အလှူ ပုံရိပ်…

ကုိ ထြဋ္December 20, 20149min25620

P1280567

ဒါက ဂိုဒေါင်ထဲကနေ ထုတ်နေပုံပါ…

P1280570

P1280573

P1280580

ဒါက သူများတွေ လာလှူ  နေကြတာ…

P1280582

ယူနီဖောင်းနဲ့ ဘေးကတယောက်က ရုံးက (ဗိုက်ကြီးသည်) … ကျန်တာက လှူ ဖို့ တန်းစီနေကြတာ…

P1280586

ဒါက ကျွန်တော်တို့ အဖွဲ့ လှူ  နေတာပါ… (ပရီမီယာ = Happy)

P1280587

P1280594

P1280595

P1280603

 

ရုံးက ညီလေးတယောက်လှူ နေတာပါ… အိပ်ယာကတောင် မထနိုင်ဘူး.. အဘက… 🙁

 

P1280607

ဒါက လာလှူ  လာလေ့လာကြတဲ့ သူတွေပေါ့….

P1280609

P1280612

 

ဆုတွေပေးလိုက်ကြတာဗျာ… တအားပဲ…

 

 

P1280613

 

ဒါက မုန့်ထုပ်လေးတွေပါ.. ပါကင်လိုက်ဆို မုန့်တွေ မမျှမှာစိုးလို့… ပြန်ပြီး ကျွပ်ကျွပ်အိတ်နဲ့ ပြန်ထုပ်ထားတာ… ၃ ၄ မျိုးလောက်ပါတယ်…

P1280614

P1280616

ဒီနေရာဆို ပို သနားစရာကောင်းတယ်ဗျာ… ပြွတ်သိပ်ပြီး နေရတယ်…

P1280617

P1280618

ဒါက လုပ်အားပေးတွေ ရေချိုးပေးနေကြတာ…

P1280619

ပိုလီယိုရောဂါသည်တွေ…

P1280620

သူဆို လက်က အကြောသေနေလို့ ခြေထောက်နဲ့ပဲ ယူနိုင်တယ်… အားနာနေရှာတယ်…

P1280624

ကားက ဝင်ပြီးထွက်ရခက်လို့ ဒီလို သယ်ကြတယ်.. ပထမက တယောက်တည်းသယ် နောက်တော့ မနိုင် ၂ ယောက်သယ်ခိုင်းရတယ်…

P1280629

P1280630

P1280633

P1280635

ဒါက နောက်တဖွဲ့သွားလှူ  နေကြတာ…

P1280638

P1280639

တယောက်တလက်နဲ့ သယ်ကြပြီ…

P1280644

 

P1280648

P1280650

P1280653

P1280656

နောက်ဖေးခန်းပါ မဆန့်ပြီ…

P1280658

P1280660

P1280663

အပြင်ပါ ထုတ်ရပြီ…

P1280668

ပြန်တဲ့ အထိ လှူ တဲ့သူ မစဲသေးဘူး…

P1280669

ဒါက နေ့လည်စာ ဘူဖေးပါတဲ့ခင်ဗျာ…

P1280671

P1280672

 

 

– ငွေသားတန်ဖိုးနဲ့ဆို ၃၅ သိန်းဖိုးပါ ခင်ဗျာ… ပထမက ကျွန်တော် ၁၁ ရက်နေ့လှူ ဖို့ တနိုင်တောင်းထားတာပါ… နောက် ရုံးကပါ စိတ်ဝင်စားလာပြီး ပါဝင်လာလို့ ဒီလိုလှူ နိုင်သွားတာပါ…

– ဒါတောင် မတိုင်ဆိုင်နိုင် … မပြီးနိုင်နဲ့ တော်တော် ကြာခဲ့တယ်.. လနဲ့ ချီမယ် ပြင်ဆင်ရတာ… ခု တရုံးနဲ့ လှူ ပြီးပြီဆိုတော့… နောက် ၄ ရုံး ရှိသေးတယ်…

– ဆေးကုမ္ပဏီ ၃ ခု နဲ့ ဆပ်ပြာမှုန့် တရုံး ရှိသေးတယ်… အလှူ  ခံလိုက်ပါဦးမယ်… 🙂 ရတာနဲ့ လှူ ဖို့ ထပ်ပြောပါမယ်နော်…

– တော်တော်လေး နေရာစုံခဲ့တယ် ပြောရမယ်… ဒါတောင် ၂  ဖွဲ့ခွဲလှူ တာ… တချို ့ တယောက်တည်းနေရာလေးတွေ ကွက်ကျန်မှာစိုးလို့.. မြင်သလောက် ဝင်လှူ ပါတယ်…

