ထိုင်ဝမ်ဆိုတာ…… (TAIPEI 101 OBSERVATORY )

Ma MaDecember 26, 20146min20330

၁၀၁ခုမြောက် ပိုစ့်ကို ထိုင်ဝမ်နိုင်ငံက ကမာ္ဘ့အမြင့်ဆုံးအဆောက်အဦအဖြစ် နှစ်ပေါင်းများစွာရပ်တည်ခဲ့တဲ့  TAIPEI 101  OBSERVTORY ကို ရောက်ခဲ့တဲ့အကြောင်း  အမှတ်တရ ရေးချင်ပါတယ်။

(ဒါ့ထက်တိုက်ဆိုင်တာတောင် ဒါ့လောက် မတိုက်ဆိုင်ဘူး :chit:  )

 

101 အဆောက်အဦရှေ့ ကွင်းပြင်
101 အဆောက်အဦရှေ့ ကွင်းပြင်ရဲ့ ဘယ်ဘက်အခြမ်း
101 အဆောက်အဦရှေ့ ကွင်းပြင်ရဲ့ ညာဘက်ခြမ်းမှာ ကျောက်ရောင်စုံကို ဒီဇိုင်းစုံပုံဖော်ပြီး အလှဆင်ထားတယ်။
101 အဆောက်အဦရှေ့ ကွင်းပြင်ရဲ့ ညာဘက်ခြမ်းမှာ ကျောက်ရောင်စုံကို ဒီဇိုင်းစုံပုံဖော်ပြီး အလှဆင်ထားတယ်။

 

ဝင်ပေါက်ဆိုင်းဘုတ်
ဝင်ပေါက်ဆိုင်းဘုတ်

 

IMG_3167
အဝင်ပေါက်ရှေ့ ကွင်းပြင်ကနေ မမှီ မှီအောင် မြေကြီးကပ်ပြီး ရိုက်လာခဲ့တဲ့ပုံ။

အဆောက်အဦရဲ့ အောက်ခြေ ၅ထပ်မှာတော့ ဘရန်းဒက်ပစ္စည်းတွေ ရောင်းချတဲ့ ဆိုင်ခန်းအများစုနဲ့ အစားအသောက်အခြောက်တွေ ( ချောကလက်၊ ကွတ်ကီး၊ သကြားလုံး စသဖြင့် သယ်သွားရတာမျိုး) ရောင်းတဲ့ဆိုင်တွေ ရှိပါတယ်။

 

ကြီးကျယ်ခမ်းနားတဲ့ အပြင်အဆင်နဲ့ ဘရန်းဒက်ပစ္စည်းတွေရောင်းတဲ့ ဆိုင်ခန်းတွေနဲ့ လှပခမ်းနားလို့ နေပါတယ်။

ကြီးကျယ်ခမ်းနားတဲ့ အပြင်အဆင်နဲ့ ဘရန်းဒက်တွေရောင်းတဲ့ ဆိုင်ခန်းတွေ

 

IMG_3177

 

IMG_3190

IMG_3191

IMG_3178

အပေါ်ကို တက်ကြည့်ဖို့အတွက် ၅ထပ်ကနေ ဓာတ်လှေကားစီးရပါတယ်။

အပေါ်တက်ကြည့်တဲ့ ဝင်ကြေးက တစ်ယောက်ကို ထိုင်ဝမ်ငွေ ၅၀ဝ (မြန်မာငွေနဲ့ ၁၇၀၀ဝ လောက်) ကျပါတယ်။

ဈေးကြီးတယ်တော့ ထင်ပေမယ့် ရောက်တုန်းရောက်ခိုက်မို့ တက်ကြည့်ခဲ့ပါတယ်။

 

IMG_3188

အဲဒီက ဓာတ်လှေကားဟာ ကမာ္ဘ့အမြန်ဆုံးလူစီးဓာတ်လှေကားအဖြစ် Guinness World Record ဝင်ပါတယ်။

အထပ်၉ဝ အထိ ဓာတ်လှေကားနဲ့တက်တာ မီတာ ၃၉ဝ လောက်ကို ၃ရစက္ကန့်ပဲ ကြာပါတယ်။

အကြမ်းဖျင်းအားဖြင့် ၁စက္ကန့်ကို ၁ဝမီတာ တက်တယ်ဆိုတော့ တကယ့်ကို မြန်တာပဲနော်။

 

IMG_3201

ဒါပေမယ့် ငြိမ့်ငြောင်းလွန်းလို့ စီးနင်းလိုက်ပါတဲ့ ခရီးသည်တွေအနေနဲ့ အဆင်မပြေတာ မခံစားရဘူး။

တက်လို့တက်မှန်းတောင် မသိဘူး။

ဓာတ်လှေကားထဲမှာပြတဲ့ Indicator ကိုကြည့်လို့သာ ငါတို့ ဘယ်လောက်အမြင့်ရောက်နေပါလားဆိုတာ သိရတယ်။

IMG_3202

သူ့တို့အသံထွက်နဲ့ အိလိန်အိ ကို အဝေးကကြည့်ရာက ….

