‘နေရောင်ခံယူ ၊ အူကိုစောင့်ရှောက် ၊ အသက်ဉာဏ်စောင့်′

padonmarDecember 21, 20141min16310

Dr.ခင်နွယ်ဝင်း(USA)၏ကျန်းမာရေးဟောပြောပွဲ(၅)
ဓမ္မဗျူဟာ ၁၃-၁၂-၂၀၁၄ စနေနေ့
‘နေရောင်ခံယူ ၊ အူကိုစောင့်ရှောက် ၊ အသက်ဉာဏ်စောင့်′

လူ၏ခန္ဓာကိုယ်တွင် ပြင်ပမှ မလိုအပ်သော အရာဝတ္ထုများ ကိုယ်တွင်းသို့ မဝင်နိုင်အောင် ခုခံကာကွယ်ပေးသော နေရာသုံးခုရှိပါသည်။ အရေပြား ၊ အဆုပ်နှင့် အူလမ်းကြောင်း(ပါးစပ်)တို့ဖြစ်ပါသည်။
ထိုဝင်ပေါက်သုံးခုထဲမှ မိမိဖာသာ တကိုယ်ရည် ထိန်းသိမ်းနိုင်သော အူလမ်းကြောင်းနှင့် အရေပြားကို စောင့်ရှောက်ခြင်းသည် အသက်ကိုဉာဏ်စောင့်သည်မည်ပါသည်။
၁။ အူလမ်းကြောင်း
အူသည် မိမိတို့စားလိုက်သော အစာကို ချေဖျက်ခြင်းနှင့် စုပ်ယူခြင်းအလုပ် ၂မျိုးလုပ်ပါသည်။
အူနံရံအမြှေးပါးများသည် ပြင်ပအရာဝတ္ထု (Foreign Body=F.B) များနှင့်ထိတွေ့ပါက ယောင်ရမ်းပြီး အပေါက်ကျယ်(Porex) များ ဖြစ်သွားတတ်ပါသည်။ ထိုအပေါက်ကျယ်များမှ ရောဂါပိုးနှင့် အဆိပ်ဓာတ်များ ခန္ဓာကိုယ်ထဲသို့ ဝင်သွားခြင်းဖြင့် ကင်ဆာရောဂါ နှင့် ရောဂါပိုးမွှားများကြောင့် ဖြစ်သော Infection များ ဖြစ်ပွားနိုင်ပါသည်။ အူမကြီး တဝိုက်တွင်ရှိသော Lymph Node (ပြန်ရည်ကျိတ်) များက ထိုရောဂါပိုးနှင့် Foregin Body များကို ဖမ်းယူနှိမ်နင်း ပေးပါသည်။ အူလမ်းကြောင်းတလျှောက်တွင် သဘာဝအရ ှရှိနေသော အကျိုးပြုပိုးမွှားများ (Commensals) များကလည်း ခန္ဓာကိုယ်ခုခံအား၏ 80% ကို ထောက်ပံ့ပေးထားပါသည်။
အစာကိုကျေညက်စွာ ဝါးခြင်းမရှိဘဲ မျိုချပါက မညီညာသော မျက်နှာပြင် (Surface) ကြောင့် အူက F.B ဟုထင်ကာ ချေဖျက်ရန် ယောင်ရမ်းစေသော ဓာတ်များထုတ်လွှတ်တက်ပါသည်။ ထိုအခါ အဆစ်ရောင်(Arthritis) ၊ ကျီးပေါင်းတက် (Ankylosing Spondylitis) စသည့် Autoinmune Disease များဖြစ်တတ်ပါသည်။

*ဆောင်ရန် – အစာစားလျှင် ကျေညက်လွယ်တာစားပါ။ ညက်ညက်ဝါးပြီးမှ မျိုပါ။ အစာချေအင်ဇိုင်း (Digestive Enzyme) များကို ရံခါသောက်ပေးပါ။

