အမှောင်ခေတ်မှာ ကြောင်ဖြစ်လာ Darkness
ဦးထင်လင်းဦးကို အာမခံ မပေးဘဲ အချုပ်ချ လိုက်ပြီဗျို့။ မြန်တျန့်ပြည်ဂျီး စစ်ဖိနပ်အောက်ကနေ ဘာသာရေး အမှောင်ခေတ် ရောက်တော့မြည်လော..။ ဘာသာရေး အလွဲသုံးစား ဖိနှိပ်မှုတွေဟာ စစ်အာဏာရှင်စနစ်ဆိုးနဲ့ ပေါင်းစပ်လိုက်တဲ့အခါ အလွန်မှ အကျည်းတန် အရုပ်ဆိုးတဲ့ လူနေမှုစနစ် ဖြစ်လာတာပေါ့။ ဘုန်းကြီးတွေကို စစ်တပ်က ရိုက်နှက်စော်ကား ထောင်ချ သတ်ဖြတ်တာကြတော့ မဘသကိုယ်တော်များ နှာစေးနေပြီး အာဏာလက်မဲ့ အန်အယ်လ်ဒီကြမှ လက်ခမောင်းတဖြောင်းဖြောင်းခတ်တာတော့ သာသနာ ဘယ်သူဖျက်သလဲ သိသာလွန်းပါတယ်။
တချိန်က တောင်ကိုရီးယားမှာ ဗုဒ္ဓဘာသာ အများစုဖြစ်ပေမဲ့ ဗုဒ္ဓဘာသာဘုန်းကြီးတွေ ဂိုဏ်းတွေကွဲကြ၊ အချင်းချင်း ရန်တွေဖြစ်ကြ၊ လူထုလိုအပ်ချက်ကို မျက်ကွယ်ပြုလွန်းတော့ တဖက်မှာ ခရစ်ယာန်လူစွမ်းကောင်း ပေါ်လာတဲ့အချိန်မှာ ဗုဒ္ဓဘာသာ ပြုတ်ပြုတ်ပြုန်းတာပဲ။ ခရစ်ယာန်ဘာသာပြောင်းသွားတဲ့ ယူအက်စ်ရောက် ကိုရီးယားများရဲ့ ထောက်ပံ့အားပေးမှုကြောင့်လဲ ပါတာပေါ့။ အကြောင်းခံ ပြန်စစ်လျင်တော့ ကိုယ်ခံအား ညံ့လို့၊ အပြောနဲ့အလုပ် မညီညွတ်လို့ လုံးပါးပါးတဲ့ သဘောပဲ။
ဘာသာရေး အယူပြင်းတာ ဥရောပမှာ အလယ်ခေတ်တုံးက ဖြစ်ဖူးတယ်။ စုန်းဆိုပြီး လူအတော်များများ မီးရှို့အသစ်ခံရတယ်။ အဲဒီအထဲ ဂေါ့ဒ်မယုံသူ၊ ခရစ်ယာန်ဘုရားကျောင်းတော်နဲ့ မတည့်သူများစွာ ထိုးအချခံရမှာပေါ့။ ခုဖြစ်နေတာနဲ့ ယှဉ်ကြည့်ဖို့ပါ။ ကိုယ့်ကိုယ်ကို မယုံတော့၊ ယုံကြည်အောင်လဲ မကျင့်ကြံနိုင်လေတော့ ဆူလွယ်နပ်လွယ် သူများကိုဆော်။ လူ့သမိုင်းမှာ ဒီလိုနဲ့ပဲ စစ်ပွဲတွေဖြစ်၊ နိုင်သူက သမိုင်းရေး၊ ရှုံးသူက မချိတင်ကဲ။ ဘုရားက ဘယ်လိုကယ်.. ကိုယ်က ဘယ်လို နတ်ပြည်တက် မလဲတော့ မသိ။
မြန်တျန့်ပြည်မှာ ပါးစပ်ကဖျားဖျား လက်ကဓါးဓါး ကိုယ်တော်တွေ၊ အုပက်သကာတွေ များလာတော့ တဖက်က အရှိန်ပြင်းပြင်းနဲ့ ဝင်စောင့်လိုက်ရင် ပြိုလဲသွားမည်ထင်ရဲ့။ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က မန္တလေးတိုင်း နယ်မြို့တခုမှာ ရွာလုံးကျွတ် ဘာသာပြောင်းသွားလို့ ဒံပေါက်ဦးအောင်တောင်းနဲ့ ဝီဝီတို့ ပြန်လိုက်ဆည်ယူရကြောင်း သတင်းဖတ်ရဖူးတယ်။ ဆင်းရဲလို့ပါတဲ့ အဓိက အကြောင်းခံက..။ စဉ်းစားကြည့်လျင် နယ်ဆိုတာ အစဉ်အလာ ဘာသာရေး ကိုင်းရှိုင်းတယ်၊ လောဘနဲတယ်၊ ဘုရားကျောင်းကန် နီးစပ်တယ်။ ခုတော့ အဲလို ဟုတ်ပုံ မရတော့ဘူး…။ ယုံကြည်ကိုးကွယ်မှု တခု ပြောင်းဖို့ စွန့်ဖို့ဆိုတာ အတော်မလွယ်တဲ့ ကိစ္စ.. ဘာလို့ ပြောင်းသလဲ။ ကိုယ့်ဖက်က တာမလုံတဲ့အခါ၊ တဖက်က ပိုစွမ်းနေတဲ့အခါ ပြောင်းသွားကြ.. လက်ရှိ အစွဲကနေ နောက်အစွဲတခုကို ကပ်လိုက်ကြတာများတယ်။
