အချက်ပဲ ဖြစ်ပါတယ်။

မရောင်ရာ ဆီမလူးသင့်ပါဘူး။

တကယ်ဆို FB မှာ ဆရာတစ်ယောက်ရေးသလို အဆင့်အတန်းခွဲခြားသတ်မှတ်ပေးလိုက်ပေါ့။

အသက်အရွယ် ဘယ်လောက်က ဘယ်လောက် ကြည့်သင့်တယ် ဘာညာပေါ့။

ဘီစီတို့လို အသက် ၄ ဒါဇင်နီးပါး လူတွေအတွက် နစ်နာတာပေါ့။ ဟေးဟေး။

ဇူးမြတ်ထက် မှ စိုင်းလွှမ်းသို့

အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ဖို့ အတွက် နာမည် က ဘယ်လောက်

အဓိက ကျပါသလဲ။

ဟုတ်ကဲ့။ အဓိကလည်းကျသလို အဓိကလည်း မကျဘူးလို့ အဖြေထွက်ပါတယ်ဗျာ။

အချိ့ နာမည်တွေ သာ ပြောင်း..ပြီး အနုပညာထုတ်လုပ်မှုအရည်အသွေးက

မပြောင်းလဲတော့ မအောင်မြင်ကြတာတွေလည်း ဒုနဲ့ဒေးပေါ့။

ဒါမျိုးက ဥပမာ နဲ့ ပြောရရင် အားနာစရာ သိတ်ကောင်းနေမှာမို့ မပေးတော့ပါဘူး။

တချို့လည်း နာမည်ပြောင်းလိုက်တာနဲ့ ဝုန်းကနဲဒိုင်းကနဲ

နတ်ရေကန်ထဲချလိုက်သလို အောင်မြင်သွားကြတာ

တွေလည်း ထင်ထင်ရှားရှား ကြီးကို ရှိနေတာပါပဲ။

ဒါမျိုးကျတော့ ဥပမာလေးနဲ့ ပြောမှ တင့်တယ်ပေမပေါ့ ကျောင်းဒကာရယ်။

ဘယ်သူရှိရမလဲ။

ထက်ထက်မိုးဦး တစ်ဖြစ်လဲ မှုံရွှေရည် ပေါ့ခင်ဗျာ။

မှုံရွှေရည် ဘဝနဲ့ ထက်ထက်မိုးဦး ဘဝ ကွာခြားပုံကို

စာစီစာကုန်းတစ်ပုဒ်ရေးပါ လို့ စာမေးပွဲမေးခွန်းထဲ ထည့်ရေး

ခဲ့ရင် ခင်ဗျားတို့ တော်တော် ဖြေနိုင်ကြမှာပါပဲ။

ဟုတ်ကဲ့။ အခု အဲဒီ ထက်ထက်မိုးဦး ရဲ့ ခင်ပွန်းသည်

ရုပ်ရှင်သရုပ်ဆောင် ဇူးမြတ်ထက်ကလည်း ထက်ထက်မိုးဦးလိုပဲ

နာမည်ပြောင်းယူပြီး အောင်မြင်မှု တည်ဆောက်ဖို့ ကြိုးစားမလို့တဲ့ ခင်ဗျ။

အမည်သညာ ခေါ်စရာကား စိုင်းလွှမ်း ဟူလို။

ထက်ထက်မိုးဦး လို အောင်မြင်မှု ရမရကိုတော့ အချိန်ပေးပြီး စောင့်ကြည့်ဖို့ လိုပါတယ်ဗျာ။

ထက်ထက်မိုးဦး ကြော်ငြာသလိုပဲ ပြောရတော့မှာပဲ။

မှတ်ထားနော်…စိုင်းလွှမ်း…တဲ့…ခစ်ခစ်ခစ်…။

 

ဂီတလောက အသံများ

19:18 (4)