…………………………………………………………………………………………………………………………………………………….
၂။ အရေပြား
အရေပြားသည် နေရောင်ခြည်တွင် ပါဝင်သော Vitamin D ကို အသည်းသို့ ဖြတ်စရာမလိုဘဲ ခန္ဓာကိုယ်မှ အသုံးပြု၍ ရအောင်လုပ်ပေးပါသည်။ Vitamin D သည် စင်စစ် Vitamin မဟုတ်ပါ။ Cholesterol မှထုတ်၍ရသော Hormone ဟော်မုန်း ဓာတ်တမျိုးသာ ဖြစ်ပါသည်။Vit D သည် အရိုးတွက်သာမက ကြွက်သားများကို ပြုပြင်ပေးခြင်း၊ ကင်ဆာရောဂါ ကာကွယ်ပေးခြင်း၊ ရောဂါပိုးမွှားများကို ခုခံပေးခြင်း တို့ကိုပါ ဆောင်ရွက်ပေးပါသည်။Vit D ကို နေရောင်ခြည်အပြင် ငါးဗိုက်သား၊မှို စသည့်အစားအသောက်များမှ ရနိုင်သော်လည်း ပမာဏ အလွန်နည်းပါသည်။ Vit D ချို့တဲ့လျှင် (Hypothyroid ) Thyroid Hormone ချို့တဲ့သောကြောင့် အရေပြား ရောဂါ ၊ စိတ်ကျရောဂါ အပါအဝင် နောက်ဆက်တွဲရောဂါအများအပြား ဖြစ်နိုင်ကြောင်း ယခင်ဟောပြောပွဲများတွင် ရှင်းပြခဲ့ပြီး ဖြစ်ပါသည်။
ဤမျှအရေးကြီးသော Vit D ကို မြန်မာပြည်တွင် နေရောင်ခြည်မှ ပေါပေါများများ ရနိုင်ပါသည်။ သို့သော် အိမ်တွင်းတွင်သာ နေကြခြင်း ၊ အပြင်ထွက်လျှင်လည်း အကျႌ လက်ရှည် ၊ လုံချည်များ ဖုံးအုပ်နေသောကြောင့် နေရောင်ခြည်ပေါများသော မြန်မာပြည်တွင်လည်း Vit D ချို့တဲ့သောရောဂါ ကိုတွေ့နေရပါသည်။

*ဆောင်ရန် – (၁) နံနက် ၁ဝနာရီမတိုင်မီ နေရောင်ခြည်အောက်တွင် (မျက်နှာကို ဖုံးကွယ်၍) လက်နှင့်ခြေတို့ကို ၁၅ မိနစ်ခန့် နေပူစာလှုံ ပေးပါ။ တပတ်လျှင် ၃ ကြိမ် အနည်းဆုံးလုပ်ပေးပါ။

