မြေညီထပ် နေ့စဉ်

ဦးသုDecember 16, 20141min18916

ဖြစ်စဉ်- ၁

နံနက် ရနာရီခွဲ ၈နာရီ စပယ်ယာနောက်မှာပါရဲ့သားနဲ့ ခေါင်းလောင်းကြိုးမဆွဲပဲဟွန်းတီးခေါ်တဲ့ကျောင်းကားတွေ မှတ်မှတ်ရရ တစ်ခါထွက်ဆဲဘူးတယ် ကလေးနိုးသွားလို့။

ဖြစ်စဉ်- ၂

ဥပုတ်မတိုင်ခင်နှစ်ရက် မယ်သီတွေ ၆နာရီခွဲလောက်ကတည်းက လိုက်ထရပ်တစီးအပြည့်နဲ့ အိမ်ရှေ့လာရပ်အော်နေတယ် ။ တနေကုန် နေ့လည်ကလေးကိုပါ ယောက်က္ခမအိမ်သွားသိပ်ရတယ်။ ဒါနရှင်များရှင်ဆိုပြီး လေသံတိုးတိုးညင်ညင်လေးနဲ့ဆို စေတနာအပြည့်နဲ့ ပိုက်ဆံအကြွေမရှိလဲ ဆန်ကို အကြမ်းပန်ကန်လုံးတစ်လုံးစာလောင်းတယ်။ နောက်ဖေးကလူကြားအောင် အသားကုန်လှမ်းအော်တာတို့ ဆတ်ကော့လတ်ကော့နဲ့ ဆို ကန်တော့ပါသေးရဲ့ဆိုပြီး အကုသိုလ်များမိတယ်။ ကလေးအိပ်နေတဲ့အချိန်ဆိုလဲ မအော်ခင်ပါးစပ်ပိတ်အနေအထားမျိုးရောက်အောင် မိန်းမကို ပိုက်ဆံကိုင်ပြီး ထွက်စောင့်နေခိုင်းလိုက်တယ်။

ဖြစ်စဉ်- ၃

မီဂါဖုန်းပဲ ခေါ်မလား ဟန်းစပီကာပဲခေါ်မလား ဈေးသည်တိုင်း အဲဒါမျိုးနဲ့ လာရောင်းကြတယ် ကျွန်တော်ကလဲ အိမ်ရှေ့ မြေကွက်လပ် ဟိုဟာဒီဟာချပြီးနေရာမဦးတော့ အဲဒီရှေ့မှာပဲထိုင်အော်ရတယ် ကလေးအိပ်နေရင်တော့မတတ်နိုင်ဘူး ဟိုဘက်သွားရောင်းပါ ဆိုပြီးထွက်ပြောရတာပဲ။

ဖြစ်စဉ်-၄

အိမ်ရှေ့ကားရပ်လဲအေးဆေးရပ်ပေါ့ ပါဝါအိတ်ဇောနဲ့ ဒါတောင် ရပ်ပြီး လီဗာအကြာကြီးပုတ်နေသေးတယ် ဘက်ထရီမကောင်းလို့ အားသွင်းတာထင်တယ် ကားကလဲကြည့်လိုက်တော့ probox taxi သုံးလေးရက်လောက်နေတော့ သည်းမခံနိုင်တော့ဘူး ထွက်ပြောလိုက်တော့တယ်။

ဖြစ်စဉ်-၅

ဘယ်လောက်မူးလာမူးလာ လှေခါးသော့ဖွင့်ရတဲ့ဒုက္ခ လှေကားဖက်တက်ရတဲ့ဒုက္ခကင်းဝေးပြီး ၉နာရီနောက်ပိုင်း အိမ်ရှေ့ မှာ အေးဆေးထိုင်သောက်ခွင့်ရတယ်။ အပေါ်ကတစ်ခုခု ပစ်ချတာတို့ သွန်ချတာတို့ဆိုရင်တော့ မူးနေတဲ့အချိန်နဲ့ ဘာပြောကောင်းမလဲ။

 

ဒါပါပဲ

လောလောဆယ်

အိမ်လူမိုက် ၊ လမ်းလူမိုက် ၊ ရွာလူမိုက် ။။။။ ဦးသု

16 comments

  • Yae Myae Tha Ninn

    December 16, 2014 at 1:10 pm

    ဒါတင်လား.. အိမ်ရှေ့ အိမ်ရှေ့မို့.. အိမ်နောက်ဘက် ပြတင်းပေါက် မဖွင့်လိုက်နဲ့.. ရေတွေ ဖြန်းကနဲ လောင်းချတယ်.. ဘာရေတွေမှန်းမသိ.. ဟင်းချက်မယ့်ထဲ ဝင်လို ဝင်.. အပေါ်ထပ် အပင်မစိုက်ရဘူး မပြောဘူး.. အချိန်မှတ်ထားပေါ့.. ဘယ်အချိန် အောက်ကလူတွေ ထွက်တတ်လဲ.. ပန်းပင် ရေလောင်းတယ်.. မပြောချင်လို့ ကြည့်နေတာ ကြာပေါ့… 🙁