ဆောင်းဦးလှိုင်၊ စည်သူလွင်၊ အဲလက်စ် တို့ သုံးယောက်ပေါင်း သီဆိုထားတဲ့

19:18 စီးရီးဟာ အမှတ် ၁၊ ၂၊ ၃ အထိ ထွက်ရှိထားခဲ့ပြီး အောင်လည်း အောင်မြင်ခဲ့တဲ့

စီးရီးတွေပါ။ အခု 19:18 (၄) စီးရီး ထွက်လာတော့မှာပါဗျာ။

ထုံးစံအတိုင်း စီးရီးတစ်ခွေလုံးကို ဆောင်းဦးလှိုင်က ရေးသားထားတာပါ။

သူက

ပရိသတ်များနဲ့ အတူ သူငယ်ချင်းအားလုံးခင်ဗျာ….။

19:18 လို အခွေ နောက်နောင် အားပေးခွင့်

ရရန် မသေချာတော့ပါ…။

ကျွန်တော် ရေးနိုင်စွမ်းနဲ့ ဖန်တီး နိုင်စွမ်း ကျဆင်းနေပါပြီ

လို့ အခွေကာဗာမှာ ရေးထားတာကို ဖတ်ကြရပါမယ်။

ကဲ 19:18 ပရိသတ်များ အားပေးနိုင်ကြဖို့ သတင်းပေးလိုက်ပါတယ်ဗျာ။

လင်းလင်း ရဲ့ One Man Show

အဆိုတော် လင်းလင်း တစ်ယောက် လာမယ့် ခရစ္စမတ်နေ့မှာ

တစ်ကိုယ်တော်ရှိုးပွဲ ကျင်းပမယ့်သတင်းလေး ထည့်ရေးလိုက်ပါရစေဦး။

နေရာက ရွှေထဋ်တင် ကွင်း ဖြစ်ပြီး လက်မှတ်တစ်စောင် ကျပ် ၂၀၀၀၀၊ ကျပ် ၇၀၀၀

သတ်မှတ်ထားပါသတဲ့။

အကယ်ဒမီ ဓိရာမိုရ် နဲ့ အဖွဲ့ဝင် ၃ဝ ကျော်ပါဝင်တဲ့ ဪဂက်စတြာ တီးခတ်မှု နဲ့

တွက်ဖက် ဖျော်ဖြေသွားမှာပါတဲ့။

တစ်ကိုယ်တော်ဆိုပေမယ့် ချစ်သူ့ဝေ က သူ့ကိုကို ရဲ့ ပွဲမှာ စုံတွဲသီချင်းလေးတွေ

သီဆိုပေးသွားမှာပါတဲ့။

ဧည့်သည်အဆိုတော် ၃ ယောက်လည်း ပါဦးမှာတဲ့။

လင်းလင်း ပရိသတ်တွေအတွက် သတင်းကောင်းပေါ့ ဗျာ။

ယုဇန ကလေး ယူတော့မယ်

ဟင်္သာတ မြင့်ငွေ ရဲ့သမီး၊ ဖြိုးကြီး ရဲ့ ညီမ၊

သိန်းထိုက်အောင် ကတော် ယုဇန တစ်ယောက်

သားသမီး ယူတော့မယ်လို့ တရားဝင်ထုတ်ဖေါ် ပြောကြားခဲ့ပါတယ်။

အိမ်ထောင်သက်ကလည်း ၅ နှစ်တောင် ရှိမှကိုး။

အောင်မယ် ကလေးယူတာတောင် ၂ ဖက် မိဘတွေရဲ့ ဆန္ဒအရတဲ့ ခင်ဗျ။

ဒီကိစ္စမျိုးများ အဖေတွေ အမေတွေ တိုင်ပင် နေတယ်ရှိသေး…ဟေးဟေး။

သားလေးမွေးရင် ဘီစီ လို့သာ နာမည်ပေးလိုက်စမ်းပါ မမယုဇန ရယ်။

တစ်ခါတည်း ပွဲသိ်မ်း။

အေသင်ချိုဆွေကို ပထမဆုံး နမ်းတဲ့လူ

အေသင်ချိုဆွေ လေးကို နံနက်ခင်း ဂျာနယ်က အင်တာဗျူးလုပ်ပါတယ်။

ပထမဆုံးနမ်းသူ က ဘယ်သူလဲ တဲ့။

မေးခွန်းဖတ်ပြီး ဘီစီ လန့်သွားတယ်ခင်ဗျ။ မတော် ဘီစီ လို့ ဖြေလိုက်ရင်

အမှုကကြီးတော့မယ်လေဗျာ။

အေသင်ချိုဆွေက အသာအယာလေးပဲ ဖြေဆိုသွားပါတယ်။

မမှတ်မိပါ တဲ့။

အင်းတော်သေးတာပေါ့။ ဘီစီ့နာမည် မပြောသွားလို့။

ဘီစီ က အဲဒါမျိုးဆို အရမ်းရှက်တတ်တာ။

သီရိစံ ရဲ့ သီချင်းစီးရီး

အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို ဦးစီးနေရာကနေ သီရီစံ နာမည်နဲ့

ဂျာနယ်ထဲမှာ ဆောင်းပါးတွေရေးပြီး နာမည်ရလာခဲ့သူ။

နောက်…အတွဲခွေ ၄ ခွေလောက်မှာ သီချင်းတွေ စမ်းဆိုလာခဲ့ရာက

တစ်ကိုယ်တော် စီးရီးထွက်သည်အထိ ခရီးပေါက်ခဲ့။

စီးရီးနာမည်က သူ့ရဲ့အနား တဲ့။

အခု သူမ ရဲ့ သူ့ရဲ့အနား စီးရီးကို သူမအရွယ်ပရိသတ်တွေသာမက လူငယ်တွေကပါ

ကြိုက်ကြတာကို သိရတဲ့အတွက် အရမ်းဝမ်းသာနေပါတယ်တဲ့။

ဒီထက် ပိုတဲ့ အောင်မြင်မှုကိုရရိပါစေလို့ ဘီစီ က ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