(မှတ်ချက်။ ။ ခရမ်းလွန်ရောင်ခြည် ထုတ်လွှင့်မှု များနေသော နေ့လည် ၊မွန်းလွဲချိန်များတွင် နေရောင်အောက် အကာအကွယ် မပါပဲ မသွားသင့်ပါ)
(၂) Vit D3 ကိုဖြည့်စွက်သောက်ပါ။ စမသောက်မီ Baseline သိအောင် (သွေးထဲမှ 25 Hydroxy Vit D3 Level ကို) သွေးဖောက်စစ်ပါ။ Vit D3 High Dose သောက်ပြီး ၂လခန့်ကြာလျှင် သွေးပြန်ဖောက်စစ်ကြည့်ပါ။ အနည်းဆုံး 40-60 ng/ml ရှိသင့်ပါသည်။ အကောင်းဆုံးမှာ 90-100 ng/ml ဖြစ်ပါသည်။ သွေးထဲတွင် 30 ng/ml အောက်သာရှိပါက ကင်ဆာရောဂါ နှင့် Bacteria, Virus Infection များဖြစ်နိုင်ပါသည်။
Vit D 100 IU နေ့စဉ်သောက်လျှင် (အူမှစုပ်ယူအားကောင်းပါက) Vit D3 1 ng/ml တက်လာပါမည်။
တနေ့လျှင် 5000 IU နေ့စဉ်သောက်နိုင်သည်။ ရောဂါရှိလျှင် Vit D 20000 IU ကို ၈ ပတ်သောက်ပြီး သွေးပြန်စစ်ကြည့်ပါ။
Vit D2 ကို ထိုးဆေးအနေဖြင့် ထိုး၍လည်း ရပါသည်။
(၃) Vit K ကိုလည်း ဖြည့်စွက်သောက်သင့်ပါသည်။ Vit K တွင် K1 နှင့် K2 ဟူ၍ နှစ်မျိုး ရှိပါသည်။
Vit K1 သည် အရွက်စိမ်းများမှ သဘာဝအတိုင်းရပြီး သွေးတိတ်အောင် လုပ်ပေးသောဓာတ်ဖြစ်ပါသည်။
Vit K2 သည် သွေးထဲမှ ကယ်လဆီယမ် Ca+ ကို အရိုးထဲရောက်အောင် ပို့ပေးပါသည်။ အရိုးပွရောဂါရှိလျှင် Vit K2 သောက်ရပါမည်။
MK4 1000 mg + MK7 100 mg တွဲထားသောဆေး သောက်သင့်ပါသည်။ အချို့ဆေးများမှာ Vit D 5000 IU+ MK4 1000 mg + MK7 100 mg ရောထားပြီးသားလည်း လာတတ်ပါသည်။
သတိပြုရန်
(၁) ကင်ဆာဆဲလ်ကို အားပေးသော သကြား ၊ အချို ရှောင်ပါ။
(၂) အချိုမှုန့် ၊ ငံပြာရည် ၊ ငါးပိ ရှောင်ပါ။
(၃) အူကျန်းမာအောင် နေပါ။ အပြင်စာများ မစားပါနဲ့။
Probiotics 20 Billion သောက်ပါ။
(၄) နေလှန်းပါ။
(၅)ကင်ဆာကာကွယ်ရန်
– Magnesium Ascorbate (Vit C)1000-2000 mg
-Mixed Tocopherol (Vit E) 800 IU
-Selenium 200 mcg
– Co Q10 100 mg (ကာကွယ်ရန်)-200 mg( ရောဂါတခုခု ရှိနေလျှင်)
– Magnesium 600 mg တို့ကို နေ့စဉ်သောက်ပါ။