ဘယ်သူ့ကို အပြစ်တင်သင့်သလဲ… ဘာသာရေးဆိုတာ့ ဘုန်းကြီးတွေပဲ အပြစ်တင်ရမည်။ ကိုယ့်ရေအိုင်လေး အဟုတ်ထင် သာယာနေတော့ ငြိမ်သက်နေစဉ်တော့ ဟုတ်သလို ရှိပါရဲ့.. တခုခုနဲ့ ထိရိုက်မှုလဲဖြစ်ရော ဇာတိသရုပ်သကန် ပေါ်လာတာပဲ။ ဟေ့… ကိုယ့်လာထိလို့ ပြန်ချတာ.. တရားတယ် မှန်တယ်ဆို လောကီလူသားတွေနဲ့ အတူတူပဲပေါ့။ ဘာလို့ သက္ကန်းအရည်ခြုံပြီး အပူဇော် ခံနေမှာလဲ။ ပွင့်ပွင့်လင်းလင်း ဂိုဏ်းထောင်ကြပါလား။ အဲလိုကြတော့လည် သတ္တိမရှိ။ ဘုရားအရိပ်ခိုပြီး သာသနာကို ဖျက်တာ ဒင်းရို့မှ အစစ်။ ငြိမ်သက်နေစဉ်မှာ ဗုဒ္ဓဘာသာ အခြေခံ အသိအမြင် အတွေးအခေါ်တွေ မတည်ဆောက်ဘဲ ရှေးလူများ ထားခဲ့တဲ့အထုပ်ဖြည် စားနေကြတော့ တဖြည်းဖြည်းနဲ့ ကုန်တော့မည်။ ကုန်ခါနီးတော့ ထုံးစံအတိုင်း ဟိုလူ့မဲ ဒီလူဆဲ ဖြစ်ကုန်ပြီ မဟုတ်လား။
ဗုဒ္ဓဘာသာ ဘာလဲ လိုက်မေးကြည့်.. စာထဲကဟာတွေ ပြောမယ်၊ ကြားဖူးနားဝတွေ ပြောမယ်။ ကိုယ်ပိုင်အတွေးအခေါ် ဖြစ်မလာ။ ဂျပန်နိုင်ငံလဲ ကိုရီးယားလိုပဲ အနောက်နိုင်ငံတွေရဲ့ အုပ်ချုပ်မှု လွှမ်းမိုးမှု ရတာပဲ ဒါပေမဲ့ ဘာသာတရား အားမနည်းသွားဘူး။ ဘာပြုလို့လဲ.. ဘာသတရားမှတဆင့် ကိုယ်ပိုင်ယုံကြည်မှု အသိညဏ် မွေးထုတ်နိုင်လို့။ လောကီဖြစ်သွားတော့ မူလတရားနဲ့ ထပ်တူကျခြင်မှကျမည် သို့သော် ကိုယ်ပိုင်ယဉ်ကျေးမှုစနစ် ထူထောင်နိုင်လို့ နားဝေတိမ်တောင် ဖြစ်စရာမရှိ။ ကိုယ့်ထက်သာလို့ သူများနောက် ပါသွားစရာမရှိ။ ကိုယ့်အားကိုယ်ကိုး အရှိတရား လက်ခံနိင်တယ်။ မြန်တျန့်ပြည် ဗုဒ္ဓဘာသာ အဲလိုဖြစ်ရဲ့လား။ ပြောတာတော့ နှစ်ပေါင်းတထောင်ကျော်ပြီ ဘာဖြစ်တယ် ညာဖြစ်တယ်.. သူများဖြစ်တာ ကိုယ်ကပဲ ဖြစ်သလိုလို။ အဆိုးဆုံးက ဘာသာတရားမှတဆင့် ကိုယ်ပိုင်စနစ် ယဉ်ကျေးမှု မထူထောင်နိုင်တာ။
ဘယ်လိုယဉ်ကျေးမှု ထုံးစံလဲ။ ရှင်းပါတယ် လက်တွေ့ဘဝနဲ့ ဆီလျော်တဲ့ အလေ့အကျင့်တွေ။ ပြောပြီးသားနော် လောကီဖြစ်သွားလို့ အမှန်သစ္စာ မထိုက်တော့ဘူး … သို့ပေမည့် ဓမ္မကနေ ပေါက်ဖွားလာလို့ မြင့်မြတ်တယ် စင်ကြယ်တယ်.. အဲ ချမ်းသာမချမ်းသာ ကြီးပွားမကြီးပွားကတော့ ကံနဲ့လည်း ဆိုင်သေးသဗျ။ ပြောချဉ်ဒါ ဂျပန်တွေလို ရိုးသားကြိုးစား စေ့စပ်သေချာ.. အနောက်တိုင်းသားတွေလို လွတ်လပ်မှုကိုမြတ်နိုး တီထွင်ဆန်းသစ်မှုကို အားပေး.. တရုတ်တွေလို စီးပွားရေးအမြင်ရှိ။ အဲဒါတွေက မူလဘာသာတရားကနေ ဆင်းသက်လာတာ.. ဆင့်ပွားယူတာ။ ခုတော့ဗျာ ကိုယ့်လောက်စစ်တဲ့ ဗုဒ္ဓဘာသာ မရှိတော့ဘူး.. လက်တွေ့တော့ အခွံပဲကျန်တာများတယ်။ တယောက်တပေါက်နဲ့ စုစည်းမှုလည်းမရှိ.. ရှေ့ကလုပ် နောက်ကဖျက်..။ ဘာလို့လည်း ကိုယ်ပိုင် အတွေးအခေါ် မရှိလို့ပါ။ အခြေခံကောင်း ရှိပါလျက် ဆင့်ပွားမယူတတ်လေတော့ အိယောင်ဝါး အဆင့်မှာတင် ကျန်ခဲ့ကြပြီ မဟုတ်လား။
