တစ်ခေတ်ဆန်း ဗေဒင်

moonpoemDecember 16, 20141min15210

ဒီဇင်ဘာ ဖြစ်သော်ငြား ပူအိုက်နေသကဲ့သို့ တနင်္ဂနွေသားသမီးများလတ်တလောအပူများနေတတ
်သည်။တစ်နေ့၂ခါ ရေမှန်မှန်ချိုးပါ။

နိုင်ငံရေးတွင် လှည့်ကွက်များ သောအတိုက်အခိုက်များသော ကာလ
ဖြစ်သကဲ့သို့ တနလာင်္သားသမီးများ လည်းရန်သူများတတ်သည်။
သိုင်းပြောင်းပြန်ကျင့်ထားပါ။
လက်နက်ပုန်းသုံးပါ။

ဆန္ဒပြသူများကို အသံချဲ့စက်များ ဖွင့်၍ နှိမ်နှင်းခြင်းသည် အင်္ဂါသားသမီးများအတွက် ရှေ့ဆက်လုပ်သင့်သော စီးပွားရေးလုပ်ငန်းကို နမိတ်
ပြခြင်းဖြစ်သည်။DJစက်ရောင်းပါ။အဝယ်လိုက် လိမ့်မည်။

ဗုဒ္ဓဟူး သားသမီးများ ယခုနှစ် မကုန်မချင်း မလိုအပ်ဘဲ အခွန်ဆောင်ရကိန်း မြင်သည်။
ထို့ကြောင့်ငှက်ပျောသီးစားပြီးပါက ငှက်ပျောအခွန်သိမ်းထားခြင်းရှောင်ပါ။

ကားများကြပ်နေသဖြင့်စိတ်ပိုညစ်တတ်သောကြာသပတေးသားသမီးများကားချောင်လိုပါကရထားသံလမ်းအတိုင်း ဘေးမှလမ်းလျှောက်ပါ။
ကားအလွန်ချောင်မည်ဖြစ်သည်။

သောကြာသားသမီးများ စိတ်မွန်းကြပ်နေတတ်သည်။
သိပ်ပြီးထိန်းချုပ်မထားပါနှင့်။
လွတ်လပ်စွာ ထားပါ။အားရပါးရ အီးပေါက်ပစ်လိုက်ပါ။
ပြေလည်သွားလိမ့်မည်။

၄ပွင့်ပင် ဖြစ်စေ ၆ပွင့်ပင် ဖြစ်စေ မတွေ ့ဆုံနိုင်သကဲ့သို့ စနေ သားသမီးများ အချစ်ရေးတွင် လမ်းလွဲနေတတ်သည်။လမ်းမလွဲစေရန် မြေနီကုန်းတံတားဆောက်နေသော လုပ်ငန်းခွင်အနီး ပွိုင့်မိစဉ် ချိန်းတွေ ့ပါ။

ရရက်သားသမီးအားလုံးအတွက် ယတြာမှာ လမ်းထိပ်တွင် ဆိတ်စွပ်ပြုတ် ထွက်သောက်ရင်း ဆိုင်ထဲတွင်ထိုင်နေသူ အားလုံးအား မင်းတို့လက်တွေ လေထဲမှာ မြှောက်ထားလိုက်ဟု အော်ဟစ်၍နှုတ်ဆက်ပေးပါ။

10 comments

  • သောကြာသားသမီးများ စိတ်မွန်းကြပ်နေတတ်သည်။
    သိပ်ပြီးထိန်းချုပ်မထားပါနှင့်။
    လွတ်လပ်စွာ ထားပါ။အားရပါးရ အီးပေါက်ပစ်လိုက်ပါ။
    ပြေလည်သွားလိမ့်မည်။

    ရယ်စရာဆိုပေမယ့်..မရယ်နိုင်ဘူး…
    မွန်းကျပ်တတ်သည်..ဆိုတာကြီးက… ဒဲ့ လာမှန်နေလို့….

