ဖြစ်စဉ်- ၁

နံနက် ရနာရီခွဲ ၈နာရီ စပယ်ယာနောက်မှာပါရဲ့သားနဲ့ ခေါင်းလောင်းကြိုးမဆွဲပဲဟွန်းတီးခေါ်တဲ့ကျောင်းကားတွေ မှတ်မှတ်ရရ တစ်ခါထွက်ဆဲဘူးတယ် ကလေးနိုးသွားလို့။

ဖြစ်စဉ်- ၂

ဥပုတ်မတိုင်ခင်နှစ်ရက် မယ်သီတွေ ၆နာရီခွဲလောက်ကတည်းက လိုက်ထရပ်တစီးအပြည့်နဲ့ အိမ်ရှေ့လာရပ်အော်နေတယ် ။ တနေကုန် နေ့လည်ကလေးကိုပါ ယောက်က္ခမအိမ်သွားသိပ်ရတယ်။ ဒါနရှင်များရှင်ဆိုပြီး လေသံတိုးတိုးညင်ညင်လေးနဲ့ဆို စေတနာအပြည့်နဲ့ ပိုက်ဆံအကြွေမရှိလဲ ဆန်ကို အကြမ်းပန်ကန်လုံးတစ်လုံးစာလောင်းတယ်။ နောက်ဖေးကလူကြားအောင် အသားကုန်လှမ်းအော်တာတို့ ဆတ်ကော့လတ်ကော့နဲ့ ဆို ကန်တော့ပါသေးရဲ့ဆိုပြီး အကုသိုလ်များမိတယ်။ ကလေးအိပ်နေတဲ့အချိန်ဆိုလဲ မအော်ခင်ပါးစပ်ပိတ်အနေအထားမျိုးရောက်အောင် မိန်းမကို ပိုက်ဆံကိုင်ပြီး ထွက်စောင့်နေခိုင်းလိုက်တယ်။

ဖြစ်စဉ်- ၃

မီဂါဖုန်းပဲ ခေါ်မလား ဟန်းစပီကာပဲခေါ်မလား ဈေးသည်တိုင်း အဲဒါမျိုးနဲ့ လာရောင်းကြတယ် ကျွန်တော်ကလဲ အိမ်ရှေ့ မြေကွက်လပ် ဟိုဟာဒီဟာချပြီးနေရာမဦးတော့ အဲဒီရှေ့မှာပဲထိုင်အော်ရတယ် ကလေးအိပ်နေရင်တော့မတတ်နိုင်ဘူး ဟိုဘက်သွားရောင်းပါ ဆိုပြီးထွက်ပြောရတာပဲ။

ဖြစ်စဉ်-၄

အိမ်ရှေ့ကားရပ်လဲအေးဆေးရပ်ပေါ့ ပါဝါအိတ်ဇောနဲ့ ဒါတောင် ရပ်ပြီး လီဗာအကြာကြီးပုတ်နေသေးတယ် ဘက်ထရီမကောင်းလို့ အားသွင်းတာထင်တယ် ကားကလဲကြည့်လိုက်တော့ probox taxi သုံးလေးရက်လောက်နေတော့ သည်းမခံနိုင်တော့ဘူး ထွက်ပြောလိုက်တော့တယ်။

ဖြစ်စဉ်-၅

ဘယ်လောက်မူးလာမူးလာ လှေခါးသော့ဖွင့်ရတဲ့ဒုက္ခ လှေကားဖက်တက်ရတဲ့ဒုက္ခကင်းဝေးပြီး ၉နာရီနောက်ပိုင်း အိမ်ရှေ့ မှာ အေးဆေးထိုင်သောက်ခွင့်ရတယ်။ အပေါ်ကတစ်ခုခု ပစ်ချတာတို့ သွန်ချတာတို့ဆိုရင်တော့ မူးနေတဲ့အချိန်နဲ့ ဘာပြောကောင်းမလဲ။

 

ဒါပါပဲ

လောလောဆယ်

အိမ်လူမိုက် ၊ လမ်းလူမိုက် ၊ ရွာလူမိုက် ။။။။ ဦးသု

About ဦးသု

ဦး သု has written 58 post in this Website..

ယောင် 60 ဒါပေမယ့် တစ်ခါတစ်လေ 6 ကဇောက်ထိုးဖြစ်သွားတယ်