ကိုယ်တိုင် မစဉ်းစားတတ်တော့ သူများပြောသမျှယုံ၊ ကိုယ့်မခံရတိုင်း မျက်နှာလွဲခဲပစ်လုပ်။ ရေရှည်အကျိုးစီးပွားကို နားမလည်။ ဓမ္မနဲ့ အဓမ္မ မကွဲပြား..။ မွတ်ကိုမုန်းရင်းနဲ့ ကိုယ့်ပါ သူများက အစွန်းရောက်မွတ်နဲ့တူတူပဲလို့ မြင်လာဂျတာ မသိ။ နိုင်ငံခြားသားက စားကောင်းအောင် ယဉ်ကျေးလိုက်တာ သာယာလိုက်တာ ပြောရင် အဟုတ်မှတ်။ ကိုယ့်ခြင်းကိုယ့်ခြင်းကိုလိမ်.. လိမ်လို့မရလျင် မုန်းတီးစော်ကား.. ပြီးတော့ အော်ကြ ဗုဒ္ဓသာသနာ စိရံတိဌတု…။
Post of the Month.
Was this answer helpful?
LikeDislikeမှန်၏… မှန်၏… မှန်၏… လို့ ထောက်ခံသွားပါတယ်…

မြင်တာပြောရရင် မဘသ တွေ ၊ ၉၆၉ တွေကို ရွေးကောက်ပွဲ မတိုင်ခင်လွှတ်ပေးထားတယ်…
ရွေးကောက်ပွဲမှာ သူတို့ရှုံးရင် နောက်ကွယ်ကနေ မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်ပေးမယ်…
မတော်မဆ သူတို့များနိုင်ရင်တော့ အဲသည့် မဘသ ၉၆၉ တွေကို ဆွဲစားပါလိမ့်မယ်ဗျား…
Was this answer helpful?
LikeDislikeအမှတ်မရှိပဲ
စစ်အဆိုးရ လက်ကိုင်တုတ်ဖြစ်ရတာကို ပျော်ပြီး တလွှားလွှား ဘယ်လောက် လုပ်နိုင်မလဲ ကြည့်ကြသေးတာပေါ့။
Was this answer helpful?
LikeDislikeဒုက္ခပဲ.. ကျုပ်ရေးရမှာတွေကို .. ဘယ်ကြောင်စုတ်ကြောင်နာဝင်ရေးသွားတာလဲကွ..
မွတ်ကြောင်.. စွတ်ဟောင်.
အမြှီးထောင်..
Was this answer helpful?
LikeDislikeကျန်းးး
ညာလက်က ရေးမှာကို ဘယ်လက်က ဦးသွားတာတို့ ဘာတို့။
Was this answer helpful?
LikeDislike-အူးဇင်းတို့ကိုပါ ဘုန်းကြီးမှတ်ပုံတင် လုပ်ပေးသင့်တာ
-ဘယ်ကျောင်းက ဘဒူဆိုတာမျိုး..ကိုယ်ပိုင်နံပတ်တပ်ပေးလိုက်ရင်..သင်ကန်းခြုံရုံနဲ့ ဘုန်းကြီးမဖစ်တော့ဝူး.
-ဘာဘဲလုပ်လုပ် ကို့အိုင်ဒီ အတိအကျပေါ်မယ်
-အာ့ဆို ဘယ်ကျောင်းက ဘဒူက ဘလိုစကားမျိုးပြောတယ် ဘာဒေလုပ်တယ် သိကုန်ရင် လိမ်ဖို့လဲ မလွယ်ဝူး..ပေါက်ကရ လျှောက်ပြောချင်ရင်လဲ မလွယ်တော့ဝူး (အထင်)
Was this answer helpful?
LikeDislikeအူးနေ၀င်းလက်ထက်ကလားမသိဝူး သာသနာတော်သန့်ရှင်းရေးဆိုပီး တစ်ခါလုပ်ဖူးလားလို့…
အာ့မိုးဆိုလဲ မဆိုးဘူး
Was this answer helpful?
