နှလုံးသွင်းနည်း(၅)

sofiadimpleAugust 19, 20101min690

ဟိုနေ့ကအန ္တရာယ်နံပါတ်-၅ ကိုပြောခဲ့ပြီးပြီမို့ သူကနေလွတ်အောင် ဘယ်လို နေရပါ့လို့     တွေးကြည့်လိုက်တော့….။အင်း မလိုအပ်သောစကားတွေကို ရှောင်ရမယ်။ တစ်ခါ တစ်လေ ကျတော့ သူများကို အားနာတာနဲ့သူတို့ပြောနေတဲ့ လောဘဖြစ်စရာ အကြောင်းတွေအပေါ်၊ဒေါသထွက်စရာသတင်းတွေအပေါ်လိုက်ပြီး နားထောင်မိနေမယ် ။ နောက်တော့ နားထောင်ရာကနေ ကိုယ်ပါပါလာမယ်ဆိုတာတွေဖြစ်လာမယ်နော်။ ဒါဆိုရင်ပဲ ကိုယ့်ဖက်ကအရင်ဆုံး စကားစကိုဖြတ်လို့ ဘရိတ်အုပ်နိုင်ရမယ်နော်။ အင်း…လူကတော့ ကိလေသာ တောထဲမှာ ဆိုပေမယ့် ဒီအာရုံတွေကပ်လာမယ်ဆိုရင်ပဲ အထူးသတိပေးပြီးတန်းခွာနိုင်မှဖြစ်မယ်နော်။ ကိုယ့်စိတ်ကလေးကို ကိလေသာတောကနေ အရင်ဆုံးလွတ်အောင် ရုန်းထွက်ထားရမယ်နော်။ ဒါမှ နေရင်းထိုင်ရင်းက တောထွက်ပြီးဖြစ်မှာပေါ့။ အဓိက ထွက်ရမယ့်တောကလည်း ကိလေသာတောပဲမလား။ အင်း…တစ်ခါတစ်ရံကျတော့လည်း ကိုယ်တောင်မသိလိုက်ဘူး ပြောရင်းဆိုရင်း လုပ်ရင်းကိုင်ရင်းကပဲ စိတ်တွေညစ်သွားလိုက်တာ။ ဘာလို့လည်း။ ဒီကိလေသာအာရုံတွေအပေါ် စိတ်ကတင်မိနေလို့ပေါ့။ အဲလိုတင်လိုက်တာနဲ့ ဒီစိတ်ကလေးမှာက တခါတည်းကို တန်းပြီးညစ်ပတ်သွားပါပြီနော်။ ဒါကြောင့် စိတ်ညစ်လိုက်တာဆိုပြောကြတာပေါ့နော့။ အဓိက ကတော့ဖြစ် ဒီစိတ်ကလေးကို အအားမထားမှကို ဖြစ်မှာပါနော်။ စိတ်ဆိုတာလေးကလည်းလေ လွတ်ထားလို့ကိုမရဘူး ။တော်တော်ကိုဆိုးလွန်းပါတယ်။ လွတ်ထားတာနဲ့တန်းပြီး ပြေးပြီ။ဘယ်လဲဆိုတော့ တဏှာစေရာ ကိလေသာအာရုံတွေဆီသို့ပဲပေါ့။ အင်းပြေးသွားပြီးဘာမှတောင် မကြာလိုက်ပါဘူး ကြည့်လိုက်တော့ တော်တော့ကို ညစ်ပတ်ပေးတူးသွားလိုက်တာ။ ရစရာတောင် မရှိတော့ဘူးနော်။ အဲဒါကြောင့် သူ့ကိုလွတ်ထားလို့ မရပါဘူးလို့ပြောတာပေါ့။ နာနာလေးဆုံးမပြီးမှ သန့်ရှင်းရေးလေးလုပ်ပေးရပါဦးမယ်။ အင်းသန့်ရှင်းပြီးရင်တော့ မအားအောင်တန်းစီ ခိုင်းထားမှဖြစ်မယ်။ ဘာတွေခိုင်းရမလဲ စဉ်းစားလိုက်တော့ သူကအာရုံမရှိရင် မနေတတ်ဘူးဆိုတော့…အင်း…ဒါဆို ဒီကိလေသာ အညစ်အကြေးတွေနဲ့ကင်းစေနိုင်သော ဓမ္မအာရုံပေါ်တင်ပေးထားရပါမယ်နော်။ ဓမ္မစာတွေဖတ်ခိုင်းပြီး စဉ်းစားခိုင်းရမယ်။ နောက် ဒီဓမ္မ စာပေတွေကပေးမယ့် အသိလေးတွေကို လက်တွေ့ကျင့်ခိုင်းကြည့်ရမယ်။ အင်းအာရုံငါးပါး တစ်ပါးပါးပေါ်တင်ပေးမှ ဖြစ်မှာဆိုတော့ မျက်လုံးအကြည်လေးကို ဒီလို ဓမ္မစာပေဆိုတဲ့ ကြည့်စရာအာရုံပေါ်ပြောင်းတင်ပေးလိုက်ရမယ်။ အရင်ကတော့ဖြင့် ကိုရီးယားကားကြည့်ရမှဆိုတော့ ဒီဇာတ်ကားအာရုံတွေကို မထပ်ရလေအောင် ဖန်တီးပေးရတယ်လေ။ ခုတော့ ဒါမျိုးမရတော့ဘူး။ ကြည့်စရာ အာရုံလိုချင်သလား။ပေးမယ် ဒီတရားစာတွေဖတ်တော့။ အင်းဖတ်ရင်းနဲ့ တဏှာကပျင်းလာတော့ အသံပဲကြားချင်ပါတယ်။ မဖတ်ချင်တော့ဘူးဆိုတော့။ အိုကေ…ရတယ်။ ပေးမယ် ။ရော့ ဒီတရားခွေတွေ နာပေတော့ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြောင်းပြီးလေ့ကျင့်ပေးရမယ်။ ဒီလိုနဲ့မှ မငြိမ်ပြန်ဘူးဆိုရင်တော့ သူ့ကိုသေချာကြည့်ပြီးဆုံးမပေးလိုက်ပါ။ အဲဒါကတော့ တရားထိုင်ခိုင်းတာပါပဲ။ ဒါဆိုရင်တော့လား ။တဏှာတော့ လက်မြှောက်ပြီးပြန်အိပ်ပေတော့ပေါ့။ ကဲ ဒီလိုလေးသာ ဒီစိတ်ကလေးကို နိုင်အောင်ကိုင်နိုင်မယ်ဆိုရင်တော့ ဒီအန ္တရာယ်နံပါတ်-၅ ကနေ လွတ်ပြီ ကျွတ်ပြီလို့ အော်လိုက်ပေတော့။