မယ်လောက အသံများ

Miss Asia Pacific World 2014 မေမြတ်နိုးတစ်ယောက် စွတ်စွဲချက်တွေများစွာနဲ့

သရဖူ ရုပ်သိမ်းခံခဲ့ရပါတယ်။

အောင်မယ်…ဆုအတွက် ပြည့်စုံလုံလောက်တဲ့ စိတ်နေသဘောထား၊

ပေါင်းသင်းဆက်ဆံမှု၊ ကြိုးစားမှု မရှိခြင်း

ကြောင့် လို့တောင် နှိမ်ချ ကြေညာသွားခဲ့သေးတာနော်…။

Organization ဘက်က National Director ရဲ့ ဒိုင်ယာလော့ခ်

ကလေးတစ်ခုကို ရေနှူးခွင့်ပြုကြပါဦး။

မေမြတ်နိုး ဆို Miss မရခင်က စည်းကမ်း အရမ်းရှိတယ်။

Miss ရပြီးမှ ပြောင်းသွားတယ်။ မေမြတ်နိုး Crown

ရခဲ့တာလည်း ပရိသတ်တွေကျေးဇူး၊ မီဒီယာတွေ ကျေးဇူး၊

Management Team ရဲ့ ကြိုးစားမှု Miss ရဲ့ ကြိုးစားမှုကြောင့်ပါ။

Crown ရပြီးတော့ သူတို့တွေ ဒါကို မေ့သွားတယ်လို့ ထင်ပါတယ်

အခုတော့ အမှန်တရားဟာ ပေါ်ထွက်လာခဲ့ပါပြီ။

အဲဒီ အေဂျင်စီရဲ့ အကြီးအကဲ မစ္စတာ ချွိုင် ဟာ

မေမြတ်နိုးကို တောင်ကိုရီးယားနိုင်ငံမှာ အသံလေ့ကျင့်ပေးဖို့နဲ့

တေးစီးရီးခွေ ထုတ်ပေးဖို့ အတွက် လိုအပ်တဲ့ ငွေကြေးရရှိအောင် တဲ့။

မေမြတ်နိုးကို ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဆီမှာ

စပွန်ဆာရှာခိုင်းခဲ့တယ်လို့ တောင်ကိုရီးယားရဲတပ်ဖွဲ့ထံမှာ

ဝန်ခံခဲ့ရပါပြီတဲ့။

အင်မတန် ရိုင်းစိုင်း ယုတ်မာ တဲ့ အကြံအစည် ပါဗျာ။

မေမြတ်နိုးကတော့

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ မြတ်နိုးရဲ့ ဆရာဖြစ်တဲ့ တီချယ် လှနုထွန်းကို