သူ့ကိုကြည့်တော့ ဒီလို
သူ့ကိုကြည့်တော့ ဒီလို

အပေါ်က ကြည့်ရတဲ့အခါ ထိုင်ပေမြို့ကို အပေါ်က စီးပြီးကြည့်ရတဲ့ မြင်ကွင်းက လေယာဉ်ပေါ်က ကြည့်ရသလို အမြင်ဆန်းနေပါတယ်။

သူ့ဆီကကြည့်တော့ ဒီလို
သူ့ဆီကကြည့်တော့ ဒီလို

၁၀၁ထပ် ရှိပေမယ့် ၉၁ထပ်အထိပဲ တက်ကြည့်လို့ရပါတယ်။

ဓာတ်လှေကားက အထပ် ၉ဝ အထိပဲ တက်လို့ရပါတယ်။

 

အောက်တစ်ထပ်ကို ဆင်းလိုက်ရင် ၈၉ထပ်မြောက်မှာ

လေမုန်တိုင်းတိုက်ရင်  အဆောက်အဦကို Balance ထိန်းပေးတဲ့ Damper ကို ရှိပါတယ်။

 

Taipei 101 Damper
Taipei 101 Damper ကို အထပ် ၉ဝ မှ မြင်ရပုံ

 

Damper & Damper Baby
Damper & Damper Baby
Damper Baby
Damper Baby

ထိုင်ဝမ်နိုင်ငံဟာ ကျွန်းနိုင်ငံဖြစ်တာမို့ လေမုန်တိုင်းဒါဏ်ကို နှစ်စဉ်နှစ်တိုင်း ခံရပါတယ်။

အဲဒီလိုသဘာဝဘေးဒါဏ်အမြဲကျရောက်နေတာတောင်မှာ ကမာ္ဘ့အမြင့်ဆုံးအဆောက်အဦကို တည်ဆောက်နိုင်တယ်ဆိုပြီး ဂုဏ်ယူကြပါတယ်။

 

အဲဒီအပေါ်ထပ်မှာ တက်လာတဲ့သူတွေ ကြည့်ချင်စရာဖြစ်အောင် Light box နဲ့ လုပ်ထားတဲ့ ပုံတွေ၊ ပုံစံငယ်တွေ လုပ်ပြထားပါတယ်။

 

ပုံစံငယ်
ပုံစံငယ်

 

IMG_3262

 

လူတွေတက်ကြည့်နိုင်တဲ့ အမြင့်ဆုံးဖြစ်တဲ့ ၉၁ ထပ်မှာ သူတို့ဆီက ထွက်ကုန်ဖြစ်တဲ့ သန္တာကျောက်တွေနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းမျိုးစုံရောင်းတဲ့ဆိုင်တွေနဲ့ လှပခမ်းနားလို့ နေပါတယ်။

IMG_3272

IMG_3274

၉၁ထပ်ကနေ အပြင်ကို ထွက်ကြည့်လို့ရပါတယ်။

၉၁ထပ်ကနေ အပေါ်ကို ရိုက်ထားတာ။ မိုးချုပ်စပြုလို့ မီးလင်းလာပြီ။
၉၁ထပ်ကနေ အပေါ်ကို ရိုက်ထားတာ။ မိုးချုပ်စပြုလို့ မီးလင်းလာပြီ။

 

ထို်င်ပေမြို့ရဲ့ ညအလှ
ထို်င်ပေမြို့ရဲ့ ညအလှ

လှည့်ပတ်ကြည့်ရင်း ဓာတ်ပုံရိုက်ရင်းနဲ့ မိုးချုပ်လာတော့မှပဲ ပြန်ဆင်းဖြစ်တယ်။

ပြန်ဆင်းဖို့ ဓာတ်လှေကားမှာ တန်းစီတော့ များလှတဲ့ လူတွေကို ကြည့်ပြီး ဒီအဆောက်အဦကြီးများ ပြိုကျသွားရင်ဆိုတဲ့ စိုးရိမ်စိတ်တောင် ဝင်မိတယ်။