– ဂီလာနဆောင်… အေ ဆောင်… ပိုလီယိုဆောင် တော်တော်များပါတယ်… အားလုံး ကျွန်တော်ပြုခဲ့သမျှ ကုသိုလ် အမျှပေးပါတယ်နော်…. အမျှ … အမျှ…. အမျှ … ယူတော်မူကြပါ…

 

 

ရေမြေ့သနင်း

 

20 comments

  • Yae Myae Tha Ninn

    December 20, 2014 at 2:16 pm

    ညီက မအားတော့ အကိုလဲ အတင်းမခေါ်ချင်တော့ဘူးကွယ်.. နောက်များ တခါ ပေါ့.. 🙂

  • aye.kk

    December 20, 2014 at 2:24 pm

    သာဓု သာဓု သာဓုပါ ။။

    • Yae Myae Tha Ninn

      December 22, 2014 at 9:04 am

      ဟုတ်ကဲ့ပါ.. အန်တီအေး… ဂဇက်က အလှူ လိုပါပဲ ဗျာ… ကျွန်တော်လုပ်ဖြစ်တာက ဂဇက်က အခြေခံတာပါ… 🙂

  • Kaung Kin Pyar

    December 20, 2014 at 6:16 pm

    မြင်ရတာ ကြည်နူးစရာ
    သာဓု…သာဓု…သာဓု ပါ ကိုရေမြေ့သနင်းရေ…..

    • Yae Myae Tha Ninn

      December 22, 2014 at 9:07 am

      ဟုတ်ကဲ့ပါ… ကောင်းကင်ပြာ လာအားပေးတာ မန့်တာ ကျေးဇူးပါ.. 🙂

  • မြစပဲရိုး

    December 20, 2014 at 8:07 pm

    သာဓု၊ သာဓု၊ သာဓုပါ နင်းနင်း ရေ။
    Well Done!!! :))

    • Yae Myae Tha Ninn

      December 22, 2014 at 9:14 am

      တကယ်သနားဖို့ ကောင်းတယ်.. အရီးရယ်… အဲလောက်များမယ် မထင်ထားဘူး.. တကယ် ရပ်ကွက်တခုစာ လောက်ရှိတယ်… ဆုတွေ ပေးနေသံ ကြားတော့ စိတ်ထဲ တကယ်မကောင်းဘူး… ကံဆိုတာ ပြောမရဘူးနော်… 🙂

  • ဦးကြောင်ကြီး

    December 21, 2014 at 9:10 am

    တရားမနာ တရားမထိုင်ခဲ့ဘူးလား.. စိန်တုံးတွေ့လျက် ရွှေစလေးနဲ့တင် ကျေနပ်မနေနဲ့နော်…။

  • Yae Myae Tha Ninn

    December 22, 2014 at 9:16 am

    ဆရာတော် ခရီးသွားနေလို့ပါ… ဦးကြောင်… 😛

  • kyeemite

    December 22, 2014 at 11:01 am

    .ကျေနပ်ပီတိဖြစ်ရပါတယ်ဗျာ…ထိထိရောက်ရောက်လှူနိုင်သွားအောင် စည်းရုံးနိုင်တာလည်းချီးကျူ းပါတယ်ဗျာ
    .သာဓု..သာဓု..သာဓု 😆

  • Yae Myae Tha Ninn

    December 22, 2014 at 11:07 am

    ဟဲ… လနဲ့တော့ ချီသွားတယ်.. ဦးမိုက်ရေ…စီစဉ်ရတာ.. 🙂

  • kai

    December 22, 2014 at 3:39 pm

    ခရီးထွက်ပြီး ပြန်ရောက်လာတော့.. မျက်စိနည်းနည်းလည်နေတယ်..
    ဒါက.. ရွာ့အလှူနဲ့ဘယ်လိုပါတ်သက်သလည်းဗျ…။

