စေတနာသက်သက်

Sine SantDecember 16, 20141min28223

လူတစ်ယောက်ရဲ  ့ရိုးသားဖြူစင်တဲ့စိတ်ဓာတ်
ကို ပညာတတ်ခြင်း မတတ်ခြင်းနဲ ့တိုင်းတာစစ်ဆေး
ကြည့်လို ့မရပါဘူး။
  တနေ ့ကျနော့် ဆေးခန်းကို ဘေးအိမ်က အင်းသား
လူမျိုး အဖွားတစ်ယောက် ဟင်းချိုင့်လေးဆွဲ
ရင်းရောက်လာပါတယ် ။ သူလာတဲ့အချိန်က
ကျနော်တို ့နေ ့လည်စာ စားနေတဲ့အချိန်ပါ ။
သူ ့ရဲ ့အင်းသားသံဝဲ တဲ့စကားသံနဲ ့
“ဆရာ တို ့ထမင်းဆားနေတာနဲ့အတော်ပဲ
အဖွား ဟင်းလာပို ့ပေးတာ ”  ဆိုပြီး ချိုင့်ကို
ဖွင့်နေပါတော့တယ် ။
ကျနော် က “အဖွားကလည်းဒုက္ခရှာလို ဗျာ
ဒီမှာ ဝိုင်းဖွဲ ့စားနေကြတာ ဟင်းတွေအများကြီး
ပဲဟာ ” ဆိုတော့
အပြုံးမပျက်တဲ့စကားသံနဲ ့” ့အဖွားကကျွေးချင်
လို ့ပါ ဆရာ ရယ် ဟို ဆရာ့အတွက်တော့
သက်သက်လွတ်ပဲထောင်းခဲ့ပါတယ် ပဲပုတ်နဲ ့
လေ ” 
ဪ ကျနော်သက်သက်လွတ်စားတာကို
သိနေပါလား ဒါနဲ ့မေးလိုက်မိတယ်
” ဟုတ်ပါပြီ အဖွားက ဘာတွေထောင်းလာ
တာလဲ ” 
   ” ခါချဉ်ပါ ဆရာ ဥတွေရောပါတယ်
မနက်ကဈေးမှာလတ်လတ်ဆက်ဆက်တွေ ့
တာနဲ ့ဆရာတို ့အတွက်ပါပိုဝယ်ခဲ့တာ ။ ်
  အဖွားပြန်ဖြေလိုက်တဲ့ စကားကိုလည်း
ကြားရော ကျနော်တို ့တဖွဲ ့လုံး ငိုရမလို ရယ်
ရမလိုနဲ ့ဘာပြန်ပြောရမှန်းလည်းမသိတော့ဘူး
   စိတ်ထဲကတော့ ” ဖြစ်မှဖြစ်ရလေ အဖွားရယ်
ခါချဉ်တွေကိုသက်သက်လွတ်ထောင်းရတယ်လို ့
ခက်တော့ခက်နေပြီ ”
   သူ ့စေတနာကိုစော်ကားရာကျမှာစိုးလို ့
အားနာနာနဲ ့ပဲ လက်ခံလိုက်ပါတယ်  ။

23 comments

  • ဦးသု

    December 16, 2014 at 12:40 pm

    ကျွန်တော်ကတော့ သက်သက်လွတ်မစားဘူး အကုန်တီးတယ်
    အမဲအူပြုတ်ဆိုလဲ လွှတ်ကြိုက်
    ဒါပေမယ့် အရှင်ပုညနန္ဒ ဟောတဲ့
    မြင်သား ကြားသား တော့မစားဘူး

  • ဦးကျောက်ခဲ

    December 16, 2014 at 1:54 pm

    အဟိ… ပြောလို့ပြောတာမဟုတ် ခါချဉ်ဥက အတော်ဆိမ့်သဗျ…
    ယိုးဒယားတွေက သနပ်ရွက်နဲ့ ချက်စားတယ် … အတော်ဈေးကြီးပါ့…
    :k:

    • lu lu

      December 17, 2014 at 2:34 pm

      ပြောသာပြောရတာ အဲ့ခါချဉ် တွေမစားဖူးဘူး
      စိတ်ထဲတမျိုးဖြစ်နေလို ့
      😀

  • Ma Ei

    December 16, 2014 at 2:59 pm

    .ရိုးသားတဲ့ တောသူတောင်သားတွေက တစ်ကယ်ကို စေတနာနဲ့ ကျွေးချင်ကြတာပါ…
    .အညာကို အလည်သွားတာ ထမင်းပွဲက နေ့တိုင်းကြက်သားဟင်း၊ကြက်ကြော် ကြက်ဥ အမြဲပါတယ်..
    .ပြန်မယ့်နေ့ကျမှဘဲ ဝိုင်းထဲလမ်းလျှောက်နေလို့ခြံထဲက ကြက်ကိုပစ်ခတ်ဆွဲသွာတာမြင်လိုက်ရတော့…
    .အရင်နှစ်ရက်က စားခဲ့တာတွေအတွက်..စိတ်မကောင်းဖြစ်ရတယ်…
    .သူတို့ကတော့ စေတနာသက်သက်ပါ…