LikeDislikeသာသနာကို.. ဘိုနေ၀င်းသန့်ရှင်းရေးလုပ်ပြီး.. မဟနကောက်ထောင်ပေးလိုက်တာပဲ..။
အဲဒီမှာ.. ရှေးရိုးသက်ဦးဆံပိုင်ခေတ်က.. မင်း+မင်းဆရာတော် အုပ်ချုပ်ဂေးစနစ်ပုံပြန်အသက်သွင်းလိုက်တာပေါ့..။
ရှေးဥရောပရဲ့.. ကင်း(ဘုရင်)နဲ့..ချခ်ျပုံစံလေ..။
တကယ်က.. ဗုဒ္ဓရဲ့သားတော်တွေမှာ.. ဂိုဏ်းဂဃထောင်ခွင့်မရှိ..။
သာသနာပိုင်ဆရာတော်တွေဆိုတာ… မရှိ..။
သံဃာခေါင်းဆောင်.. တင်မြောက်ရရိုးမရှိ..။
Was this answer helpful?
LikeDislikeမင်းကွန်းဆရာတော်ကြီးဦးဝိစိတ္တ ရှိတုန်းကတည်းက မဟနတည်ထောင်ဖို့လုပ်တာကို လက်မခံပဲ ကန့်ကွက်ခဲ့တယ်လို့ ဖတ်ဖူးတယ်။
Was this answer helpful?
LikeDislikeဖွဘုတ်မှာတော့ သြဇီက ကော်ဖီဆိုင်မှာ အလံထောင်ခိုင်းတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး မျိုးစောင့်တွေကတော့ ထုံးစံအတိုင်း Like ပေးပါဦး Share ပါဦးဆိုပြီး အလုပ်ရှုပ်နေကြလေရဲ့
Was this answer helpful?
LikeDislikeကြားရ သိရတာ ကြောက်စရာအတော်ကောင်းတယ်။
ဖဘမှာတွေ့တဲ့ အောင်ကျော်မိုးဝေါက မ လာတာ။
Aung Kyaw Moe
14 hrs ·
ဒီ နှစ်ကာလ ပိုင်းမှာ မြန်မာ ထေရ၀ါဒဗုဒ္ဓဘာသာ ရဲ့ အသွင်အပြင် က အတော်ပြောင်းလဲ ခဲ့ပါပြီ။လွန်ခဲ့တဲ့ အနှစ် ၅၀ လောက်နဲ့ဆို အတော်လေး ကွာခြားခဲ့ပါပြီ။
အသစ်ဖွဲ့စည်းလာတဲ့ မ-ဘ-သ အဖွဲ့ ရဲ့ အရှိန်အဟုန်ဟာ လဲ အားကောင်းသထက်ကောင်းလာခဲ့တယ်။ ဒီ အဖွဲ့ကြီး ဟာ သာမညောင်ည ရဟန်းငယ် တွေ နဲ့ ဖွဲ့စည်းထားတာ မဟုတ်ပါဘူး။ ပရိုဖိုင်း မြင့်တဲ့ နိုင်ငံကျော် ကမ္ဘာကျော် ဆရာတော်ကြီးတွေ တောင် ပါဝင် နေခဲ့ ပါတယ်။ ဒီတော့ ဒီ အဖွဲ့ကြီးဟာ သံဃာ အများအပြား ကို ကိုယ်စားပြုတယ်လို့ ပြောရင် ရနိုင်ပါတယ်။ ဓမ္မသက်သက်ကို ကျင့်ကြံအားထုတ်နေတဲ့ အရိယာသံဃာတွေ ဒီမိုကရေစီ စစ်စစ် ကို နှစ်သက်တဲ့ လစ်ဘရယ်ဝါဒီ သံဃာ ဆိုတာတော့ လက်တစ်ဆုပ်စာ လောက်ပဲ ရှိပါလိမ့်မယ်။
ဒီ အဖွဲ့ကြီး ရဲ့ သန္ဓေဟာ အန်တီ-အစ္စလာမ် အတွေးအခေါ် ပါပဲ။ ဒီ အတွေးအခေါ်တွေဟာ လဲ အိန္ဒိယ ကနေ တင်သွင်းခဲ့တဲ့ အင်ပို့ပစ္စည်းတွေ ပါပဲ။ ဒါတွေ ကို ပြည်တွင်းဖြစ် ဇာတ်လမ်းအသစ်တွေ နဲ့ အားဖြည့် တန်ဆာဆင်တဲ့ အခါ ရုပ်လုံးကြွလာရပါတယ်။ ဗုဒ္ဓသာသနာတော် ကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတဲ့ မွန်မြတ်တဲ့ ရည်ရွယ်ချက်နဲ့ အဆိုးဝါးဆုံး အမုန်းတရားတွေ ကို ဖန်တီးနေကြပါတယ်။
ထုံးစံအတိုင်း ဘုံရန်သူတစ်ယောက်ကို လက်ညိုးထိုးပြနိုင်တဲ့အခါ လူပြိန်းအများစုကြီး ကို စည်းရုံးရတာ သိပ်လွယ်ကူပါတယ်။ အထူးသဖြင့် အထက်အညာ ဒေသ ဗမာစစ်စစ်များတဲ့ နေရာတွေ မှာ အလွန်အားကောင်းကြီးမားတဲ့ ထောက်ခံမှု ကို ရရှိနေပါတယ်။ မျိုးစောင့်ဥပဒေ ကမ်ပိန်းမှာ ထောက်ခံမှုလက်မှတ် ၄-၅ သန်း ရတယ်လို့တောင်ကြားမိပါတယ်။