 

အပေါ်ကိုတက်စဉ်က ၅ထပ်မြောက်ကနေ တက်ရပေမယ့် ပြန်ဆင်းတဲ့အခါ ၅ထပ်ကို ဆင်းတဲ့ ဓာတ်လှေကားက တစ်စီး၊ အောက်ဆုံးထပ်ကို ဆင်းတဲ့ ဓာတ်လှေကားက တစ်စီး ရှိပါတယ်။

 

တန်းစီရင်း လမ်းတဝက်မှာ ခွဲရမှာကို မသိပဲ သွားလုိုက်မိလို့ အောက်ဆုံးထပ်ကို ရောက်သွားပါတယ်။

 

အမတစ်ယောက်က မတက်ရဲလို့ ၅ထပ်မှာ စောင့်ကျန်ခဲ့လို့ ပြန်တက်ခေါ်ရတယ်။

 

အပေါ်တက်တဲ့ ဓာတ်လှေကားက တစ်စီးမကရှိလို့ ၉၁ထပ်ကိုတက်တဲ့ ဓာတ်လှေကားကို ရှာမတွေ့ပဲ လမ်းတွေမှားလို့ ရှာလိုက်ရတာလည်း အမှတ်တရပါပဲ။

 

30 comments

  • မြစပဲရိုး

    December 27, 2014 at 12:45 am

    ချစ်မမ
    တိုက်ဆိုင်တာလား။ ဆိုင်ပြီး တိုက် လိုက်တာလား။

    101 Kaimeno Posuto (101st Post ပေါ့။
    (101 Kaimeno Propozu (101st Marriage Proposal) ကို မှီငြမ်းသည်) lol:-)))

    ၁၀၁ ထပ်ရှိတဲ့ အဆောက်အဦ မှာ အားလုံး က ဆိုင်ခန်း တွေချည်းတော့ မဟုတ်နိုင်ဘူးနော်။
    ရုံးခန်းတွေ၊ အိမ်ခန်း တွေပါ ပါသလား။
    ကျွန်မ ကတော့ အမြင့်ကြောက်တယ်။
    ဒီလောက်မြင့်တာ နေရဲ ဘူး။
    ခဏလောက် ဘဲ နေရဲ မယ်။
    အပေါ်စီး ကြည့်ရတာ ကောင်းပေမဲ့ သဘာဝ ရှူခင်းမဟုတ်ဘဲ အိမ်တွေ ပြွတ်ကျပ် နေတာဘဲ မြင်ရတာလား။
    ည မှာတော့ မီး တွေနဲ့ လှ နေ မှာပါလေ။

    မရောက်ဘူးတာ ခေါ်သွားလို့ ကျေးဇူးပါ မမ ရေ။ :))

    • Ma Ma

      December 27, 2014 at 8:08 am

      မလတ်ရေ-
      ထိုင်ဝမ်က ရေမြေသဘာဝအစုံရှိတယ်လို့ မြင်မိတယ်။
      မြို့ထဲမှာမို့ အိမ်တွေနဲ့ ပြွတ်ကျပ်နေသလို
      သိပ်ဝေးဝေးမသွားရပဲ ၁နာရီလောက် သွားရုံနဲ့ တကယ့် တောရွာလေးလိုမြေကျယ်ကျယ်ပေါ်မှာ ကိုယ်ပိုင်စိုက်ခင်းတွေနဲ့ တောင်ပေါ်ရွာကလေးတွေကိုလည်း ရောက်နိုင်တယ်။

      ပင်လယ်ကမ်းစပ်ရှိတယ်၊ တောင်ရှိတယ်၊ ရေတံခွန်ရှိတယ်။

      ရွှေထွက်တဲ့တောင်ရှိတယ်။

      အဲဒီနေရာတွေကိုလည်း နောက်ရက်လိုက်ပို့ပေးမယ်။
      လိုက်ခဲ့အုံးနော်။

      အမွှာညီအမကို သူ့ကိုယ်သူ အအမ လို့ ပြောတယ်။
      ကိုယ်ကလည်း အတတ မို့….
      (101 Kaimeno Posuto) ဆိုတာ ဘာဘာသာစကားနဲ့ ပြောတာလဲ မသိ။ :p:

      • မြစပဲရိုး

        December 27, 2014 at 3:10 pm

        ချစ်မမ
        ၁၉၉ရ ပါတ်ဝန်းကျင် မှာ “၁၀၁ ကြိမ်မြောက် ချစ်ခွင့်ပန်ခြင်း” ဂျပန်စီးရီးလေး လေ။
        မှတ်မိလား။
        မင်းသား က ရုပ်ဆိုးသမှ မျောက် နဲ့ တူတယ်တောင် ပြောခံရတာ။
        ကျွန်မ ကတော့ သူ့ ကို အတော်လေးကြိုက်ပါတယ်။ (မျောက် ကို ကြိုက်တာဝုတ်ဘူး နော်။ ကြိုပြောထားတာ) 😉
        မင်းသမီးလေး ကတော့ အတော်ချောပေါ့။
        အဲဒီနောက် ၁၀၁ ကြိမ် ဆိုတိုင်း သတိရမိလို့။
        101 Kaimeno Posuto = ၁၀၁ ကြိမ်မြောက် ပိုစ့် ဂျပန်လို ပါ။
        Posuto က ဂျပန်စကား အစစ် တော့ မဟုတ်။
        Posuto = Post ဆိုတာ အင်္ဂလိပ်စာကနေ မွေးစားထားလို့ ရိုမန်ဂျိ လို့ ခေါ်တဲ့ စာလုံးပါ။
        အခုတော့ အဲ့စာတွေ ရာဇဝင်ထဲ မှာ ကျန်ခဲ့ပြီ။ :))

        • ဖားသက်ပြင်း

          December 27, 2014 at 3:26 pm

          မင်​းသမီးကလည်​း အ​တော်​အို​နေပါဘီဗျာ
          အာ့ ၉၁-၉၂ ​လောက်​ကရိုက်​တာ​တောင်​
          ရွဲပ​ဒေသာဖစ်​​နေဘီ့ဟာ
          ခုများဆို
          ဟိ

        • မြစပဲရိုး

          December 27, 2014 at 3:33 pm

          အေးပေါ့ကွယ်။
          အဲဒီတုန်းက မင်းက နှပ်ချေးတောင် မစင် သေးတဲ့ သူငယ်နှပ်စား ဘွ ဆိုတော့ ဒီလို ဘဲ ပြောရပေမပေါ့။ 😉
          ဟာဟ။ lol:-))))

        • ဖားသက်ပြင်း

          December 27, 2014 at 4:02 pm

          အို
          သူငယ်​နှပ်​စားဘွက​တော့ လူတိုင်​းဖြတ်​သန်​းလာရတာချည်​းပဲ

          ပစ်​စုတ်​ပန်​ ကိုဒဲ့ရှုရရင်​ဖြင်​့ ဂ​နေ့​ခေတ်​ သာမီး​လေး​တွေ
          ပိုလှ ပိုငယ်​ ပိုပိန်​ ပြီး ပိုပြင်​တတ်​ဆင်​တတ်​လာရဲ့
          သာဓု
          🙂

        • Ma Ma

          December 29, 2014 at 7:26 pm

          မောင်ဂီရေ-
          ခေတ်ကြီးကိုက ပြောင်းလဲလာတာ။

          ခုရက်ထဲ RIT ရွှေရတုပွဲမှာ ပြောကြတာ….
          ဟိုးတုန်းက RIT ကျောင်းသူဆိုရင် မလှကြဘူးတဲ့။

          (အစအနောက်ခံရမှာစိုးလို့ ပြင်ပြင်ဆင်ဆင်လည်း မနေရဲကြဘူးလေ။)

          ခုခေတ် ကျောင်းသူတွေကျတော့ ပြင်ပြင်ဆင်ဆင်နဲ့မို့ RIT ကျောင်းသူတွေ လှလှပပနဲ့ ချောလာတယ်လို့ ပြောတာ ကြားလိုက်မိတယ်။

  • padonmar

    December 27, 2014 at 1:09 am

    101 for 101 နေရာဦးပြီးမှ ဖတ်မလို့
    မလတ်က ဦးသွားတယ်

  • padonmar

    December 27, 2014 at 1:11 am

    ရှေ့ ၁၀ဝ မြောက် ပို့စ်မှာ ပြောထားတယ်လေ။
    အမှတ်တရ ဖြစ်အောင် 101 အကြောင်းတင်မယ်လို့။
    မလတ်စာမကြေဘူး။

    • မြစပဲရိုး

      December 27, 2014 at 1:14 am

      ဟိဟိ
      စောဒီး။
      အခု စာတွေ ကို နောက်ပြန်သွား ကြည့်နေပါတယ်။ lol:-)))
      အခုတော့ မံမံ သွားစားလိုက်ဦးမယ်။ :))