    တူတူပဲလား..။ ခွဲလုပ်တာလား..။

    • Yae Myae Tha Ninn

      December 23, 2014 at 9:56 am

      ဟုတ်.. တူတူပဲ တဂျီး… တူတယ်ဆိုတာ ၁၁ ရက်နေ့ အတွက် အလှူ ခံတယ်ဗျာ.. ရုံးက… ဒါပေမဲ့ အဲရက်မှာဆို ဒိတ်က လွန်သွားပြီလေ…. အာ.. အစက စပြောမယ်ဗျာ… ဒီလိုဗျာ.. ဂဇက်ကအလှူ မှာပါဖို့က ပိုက်ဆံ ကျွန်တော်က သိပ်မထည့်နိုင်ဘူးဗျာ.. သို့သော် တအားလှူချင်တော့ ရုံးက ကော်ဖီကို အလှူ ခံတယ်.. ရုံးက ပုံမှန် ၃လ နဲ့ ၄လ လောက် ဒိတ်လိုရင် ပြန်သိမ်းတယ်.. ပြီးရင် မိဘမဲ့ကျောင်းတွေကို သွားလှူ နေကျ… ဒါနဲ့ ကော်ဖီ ၂ ကာတွန်းရတယ်ဗျာ… ရတော့ လူက ၂၀၀ဝ ကျော်… ပါကင်က ၅၂ ပါကင်ကို ၃ဝ နဲ့ မြှောက်တော့… ၂၀၀ဝ မပြည့်ဘူး… အဲတော့ ရုံးမှာ ရသလောက်လိုက်ပြီး အလှူခံရင်းနဲ့ မုန့်တွေ ကိုပါ ထပ်ပြီး အလှူ ခံလို့ ရသွားတာ… အဲဒါတွေကလည်း ၃ လလောက်ဆို ဒိတ်ကုန်ပြီဆိုတော့ အနော်လဲ ရုံးက ကားကိုပါ အလှူ ခံ… လူတွေကိုလဲ လိုက်ချင်တဲ့သူတွေကို စုပြီး သွားလှူ လိုက်တာ… ပထမက ဦးမိုက်နဲ့ သွားမို့ပဲ… နောက်တော့ မုန့်က တအားများတော့ ကိုယ့်ဘာသာပဲ သွားလှူ လိုက်တာ… ရွာအလှူ နဲ့တူတယ်ဆိုတာက ကိုယ့်ဘာသာကိုယ်ဆို အဲလို မလုပ်ဖြစ်ဘူး… ဒီမှာ လှူ နေတာမြင်အားကျပြီး ထလုပ်လိုက်ရာက အခုလို ဖြစ်သွားလို့ ရွာအလှူ နဲ့ တူတူပဲလို့ ပြောတာ… တဂျီးရေ… ဟဲ…

  • ခင်ဇော်

    December 23, 2014 at 7:57 am

    သာဓုပါဗျားးး
    မင်းသား ကိုယ်တိုင် အထုတ်ဝင်ထမ်းနေသလားဟေ?

    :mrgreen:

    • Yae Myae Tha Ninn

      December 23, 2014 at 9:59 am

      အော်… တကယ်ဆို အလှူ လိုက်တာက မိန်းမတွေများတယ်… ယောကျာင်္းလေးဆိုလို့ ကား ၂စီးက ဒရိုင်ဘာ ၂ ယောက်… ရုံးက ကောင်လေးတယောက်… ကျွန်တော်… ၄ ယောက်ပဲဆိုတော့… မဟုတ်လဲ မ ပါတယ်.. ကိုယ်မှ ငွေ မတတ်နိုင်တာ.. လုပ်အားအလှူ ပေါ့…. ဒါတောင် အဲက ကပ္ပိယပြောမလား သူတို့ ဝိုင်းကူလို့ မဟုတ်ရင် တော်တော်များများတယ်… အချိန်တော်တော်ကြာသွားမှာ… ဘောက်ကားတစီးကို အပြည့်ပဲလေ… 🙂

  • ဦးဦးပါလေရာ

    December 23, 2014 at 11:49 am

    အားရဝမ်းသာ သာဓုခေါ်ပါတယ်ဗျာ….
    အင်မတန် ချီးကျူ းအားကျဖို့ကောင်းတဲ့ အလှူပဲဖြစ်ပါတယ်။
    ဒီအလှူမှာ လှူချင်စိတ်ရှိတယ် လှူတယ် ဆိုတာမျိုးထက်
    အကျိုးဖြစ်ထွန်းအောင် စီမံတတ်တဲ့ လုပ်ရပ်လဲပါတယ်…။
    လေးစားပါတယ်။

  • Yae Myae Tha Ninn

    December 23, 2014 at 12:12 pm

    ငွေအားမတတ်နိုင်တော့လဲ… လူအား… ဆော်ဩအားလေး လုပ်ရတာပေါ့.. ဦးပါရယ်… နိုင်ရာတာဝန်ထမ်းတာပါ… 🙂 ကျေးဇူးတင်ပါတယ်နော်… လာမန့်ပေးတာ… 🙂

  • La Yeik

    December 24, 2014 at 11:25 am

    သာဓု သာဓု သာဓု ပါ အူးလေး….အူးလေးပြုခဲ့သမျှ ကုသိုလ်တွေ မီးတို့ကိုလည်း မျှပါဦး

  • Yae Myae Tha Ninn

    December 24, 2014 at 12:33 pm

    သာဓု ၃ ကြိမ် ခေါ်လိုက်ရင် ရပြီလေ… အမျှပေးထားတယ်… 🙂

Leave a Reply