ဒီအခါမှာ ဒီ အဖွဲ့ကြီး ဟာ လူမှုအရင်းအနှီးကြီးတစ်ခု ကို ပိုင်ဆိုင်လာပါတယ်။ ဒါဟာ နိုင်ငံရေး အင်အားတစ်ခု ဖြစ်တယ် ဆိုတာကို လဲ ရိပ်စားမိလာပါတယ်။ ဒီအင်အားကို အခြေတည်ပြီး အုပ်စိုးသူတွေ နဲ့ အပေးအယူ လုပ်လို့ ရတယ်ဆိုတာ ကိုလဲ မြင်လာကြပါတယ်။ အထူးသဖြင့် မရင့်ကျက်သေးတဲ့ ဒီမိုကရေစီ စနစ်တွေမှာ လူအုပ်စု လွမ်းမိုးရေး=မိုဘိုကရေစီ ကို ပုံဖော်ဖို့အတွက် အကောင်းဆုံး လက်နက် ဖြစ်တယ်ဆိုတာကို လဲ တွေ့မြင်လာကြပါတယ်။
ဒီတော့ ပထမအဆင့် အနေနဲ့ က ရဟန်းသံဃာတွေ ဟာ လူဥပသကာတွေ ကို ထိန်းချုပ်လွှမ်းမိုးနိုင်သမို့ ဒီလူတွေ ရဲ့ မဲပြားတွေဟာ သူတို့လက်ထဲ မှာ ရှိတယ်ဆိုတဲ့ သဘောတွေ ပြသလာကြပါတယ်။
ဒီကနေ နောက်တစ်ဆင့်တက်ရင်တော့ ရဟန်းသံဃာတွေ ကိုယ်တိုင် မဲ ပေးခွင့် ရရှိဖို့ ကို ကြိုးစားကြမှာ ဖြစ်ပါတယ်။
နောက်ဆုံးအဆင့် ကတော့ ရဟန်းတွေ ကိုယ်တိုင် ကိုယ်စားလှယ်လောင်းတွေ အဖြစ် ရွေးကောက်ခံနိုင်အောင် လုပ်ကြဖို့ပါပဲ။ နိုင်ငံတော်ရဲ့ ဥပဒေပြုမဏ္ဍိုင်မှာ ထဲထဲဝင်ဝင် ပါဝင်လာနိုင်မှ ပဲ ဗုဒ္ဓဘာသာ ကို အလေးပေး အသာပေးကာကွယ်တဲ့ ဥပဒေတွေ ထုတ်ပြန်နိုင်မှာ ဖြစ်လို့ ပါပဲ။ ဒါကတော့ နောက်ဆုံးပန်းတိုင်ဖြစ်ပြီး အခု သီရိလင်္ကာ နိုင်ငံရဲ့ မိုဒယ်မျိုး ဖြစ်ပုံရပါတယ်။ တစ်နည်းအားဖြင့် အစ္စလာမ်မစ်အီရန်လို ဗုဒ္ဓဘာသာဗဟိုပြုနိုင်ငံမျိုး ဆီ ကို ချီတက်နေဟန်ရှိပါတယ်။
ဒါက မြန်မာဗုဒ္ဓဘာသာဘုန်းကြီးတွေ နိုင်ငံရေးအသိနိုးကြားပြီး နိုင်ငံရေးကဏ္ဍ မှာ တက်တက်ကြွကြွ ပါဝင်လာဟန်ရှိတဲ့ အခြေအနေ ပါပဲ။ အစဉ်အလာ ဗုဒ္ဓဘာသာ ရဲ့ လောကီမဖက်တဲ့ ရှေးဟန်ကို ကြိုက်နှစ်သက်သူတစ်ချို့ က ဒီ အရွေ့ ကို ရှုတ်ချကြပေမဲ့ သံဃာ အများစုကတော့ တက်ညီလက်ညီ ကြိတ်နေကြပါပြီ။ ဒီမိုကရေစီ ကို ချစ်မြတ်နိုးတဲ့ ဘုန်းကြီး တွေ နဲ့ သူတို့ ကိုပဲ ရွေးချယ်ကိုးကွယ်ကြမဲ့ ဥပသကာတွေ ဆိုတာကတော့ အနည်းစု အဖြစ် ချောင်ပိတ်မိ နေတဲ့ အနေအထား ကိုပဲ တွေ့မြင်နေရပါတယ်။
စစ်အာဏာရှင် အုပ်စု အတွက်လဲ အတိုက်အခံတွေ ကို ထိုးနှက်ရာမှာ အတော် အသုံးတည့်တဲ့ လက်နက်တစ်ခုဖြစ်တာ ကိုတွေ့မြင်လာရတဲ့အတွက် နီးနီးကပ်ကပ်ထောက်ခံအားပေးမှုတွေ ကိုလုပ်နေပါတယ်။ လူထုရဲ့ ထောက်ခံမှု ကို မဘသ ကနေ တစ်ဆင့် ပြန်ရရှိမယ်ဆိုရင် နောက်ကြောင်းပြန်လှည့်ဖို့ ဆိုတာ လဲ မခက်တော့သလို ပြောဆိုလာကြပါပြီ။ မဘသ က ထောက်ခံပေးမဲ့ စစ်အာဏာရှင်မျိုး ကိုဆိုရင် လူထုကလဲ သံယောင်လိုက်ထောက်ခံမှာ အမှန်ပဲဆိုတဲ့ အတွေးရိပ်တွေလဲ သန်းနေပြီ ဖြစ်ပါတယ်။