  • ခင်ဇော်

    December 27, 2014 at 8:15 am

    အဲ့ အပေါ်ဆုံးမှာ…
    ဘီယာစိမ်ထားတဲ့ ရေခဲမုန့် ရှိတယ်။
    ဟိ။
    အားလုံးကို အပေါ် စီးက မြင်ရတဲ့ မြင်ကွင်းကို သိပ်ကြိုက်တယ်။

    :chit:
    Lift က တိုရှိဘာ ဘရန်း လားမသိ။

    • Ma Ma

      December 27, 2014 at 10:00 am

      ဘယ်လောက်လျှင်တယ်ဆိုတာ ဘီယာစိမ်ထားတဲ့ ရေခဲမုန့်ရှိတာ မသိဘူး။ 🙄

      အပေါ်တက်ခါနီး ဓာတ်ပုံရိုက်တာပဲသိတယ်။
      ပုံရွေးဖို့ ကြည့်တော့ မလှတာနဲ့ (ကိုယ့်ပုံကိုယ်သိပေမယ့် :k: ) မယူခဲ့ဘူး။

      lift က တက်တုန်းက ကြည့်ခဲ့ပေမယ့် ဘာဘရန်းဆိုတာ မမှတ်မိတော့ဘူး။ :p:

  • Foreign Resident

    December 27, 2014 at 8:50 am

    ( ၁ ) Damper တည်ဆောက်ပုံကို စိတ်ဝင်စားတယ် ။
    ( ၂ ) ဒီလို အန္တရာယ် များတဲ့ အခြေအနေ မှာ ၊
    ခက်ခက်ခဲခဲ ကြိုးစား တည်ဆောက်ချင်ကြတဲ့ သူတွေရဲ့ ၊
    ခံယူချက် ကို ပို စိတ်ဝင်စားတယ် ။

    ( ကိုယ်သာဆို ဒီလို အန္တရာယ် များရင် မြေကြီးပေါ်မှာဘဲ နေမယ်လေ )

    • Ma Ma

      December 27, 2014 at 10:17 am

      ကိုယ့်ဖာသာသွားတော့ ရှင်းပြမယ့်သူမရှိလို့ သေသေချာချာတော့ မသိဘူး။

      သူများပြောတာ တစွန်းတစကြားရသလောက်တော့…………
      အဲဒီ Damper အလုံးကြီးကို ကြိုးကြီးတွေနဲ့ ဆိုင်းထားလို့ လေမုန်တိုင်းတိုက်တဲ့အခါ ပုခက်လွှဲသလိုဖြစ်ပြီး အဆောက်အဦကို Balance ထိန်းပေးတာလို့ပဲ အကြမ်းဖျင်းသိလိုက်တယ်။

      ထိုင်ဝမ်နိုင်ငံကို သဘောကျတာက …
      (၁) ရေမြေသဘာဝအစုံရှိတယ်။
      (၂) သယံဇာတထွက်တယ်။
      (၃) သူတပါးအားကိုးစရာမလိုပဲ ကိုယ်ပိုင်ရပ်တည်နိုင်ပြီး တိုးတက်တယ်။

      ထိုင်ဝမ်လေယာဉ်ကွင်းရောက်တာနဲ့ နံရံမှာ ရေးထားတာတွေ့ပြီး အံ့ဩသွားတယ်။
      တကမာ္ဘလုံးရဲ့ နည်းပညာကုမ္ပဏီတွေရဲ့ ၉၀% ထိုင်ဝမ်မှာရှိတယ်။
      တကမာ္ဘလုံးရဲ့ လျှပ်စစ်ပစ္စည်း ထုတ်လုပ်မှုရဲ့ ၆၀% ထိုင်ဝမ်က ထုတ်လုပ်တယ်တဲ့။

      စာဖတ်ပြီး မြန်မာပြည်သားအတွေးနဲ့ ကြွားနေတာလားမသိဘူးလို့တောင် ထင်လိုက်မိသေးတယ်။ :k:
      သူတို့နိုင်ငံမှာ တရုတ်စာ တရုတ်စကားနဲ့တင် လုံလောက်တယ်။ ပြီးပြည့်စုံတယ်။ ဆိုးတာက ဘာသာရပ်ဆိုင်ရာစကားလုံးတွေကို (ဆေးပညာမှာ အခေါ်အဝေါ်တွေကအစ) တရုတ်လိုဘာသာပြန်ပြီး သင်တာကြောင့် ဆရာဝန်တွေတောင် အင်္ဂလိပ်လို သိပ်မကျွမ်းဘူး။