  • ဦးသု

    December 16, 2014 at 1:12 pm

    နောက်ဖေးကိစ္စကိုတော့ ဆဲနည်း စုံသွားလို့
    တံခါးတွေပဲ အသေပိတ်ထားလိုက်ရပါဂျောင်း

  • အောင် မိုးသူ

    December 16, 2014 at 1:24 pm

    အဲ့လိုတွေ မခံစားချင်လို့ ခုအိမ်က ကန်ထရိုက်ပေးထားတယ် မြေညီထပ်အပေါ်ထပ်ကစပြီး ပထမထပ် ဒုတိယထပ် တတိယထပ် သုံးလွှာဆက်တိုက်ယူလိုက်တယ်။ မြေညီထပ်ရယ် ဟိုးးးအပေါ်ဆုံး ၂ထပ်ရယ် မလိုချင်ဘူးဆိုပြီး။

  • kyeemite

    December 16, 2014 at 3:28 pm

    .ကျုပ်လည်းမြေညီထပ်ဗျ….ခံရချက်တွေတူနေပါဂျောင်း… :dd:

  • ခင်ဇော်

    December 17, 2014 at 9:18 am

    အာ့မိုးတွေ က …
    ဒဏ်ငွေတို့ ဥပဒေတို့နဲ့ ထိန်းမှရမှာ။
    သိတတ်မှု မျှော်လင့်နေလို့က မရတော့ ပြောတဲ့သူက လူမိုက်ဖြစ်ကရော။

    :g:

    • kai

      December 17, 2014 at 11:30 am

      အောက်ထပ်အိမ်မှာ ဘုရားဆင်းတုရှိမှာပေါ့..။
      အဲဒီအပေါ်ထပ်ကကောင်တွေ.. ဘုရားအပေါ်မှာထိုင်နေကြတယ်ဆိုပြီး.. တိုင်လိုက်..။ :k:

  • CharTooLan

    December 17, 2014 at 11:09 am

    ငတို့လဲမြေညီ ခုပြန်ဆောက်ရင် ပထမထပ်တက်မှာလို့ သံသေတ္တာချလိုက်ဒယ်
    တနေ့က တဒုံးဒုံး တဒိုင်းဒိုင်းလုပ်နေတဲ့ အပေါ်ထပ်ကဟာတွေကို
    ငါမီးနဲ့ရှို့သတ်ပစ်မယ်လို့ အော်ဆဲပီးသွားပီ
    အိုက်မယ်သီလံက အောက်ထပ်မယ် မီးမဖွင့် အမြင်အတိုင်း ခြင်တောင်တွေထောင်ပီး
    အိပ်နေကြတဲ့အခြေအနေကိုဒေါင် လိပ်ထွက်မတတ်အော်နေတတ်သေးဒါ
    ကလားသေအောင်မုံးဒယ်ဆိုတဲ့ အမျိုးမျက်မဒွေတသိုက်က ခေါင်းယင်းပြဒင်းပေါက်ကနေ
    ညစ်စုတ်တာတွေပစ်ချလို့ လာရှင်းခိုင်းတာ သောက်သံတိတ်နေလို့ နင်တို့လာဆင်းကောက်မလား ငါဆံပင်ဆွဲပီးတိုက်ပေါ်ကနေလာဆွဲချရမလားလို့ပြောတော့မှ ဆင်းလာကောက်ကြလေယတ်…
    လူဒွေအတော်များများကိုက ကိုယ်ပိုင်အကျင့်စာရိတ္တမကောင်းကြတာလေ
    ကျန်တာသဂျီးပြောလိန့်မယ် စနစ်ကျောင့် မဟုတ် အနှစ်တထောင်ကျိမ်ဇာ လို့

  • ဦးသု

    December 17, 2014 at 12:04 pm

    ဟုတ်ဒယ် ကြမ်းသာကြမ်း ဒေါ်ချာတူး

  • uncle gyi

    December 17, 2014 at 10:50 pm

    အပေါ်ထပ်နဲ့အောက်ထပ်ဇတ်လမ်း
    တွေ့မှတွေ့တတ်ပလေ
    ဘယ်တော့မှမရိုးနိုင်တဲ့ဇာတ်လမ်းတွေ
    အမှန်ကအသိနည်းနေကြလို့ပါ
    အသိများလာအောင်ဘယ်လိုလုပ်ကြမယ်
    အူသုဆီမီနာလေးလုပ်ကြည့်ပါလား