အခုတလောကြားသိရတဲ့ သာသနာညိုးနွမ်းစေတဲ့ အမှုတွေမှာ ဆိုရင် ဒီအဖွဲ့ ကြီးဟာ တက်တက်ကြွကြွ နဲ့ အင်အားပြလာခဲ့ပြီးတော့ သာသနာ ကိုထိပါးတဲ့ ရန်စွယ်တွေ ကနေ ကာကွယ်ပေးနေပါတယ်ဆိုတဲ့ အမှတ်တွေ ကို တစ်သီကြီး ယူဖို့ကြိုးစားနေတာ အားလုံး မြင်တွေ့နေရပါတယ်။ စစ်တပ်နောက်ခံ အစိုးရ နဲ့ မဘသ တို့ ရဲ့ အပေးအယူတွေ ဟာ ဘယ်အချိန်အထိ အဆင်ပြေချောမွေ့နေမယ် အောင်မြင်မှုတွေ ရရှိနေမယ်ဆိုတာ ကိုတော့ ဘယ်သူမှ မသိနိုင်သေးပါဘူး။ မြင်ရသလောက်တော့ အာဏာအစစ်ဟာ မဘသ လက်ထဲမှာ မရှိပဲ စစ်တပ်နောက်ခံ အစိုးရဆီကနေ ခဏချေးငှားထားရတဲ့ သဘောပဲ ရှိနေပါသေးတယ်။
အားလုံးကို ခြုံကြည့်ရရင်တော့ မြန်မာဗုဒ္ဓဘာသာ ဟာ မဘသဗုဒ္ဓဘာသာ အဖြစ်ကို တရွေ့ရွေ့ ကူးပြောင်းနေပြီးတော့ အသာစီးရလိုမှု နဲ့ ရှင်ကျန်လိုမှုတွေ အတွက် သူ့ရဲ့ နဂို သိမ်မွေ့နူးညံ့မှုတွေ ဓမ္မအလှတရားတွေ ကို ချိန်စက်လဲလှယ်ခဲ့ပြီ ဖြစ်တာကို တွေ့မြင်နေရပါတယ် ခင်ဗျာ။
Was this answer helpful?
LikeDislikeပြောသမျှ ပါးစပ် အဟောင်းသားလေးနဲ့ နားထောင်သွားပါတယ်..ဗျာ…
Was this answer helpful?
LikeDislikeကိုကိုဝီကိုကျောချင်းကပ်ကြ
Was this answer helpful?
LikeDislikeကိုယ့်ဝါဒ တွေ မတော်မတရာလိုက်ဖြန့် နေမှတော့
ခံပေါ့ နော်
Was this answer helpful?
LikeDislikeဒီပိုစ့်ကို ဖတ်တာ နှစ်ခေါက်ရှိပြီ။
ဦးကြောင်ပဲ ရေးဟန် ပြောင်းထားလေသလားးးးး
ဒီရေးဟန်မှာ ဦးကြောင် လေသံကို မတွေ့မိဘူး။
ကဲ ပြောပါဦး
ဒါ ရှဲဒိုးလား ဦးကြောင်
Was this answer helpful?
LikeDislikeရှေ့ ရှောက် ရင်မောစရာပါ။
Was this answer helpful?
LikeDislikeဝိနည်း
ဝိနည်း
ဝိနည်း
ရဟန်းဝိနည်း
လူ့ ဝိနည်းတွေ မညီကြလို့ ပါ။။
Was this answer helpful?
LikeDislikeဖဘမှာ ရှယ်ချင်ပါတယ်.. အူးကြောင်
Was this answer helpful?
LikeDislikeသူများ ကို မထိခိုက် တဲ့၊ အမုန်းတရား မပါတဲ့ “Freedom of Speech” ဆိုတာ ရှိမှ ဒီမိုကရေစီ ရဲ့ အနှစ်သာရ ကို မြင်ရမှာမို့
မြန်မာပြည်ထဲ မယ် ဒီမိုကရေစီ ဆိုတာ ကို နားမလည်သေးသူများ (သို့) နားမလည်နိုင်သူများ အတွက်အသေအချာ စနစ်တကျ သင်တန်းပို့ချပေးသင့်သလားဘဲ။
သို့ပေမဲ့ ဒီမိုကရေစီ မှာ လွတ်လပ်စွာကိုးကွယ်ခွင့် ဆိုတာကလဲ ရှိသမို့
ဘာသာရေး နဲ့ လုပ်စားချင်သူ များ အတွက် Conflict of interest ရှိနေနိုင်ပါတယ်။
ဒီတော့ သူတို့ ဘေးထွက် နေလိုက်တာက
သူတို့အတွက်ရော၊ တိုင်းပြည်အတွက်ပါ ပိုပြီး ကောင်းမှာပါ။
မဟုတ်ရင် လက်ကိုင်ဒုတ် ဘဲ ဖြစ်တော့မှာ အမှန်။
Was this answer helpful?