မဝေဖန်ချင်ပါဘူး။

ဒီသတင်းတွေကိုလည်း တီချယ်ကြားပါစေလို့ မျှော်လင့်ပါတယ်

လို့ ပြောသွားပါတယ်။

အမှန်တရားအတွက် ရဲရဲရင့်ရင့် တိုက်ပွဲဝင်ခဲ့တဲ့ ညီမငယ်လေး မေမြတ်နိုး အတွက်

ဘီစီတို့ လက်ခုတ်တီးအားပေးကြရအောင်လား ခင်ဗျာ။

အာဝါဟဝိဝါဟ အသံများ

မင်္ဂလာသတင်းလေးတွေဘက် တစ်ချက်လောက် စောင်းငဲ့ကြည့်လိုက်ကြရအောင်ဗျာ။

သရုပ်ဆောင် ပွင့်နဒီမောင် နဲ့ အဆိုတော် ငယ်ငယ် တို့ ယောက်ျားယူလိုက်ကြပါပြီဗျာ။

အင်း…သင်းတို့ ယူမှ…ယူမှ…။

ပွင့်နဒီမောင် ကြီးကတော့ ဘီစီ တို့ အကြိုက်ပေါ့။ ဟေးဟေး။

ဘီစီက ပွင့်နဒီမောင်ကြီးရဲ့ ထာဝရပရိသတ်တစ်ယောက်ရယ်ပါ။

အခုတော့ ကိုနေကျော်သက် ဆိုတဲ့ ကိုကို သတို့သားကြီးက

တစ်ဦးတည်း မူပိုင် သိမ်းပိုက်သွားခဲ့ပြီပေါ့။

မင်္ဂလာဧည့်ခံပွဲက ဆူးလေ ရှန်ဂရီလာဟိုတယ်မှာ ဒီဇင်ဘာ ၁၃ ရက်တဲ့ ခင်ဗျ။

ဟိုတစ်နေ့ကတောင် စကိုင်းနက်ကလွှင့်ပေးလို့ ကြည့်လိုက်ရသေး။

အဆိုတော် ငယ်ငယ်က ဂျပန်နိုင်ငံ မှာ နေတဲ့ ကိုဘိုဘိုသက် နဲ့ ခင်ဗျ။

ဒီဇင်ဘာ ၁၅ မဟာစည် သာသနရိပ်သာမှာ မင်္ဂလာဦးဆွမ်းကျွေးမှာပါတဲ့။

ထုံးစံအတိုင်း အိုအောင် မင်းအောင် ပေါင်းရပါစေ ပေါ့ခင်ဗျာ။

အထွေထွေ သတင်းများ

သက်မွန်မြင့် ဗိုက်ထဲက ကလေးက ယောက်ျားလေးတဲ့ဗျာ။

သားလေးမွေးရင် ဘယ်သူ့နာမည် ပေးမှာလဲ…ဟင်…။

မိုးယုစံလေးက ၂၀၁၄ မှာ စိတ်ရှပ်စရာတွေများခဲ့ပြီး ၂၀၁၅ မှာ လူသစ်စိတ်သစ် နဲ့

ကြိုးစားသွားပါမယ်တဲ့။

အချစ်ပါ အသစ်ရှာရင် ပိုပြည့်စုံသွားမှာပါကွယ်။

အိုင်ရင်းဇင်မာမြင့် ဆိုတဲ့ ကလေးမလေးရဲ့ ဒုတိယစီးရီးနာမည်က

ချစ်လို့ တဲ့။

ပေးစရာရှားလို့ သမီးလေးရယ်။ စိုးလွင်လွင်ရေးပြီး မောင်ဂဠုန်ဆိုထားတဲ့

ချစ်လို့ ဆိုတဲ့ သီချင်းကို အားနာစရာ။

စင်ရော်မောင်မောင်ကြီးတစ်ယောက် ပန်းကြာဝတ်မှုန် ရုပ်ရှင်ဇာတ်ကားကို

အမေရိကန်မှာ ပြသဖို့ ရောက်နေတယ်ဆိုတဲ့ အကြောင်း။

လုပ်ထားစမ်း စင်ရော်ကြီးရေ…။ အမြင့်ပျံ ပြလိုက်စမ်းပါ။

သဘင်လောက ညီညွတ်စေချင်တယ် လို့ ဘီစီတို့ချစ်တဲ့

ဇာတ်မင်းသားလေး သိန်းဇော်က ပြောကြားလိုက်ပါတယ်တဲ့။

ဟုတ်ပါတယ်ဗျာ။ ညီညွတ်ကြစမ်းပါ ခင်ဗျားတို့တတွေကလည်း။

စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုံရွှေရည် တွဲဖက်ပြီး ဂျုံးဂျုံးဂျက်ဂျက် ဆိုတဲ့

ရုပ်ရှင် ဇာတ်ကားကြီးကို ရိုက်ကူးနေပါတယ်တဲ့။

ဟေးဟေး မြန်မာသရဲကား ဆို ရယ်ရမှာပဲဗျ။

စိုးလွင်လွင် အမှတ်တရ Live Show ကို နိုဝင်္ဘာ ၂၂ ရက်မှာ အမျိုးသားဇာတ်ရုံမှာ

ကျင်းပဦးမှာပါတဲ့။

ဂုဏ်ပြုတယ်ဆိုပြီး သီချင်းတွေကို မဖျက်ဆီးကြပါနဲ့ဗျာ။

သဉ္ဖာဝင့်ကျော်လေး က ဒီဇင်ဘာ ၄ ရက် မွေးနေ့မှာ နာရေးကူညီမှုအသင်း(ရန်ကုန်)

ကို ကျပ် သိန်း ၂ဝ လှူဒါန်းခဲ့ပြီး နာရေးကူညီမှုအသင်းနဲ့ ပတ်သက်တဲ့လူတွေအားလုံးနဲ့

သုခကုသိုလ်ဖြစ်ဆေးခန်းလာပြသူတွေကိုပါ နေ့လယ်စာ အာဟာရဒါနပြုခဲ့ပါတယ်တဲ့။

သာဓုသာဓုသာဓု ပါ သမီးလေးရေ။

အခုလို ကောင်းသော လုပ်ဆောင်မှုလေးတွေကို ကြိုဆိုပါတယ်ဗျာ။

ပိုလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Supranational ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့

အလှမယ် ဟန်သီ ဟာ ဆု ၂ ဆု ခူးဆွတ်ပြီး နိုင်ငံ့ ဂုဏ်ဆောင်နိုင်ခဲ့ပါသတဲ့။

ဘရာဗို…။

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ ဘဝအကြောင်းကို လူမင်း နဲ့ စင်ရော်မောင်မောင်

