ကျွန်တော်နှင့်… အရက်ဆိုင်အို…

alinsettMay 11, 20152min13710

”ကျွန်တော်နှင့် အရက်ဆိုင်အို”

>>>>>>>>>>>>>>>>>>>>>>>>>

လူသွားလူလာထူတဲ့ လမ်းကလေးရဲ့နံဘေး. . .

မထင်မရှား အရက်ဆိုင်အိုကလေးထဲ. . .

ကိုယ်. . .ထိုင်လို့တွေးမိတယ်…

”မနက်ဖြန်”တွေဟာ

”စားကြွင်းစားကျန်တွေ”နဲ့သာ

စခန်းသွားရိုး ထုံးစံကြီးနဲ့လား…လို့. . .။

>>>>>>>>>>>>

အလင်းဆက်@မောင်သူရ

 

 

 

 

 

 

a yet sai o

10 comments

  • ခင်ဇော်

    May 11, 2015 at 9:49 am

    သွားလာနေတဲ့သူတွေကလည်း အဟောင်းစားတွေများလားးး

    🙄

    • Alinsett @ Maung Thura

      May 11, 2015 at 12:08 pm

      အရက်အကောင်းစားတွေလည်း မသောက်နိုင်တဲ့အခါ…
      ရံဖန်ရံခါ… အာမီရမ် ၂ ပတ် ၊ ပြောင်းဖူးကြော်လေး ၁ ပွဲနဲ့… ဟိုဟိုသည်သည် ထိုင်တွေးဖူးပါရဲ့…

      :kwi:

  • တောင်ပေါ်သား

    May 11, 2015 at 12:29 pm

    ရမ်ဆို ဆော်ဒါလေးနဲ့မှ

    ( ပုံ / အရက်ဆိုင်သစ်ဖောက်သည်ကြီး ) 🙂

    • Alinsett @ Maung Thura

      May 11, 2015 at 12:42 pm

      ငှယ်… !!!

      ဆိုင် သစ် ဖောက်သည်ကြီး ဆိုပဲ…
      ဆိုင် ဖွင့်လိုက်ရ…

      :k:

  • Alincho

    May 11, 2015 at 3:16 pm

    စားကြွင်းစားကျန်ဆိုတာ အမှိုက်သရိုက်မဟုတ်ပေမယ့် ဆီဦးထောပတ်လည်းမဖြစ်ပြန်ဘူး။

    • Alinsett @ Maung Thura

      May 11, 2015 at 3:25 pm

      မနက်ဖြန်ဆိုတာကို မမျှော်လင့်ရဲသလောက် အရောင်မှိန်နေတဲ့
      အနာဂတ်ပျောက်သူတစ်ယောက်အတွက်တော့
      အဲ့လို စားကြွင်းစားကျန်လိုမနက်ဖြန်တွေကို ထပ် မလိုချင်တော့ဘူးးးဗျာာာ

  • naywoon ni

    May 14, 2015 at 10:04 pm

    မန်​းဒ​လေးဂ ၃၆×၈၄ လမ်​း​ဒေါင်​့က အဆိုးယ အယက်​ဖူ ဆိုင်​​လေးကို​တောင်​လွမ်​းမိ 🙂

    • Alinsett @ Maung Thura

      May 15, 2015 at 8:54 am

      အဲ့ဒီ အရက်ဖြူဆိုတာက ဘီအီးတို့ ဘာတို့ကို ပြောတာလားမတိ
      .တောက ချက်အရက်ဆိုတာနဲ့ အဲဒီ အရက်ဖြူ
      အတူတူပဲလား မတိ
      အဝင်ဆိုးတဲ့ အရက်တွေတော့ မသောက်နိုင်/မသောက်ဖြစ်သမို့. . .

Leave a Reply