LikeDislike.ဖဘ ကစာလေးနဲ့ အားဖြည့်ရင်းထောက်ခံသွားပါဂျောင်းးးး
U Ravika
နည်းနည်းလေး ဆွေးနွေးလိုတယ်
(မဘသ) ဆရာတော်နဲ့ ဆွေးနွေးလိုတယ်။ မျှတဖို့ပါ။ မဆွေးနွေးခင် စာရေးဆရာ ထင်လင်းဦးဟာ အလွန်အကျွံပြောမိတာ ရှိတယ်လို့ တပည့်တော်ကိုယ်တိုင် ရေးခဲ့ပါတယ်။ သူ ဝေဖန်တဲ့အချက်တွေကို ကြည့်ရင် မှားတာ တစ်ခုမှ မရှိပါ။ သံဃာတိုင်း ရှိခိုးစရာမလိုဘူး၊ မြန်မာဟာ သာကီဝင်မင်းမျိုးမဟုတ်ဘူး၊ ဗုဒ္ဓက မြန်မာလူမျိုးဖြစ်လို့ ကိုးကွယ်နေတာ မဟုတ်ဘူး၊ သူ့တရားကြောင့် ကိုးကွယ်နေကြတာ ဖြစ်တယ်။ ဒါ မမှားဘူး။ အရှင်ဘုရားတို့လို ပညာတတ်ရဟန်းတွေ ပိုတောင် သိပါတယ်။ သူ သွားတောင်းပန်တာကလည်း အပြောကြမ်းသွားလို့ သွားတောင်းပန်တာ ဖြစ်တယ်။ အပြောမှားသွားလို့ မဟုတ်ဘူး။ ဒါပေမဲ့ အရှင်ဘုရားတို့အနေနဲ့ ဒီကိစ္စအရ တောင်းပန်ရုံနဲ့ မလုံလောက်ဘူးလို့ ယူဆခဲ့ရင် ဘာကြောင့် မလုံလောက်သလဲ ရှင်းပြစေချင်တယ်။
မဘသဆရာတော်တို့က သူ တောင်းပန်ရက်နဲ့ တရားစွဲဖို့ ဆုံးဖြတ်ကြောင်း ကျေညာချက် ထုတ်ပြန်ခဲ့တယ်။ အချို့ကျတော့ ချောင်းဦးအထိ လိုက်သွားကြပြီး တရားခွင်ကို ဖိအားပေးတယ်။ ထောင်မချသေးဘူးလား အော်တဲ့ဘုန်းကြီးတွေ ရှိတယ်။ အချို့ဘုန်းကြီးက သေဒဏ်အထိ ပေးသင့်တယ်လို့ ပြောကြပါတယ်။ ဒါဟာ ဝိနည်းစည်းကမ်းနဲ့ သိပ်မဆိုင်တော့ဘူး။ တည်ဆဲဥပဒေနဲ့ သိပ်မဆိုင်တော့ဘူး။ ဒါဟာ အုပ်စုဖွဲ့ပြီး အနိုင်ကျင့်နေတဲ့သဘော ဆောင်သွားပြီ။ လူက သံဃာကို ဆဲလိုက်တယ်ဆိုပါတော့ သပိတ်မှောက်လို့ ရတယ်။ ထောင်ချလို့ ရတယ်။ သံဃာက လူတွေကို ဆဲရင်လည်း လူတွေက သပိတ်မှောက်လို့ ရတယ်။ ထောင်ချလို့ ရတဲ့အနေအထားလည်း ရှိသင့်တယ်။ ဒါမှ မျှတတဲ့ဥပဒေ ဖြစ်မယ်။ အခု အငြိုးနဲ့ လက်ခုပ်လက်ဝါး သွားတီးနေပုံမှာ သံဃာ့စိတ်ဓာတ် တပြားသားမှ မရှိဘူး။
အဲ့တရားဥပဒေအတိုင်း သွားရင် မဘသဆရာတော်အချို့ရဲ့ ဟောတရားတွေဟာ ထောင်နှတ်ခမ်းဝကို ကျော်နေပြီဆိုတာကိုလည်း အရှင်ဘုရားတို့ သိရှိသင့်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါရှိတဲ့အတိုင်းဆိုရင် ဗုဒ္ဓဘာသာကို ဝေဖန်ပုတ်ခတ်မှ မဟုတ်ဘူး။ ဘာသာခြားတွေကို ဝေဖန်ပုတ်ခတ်ခဲ့ရင်လည်း ထောင်ဒဏ်ပါပဲ။ ဒါမှ မျှတမယ်။ အခု စာရေးဆရာ ထင်လင်းဦးက သံဃာကောင်းတွေကို ဝေဖန်တာ မဟုတ်ဘူး။ မြတ်စွာဘုရားကို ဝေဖန်ပုတ်ခတ်တာ မဟုတ်ဘူး။ ဒါကိုတောင် အရှင်ဘုရားတို့မဘသအုပ်စုက NLD ကိုပါ စွဲထည့်ပြီး အဲဒီစီဒီခွေကို မြန်မာပြည်အနှဲ့ ဖြန့်လိုက်တာ (၃)ရက်တောင် မကြာဘူး အကုန်ပြန့်သွားတာပဲ။ ပါတီက ကြီးကြပ်တဲ့ ပွဲမဟုတ်လို့ ပါတီပွဲ မဟုတ်ဘူး။ နိုင်ငံရေးပါတီတစ်ခုကို အပုပ်ချလို့ NLD က ပြန်ပြီးတော့ တရားစွဲခဲ့ရင်ကော သံဃာနဲ့ဒကာ နာရုံပဲ ရှိပါတော့မယ်။ ကြားထဲမှာ သံဃာတွေရဲ့ မသိမိုက်မဲမှုတွေကြောင့် အာဏာရှင်တွေပဲ ပွပေါက်တိုးနေပါအုံးမယ်။