      • ဦးကျောက်ခဲ

        December 27, 2014 at 10:42 am

        ဖတ်မိသလောက်… အဲသည့် Damper အလုံးကြီးကို အလေးချိန် ဘယ်လောက်ရှိရမယ်နဲ့ အဆောက်အဦးရဲ့ ဗဟိုချက်မတည့်တည့်ကျအောင် ချိန်ရတာ အတော်ခက်တယ်ဆိုပဲ…

  • ဦးကျောက်ခဲ

    December 27, 2014 at 10:26 am

    ကျောက်စ် မြေကြီးအောက်မှာ အနေများလို့လားမသိ… အထပ်မြင့်ရင် ရင်ထိတ်တယ်…
    နောက်ပြီး မသမာသူတွေက စက်တင်ဘာ ၁၁ လိုလုပ်သွားရင်… မွေးမေလေ့…
    အဟိ… ဟောင်ကောင်က Sky100 တောင် တစ်ခါပဲ ရောက်ဖူးတယ်…
    :k:

    • Ma Ma

      December 27, 2014 at 7:20 pm

      ဟောင်ကောင်က Sky 100 ဆိုတာ အမြင့်ကြီးကနေ အောက်ကိုမြင်နေရတဲ့ လမ်းပေါ်မှာ လျှောက်ရတာ ဟုတ်သလားမသိဘူး။
      ခုချိန်ထိတော့ ကိုယ့်ကိုကိုယ် အမြင့်မကြောက်ဖူးလို့ ထင်နေသေးတယ်။

      အဲလိုလမ်းမျိုးပေါ်တော့ လျှောက်ရဲပါ့မလား မသိသေးဘူး။
      ရောက်တော့ ရောက်ဖူးချင်သား။

      ကလေးထိန်းခေါ်ရင် VIP Roll ကနေ လျှောက်ရအောင် အရင်ဆုံး လက်တို့နော် :kwi:

  • CharTooLan

    December 27, 2014 at 11:46 am

    ဒမာက ၈ထပ်တိုက်လောက်တက်ပီးရင်ကို မူးနေတာ
    ဒီကညီမလေးလို့ ၁၀၁ထပ်ကို တက်လိုက် ဆင်းလိုက် အောက်ငုံကျိလိုက် အပေါ်မော့ကျိလိုက် မလုပ်ရဲပေါင်
    😀

    • Ma Ma

      December 27, 2014 at 8:05 pm

      ကိုယ်တိုင်လည်း အပေါ်တက်ရမှာ ကြောက်တော့ ကြောက်သား။
      အပေါ်ရောက်သွားတော့လည်း အဆောက်အဦထဲမှာဆိုတော့ ကြောက်စရာမကောင်းတော့ဘူး။
      ပြန်ဆင်းခါနီး လူအများကြီးတွေ့တော့မှ ပြိုကျမှာကို ကြောက်မိတယ်။
      နောက်တော့လည်း လူတွေအများကြီး နေ့တိုင်းတက်နေတာ ကိုယ့်အလှည့်ကျမှပြိုရင်လည်း ကိုယ့်ကံပဲဆိုပြီး ပြန်ဖြေသိမ့်ရတယ်။
      အမှန်တော့လည်း အဲဒီအပေါ်တက်တဲ့လူဦးရေပမာဏကို စနစ်တကျ ထိန်းထားပါတယ်။

    • Ma Ma

      December 27, 2014 at 8:21 pm

      ဟုတ်ပ့ါ။
      ဖတ်ရင်းနဲ့ သွားလိုက်တာဆိုတော့
      မန့်တဲ့အချိန်မှာ ရောက်ပြီးပြီပေ့ါ……. :kwi:

  • kai

    December 27, 2014 at 2:22 pm

    US ကအဆောက်အဦတွေထက်အများြုကီး သစ်လွင်ဆန်းသစ်တယ်ထင်မိတယ်…
    အာရှက.. တကယ်ကို တိုးတက်သွားတာ…

    ဆိုတော့..
    ဟိုးအရင်ကရွာထဲ ထိုင်ဝမ်အကြောင်း…ဓာတ်ပုံ ပို့စ်တွေတင်တဲ့.. ရွာသူချောတယောက်ရှိဖူးတယ်..
    ကိုရင်ကြောင် စနောက်တာများပြီး.. စိတ်ပျက်သွားသလားမသိ… မတွေ့ရတော့. :i:

    • Ma Ma

      December 27, 2014 at 8:33 pm

      အနောက်ကိုတော့ မရောက်ဖူးလို့ မနှိုင်းယှဉ်တတ်ဘူး။
      ကိုယ့်ကိုကိုယ် နွားခြေရာခွက်ထဲက ဖားသူငယ်ရဲ့ မျက်စေ့ထဲမှာမို့လို့ တင့်တယ်ခမ်းနားဆန်းပြားနေတာလို့ ထင်နေမိတာ…..