10 comments

  • padonmar

    December 21, 2014 at 2:21 am

    အရင်က ရေးထားတာတွေနဲ့ မတူတာလေးတွေပဲ ရေးတော့ နားမရှင်းကြရင် မမဒေါ်ခင်နွယ်ဝင်း FB က ရှင်းလင်းချက်တွေနဲ့ တွဲဖတ်ကြပါ။ရှည်မှာစိုးလို့ ခွဲတင်ပြီးမှ တနေ့ထဲ ၂ပုဒ်ပြည့်သွားလို့ နောက်နေ့တွက် schedule လုပ်ထားလိုက်ရပါတယ်။ အပေါ်ပို့စ်ဖတ်ပြီး မရှင်းတဲ့လူတွေတွက် ကွန်မန့်အဖြစ် ကူးပေးလိုက်ပါတယ်။
    Dr.ဒေါ်ခင်နွယ်ဝင်း၏ Facebook ပေါ်မှ ရှင်းလင်းဟောပြောချက်များ
    တေ ဇော ဓာတ် နှင့် hormone များ ဆက် စပ် နေ ပုုံ
    ခေတ် မီဆေးပညာရှင်တွေက ပြောပါတယ်၊ ခန္ဓာကိုုယ် ကြီး ရဲ့ system အား လုုံး မျှတနေမယ် ဆိုု ရင် ရော ဂါ တွေ မ ဖြစ် ကြပါဘူးတဲ့။ တစ်ခုုခုု ချွတ်ယွင်းသွား ပြီ ဆိုု ရင် တနေရာရာ က ရော ဂါ တစ်ခုုခုုအ နေ နဲ့ ပေါ်လာတော့တာဘဲ။ အဲ ဒီတော့ ပေါ်လာတဲ့ ရော ဂါ မျိုး စုုံ ကိုု ဘေး ထွက် ဆိုုး ကျိုး တွေ အ လွန် များ တဲ့ ဆေး မျိုး စုုံ နဲ့ကုုမယ့် အ စား ခန္ဓာကိုုယ် ကြီးမှာ လိုု အပ် နေ တဲ့ ဓာတ် တွေကို ပြန် ဖြည့် ပေး လိုုက် မယ် ဆိုု ရင် ဖြစ် နေ တဲ့ ရော ဂါ တွေ တ ဖြည်း ဖြည်း ပျောက် သွား မှာ ဖြစ် ပါ တယ်။
    နောက် ဆုုံး မှာ တော့ ဓာတ် ကြီး ၄ ပါး ပါ ဘဲ။ မျှ တ နေ ရင် ရော ဂါ မ ဖြစ် ပါ ဘူး။ ဓာတ် ကြီး ၄ ပါး လုုံး ဟာ အကုုန် သူ့ အ လုုပ် နဲ့ သူ အ ရေး ကြီး ပေ မဲ့ တေ ဇော ဓာတ် က တော့ ခန္ဓာ ကိုုယ် ကြီး အ လုုပ် ကောင်း ကောင်း လုုပ် ဘိုု့ အ ခ ရာ ပါ ဘဲ။ အင်္ဂ လိပ် လိုု ပြော ရ ရင် ခန္ဓာ ကိုုယ် ကြီး အ တွက် Master Conductor ပေါ့။ ဒီ တေ ဇော ဓာတ် လောင် ကျွမ်း စေ ဘိုု့ မှာ hormone ဓာတ် တွေ က ဘယ် လောက် အ ရေး ကြီး လဲ ဆိုု တာ နောက် ဆက် တွဲ အ နေ နဲ့အ ခွင့် သာ တဲ့ အ ခါ၊ တင် ပြ သွား ပါ့ မယ်။
    ……………………………………………………………………………………………………………………….
    မြန် မာ လိုု ဖတ် ချင် သော မိတ် ဆွေ များ အ တွက် Vitamin D 3 အ ကြောင်း သိ ကောင်း စ ရာ ဗ ဟုု သုုတ
    ယ ခုု အ ခါ မြန် မာ ပြည် ၌ ရော ဂါ မျိုး စုုံ ထူ ပြော ပြီး ကျန်းမာ ရေး မ ကောင်း ကြ ပါ။ အ ကြောင်း မျိုး စုုံ ကြောင့် ဖြစ် ပြီး အ ရေး ကြီး တဲ့ အ ကြောင်း တစ် ခုု အ ကြောင်း တင် ပြ မှာ ဖြစ် ပါ တယ်။