    ဒီနေ့….နဲ့…
    မနေ့က….
    တော်တော့် တော်တော်ကို…စိတ်ပွန်းကျပ် ပူလောင်တာတွေ ဖြစ်နေ..ဖြစ်ခဲ့….
    ဟူးးးးးးး

    🙁

  • pooch

    December 16, 2014 at 11:48 pm

    ဟုတ်​ပါ့ အချစ်​​ရေးလမ်​းလွဲ​နေတာတဲ့
    ဒီ​ဗေဒင်​ကမှန်​လိုက်​တာ ဒီမှာ​တော့ ၂၆ ဘီလမ်​းနဲ့ လမ်​း၈ဝ ​ထောင်​့က မီးပွိုင်​့မှာ date ရမယ်​ထင်​ :loll:

  • moonpoem

    December 17, 2014 at 7:10 am

    ​ဗေဒင်​မှန်​တယ်​ ဆိုပါလား။လုပ်​ငန်​း ​ပြောင်​း​တော့မယ်​ 😛

  • ခင် ခ

    December 17, 2014 at 8:12 am

    တနင်းလာနေ့တွင် ” ကျား ” ဟု ကျောက် နံရံအနီးတွင်သုံးကြိမ်အော်ပြီး ကြံ စုတ်ခြင်းပြုကာ လိုရာတောင်းလျှင် အကြံအစည်အောင်လတံ္တ။

  • ခင်ဇော်

    December 17, 2014 at 8:35 am

    ဆန္ဒပြသူများကို အသံချဲ့စက်များ ဖွင့်၍ နှိမ်နှင်းခြင်းသည် အင်္ဂါသားသမီးများအတွက် ရှေ့ဆက်လုပ်သင့်သော စီးပွားရေးလုပ်ငန်းကို နမိတ်
    ပြခြင်းဖြစ်သည်။DJစက်ရောင်းပါ။အဝယ်လိုက် လိမ့်မည်။

    ငင့်!!!
    ဒီဂျေတွေ ပတနာတက်နေတယ်လေ။
    အချိန်ကောင်းပဲ။

    :k:

  • kai

    December 17, 2014 at 9:22 am

    ယူအက်စ်မှာ အခုခေတ်အစားဆုံး..စကားကြီးတခွန်းက..
    “Hands Up, Don’t Shoot”
    တဲ့..။
    အဲဒီလိုနဲ့.. လက်တွေမြှောက်ရက်တန်းလန်း… အပစ်ခံရပြီး.. သေတာပဲ..။ :k:

    =
    Rams Players Enter Field With “Hands Up, Don’t Shoot”
    deadspin.com/rams-players-enter-field-with-hands-up-dont-sho…
    Deadspin
    Nov 30, 2014 – St. Louis Rams players recognized this week’s Ferguson protests with an emphatic gesture during player introductions when several members …

  • uncle gyi

    December 17, 2014 at 10:41 pm

    အားလုံးအား မင်းတို့လက်တွေ လေထဲမှာ မြှောက်ထားလိုက်ဟု အော်ဟစ်၍နှုတ်ဆက်ပေးပါ

    အင်းအဲလိုနှုတ်ဆက်လို့ကအခုရက်ဆက်ဖြစ်လိုက်တဲ့
    အဖြစ်တွေနဲ့ဆို
    ဘာတွေဖြစ်ကုန်မယ်မသိ
    မနှုတ်ဆက်ရဲပေါင်

  • manawphyulay

    December 18, 2014 at 8:49 am

    ဗေဒင်စအဖွင့်မှာ ဖတ်လိုက်ရသော သကာလ ဒီဇင်ဘာမှ ရေနှစ်ခါချိုးခိုင်းထဲက အဆုပ်မကောင်းတဲ့သူအတွက် ဗေဒင်က မှန်နိုင်ဦးပါ့မလားဟင်….
    ဆက်လက်ဖတ်မိသောအခါ….. 😥

  • lu lu

    December 19, 2014 at 4:17 pm

    dj စက် ရောင်းခိုင်းလို ့တော်ပါသေးတယ် ဆြာဂျီးရယ်
    နို ့မို ့မလွယ်ပေါက် ပဲ ဟူးးးးးး

Leave a Reply