  • ဦးဦးပါလေရာ

    December 29, 2014 at 9:45 am

    .အခုထိ နှစ်ပုံပဲ မြင်ရသေးတယ်
    .အော်ရီဒူးလေး ဝယ်သုံးတော့မှထင်တယ်….

    .ငယ်ငယ်တုန်းကတော့ ရောက်ဖူးချင်တဲ့ (ဖြစ်နိုင်ရင် အခြေချနေထိုင်ချင်တဲ့) နိုင်ငံတွေထဲမှာ
    .တိုင်ပေ ထိပ်နားမှာပါတယ်…။
    .လွန်ခဲ့တဲ့ နှစ် ၃ဝက ကြားဖူးသလောက်နဲ့တင် တော်တော် သဘောကျမိတယ်…။
    .တစ်ခုရှိတာက –
    .အဲဒီမှာ နိုင်ငံရေးက ဗုံး တစ်လုံးလိုပဲ…။
    .မြန်မာပြည်လို မျက်ကန်းမျိုးချစ်ဝါဒီတစ်ယောက်ယောက်က အာဏာရသွားလို့
    .တရုတ်နဲ့ ပြသနာတက် စစ်ဖြစ်ရင် တစ်ကျွန်းလုံး ဒုက္ခများသွားမှာဖြစ်တယ်။
    .တရုတ်ဟာ တစ်ခြားနေရာမှာ သည်းခံရင်ခံမယ် ဟောင်ကောင် နဲ့ တိုင်ဝမ်ကိုတော့
    .ဖြစ်လာရင် တင်းတင်းရင်းရင်းကိုင်တွယ်လိမ့်မှာဖြစ်တယ်။
    .တစ်နေ့ တတိယကမ္ဘာစစ်ကို မီးမွှေးလို့ အကောင်းဆုံးနေရာတွေမှာ တိုင်ဝမ်ကထိပ်ဆုံးကပေါ့…။

    .ပြောသာပြောရတယ်
    .ဘယ်တော့မှ တတိယကမ္ဘာစစ်မဖြစ်ဘူးလို့ ယုံကြည်နေသူတွေများ ရှိနေမလားပဲ…
    🙁

    • Ma Ma

      December 29, 2014 at 7:03 pm

      သူတို့နိုင်ငံမှာ ချန်ကေရှိတ်ကို ပြည်သူားတွေက ချစ်ခင်လေးစားကြတယ်။
      နေရာတိုင်းမှာ သူရဲ့ရုပ်ထုတွေ မြင်နိုင်တယ်။
      ချန်ကေရှိတ်အုတ်ဂူကို အစောင့်ထားပြီး ၁နာရီတစ်ခါ လဲတဲ့အခမ်းအနားလုပ်တယ်။
      အဲဒါကလည်း လာလည်တဲ့ဧည့်သည်တွေအတွက် ကြည့်ရှု့စရာတစ်ခုဖြစ်သွားတယ်။

      ထိုင်ပေက နေရာအနှံ့အပြားမှာ တရုတ်ဆန့်ကျင်ရေး လုပ်နေသူတွေကို မြင်နိုင်တယ်။

      ပြည်မကြီးက ပြေးဝင်လာတဲ့သူတွေက ပြည်မကြီးက ကမာ္ဘလှည့်ခရီးသည်တရုတ်တွေကို မဲဆွယ်စည်းရုံးနေတာ။

      သူတို့ဆီရောက်နေတဲ့သူတွေကလည်းပြောတယ်။
      ထိုင်ဝမ်မှာ အကုန်ကောင်းတယ်။
      နေရာတကာမှာ တရုတ်ပြည်မကြီးကို ဆန္ဒပြနေကြတာနဲ့
      ရာသီဥတု မကြာခဏ ပြောင်းလဲနေတတ်တာပဲ မကောင်းဘူးတဲ့။

