LOVE=ချစ်ခြင်း

aye.kkDecember 17, 20141min1069

ဖတ်သိပြီး၊မှတ်မိတာလေးများ ချရေးပြတာပါ ရွာသားတို့ရေ..။

မေတ္တာ=ချစ်ခြင်း

မေတ္တာနှင့်အနက်တူအသွင်တူသောပုဒ်ကားပေမဖြစ်သည်။

၁။ တဏှာပေမ=မိန်းမနှင့်ယောကျင်္ားတဏှာရာဂ အစွမ်းဖြင့်ချစ်ကြိုက်ခြင်း။

၂။ ဂေဟသီတပေမ=မိဘနှင့်သားသမီး၊ညီအစ်ကိုမောင်နှမ တို ့ချစ်ခင်တွယ်တာမှု။

၃။ မေတ္တာပေမ=အဆင့်အတန်း၊မိန်းမယောကျင်္ား၊ပုဂ္ဂုလ်သတ္တဝါမရွေးချယ်ဘဲ အဒေါသကုသိုလ်စေတနာပြဌာန်း

သောကြောင့်မေတ္တာအစစ်အမှန်ဟုခေါ်သည်။

တဏှာပေမနှင့်ဂေဟသီတပေမ နှစ်မျိုးလုံးသည် ၊ကုသိုလ်မေတ္တာအစစ်မဟုတ်၊ တဏှာ၊ရာဂ၊လောဘ

အရင်းခံသောကြောင့် အကုသိုလ်အမျိုးအစား(ဝါ)မေတ္တာတုသာဖြစ်သည်။

မေတ္တာပေမကိုနှစ်သက်ထိုက်ပွားများထိုက်ပေသည် ။။

 

9 comments

  • ခင်ဇော်

    December 17, 2014 at 3:07 pm

    ချစ်ခြင်းမှာ ဒုက္ခရှိတာ သိသိကြီးနဲ့
    ဆက်ချစ်ချင်နေကြတဲ့သူတွေချည်းပဲလား အန်တီအေးရယ်။

    :g:

  • aye.kk

    December 17, 2014 at 4:58 pm

    ခင်ဇော်ရေ
    ပုထုဇဉ်ဆိုတာ ချစ်ခြင်းတွေနဲ ့မကင်းနိုင်တာလေ…..။။
    အလင်းဆက်ရေ
    ပုထုဇဉ်တွေဆိုတာချစ်ခြင်းတွေနဲ ့မှမကင်းတာမို ့နှစ်သက်တာလည်း ပေမပါပဲ။
    ပေမတွေရဲ ့စာရင်းထဲမှာပါဝင်နေတာပါ။
    ဆိုတော့ကိုယ်ရွေးချယ်နှစ်သက်ထိုက်တာကိုပြောပြတာပါ။
    ပုထုဇဉ်တွေရဲ ့
    ပေမဆိုတဲ့ချစ်ခြင်းသုံးမျိုးထဲက မေတ္တာပေမ..ဆိုတာ
    ပွားများထိုက် နှစ်သက်ထိုက်ပါပေတယ်။။

  • uncle gyi

    December 17, 2014 at 10:00 pm

    မေတ္တာကအေးတာ
    တဏှာကပူတာ
    အပူအအေးရောလိုက်မှမပူမအေးလေးသမတာကိုရတာ
    ရေနွေးဆိုသောက်ကောင်းလေးပေါ့
    လူတွေရဲ့ချစ်ချင်းမှာလည်း

  • aye.kk

    December 17, 2014 at 10:12 pm

    အန်ကယ်ကြီးရေ
    အတုနဲ ့အစစ်ဆိုတာရောမရဘူးလေ။
    အတုကအတု၊အစစ်ကအစစ်။တစ်ခြားစီပါ။

  • kai

    December 18, 2014 at 2:03 pm

    တဏှာပေမ မရှိရင် = လူမျိုးပြုတ်ကိန်းမြင်…။
    ဆိုတော့..
    တဏှာပေမမရှိရင်.. မေတ္တာဟူသည်..မရှိ..။

    • aye.kk

      December 19, 2014 at 9:57 pm

      သူကြီး
      မှန်ပါတယ်။
      မေတ္တာဆိုတဲ့ပေမသုံးမျိုးထဲက
      မေတ္တာပေမဟာနှစ်သက်ထိုက် ပွားများထိုက်တယ်လို ့ဆိုချင်မိတာပါ။။

  • uncle gyi

    December 18, 2014 at 10:53 pm

    အန်တီအေးရေ
    ကျွန်တော်ပြောတဲ့မပူမအေးလေးဆိုတာ
    သူကြီးပြောတာနဲ့ကွက်တိ
    ဒါကြောင့်သူကြီးကိုစိမ်းလိုက်ပါကြောင်း

  • aye.kk

    December 19, 2014 at 10:06 pm

    အန်ကယ်ကြီးရေ
    မေတ္တာဆိုတဲ့ချစ်ခြင်း ပေမသုံးမျိုးက ထာဝရရှိနေတဲ့ပညတ်တရားတွေပါဘဲ။
    မေတ္တာပေမကတော့ လူဝိနည်းအရ ပွားများနှစ်သက်ထိုက်ပါတယ်လို ့ပြောချင်မိတာပါ။

Leave a Reply