  • kai

    December 16, 2014 at 3:02 pm

    U.N. agency urges eating insects to fight world hunger …
    http://www.cbsnews.com/…/un-agency-urges-eating-insects-to-fight-...
    CBS News
    May 13, 2013 – The U.N.’s Food and Agriculture Organization (FAO) said on Monday that grasshoppers, ants and other members of the insect world are an …

    ဒီနေ့တင်.. ကမ္ဘာမှာကြံ့ဖြူမျိုးတုံးတော့မယ်…။ တကမ္ဘာလုံး ၅ကောင်ပဲကျန်တော့တဲ့သတင်းဖတ်လိုက်ရတယ်..။
    A northern white rhino has died. There are now five left in the entire world.
    Washington Post‎ –
    He was a northern white rhinoceros, a species on the brink of extinction. Following his death …
    လူတွေက.. မကြာမတင်.. သန်း ၈ထောင်.. ၉ထောင်ဖြစ်တော့မယ်..။
    တခြားတိရိစ္ဆာန်တွေ.. သတ္တဝါတွေဘုံပျောက်ပေါ့…။

    ဆိုတော့…
    ခါချဉ်တွေမွေးမြူရေးလုပ်.. ဥဘစ်ဇနက်ထွန်းကားလာသင့်…။ ထွန်းကားသင့်..။
    လူတွေလည်း.. တန်းတူညီမျှသွားအောင်.. ဆင်းရဲတဲ့နိုင်ငံတွေ.. သက်သတ်လွတ်စားကြဖို့ မြောက်ပေးလှသင့်.. မြှောက်ပေးသင့်..
    (ဒါမှ.. ကျုပ်တို့ ကောင်းကောင်းကန်းကန်း.. ပိုစားရမှာ.. ) :k:

  • kyeemite

    December 16, 2014 at 3:31 pm

    .ဖြူစင်ရိုးသားတဲ့စေတနာကိုတော့အသိအမှတ်ပြုရမပေါ့လေ… ပညာတတ်မတတ်နဲ့မဆိုင်ပါဘူးဗျာ 🙂

  • အဟိ။
    ကြက်သားတွေ သက်သတ်လွတ် ကြော်မလာတာ တော်သေး

    ဟိုအဖြစ်လိုဖြစ်နေပြီ
    သစ်တစ်ပင်ခုတ် ထောင်ဆယ်နှစ်ဆိုပြီး လာတားတဲ့
    သစ်တောထိန်းသိမ်းရေးဝန်ထမ်းကို
    သစ်ခုတ်မိတဲ့ တောသားက
    သစ်ခုတ်ရင် ဆယ်နှစ်
    လူသတ်တာတောင် ရ နှစ် လို့တွက်ပြီး
    သုံးနှစ်သက်သာလည်း မနည်းဘူးဆိုပြီး
    လာတားတဲ့ သစ်တောဝန်ထမ်းကို ခုတ်သတ်သွားတာလေ

    😆

  • Kaung Kin Pyar

    December 16, 2014 at 4:07 pm

    ဒီစာလေးဖတ်ပြီး နယ်ကိုတောင် ပြန်လွမ်းလာပြီ….
    ဒါနဲ့….
    လုလုပျောက်နေတာ ကြာပြီနော်
    စာရေးဖို့ ကုန်ကြမ်းလေးတွေရှိနေတယ်လို့ သတင်းအတိအကျရထားတယ်…

    • lu lu

      December 17, 2014 at 2:36 pm

      ဟုတ် ပျောက်နေတာ တကယ်ကြာသွားတဲ့အတွက်တောင်းပန်ပါတယ်
      သတင်းအတိ အကျ ကိုဘယ်လိုများ သိသွားလိမ့် အစ်မ ရေ

  • ခင် ခ

    December 16, 2014 at 4:32 pm

    ကျွန်တော်ငယ်ငယ်တုန်းက ခါချဉ်လျှက်စားဆိုတာစားဖူးတယ် ချောင်းဆိုးချင် ချွဲကပ်ချင်ရင် အဲဒီခါချဉ်လျှက်စားထုပ်လေးပြေးဝယ်ပြီးစားလိုက်တာ သက်သာတာကိုး။
    အရွယ်လေးရလာလို့ တောနယ်တစ်ခုရောက်တော့ ခါချဉ်လျှက်စားထောင်းနေတဲ့ အဖွားကိုတွေ့လို့ ခါချဉ်လျှက်စားဆိုတာ ခါချဉ်ဥကိုထောင်းပြီးဖော်ရကြတာလို့သိသဗျ။
    ပြောချင်တာက ခါချဉ်ဥဟာဆေးဘက်ဝင်တယ်လို့။