  • manawphyulay

    December 18, 2014 at 9:04 am

    မြေညီထပ်ရဲ့ဒုက္ခတွေပေါ့။
    မနေ့ကတောင် ပထမထပ်ရဲ့ဒုက္ခရင်ဖွင့်သံကို နားထောင်လိုက်ရသေးတယ်… မလွယ်ဘူးနော်…
    အပေါ်ထပ်ဆိုလည်း အပေါ်ထပ်မို့ ဘယ်မှာနေရပါ့…

  • Novy

    December 18, 2014 at 2:46 pm

    မနိုလည်းအောက်ထပ်မှာနေလေတော့ အိမ်ရှေ့အမှိုက်ရှင်းရ အိမ်ဘေးမြောင်းရှင်ရနဲ့ မအားရပါဘူး
    အပေါ်ထပ်မှာနေပြီး အိမ်မရှိခွေးမွေးတွေကလည်း စည်းမရှိကမ်းမရှိ ခွေးအမွှေးတွေကိုအောက်ကိုပြစ်ချတာ အခန်းထဲကို အလုံးလိုက် အထွေးလိုက်3ခါလောက်ဝင်လေတော့
    နိုဗွီတို့ပွဲကြမ်းပစ်လိုက်တာဘာပြောကောင်းမလဲ :p

  • Ma Ma

    December 18, 2014 at 3:30 pm

    လှေကားလက်ရမ်း (သံပိုက်လုံး) ကို ခေါက်ပြီး အပေါ်ထပ်ကလူကိုခေါ်တာ၊
    ချိတ်မချိတ်ပဲ အဝတ်လှမ်းပြီး သိမ်းခါနီးမတွေ့တို်င်း ကိုယ့်အိမ်လာတောင်းတာ၊
    ကွမ်းတံတွေးတွေ၊ ရေတွေ၊ သလိပ်တွေ ပြုတ်ကျတာ….. ခံဖူးတယ်။ :eee:

  • Shwe Ei

    December 18, 2014 at 7:36 pm

    -နှာခေါင်းပေါက်လောက် အခန်းကျဉ်းလေးတွေ မှာနေရသူချင်းတူတူတောင် အပေါ်ထပ်ကနေတဲ့ -လူက အောက်ထပ်ကို သောက်ဂရုမစိုက်တဲ့အချိုးမျိုး ချိုးတာတော့ နေရာတိုင်းမှာ ရှိတယ်ထင်ပါရဲ့။
    -သများတို့လဲ အပေါ်ထပ် ဝရန်တာကနေ ပန်းပင်ရေလောင်းတာ ငှက်လှောင်အိမ်ဝရန်တာမှာ ချိတ်ထားလို့ -ငှက်ချီးပါတိုုင်း ကိုယ့်အဝတ်တန်းပေါ်ဘဲ ပြုတ်ကျနေတာတွေ..မခံစားနိုင်လွန်းလို့ ကြီးကြီးငယ်ငယ် -မသိတော့ဝူး..ဝရန်တာထွက်ပီး အော်ဆဲပေးလိုက်တယ် ..
    -အခုတော့ ကို့အပေါ်မှာ ဘာအထပ်မှ မရှိတော့.ဝူး..ထိပ်ဆုံးရဲ့ထိပ်ဆုံးမှာဘဲ…ေိေိ

  • lu lu

    December 19, 2014 at 4:20 pm

    အပေါ်ဆုံးထပ် လည်းဒုက္ခ
    အလယ်ထပ်လည်း ဒုက္ခ
    မြေညီထပ်လည်းဒုက္ခ
    ဘယ်နေရာဖြစ်ဖြစ်ဒုက္ခ
    အနိစ္စ ဒုက္ခ အနတ္တ

  • Wow

    December 22, 2014 at 10:41 am

    ဘုရားစင်ပြုတင်းပေါက်နားရှိတယ် ပြောလဲမရ..
    ဘုရားသာ မကြောက်တာ.. နတ်စင်ကျတော့ ကြောက်တယ်ဗျား… သူတို့မြင်အောင် နတ်စင်လေးထုတ်ထားလိုက် ကလေးတွေ ဝရံတာထွက် သေးငေါ့ပန်းတာကအစ အရှင်ကြီးကိုင်လိမ့်မယ်ဆိုပီး အထဲပြန်သွင်းသွားရော ဖြစ်ပုံများ :mrgreen:

Leave a Reply