တို့ရိုက်ကူးမယ်ဆိုတဲ့ သတင်းဟာ လုပ်ကြံတိုက်ခိုက်မှုသာ ဖြစ်ကြောင်း ကာယကံရှင်တွေက

ပြောကြားလိုက်တယ်ဆိုတဲ့ သတင်း။

မဟုတ်ဘူးဆိုတော့လည်း မဟုတ်ဘူးပေါ့ဗျာ။

အကယ်ဒမီ စိုးသူ နဲ့ မောင်မျိုးမင်း ရင်တွင်းဖြစ်တို့ ရုပ်ရှင် ဇာတ်ကားတစ်ကားရိုက်ကြမလို့တဲ့။

အသာလုပ်ကြပါကွယ်တို့။

ထွန်းအိန္ဒြာဗိုကြီးကလည်း အမေရိကားမှာ ရုပ်ရှင်တစ်ကားသွားရိုက်ပါဦးမယ်တဲ့။

ကြည့်ကြသေးတာပေါ့ဗျာ။

ယွန်းဝတီလွင်မိုး လေးကို ဘွဲ့ရမှ ဇာတ်ကားရိုက်ခွင့်ပေးမယ်လို့ ဖခင်ဖြစ်သူ

လွင်မိုးက ပြောကြားလိုက်ပါတယ်။

ဘာတတ်နိုင်မှာလဲဗျာ။ ခင်ဗျားသမီး ပဲ ခင်ဗျားသဘောပေ့ါ။

ယောက်ျားယူသွားတဲ့ ပွင့်နဒီမောင်တစ်ယောက် သရုပ်ဆောင်ဘဝကိုလုံးဝ

စွန့်လွှတ်လိုက်ပါပြီတဲ့။

အပြောမကြီးနဲ့နော်။

မန္တလေး ဂဇက် ရွာသား မောင်မောင် ဘလက်ချောတစ်ယောက် အခုလောလောဆယ်

နီနီခင်ဇော်နဲ့ တွဲနေပါတယ်ဆိုတဲ့အကြောင်း သတင်းပေးရင်း ဒီတစ်လအတွက်

နှုတ်ဆက်လိုက်ပါတယ်ဗျာ။

ခရစ္စမတ်မှာရော နှစ်သစ်ကူးမှာပါ ပျော်ရွှင်နိုင်ကြပါစေဗျာ။

သင်တို့ရဲ့

BC (Black Chaw)

25 comments

  • တောင်ပေါ်သား

    December 15, 2014 at 4:25 pm

    ( မန္တလေး ဂဇက် ရွာသား မောင်မောင် ဘလက်ချောတစ်ယောက် အခုလောလောဆယ်

    နီနီခင်ဇော်နဲ့ တွဲနေပါတယ်ဆိုတဲ့အကြောင်း )

    ရွာသားခင်ဇော်ရေ ၊ ဘီလိုလုပ် ? 🙂

    အန်းနီးဝေး ဘရာဗို ဘရားသား

    • ခင်ဇော်

      December 15, 2014 at 4:41 pm

      I m ZZ Khin Zaw..
      :k:

  • aye.kk

    December 15, 2014 at 4:40 pm

    သတင်းပလင်းတွေ
    စုံလင်အောင်ဖတ်လိုက်ရတာ ကျေးဇူးပါ ။။

  • Kaung Kin Pyar

    December 15, 2014 at 5:09 pm

    သတင်းအစုံ ဖတ်လိုက်ရပါရဲ့။ မေမြတ်နိုးကိစ္စလေးတော့ စိတ်မကောင်း….
    ပေါ်လို့သာပေါ့လေ…
    ဒီလို လူမသိသူမသိတွေ ဘယ်လောက်များပလဲမသိ…

    • ဦးကြောင်ကြီး

      December 21, 2014 at 8:02 am

      ကင်းကောင်ပြာလေးကို စပွန်ဆာ ပေးချဉ်လိုက်တှာ.. ဘာမှလုပ်ဝူး.. ရှိုးကေ့စ်ထဲထည့် အလှကြည့်ထားမှာ။ နီနီခင်ဇော်နဲ့ ဦးဘလက်.. ကင်းကောင်နဲ့ကြောင် အကဲပြိုင်ပီး အခွေထုတ် ချဉ်လို်က်တာနော်…

  • chate chate

    December 15, 2014 at 5:30 pm

    သတင်းအစုံအလင်ဖတ်လိုက်ရလို့ သင့်ခရူးဆိုးမက်ချ် သတင်းထဲမှာ ကိုဆောင်းဦးလှိုင် ရေးနိုင်စွမ်းအား ဖန်တီးနိုင်စွမ်းအားကျဆင်းနေတယ်ဆိုတဲ့ သတင်းကို စိတ်မကောင်းဘူး ဟက်တ်ထိနေတယ်