    • kai

      December 16, 2014 at 5:56 pm

      ဆေးဆရာကြီး…။
      အင်းဆက်တွေက ဆေးဖက်ဝင်တာတွေအများကြီး..။ အာဒါကြောင် ကုလသမဂ္ဂကိုယ်တိုင်ကိုယ်က.. စားခိုင်းနေတာ..
      မြန်မာတွေစားနေတဲ့ ပုရစ်ဆို.. အင်မတန်ဆိမ့်…။
      အဲဒီပိုးမွားတွေနဲ့..မွေးနည်း..စားနည်း.. ဆေးစာအုပ်တအုပ်လောက်ရေးပါ့လား.။
      ကမ္ဘာကတောင်ဝယ်ဦးမယ်.။ :k:
      The most commonly eaten insect groups, according to FAO, are beetles, caterpillars, bees, wasps, ants, grasshoppers, locusts, crickets, cicadas, leaf and planthoppers, scale insects and true bugs, termites, dragonflies and flies.
      Insects contain “good fats”, can be rich in calcium, copper, iron, magnesium, manganese, phosphorus, selenium and zinc, and are a source of fiber.

      The report calls insects a healthy, nutritious alternative to mainstream staples like chicken, pork, beef and even fish.

  • Ma Ma

    December 16, 2014 at 6:05 pm

    တပည့်လိမ္မာ ဆရာ အာပတ်လွတ်တဲ့။
    ခါချဉ်ကို သတ်သတ်လွတ်ထောင်းလာတော့လည်းးးးးးးးးးးးးးးးး 🙂

    • lu lu

      December 17, 2014 at 4:17 pm

      စားလိုက်ရမှာလား ဟင်
      😀

  • ခင်ဇော်

    December 17, 2014 at 1:20 pm

    အာ့ကြောင့်…

    ခါတလေများဆို …
    လုပ်ရပ် အမှားအမှန်ထက် …
    နောက်က ရှိတဲ့ စိတ်စေသနာလေးတွေကိုပါ …
    မြင်ပြီး လက်ခံလိုက်ရတဲ့ အမှားတွေလည်း မနည်းဝူးးး

    :a:

    • lu lu

      December 17, 2014 at 4:20 pm

      အမှားပြင်ပေးတာကို လက်ခံမယ့်သူဆို ပြင်ပေးသင့်တယ် ထင်တယ်
      တော်ကြာ လူမိုက်အားပေးဖြစ်နေရင် မခက်ဘူးလား နော်

  • ဦးကြောင်ကြီး

    December 18, 2014 at 12:07 pm

    ကေအိုင်အေ သဗုံမ လုလု အပေါ် စေတနှာဒွေ ပိုနေမိဗီကွယ်.. ခြစ်ကြဇို့ မြံမျံ

  • သဗုံ့ကြောင် ဆိုပြီး စာတစ်ပုဒ် ရေးချဉ်လာဘီခည
    သူပုန့်အိမ်ဆိုတဲ့စာအုပ်ထက် သာမယ်ထင့်

    :k:

  • lu lu

    December 18, 2014 at 2:37 pm

    အမြန်သာရေးလိုက်ဒေါ့
    အားပေးဖို ့အသင့် ပဲ

  • uncle gyi

    December 18, 2014 at 10:58 pm

    အင်းလေးရောက်တိုင်းစားတဲ့အစာထဲ
    ခါချဉ်မပါ
    ခါချဉ်အစာရှိမှန်းလဲမသိ
    အသက်ကြီးလှပြီ
    ကိုယ်မသိသေးတာတွေများတုန်းပဲကိုး

    • lu lu

      December 19, 2014 at 4:07 pm

      နောက်တခါလာရင် စားဖြစ်အောင် စားသွားပါ အန်ကယ် ရေ
      အသက်ကြီးလာလေ သင်ယူစရာတွေများလာလေ ပါပဲ

  • Wow

    December 19, 2014 at 4:22 pm

    အသီးယားထှာဟယ်.. ခါချဉ်ထောင်းတဲ့ စားကာင်းလို့လား :hee:

    • lu lu

      December 21, 2014 at 11:38 am

      ကောင်းတယ်လို ့ပြောတယ်
      ဆိမ့်ဆိမ့်လေးဆိုပဲ
      မြေပဲ ပဲပုတ် ငရုတ်သီးတွေနဲ ့ဗလချောင် ကြော်စားတာလည်း
      ရှိရဲ ့

Leave a Reply