နဂါး…..ကျား …… နွား

naywoon niDecember 20, 20141min1699

နဂါး….. နဂါး….. နဂါး…..
ကျား ကိုစားသွားတယ်​ …..။
ကျား….. ကျား…..ကျား
.. .  နွားကိုစားထားတယ်​ …..။။
. နွား… နွား …. နွား …
သူ့မှာ​တော့စားစရာ
ဆာဟာရ မြက်​ခင်​း​လေးတစ်​ခုမှာ​တောင်​
ညိုးရိ နွမ်​း​ရော်​လို့ …..။

​နေဝန်​းနီ
20-11-2014
17:27

9 comments

  • မြစပဲရိုး

    December 20, 2014 at 8:06 pm

    အဲဒီ နွား က နဂါး ကို စားပါစေလေ အဘနီ။ lol:-))

    ပျောက်နေတာ။
    ဟို ကောင်မလေး နဲ့ တစ်ည ကိစ္စ ပြီးသွားပြီလား။
    အကြွေးဆပ် ပါရှင့်။ :))

  • သူ့အလုပ်သူ လုပ်နေကြတာပဲ…
    ကောင်းတယ်ဗျာ…

    ကဗျာထဲက နဂါးရော.. ကျားရော.. နွားရော…

    ကဗျာအပြင်က…ရေးသူရော…
    ကဗျာအထဲ..ဝင်ဖတ်သူရော…
    အားလုံးက… သူ့အလုပ် သူ လုပ်နေကြတာပဲ… လို့…

    :k:

  • kyeemite

    December 22, 2014 at 11:27 am

    .နဂါး ကျားစား
    .ကျားနွားစား
    .နွားကားဝမ်းဗလာ။ :k:

  • Yae Myae Tha Ninn

    December 22, 2014 at 2:03 pm

    အဲဒီ တောတွင်းဥပဒေသတွေ လူ့လောကထဲ မရောက်ဖို့ ကာကွယ်ရမယ်… 🙂

  • kai

    December 22, 2014 at 3:33 pm

    ဆာဟာရ မြက်​ခင်​း​လေးတစ်​ခုမှာ​တောင်​

    ဆာဟာရမြက်ခင်းလေးလို့.. ဘာလို့သုံးသလည်းသိချင်..
    ဆာဟာရက.. သဲကန္တာရ..
    စိနပြည်ထက်တောင်အကျယ်အဝန်းကြီးတဲ့.. သဲကန္တာရကြီးဗျ.. ကိုနေရ…။ :k:

    • ဒီသဂျီးနှယ်… ဆာဟာရ ဆိုတိုင်း…အဲ့ဒီ သဲကန္တာရကြီးကိုပဲ..ပြေးမြင်တာကိုးးးး
      ဒီကဗျာထဲက…ဆာဟာရက… အပြင်မှာ ရှိနေတဲ့ ဆာဟာရမဟုတ်လောက်ဘူး…
      ဒီကဗျာထဲက…ဆာဟာရဟာ… ကဗျာရေးသူ ဖန်တီး ထားတဲ့… ဆာဟာရ…

      မြက်ခင်းတွေအပြင်… ပန်းတွေဘာတွေတောင် ပွင့်ဖူး ဝေဆာခဲ့ဖူးတာောတင် ဖြစ်နိုင်သေး

      😆

    • naywoon ni

      December 23, 2014 at 6:28 pm

      ကျ​နော်​ ဒီ ကဗျာကို မတင်​ဖြစ်​​အောင်​ကြိုးစားပါတယ်​ ။ ကဗျာ​ရေးသူရဲ့ ​ဒေါသ ဂိုဏ်​းသင်​့​နေတဲ့ ကဗျာမို့ပါ ။ ဒါ​ပေမဲ့ ဒီရွာထဲကို ​ရောက်​ဖို့ အတားအဆီး​တွေ​ကျော်​ဖြတ်​ပြီး ဝင်​မိချိန်​မှာ တင်​စရာ စာမရှိဘူး ဖြစ်​ဖြစ်​​နေလို့ တင်​မိတာပါ ။ ဒီကဗျာကို သ​င်္ကေတ နဲ့ ​ရေးပါတယ်​ ။ ရူပက အလင်္ကာ ဖြစ်​​အောင်​လဲ အထပ်​ထပ်​အခါခါ ပြင်​​ရေးယူပါတယ်​ ။ ဒီ​လောက်​ဆို နဂါးက ဘာကိုရည်​ညွှန်​းတယ်​ ။ ကျားက​တော့ ဘယ်​သူ​တွေကို ဆိုလိုချင်​တယ်​ ။ နွား​နေရာက ဘယ်​သူ​တွေကို သ​င်္ကေတ ပြုတယ်​ဆိုတာရိပ်​စားမိ​လောက်​ပါပြီ ။ ကျ​နော့ ” ဆာဟာရ မြက်​ခင်​း​လေးက ” သူကြီး​ပြောသ​လောက်​ မကျယ်​ချင်​​နေပါဗျာ ….. မြန်​မာပြည်​က လူ သန်​းငါးဆယ်​​လောက်​ ​ရှောင်​​ရှောင်​ချိချိ ​နေဖို့ ကျယ်​ဝန်​းရင်​လုံ​လောက်​ပါတယ်​ ။

  • ခင်ဇော်

    December 23, 2014 at 7:54 am

    မထူးပါဘူးးး
    အဲ့နွားကို ကင် ဂျဇို့!!

    👿

  • uncle gyi

    December 23, 2014 at 10:49 pm

    မှတ်ချက်ပေးလိုက်မှပဲ
    ရေးရေးမြင်တော့တယ်
    ကိုနီရေ

Leave a Reply