    Vitamin D3 ကိုု လူ တော်တော်များများ ထင် နေ တာ က အ ရိုုး တွေ ခိုုင် ခံ့ ကျန်းမာအောင် လိုု့ ဘဲ ထင် နေ ကြ ပါ တယ်။ ဒီ vitaminဓာတ် ရဲ့ အ လွန်အ ရေး ကြီး တဲ့ အ ချက် ကိုု လူ တွေ သိပ် မ သိ ကြပါ ဘူး။ သူ က ခန္ဓာ ကိုုယ် ခုု ခံ အား ကောင်း ဘိုု့ ့ အ တွက် အ လွန် အ ရေး ကြီး ပါ တယ်။အ ရေ ပြား ကိုု နေ ရောင် ခြည် ထိ တဲ့ အ ခါ cholesterol က နေ ပြီး vitamin D3 ကိုု ထုုတ် လုုပ် လိုုက် ပါ တယ်။ ထုုတ် ပြီး ပြီး ချင်း ခန္ဓာ ကိုုယ် ထဲ မှာ အ လုုပ် မ လုုပ် နိုုင် သေး ပါ ဘူး။ အ သဲ နဲ့ ကျောက် ကပ် မှာ အ လုုပ် လုုပ် နိုုင် တဲ့ vitamin D3 ကိုု ပြောင်း ရ ပါ တယ်။
    မြန် မာ ပြည် မှာ နေ ရောင် ခြည် လုုံ လောက် စွာ ရ ပေ မဲ့ လိုု့ မြန် မာ ပြည် ရဲ့ ဝတ် စား ဆင် ယင် မှု ကြောင့် တ ကြောင်း၊ အ သဲ ရောဂါ နှင့် ကျောက်ကပ်ရောဂါ ထူ ပြောခြင်း တို့ကြောင့် တကြောင်း vitaminDဓာတ် ကိုု လုုံလုုံလောက်လောက် မ ရ ကြပါ။ မိန်းမ ယောင်္ကျား အားလုုံး ထဘီ လုုံချည် နဲ့ အောက် ပိုုင်း ကိုု အ ကုုန် ဖုုံး ထား ကြပါ တယ်။ အင်္ကျီကျ တော့ လဲ များ သော အား ဖြင့် လက် ရှည် ဘဲ ဝတ် ကြ တာ ဆိုု တော့ အ ပေါ် ပိုုင်း လည်း နေ မ ထိ ပါ။
    အ သဲ နဲ့ ကျောက် ကပ် ရော ဂါ သည် တွေ က လဲ များ တော့ vitamin D 3 ရှိ ပေ မဲ့ အ လုုပ် လုုပ် နိုုင် တဲ့ ဓာတ် ကိုု ပြောင်းဖို့ အား နည်း နေ ကြ ပါ တယ်။ပိုု ဆိုုး စေ တဲ့ အ ချက် က တော့ လူ တော် တော် များ များ ကလည်း hypothyroid ဖြစ် နေ ကြ တော့ ခုု ခံ အား သိပ် ကိုု နည်း နေကြတာ နဲ့ အ မျှ ရောဂါမျိုးစုုံဝင်တာ ခံ ကြရပါတယ်။အ သဲ ရော ဂါ ၊TB၊ B ပိုုး၊ C ပိုုး ၊ ကင် ဆာ စ သည် ဖြင့် ပေါ့။
    အကြောင်း ရင်း တစ် ခုု ကိုု သိ ရှိ နား လည် သွား ပြီ ဆိုု ရင် “ ပြင် လိုုက် ရင် သစ် သွား မှာ ပါ”
    – အ ရှင် ဆန္ဒာ ဓိက
    ……………………………………………………………………………………………………………………………….
    ဘယ်ဆီကို ဘယ်လို စားသင့်သလဲ
    မြေ ပဲ ဆီ၊ ပြောင်း ဖူး ဆီ၊ Canola oil ,Sunflower oil, Soybean oil ,Vegetable oil များ ထုုတ် လုုပ် ရာ ၌ အ စေ့ များ ကိုု အ ပူ ရှိန် အ မြင့် မှာ အ ပူ ပေး ပြီး အ ဆီ ကိုု ညှစ် ထုုတ် ရ ပါ တယ်။ Polyunsaturated oils – room temperature မှာ မ ခဲ ဘဲ liquid ဖြစ် နေ ပါ တယ်။ထိုု နောက် ဓာ တုု ဗေ ဒ ဆေး မျိုး စုုံ ကိုု သုုံး ပြီး စား သုုံး သူ ဝယ် ချင် အောင် အ ပြီး သတ် ရ ပါ တယ်။ ဒီ ဆီ တွေ ဟာ ဆီ ချေး တက် လွယ် ပြီး (rancid )ခန္ဓာ ကိုုယ် တွင်း ယောင် ကိုုင်း စေ ပါ တယ်။
    ဒီ ဆီ တွေ ကိုု ဓာ တုု ဗေ ဒ နည်း နဲ့ ပြောင်း ထား တော့ unstable ဖြစ် လွယ် ပြီးး လူ ကိုု ဥ ပါဒ် ပေး မဲ့ oxygen free radicals တွေ အ များ ကြီး ရှိ ပါ တယ်။ ပိုု ဆိုုး တာ က ဒီ ဆီ တွေ ကိုု ဓာ တုု ဗေ ