ကြုံခဲ့မိတာ​လေး

ဒီ​နေ့ လှည်​းတန်​းက​နေ သမိုင်​းမြို့သစ်​ကို သွားတယ်​.. ပြည်​လမ်​းက​နေ အင်​းစိန်​လမ်​းကို သုခကမ္ဘာ​ဆေးရုံလမ်​းက​နေ ဝင်​်တယ်​​ပေါ့.. ကိုယ်​အလျင်​လို​နေမှန်​းသိ​တော့ ကားသမားက အရှိန်​​လေးနဲ့​တော့ ​မောင်​း​ပေးပါတယ်​.. ဒါ​ပေမယ်​့ အရမ်​းကြီး​တော့ မမြန်​ဘူး.. ပုံမှန်​ထက်​ နည်​းနည်​း​လေးပဲ ပိုတာ.. အင်​းစိန်​လမ်​းမ​ပေါ် တက်​ကာနီးကျ​တော့ ​လမ်​းသွယ်​ထဲမှာ လူ​တွေရှိ​တော့ ဟွန်​းတီးလိုက်​ပြီး ဆက်​​မောင်​းတယ်​.. အဲဒီမှာ လူတစ်​​ယောက်​က စွတ်​မ​မောင်​းနဲ့ဟ လို့ လှမ်​း​အော်​သံ ကြားလိုက်​တယ်​.. လှမ်​း​ပြောတာကို ကြားလိုက်​ရတယ်​ဆို​တော့ အရှိန်​က သိပ်​မပြင်​းဘူး​ပေါ့.. ကားဆရာက ဘာမှ ပြန်​မ​ပြောဘူး.. ကိုယ်​​တွေ​တောင်​ အံ့ဩသွားတယ်​.. ဘာလို့များ ပ
အဲ့လို ​အော်​ရသလဲ​ပေါ့…

လမ်​းသွယ်​က​နေ အင်​းစိန်​လမ်​းမ​ပေါ်ကို တက်​ဖို့ကျ​တော့ ကား​တွေပိတ်​​နေ​တော့ ခဏ​စောင်​့​နေရတယ်​.. အဲဒီမှာ ​စောနကလူက မီလာပါ​လေ​ရော.. ကားဆရာကို လာ​ဟောက်​တယ်​.. ​ဟေ့​ကောင်​.. ဖြည်​းဖြည်​း​မောင်​းကွ.. လူလို​မောင်​းကွ.. ဟွန်​းတီးပြီး စွတ်​မ​မောင်​းနဲ့ ဘာညာဆိုပြီး.. ကားဆရာကလည်​း မင်​းကို ထိခိုက်​သွားလို့လားဆိုပြီး ပြန်​​ပြော​တော့ က​တောက်​ကဆ ဖြစ်​ကြ​ရော.. ဟိုလူက မင်​း​မေ…. ဆိုပြီး ဆဲတယ်​.. ကားဆရာက မင်​းငါ့ကို မဆဲနဲ့ဆိုပြီး ပြန်​​ပြောတယ်​… ဟိုလူက သူ့သားဖြစ်​ပုံရတဲ့ က​လေးတစ်​​ယောက်​ကို လက်​ဆွဲလို့.. စိတ်​ထဲက​တောင်​ ​တွေးမိ​သေးတယ်​.. သားသမီး​ရှေ့မှာ အ​ဖေတစ်​​ယောက်​က လမ်​း​ပေါ်က ကားသမားကို ရန်​လာစပြီး ပြဿနာရှာ.. ဆဲတာ​တွေကို က​လေးက သင်​ယူမိပြီး.. ဒီက​လေး ဘယ်​လိုများ ကြီးပြင်​းလာပါလိမ်​့မလဲ လို့​ပေါ့…

​နောက်​​တော့ ကား​ချောင်​တာနဲ့ ဆက်​ဝင်​လာပြီး ဗဟိုလမ်​း​မ​ပေါ်ကို သွားဖို့အတွက်​ ​ကွေ့​ကြောယူပြီး မီးပွိုင်​့​စောင်​့တယ်​.. အဲဒီမှာ ​စောနကလူ ​ရောက်​လာပြီး​တော့.. ​ဟေ့​ကောင်​..မင်​းက ဘာ​ကောင်​လဲ.. ​စော​စောက ငါ့က​လေးရှိ​နေလို့.. မင်​းအခု ဆင်​းခဲ့စမ်​း ဆိုပြီး ကားထဲက ကားဆရာကို အတင်းဝင်​ထိုး.. ကား​ပေါ်က ဆွဲချနဲ့.. လာ​သောင်​းကျန်​းပါ​လေ​ရော.. ကားဆရာက ​ရှောင်​တယ်​..မဆင်​းဘူး.. မီးပွိုင်​့ကြီးမှာ​နော်​.. ​နောက်​ အဲ့လူက ကားတံခါးကို အတင်းဆွဲဖွင်​့ပြီး ဆွဲချ​တော့ ကားဆရာလည်​း စိတ်​မထိန်​း​တော့ဘဲ.. လာခဲလစမ်​း ​ဟေ့​ကောင်​ဆိုပြီး ဆင်​းထိုး​တော့တာ.. ကားဆရာက ခပ်​ဝဝ.. သူ့ထက်​ လူ​ကောင်​ကြီးတယ်​.. တကယ်​တမ်​းကျ​တော့ ဟိုလူလည်​း မခံနိုင်​ဘူး..  ထွက်​​ပြေးပါ​လေ​ရော.. ကားဆရာခမျာ.. သနားပါတယ်​.. ကိုယ်​​တွေက အကုန်​သိ​နေ​တော့.. စိတ်​​လျှော့ပါ ဦး​လေးရယ်​.. ဦး​လေး မှန်​ပါတယ်​.. စိတ်​​အေး​အေးထားပါ​နော်​.. ဘာညာဆိုပြီး ​ဖြေ​ပြော​ပြောမိတယ်​.. ဦး​လေးက အဲ့လူကို သိတယ်​.. ဒီရပ်​ကွက်​ကပဲ.. ပိုက်​ဆံရှိ.. ​နေရာရှိထဲကတဲ့..

ကိုယ်​​တွေက​တော့ ကားဆရာကို ပြဿနာရှာမှာကိုပဲ စိုးရိမ်​မိတာ..ငါကဘာ ဆိုုပြီး လူ​ရှေ့သူ​ရှေ့. ပါဝါပြချင်​တဲ့ ဒီလိုလူမျိုး​တွေကလည်​း ရှိ​သေးတယ်​.. တကယ်​တမ်​းကျ​တော့လည်​း သတ္တိမရှိလှပါဘူး…

အဲ့လို အဲ့လို.. အဲ့လိုမျိုး​တွေလည်​း ကြုံရတယ်​လို့… 

11 comments

  • ခင်ဇော်

    December 16, 2014 at 8:23 am

    ဇွတ် ပါလားးးး
    :a:

    တချို့ ပိုက်ဆံရှိတွေဆို မသိရပါဘူးးး

    Keep Low Profile ပဲ။
    တချို့ က စပွန်စာပေးချင်မှ ထွက်လာတာတို့ဘာတို့။

    နာလည်း သိမ်းထားတဲ့ ဖလာရီလေးတွေ ထုတ် အူးမှ။
    :mrgreenn:

    • လုံမလေးမွန်မွန်

      December 16, 2014 at 10:04 am

      ဟုတ်​ပါ့.. လုံးဝအရှက်​မရှိ​နော်​.. အံ့ဩလွန်​းလို့.. ငါ ဘာ​ကောင်​ကွ.. ဘာ​ကောင်​့သားက ဆိုုပြီး ဖိုက်​တာလုပ်​ချင်​ပုံရယ်​.. သတ္တိမရှိတာသာ ခက်​တာ..

  • Mr. MarGa

    December 16, 2014 at 8:27 am

    ဪ…….. လို့သာ…
    အမူအကျင့်ဟာ ချမ်းသာမှုနဲ့ လားလားမှ မဆိုင်

  • kyeemite

    December 16, 2014 at 9:59 am

    တိုက်တိုက်ဆိုင်ဆိုင်ပါလား..မနေ့ညနေက သမီးသိပ်နေမကောင်းလို့ သူ့အမေနဲ့ဆေးခန်းသွားတယ်
    အပြန်မှာအဲ့ရန်ပွဲကိုတွေ့ခဲ့လို့ပြန်ပြောပြနေသေးတယ် မွန်မွန်ရဲ့…အင်း..တစ်နေ့တစ်နေ့ကားမောင်းရတာလည်း တထိတ်ထိတ်နဲ့ပါကွယ်.. :a:

    • လုံမလေးမွန်မွန်

      December 16, 2014 at 10:09 am

      ဟုတ်​တယ်​ ဦးမိုက်​ရယ်​.. လူသွားဖို့ သီးသန်​့မရှိတဲ့မြို့.. ယာဉ်​​ကြော​တွေနဲ့ ပိတ်​ကျပ်​​နေတဲ့မြို့မှာ ကား​ပေါ်ကလူ.. လမ်​း​ပေါ်ကလူ အားလုံးက ​ဒေါသ​တွေ ကိ်ုယ်​စီနဲ့​ပေါ့.. ချုပ်​ထိန်​းနိုင်​တဲ့ အသိမရှိရင်​ ဆုံးရှုံးကြရ​တော့တာပဲ..

  • Kaung Kin Pyar

    December 16, 2014 at 11:17 am

    တိုက်တိုက်ဆိုင်ဆိုင် မနက်ကတင် ဖယ်ရီပါ်မှာ Anthony Hopkins ရဲ့ The Edge ကို သွားသတိရမိသေးတယ်….။
    ပိုက်ဆံရှိတိုင်း၊ ပညာတတ်တိုင်း…လူကြီးလူကောင်းဖြစ်တာတော့ မဟုတ်
    ဒါကြောင့်လဲ..စွမ်းအားရှင်တွေလက်ထဲ အာဏာထည့်လိုက်တော့ ဗြောင်းဆန်ကုန်တာပ…
    အင်း…
    ဘာတွေ ပြောမိနေလဲ မသိဘူး…

  • ဦးသု

    December 16, 2014 at 11:28 am

    ကျွန်တော့်လိုကောင်မျိုးဆို ကားဆရာနဲ့ပေါင်းပြီးဝိုင်းထိုးတယ်

  • Ma Ma

    December 16, 2014 at 5:34 pm

    ပြီးခဲ့တဲ့ရက်က မင်္ဂလာဈေးနားမှာ တက္ကစီသမားကို ပစ်ကပ်တစ်စီးက လီဗာသံ ဗျူ းဗျူ းဗြဲဗြဲနဲ့ အတင်းဝင်တိုးတော့ တက္ကစီသမားက ခြေထောက်နားမှာ ချထားတဲ့ ဓားမြှောင်ကို ထုတ်ပြီး တံခါးဘောင်မှာ စိုက်ထားလိုက်တယ်။
    အဲဒီကား ဆက်မတိုးရဲတော့ဘူး။
    ကိုယ်ကတော့ ဘယ်အချိန်ကားပေါ်ကဆင်းပြေးရမလဲလို့ အဆင်သင့်ပြင်ထားရတယ်။ :eee:

  • uncle gyi

    December 17, 2014 at 10:17 pm

    လောကပြောသမျှဒေါထနေမယ်ဆို
    ဟောတဝပြောမရသူတွေ
    မသိသလိုအသာနေလိုက်မှ
    စိတ်အေးချမ်းမယ်
    လုံမလေးရေ

Leave a Reply