  • နီနီခင်ဇော်နဲ့ဆိုတော့…ကိစ္စ အရှိဗာဗူး ။
    ဖွေးဖွေးတို့…ဒေါ်ဖွားမေတို့…မဟုတ် ပြီးတာပဲ… ။

    အနုပညာ…အင်းး..သူတို့ကိုယ်သူတို့ သတ်မှတ်ချက်အရတော့..အနုပညာ ရှင် ပေါ့လေ…
    အဲ့အနုပညာလောက သတင်းတွေ စုံပလုံစိ..ပြုံတုံ ဂွိ နေတာပဲ…
    ကောင်းပါလေ့…လေးဘလက်..

    :K:

  • ဝင့်ပြုံးမြင့်

    December 16, 2014 at 1:03 am

    .သတင်းတွေ အားရပါးရဖတ်လိုက်ရတာ ဟတ်ထိသွားတာပဲ။ ခုတလော မအားလို့ ဂျာနယ်လည်း မဖတ်နိုင်။ လိုင်းပေါ်လည်း မတက်နိုင်ဖြစ်နေတာ။ ကျေးဇူး အကြီးကြီး တင်ပါတယ် အဘ ဘီစီရေ။

  • ခင်ဇော်

    December 16, 2014 at 8:19 am

    အားကျတယ်။
    သများတို့ မြန်း အိမ်ကွင်းကန်တာတောင် ပိုက်ဘောပဲ မိမိနေလို့ အသုံးမကျချက်မြန်းတော့။
    :h:

    ဟိုအယ်ဒီတာကလည်း နှစ်ကူး အကြောင်းပြပြီး အကုန်လုံး ရှယ်လိုချင်နေတာ။။
    :k:

    အနှိပ်ခန်း – တရားဝင်ဆို ခိုးစားရတာလောက် မချိုဘူးလို့ ပြောလိုက်ပါ၊ (နောက်တာပါ၊ နောက်တာပါ၊ နောက်တာပါ)
    အေးမြတ်သူ – ပါးချိုင်လေးရော မျက်လုံးတောက်တောက်လေးရော၊ ဆက်စီ နှုတ်ခမ်းလေးရော ကြိုက်တယ်။ ဆိုတာထက် က ရင် ပိုလှမယ်။
    ပြည်တည်ဥ – စိတ်နာတယ်၊ ရိုးတယ် ရိုးတယ် နဲ့ နောက်တစ်ဗိုက်၊ ဟွန့်။ ဆရာ ကန်တော့ပွဲသွားပြီး ဓာတ်ပုံတွဲရိုက်မဲ့ အစီအစဉ်ဖျက်တယ်။
    ဆန်နီချီးဘား – လူမင်း နဲ့ ဒါးချင်းယှဉ်ခုတ်မယ်?? အိမ်ကွင်းကို ခေါ်ခုတ်ကြဖို့ ကြံကြတယ် ကျန်းးးးး၊ ရှိုဂန်နင်ဂျာဂျီးကို သနားထာ၊
    ဝိုင်း – မြင်တဲ့သူတိုင်း ချစ်ကြတယ် ဝိုင်းရယ်၊ မင်းနာမည် ဝိုင်းးး (အဲဒီထဲ ခင်ဇော် မပါဘူးလို့ ပြောမို့)
    လူမင်း – တော့ ရေစက် မပါဘူးကွီ။
    ညိုမင်းလွင် နဲ့ မုဒိန်းကျင့်တဲ့ ကိစ္စ – ဆင်ဆာလူဂျီးတွေက အဓမ္မကျင့်သည့် ပြကွက်ကို (၃) ကြိမ်တိုင်တိုင် ကွက်ကွက် ကွင်းကွင်း ပြထား တာကို ၃ ခါတိုင်တိုင် ကွက်ကွက်ကွင်းကွင်းကြည့်ပြီး ပယ်တယ်လာ့????
    ဇူးမြတ်ထက် မှ စိုင်းလွှမ်းသို့ – ဘယ်လို ပြောင်းပြောင်း အဲဒီ မျက်နှာကြီးကို မကြိုက်လို့ မကြည့်။
    ဆောင်းဦးလှိုင် – သီချင်းတိုင်းလိုလို နားဝင်ခဲ့တာပဲ။
    လင်းလင်း – တချို့ သီချင်းတွေပဲ ကြိုက်တယ်။
    ယုဇန – ပြောစရာမရှိ
    အေသင် – မှတ်ဉာဏ် နည်းချက် အေ။
    သီရီစံ – မသိဘူး သူ့ကို
    မေမြတ်နိုး – ကိုနို ကို သတင်းပေးလိုက်ဦးး
    ပွင့်နဒီမောင် – ယူတာ တိတ်တိတ်ဆိတ်ဆိတ်လား?? အွန်လိုင်းမှာ သိပ်မဟော့တဲ့ သတင်းဖြစ်နေတယ်။
    ကျန်တာ တော့ ဖတ်သွားတယ်။