မဟုတ်လို့ကတော့ ကိုယ့်စိတ်ကလေးကို ကိုယ်ကဦးအောင်ခိုင်းမထားမိတာကြောင့် သူများတွေက တစ်မျိုးပြီး တစ်မျိုး အရောင်တွေ ဆိုးတာခံရမှာပဲ။ အဲဒါဆိုရင်တော့ သူများပေးတဲ့ ကိလေသာတွေကို လက်ခံရင်းကနေ ကိုယ့်စိတ်ကလေးလည်း သူများနောက်လိုက် သူများ ခိုင်းရာလုပ်ရတဲ့ ဘုံဆိုင်ဘဝကို လုံးလုံးရောက်ရမှာဖြစ်လို့ အန ္တရာယ်နံပါတ်-၅ ထဲက မရုန်းနိုင်တော့ဘဲ လမ်းပျောက်ရတော့မှာပါလားလို့ သိထားလို့ရအောင် ဒီစာလေးကနေ အသိတွေ ဝေမျှလိုက်ပါရစေနော်။

အင်း…လူတွေဆယ်ယူသွားလို့ လမ်းပျောက်သွားတဲ့သစ်တုံးကြီးလို လောကီအာရုံကာမဂုဏ်တွေရဲ့ဆွဲခေါ်ရာကောက်ကောက်ပါသွားရတဲ့ အန ္တရာယ်ကနေ အမြန်ဆုံး လွတ်အောင် ရုန်းကြပါစို့လို့ သတိလေးပေးရင်းနဲ့ပဲ ဒီစာလေးကို ရပ်လိုက်ပါရစေ။

လိုအပ်ချက်များရှိပါက ပြုပြင်ပေးကြစေလိုပါတယ်နော်။