      နှင်းတွေကျလို့ မှုန်မွှားနေရာကနေ အလင်းရောင်ရလာလိုက်၊ ပြန်မှုန်သွားလိုက်၊ မိုးစက်လေးတွေ ကျလာလိုက်နဲ့ စက္ကန့်ပိုင်းနဲ့တင် ပြောင်းလဲနေတာ။

  • kyeemite

    December 29, 2014 at 1:39 pm

    .ရောက်ဖူးချင်လိုက်တာ
    .ဓါတ်ပုံလေးတွေမျှဝေတော့လည်း ရောက်ရသလိုပါပဲ
    .ကျုပ်တို့ဆီကဈေးကွက်မှာ အီလက်ထရောနစ်ပစ္စည်းတွေဆို ထိုင်ဝမ်မိတ်ချည်းပဲလေ

    • Ma Ma

      December 29, 2014 at 7:18 pm

      ထိုင်ဝမ်မိတ်ဆိုရင် အကောင်းစားဟုတ်မဟုတ်မသိပေမယ့်
      အညံ့စား(တရက်စုတ်)တော့ မဟုတ်တာသေချာတယ်။
      ထိုင်ဝမ်မိတ်တွေ သူ့ဈေးနဲ့ သူ့ပစ္စည်း အတော်တန်တယ်။
      လက်ပတ်နာရီတစ်လုံးဝယ်လာတာ ၁၀၀၀ဝ စွန်းစွန်းပဲ ပေးရတယ်။
      နောက်ပိုစ့်တွေကျမှ ကြွားရေး ရေးအုံးမယ်။ :kwi:

      ထိုင်ဝမ်အကြောင်းကို ဒီပိုစ့်ပြီးရင် ထပ်မရေးတော့ဘူးလို့ စဉ်းစားထားမိပေမယ့်…
      ပြည်မကြီးကို ဆန္ဒပြတဲ့ပုံ၊
      ချန်ကေရှိတ် အုတ်ဂူနဲ့ အမှတ်တရအဆောက်အအုံမှာ အစောင့်စစ်သားတွေ လဲတဲ့ပုံ၊ ချန်ကေရှိတ်သုံးစွဲခဲ့တဲ့ပစ္စည်းတွေ၊
      ချန်ကေရှိတ်ရဲ့ လုပ်ဆောင်ချက်မှတ်တမ်းဓာတ်ပုံတွေ၊
      ပင်လယ်ကမ်းစပ်တွေက ရှု့ခင်းအလှပုံတွေ၊
      တောင်တက်အားကစားလုပ်ကြတဲ့ တောင်ပေါ်ဆီက ရှု့ခင်းပုံတွေနဲ့
      ဝယ်လာတဲ့ ထိုင်ဝမ်မိတ် လက်ပတ်နာရီကလေးရယ်ကို
      ကြွားချင် အဲ … တင်ချင်ပြန်ရော။

  • Shwe Ei

    December 29, 2014 at 4:08 pm

    -ထိုင်ဝမ် ပေကျင်း ဟောင်ကောင်နဲ့ တရုတ်ကို အခုချိန်ထိ ကောင်းကောင်းမကွဲပြား 😛
    -ဒါ့ပုံထဲကနေရာတွေတော့ လှအိ…အမြင့်ကြောက်တတ်လို့ သွားချင်စိတ်တော့ မပေါ်လာဝူး 🙂

    • Ma Ma

      December 29, 2014 at 7:45 pm

      ကိုယ်သိသလောက် ပြောရရင်….
      ပေကျင်းက တရုတ်ပြည်မကြီးရဲ့ မြို့တော်ပါ။
      ထိုင်ဝမ်နဲ့ ဟောင်ကောင်က တရုတ်ပြည်ရဲ့ ကျွန်းတွေ။
      ဟောင်ကောင်က ဒုတိယကမာ္ဘစစ်အပြီးမှာ အင်္ဂလိပ်ကို ပေးလိုက်ရပြီး တရုတ်က ပြန်ရတာ ၁ဝစုနှစ် တစ်ခုစာလောက်ပဲ ရှိအုုံးမယ်ထင်တယ်။
      တရုတ်ပြည်မကြီးကို တရုတ်နီလို့ ခေါ်ပြီး ဟောင်ကောင်ကတော့ (ချန်ကေရှိတ်ခေါင်းဆောင်ပြီး) ခွဲထွက်လာတဲ့ တရုတ်ဖြူလို့ ပြောကြတယ်။

Leave a Reply