    နောက်ဆုံး သတင်းကို လုံးဝ မယုံ!!!
    :mrgreenn:

  • မွသဲ ( 17082011 )

    December 16, 2014 at 8:50 am

    တထိုင်တည်းကိုသတင်းတွေစုံသွားတာပဲ ဘီစီရယ်။ တခုမှမသိသေးတဲ့သတင်းအသစ်တွေမို့ကျေးဇူးပါရှန်။ နောက်ကိုလဲ သတင်းအလန်းလေးတွေစောင့်မျှော်နေပါတယ်လို့

  • kyeemite

    December 16, 2014 at 11:31 am

    .ဆန်နီချီးဘား – လူမင်း နဲ့ ဒါးချင်းယှဉ်ခုတ်မယ်ကြံစီတာကိုတော့ ရီချင်သဗျာ
    .ဗလချင်း အရပ်အမောင်းချင်း တော်တော်ညီပေသကိုး..ခိခိ
    .“ယဉ်ကျေးစွာ မုဒိန်းကျင့်ဖို့ ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်တာ သေချာပါတယ်”…ခိခိ ပြောတတ်ပါပေ့
    :k: :k: :k:

  • Mr. MarGa

    December 16, 2014 at 1:10 pm

    သိပ်ကို ထူးနေတဲ့ သတင်းတစ်ပုဒ် ကျန်ခဲ့သဗျ….
    ဟိူလူရီး သတင်းလေ
    ဘာကြားသေးတုန်းဗျို့

  • pooch

    December 16, 2014 at 4:44 pm

    စုံပလုံနေတာပဲ ဂျာနယ်တွေ မဖတ်ဖြစ်တာ အတော်ကြာပြီ ကျေးဇူး

    မနေနိုင်လို့ ပြောရရင်
    ဝိုင်းက ဘဝင်လေဟပ်သွားသလိုပဲ

    လူမင်းကတော့ ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး ဖြစ်နေပြီ
    အရင်ကတော့ ဟိုလူဒီလူကြောင့် ရုပ်ရှင် လောက မတိုးတက်တာ သူတို့လက်ထဲ ထည့်တော့လည်း ကိုယ်ကျိုး က အရင်
    ဟို သူကြီး ပြောပြောနေတဲ့ စနစ်ကြောင့် မဟုတ်
    တန်ရာ တန်ရာ ရထားတာဆိုတာကလည်း ဟုတ်လောက်တယ်

    စကားစပ်လို့ ပြောရရင် ရုပ်ရှင် အနုပညာကျောင်းဆိုပြီး စိတ်ဓာတ်အတွေးခေါ်ကစ သင်ပေးတဲ့ တက္ကသိုလ်တခုလောက်ရှိသင့်တယ်

    –ကာရာအိုကေတွေ တရားဝင်ဖြစ်သင့်တယ် ဒီတခေါက်ပြောမရရင် နောက်တခါထပ်ပြောလို့
    မရမချင်း လွှတ်တော်ထဲ ထပ်ခါထပ်ခါပြောလို့

    တလင်တမယားစနစ်ကို အသက်ဝင်ချင်တယ်ဆိုရင် အဲ့လို တိတ်တဆိတ်အမှောင်အောက်မှာ အလုပ်လုပ်နေရတဲ့ အမျိုးသမီး အခန်းဂဏ္ဍကို ပီပီပြင်ပြင်မြှင့်တင်ပေးမှရမယ်လို့ ထောက်ပံ့ပေး ရမှာ

    ပညာမဲ့တဲ့ နိမ့်ပါးတဲ့ အမျိုးသမီးတွေ သူတို့ဘဝရပ်တည်မှုကို အစိုးရက ကူညီမှ သူတို့ အခြေနေ မြင့်မားလာမှ မြန်မာ့လူဘောင်ပိုကောင်းလာမှာ

    ဒီလောက်ဝိုင်းအော်နေတာကို ဒီလူတွေကို ထမင်းစားကြီးတာလား ဟိုဟာစားကြီးတာလားဟင်

    ဒါတောင် ခွင့်မပြုရင် ပြည့်တန်ဆာ ဥပဒေ ဘိုလုပ်မှာတုန်း :angryy:

    • pooch

      December 17, 2014 at 9:42 am

      အနှိပ်ခန်းပြောတာ ဘယ်နှယ့်ကာရာအိုကေပဲ ပါသွားတယ်မသိ သီးခံပြီး ဖြည့်ဖတ်ပေးပါ
      ဒေါသက ဘယ်လောက်ထွက်သွားလဲ အဲ့ဒါသာကြည့် တနေ့တနေ့ စာတွေဖတ်ပြီး အသက်တိုတော့မယ် :mrgreenn:

