မေရယ်မလွမ်းပါနဲ့

ကာရံDecember 15, 20141min852

အလွမ်းမိုးလေးတိတ်တခိုးမို့ မေ့အနမ်းလေးပွင့်ကြေ ွလို့ပေါ့
အအေးပိုတဲ့ဆောင်းတစ်ညမှာ မေ့မျက်နှာလေးဝင်းပနေတယ်
ဂစ်တာအိုအဖော်ပြုလို့ တိုးတိတ်စွာ ရင်တွေခုန်ဆဲပါ
ညမွှေးပန်းလေးမသိဘူးနော် . . . .

ဆီးနှင်းများဝေနေပြီမေ လမင်းလေးတစ်ဝဲလည်လည်နဲ့
ရှက်သွေးဖြာလို့နေမယ် အလင်းမဲ့ကဗျာတစ်ပုဒ်မေ့အတွက်
ဖန်ဆင်းရင်း ကြယ်တွေပုန်းခိုနေတာ ညမွှေးပန်းလေး
မသိပြန်ဘူးမေ . . . . .

ချစ်ခြင်းသံဇဉ်တွေ ကခုန်လို့နေတယ်
နွေအလည်ခရီးသွားတုန်းမို့ ဆောင်းတို့ပျော်မြူးနေဆဲမှာ
မေနဲ့ကိုယ်လေ ခရောင်းလမ်းဖြစ်လည်း ပျော်မဆုံးဘူးပေါ့
ဆုံဆည်းခွင့်လေး တစ်ခဏမို့
မြူနှင်းလည်းဝေ နှင်းလည်းကြေ ွပြီ
ဂစ်တာအိုနဲ့ ကိုယ်ချော့သိပ်ရင်း
မေ့အလွမ်းများ ငြိမ်းပါစေသတည်း

ကာရံ ၁၆ ့၁၂ ့၂၀၁၄

2 comments

  • တယ်လီဖုန်းကို ရှေ့မှာချ..ဂစ်တာတီးပြီး..သီချင်းဆိုပြ… ဒီလိုနေ့…ဒီလိုည…
    ငါလေ မေ့လို့မရ…
    ချစ်သူလက်ကို…ဖမ်းဆုပ်လို့… … အရာရာ ရင်ဆိုင် ဖြေရှင်းခဲ့…

    ….

    အဲ့ဒီသီချင်းလေးထဲကလို..လွမ်းမိနေပြီလား..သငယ်…. ချင်း

    :k:

  • ကာရံ

    December 15, 2014 at 8:00 pm

    မှန်လိုက်လေ

Leave a Reply