အရှင်ဘုရားတို့ မယုံရင် အရှင်ဘုရားတို့ အားကိုးနေတဲ့ လက်ရှိအစိုးရကို စောင့်ကြည့်နေပါ။ ဘင်္ဂလီတွေကို နိုင်ငံသားပေးမှာ မုချပါပဲ။ ၂၀၁၂ ခုကတည်းက ဒီစကားကို ပြောခဲ့ပါတယ်။ အခုလည်း မှန်သင့်သလောက် မှန်နေပါပြီ။ ပေးလည်း ပေးနေပါပြီ။ လွှတ်တော်အထိ ဘင်္ဂလီတွေက ရောက်နေမှာတော့ အရှင်ဘုရားတို့က ဘာကိုပဲပြောပြော ဒီအစိုးရကို တပည့်တော်တို့ အယုံအကြည်မရှိဘူး။ သူတို့အာဏာကို မထိပါးသေးလို့သာ အရှင်ဘုရားတို့ကို လွှတ်ထားတာပါ။ သူတို့အာဏာကို နည်းနည်းလေး ထိပါးလိုက်ရင် အရှင်ဘုရားတို့ရဲ့ အမျိုးဘာသာသာသနာဆိုင်ပုဒ်ဟာ ကိုးရိုးကားယားနဲ့ လွှင့်စင်ကုန်မှာ အသေအချာပါပဲ။
Was this answer helpful?
LikeDislikeရှုံးသူတရားခံ
နိုင်သူအအမှန်
ဒါသမိုင်းပဲ
Was this answer helpful?
LikeDislikeတခါတလေ လည်း ပြောရတာ သိပ်ခက်တယ် အူးကြောင်….
Was this answer helpful?
LikeDislikeပုပ်ရဟန်းမင်းကြီးရဲ့ ဗာတီကန်တိုင်းပြည်လို မြန်မာနိုင်ငံထဲမှာ မဘသတိုင်းပြည် ဖြစ်ခွင့်မပေးခဲ့ရင်တောင် အာဏာရှင်တွေအနေနဲ့ သူတို့ရဲ့ လက်နက်ကိုင်တပ်တွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေ၊ တရားရုံးတွေကိုသုံးပြီး မဘသရဲ့သြဇာကို လိုချင်တဲ့အတိုင်းအတာအထိ ကြီးထွားစေဦးမှာပါ…။
Was this answer helpful?
LikeDislikeမဘသ ဘယ်လောက်စွမ်းသလဲဆိုတော့..

အခုနှစ်အတွင်း
ကျုပ် – ဘယ်ဘုန်းကြီးကျောင်းမှမသွားဖြစ်ဘူး
ဘယ်ဘုန်းကြီးကိုမှ မလှူဒါန်းဖြစ်ဘူး
အရင် ကထိန်ရာသီတစ်ခုအတွင်း သင်္ကန်းတစ်ဒါဇင်လောက်လှူနေကျ ဟာကို
အခုနှစ်မှာ တစ်ထည်မှ မလှူဖြစ်ဘူး …..
(တစ်ခြားလူမှု့ရေး ပရဟိတ နေရာတွေမှာတော့ အစားထိုးလှူဖြစ်တယ်)
…
သဒ္ဓါ ဆိုတာ လက် နဲ့ တူတယ်လို့ ဆရာတော်ကြီးများ ဟောတာ နာကြားဘူးတယ်…။
လက်မရှိရင် အဖိုးတန်ပစ္စည်းတွေမှန်းသိလျှက်နဲ့ မကောက်ယူနိုင်သလိုပဲ..
သဒ္ဓါမရှိရင် သဒ္ဓါပျက်ရင် အဖိုးတန်ကုသိုလ်တွေမှန်းသိလဲ မရယူနိုင်တော့တာပေါ့….။
…
သံကို သံဖျက် သံချေးတက် သတဲ့….
ဘုရားသာသနာဆိုတာ
ဘုရားတပြည့်ဖျက်မှ ပျက်တော့မပေါ့…..
Was this answer helpful?
LikeDislikeဦးကြောင်… လိုင်းကြောင်..
နည်းကြောင် အသစ်များလားဟင်…
Was this answer helpful?
LikeDislike