      • ခင်ဇော်

        December 17, 2014 at 10:04 am

        တူတူပါပဲ

        ဒီ လူဂျီး က ၂ ခုလုံးသွားတယ်တဲ့။
        အဟိ။

        :mrgreenn:

  • CharTooLan

    December 17, 2014 at 11:33 am

    နောက်ဆုံးမှရှင်းသွားဒယ် နီနီခင်ဇော်နဲ့ဒဲ့
    ကျနော်ကခေါင်းစဉ်ကျိပီး ထင်လိုက်တာက
    စောသက်နဲ့လားလို့ …… အိုက်လိုဘာဆို ခိခိ 😀

  • black chaw

    December 17, 2014 at 2:50 pm

    @ CharTooLan + ခင်ဇော် ;
    ချဉ်ပေါင်ရိုး…မ၊
    :mrgreenn:
    ဒုတ်ထိုး…မ၊
    :mrgreenn:
    လမ်းဘေးချေးယို ဓါတ်တိုင်သေးပန်း…မ၊
    :mrgreenn:
    ခြံစည်းရိုးထင်းခွေ…မ။
    :mrgreenn:
    ကဲ…အဲလိုဆဲလိုက်ရ မကောင်း…ရှိတော့မယ်။
    :mrgreenn:
    ဟေးဟေး…။
    အပျော်ပါဗျာ…။
    :k: :k: :k:

  • black chaw

    December 17, 2014 at 2:53 pm

    ကွန်းမန့်ဝင်ရေးသွားတဲ့ မိတ်ဆွေများအားလုံးကို
    ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ပါသည် ခင်ဗျား…။
    ချစ်ခင်လေးစားတဲ့
    ့ဘလက်ချော…။

  • CharTooLan

    December 17, 2014 at 4:12 pm

    အာ့ဆိုလဲ ခေါင်းစဉ်ချိန်းလေ… နီနီခင်ဇော်ဆိုတော့….. 😀
    “မျှော်လင့်ချက်တစုံတရာမချိ
    မီးစာကုန် စီခမ်း
    ဘလက်ချောစ့်’s အလွမ်း…..” ဆိုပီးတော့လေ အဟိ အဟိ 😛

  • Shwe Ei

    December 18, 2014 at 6:50 pm

    ဒီတစ်ခုရီချင်လ်ို့

    …မြန်မာ့ယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရားကို ထိခိုက်နိုင်သည့် အတွက်

    တရားဝင်ခွင့်ပြုရန် မဖြစ်နိုင်ကြောင်း………

    အာ့လိုဒေရှိလို့ တရားမဝင်ခွင့်ပြုပီး မှိုလိုပေါက်နေတဲ့ ဟိုဒင်း ဟဝှာတွေ ကို ထိုင်ကျ်ိနေကျတဲ့သဘောပေါ့ 😛

  • uncle gyi

    December 18, 2014 at 11:18 pm

    ၁၂မျိုးဂျင်းသုတ်တောင်
    သူ့လောက်အမယ်များနိုင်
    တဝကြီးဖတ်လိုက်ရတာညောင်းရော
    မျက်စိ

  • Wow

    December 19, 2014 at 4:05 pm

    သူတို့ဆက်ကြေးမှန်မှန်မပေးတဲ့ အနှိပ်ခန်း ဇိမ်ခန်းဆိုရင် ဖမ်းတာတောင် နိုင်ငံဒေါ် ဇရိတ်နဲ့ အသွင်ယူ ကိတ်စပီးမှ ဖမ်းတာဆိုပဲ… ကောင်းစားချက်များ :buu:

    • ခင်ဇော်

      December 19, 2014 at 7:52 pm

      နာ တို့ရော အသွင်ယူပြီးးး ဖမ်းးးဂျမားးးးး
      :kwi:

  • naywoon ni

    December 20, 2014 at 6:42 pm

    BC တို့ အိမ်​ကွင်​းကန်​တာက နီနီခင်​​ဇော်​နဲ့ ဆိုပဲ ဟိုတစ်​​ယောက်​ကလဲ ​ဖွေ းယမဟုတ်​ရင်​ ပြီး​ရော တဲ့ အ​ပေးအယူ​တွေ တည်​့​နေကြတာ​ပြောပါတယ်​ 🙂

  • padonmar

    December 21, 2014 at 1:46 am

    နာမည်ပြောင်းပြန်ပြီ၊
    ဟိုတလောက ကိုရဲတဲ့.
    ခုတော့ သူက ဘီစီဖြစ်ပြန်ရော။
    ဝရမ်းပြေးက ဝရမ်းပြေးပဲဟေ့။

Leave a Reply