လူတစ်ပိုင်း မျောက်တစ်ပိုင်း

alinsettDecember 25, 20142min15315

လူတစ်ပိုင်း မျောက်တစ်ပိုင်း

ကောင်းကင်ဘုံကနေ အဆင့်ဆင့်ဆင်းသက်လာတဲ့. . .
ကြီးမြတ်တဲ့မဟာနွယ်ဖွားအဖြစ်
ညနက်ထဲ အိပ်မက်ခဲ့. . .

သာသာယာယာပဲ . . .
ပျော်ရွှင်ခြင်းကို ဝတ်ရုံအဖြစ်ခြုံပြီး
လုံခြုံနွေးထွေးလို့. . .

မကြာခင်မှာပဲ. . .
မိုးစင်စင်လင်းတယ်. . .

ညက မအိပ်စက်ခင် ဖတ်ထားလက်စ စာအုပ်ကို. . .
မှောက်လျက်သားနဲ့ တွေ့ရတယ်. . .

လူဆိုတာ. . .မျောက်ကဆင်းသက်လာခြင်းဖြစ်တဲ့အကြောင်း . . .
ချက်ကျလက်ကျ ရေးထားတယ်. . .

အဲ့ဒီစာအုပ်. . .
သိပ်ချစ်ဖို့ကောင်းလှတယ်။ ။

~~~~~~~~~

မောင်သူရ

၂၀၁၄၊ ဒီဇင်ဘာ၊ ၁၅

mokey

15 comments

  • ခင်ဇော်

    December 25, 2014 at 12:17 pm

    လွှတ်ပေးးးလို့ ကတော့ လူက မျောက် စရိုက် ထက် ဆိုးးမယ် ထင်တယ် ငါ့မောင်
    :a:

  • aye.kk

    December 25, 2014 at 1:48 pm

    ပျော်ရွှင်ခြင်းဝတ်ရုံ
    မှော်ယုံသွင်းစိတ်ခြု ံ
    မလုံတဲ့ဖြစ်ပုံ ရှက်ငုံဖူးသစ်
    နှစ်ပိုင်းဖြစ်လည်း ချစ်မိသည်တဲ့ယုံ။။

    • ဘာဖြစ်ဖြစ် ချစ်တာပဲပေါ့။
      ချစ်လိုက် မုန်းလိုက်နဲ့ပဲ ကြိုးဖြူကြိုးမဲနဲ့ တစ်ထပ်ပြီးတစ်ထပ် ထပ်ချည်မိနေတာ. . .

      အန်တီရေ
      အန်တီ ရေးသွားတဲ့ comment က ကဗျာတိုလေးတစ်ပုဒ်လိုပဲ
      ချစ်စရာလေး

      😆

  • kai

    December 25, 2014 at 2:48 pm

    ဆင်းသက်တယ်ဆိုရာ..
    တချို့က.. ဆင်းကာစ..
    တချို့က..ဆင်းအပြီး..
    တချို့ကတန်းလန်း..
    ဒီလိုနဲ့..
    အတွေးထဲက.. ဘရိန်းကောင်တွေ
    မတူထူးခြား ကွဲပြားကုန်တယ်ထင်ရ..။ ။

    • အင်းးး ကြားဖူးတာလေး ရှိသေးတယ်ဗျ

      တချို့က အသက်တော်တော်ကြီးမှ ခမ်းနားတဲ့အောင်မြင်မှုကို ရတယ်။
      အဲ့ဒီအောင်မြင်သွားသူကို တချို့က ပြောတယ်
      မင်း လူဖြစ်ပြီပေါ့ကွာာာာတဲ့
      ကလေးအဖေတွေကိုလည်း ကလေးအဖေ ဖြစ်ကာစ
      ဇနီးက သမီးသား မွေးဖွားပြီးကာစမှာ ပြောကြတာပဲ
      မင်း လူဖြစ်ပြီတဲ့

      ကျနော် စဉ်းစားမိတယ်
      မအောင်မြင်ခင်အချိန်တွေဟာ
      လူမဖြစ်သေးတဲ့ မျောက်ဘဝလားလို့. . .

      :k:

  • မြစပဲရိုး

    December 27, 2014 at 4:20 am

    “လူဆိုတာ မျောက်က ဆင်းသက်တယ်” တဲ့။
    သိပ္ပံပညာရှင် ဆိုသူ တွေရဲ့ ရှာဖွေချက်ပေါ့။

    ခေါင်းခါနေလိမ့်မယ်။
    အားလုံး ဟာ ဖန်ဆင်းရှင်ကြောင့်လို့ ယုံကြည်သူတွေက။

    သနားကြလိမ့်မယ်။
    အားလုံး ဟာ ကံ အကြောင်းတရား ကြောင့် လို့ ခံယူသူများက။

    ဘယ်သူမှန်နိုင်မလဲ။
    တွေးမနေပါနဲ့တော့။

    ဘာမှ သက်သေမရှိ တဲ့ နံရံ ရဲ့ တစ်ဖက်က ဝင်လာ ပြီး
    ဘာမှန်း မသိတဲ့ နံရံ ထဲ ပြန်ဝင်သွားကြမဲ့ သူ အချင်းချင်း
    အသက်ရှူ နေရ ခိုက်လေး
    အပြန်အလှန် နားလည်မှု လေးများ ပေးနိုင်ရင် တော့
    ကမ္ဘာကြီး က ပြုံးပြ လိမ့်မယ်။

    :)) :)) :))

  • အတွေးလေး

    December 27, 2014 at 1:35 pm

    မသိလို့မေး ပါရစေ အမှန်တကယ်လူ ကဘယ် ဘဝကဆင်းသက်လာတာလဲ ငင်

  • uncle gyi

    December 28, 2014 at 8:23 am

    မိခင်နဲ့ဖခင်ပေါ့ဗျာ

    • ဒီကဗျာကို… လူသားရဲ့ ယုံကြည်ချက် ဝေဝါးပျက်ပြားခြင်း..ဆိုတဲ့ စိတ်အခြေနဲ့ …ချရေးထားတာရယ်.. .

      :k:

      လူသားဟာ ကောင်းကင်နွယ်ဖွားအဖြစ်….
      ဂုဏ်ယူနေမိချိန်တွေမှာပဲ…
      မျောက်က ဆင်းသက်လာတယ်ဆိုပြီး… ရှာဖွေတွေ့ရှိလိုက်ရတော့…
      လူတစ်ပိုင်း မျောက်တစ်ပိုင်းနဲ့.. ဖြစ်တည်မှု ပျောက်ဆုံးသွားပါရော့လား….

      😆

  • kyeemite

    December 29, 2014 at 2:33 pm

    .မျောက်ဘွမှာပဲကျန်နေသေးတဲ့လူတွေရှိပါ့
    .သူတို့လက်ထဲတစ်ခုခုရသွားရင်ပြန်မပေးတော့ဘူးကွ :k:

  • min kyansix

    January 1, 2015 at 7:19 pm

    မြွေဟာ တီကောင်နဲ့အမျိုးတော်လားလို့ တစ်ခါမှမတွေးခဲ့မိသလို
    လူဟာ မျောက်ကဖြစ်လာတယ်လို့ ဘယ်တုံးကမှ မစဉ်းစားခဲ့ဘူး
    အတိတ်ဆိုတာ အပျက်တွေချည်းကျန်နေခဲ့ရတာ
    သမိုင်းမကောင်းခဲ့တာပြသနာမဟုတ်ဘူး
    သမိုင်းထွင်ဖို့ ယုံကြည်ချက်တော့ သစ်လွင်နေဖို့လိုတာဘဲ

    • Maung Thura

      January 2, 2015 at 12:54 pm

      @ဆရာကျန်
      သမိုင်း ထွင်ဖို့…
      အဲဒီစကားကို တော်တော် ကြိုက်သွားတယ်ဗျ… ။

Leave a Reply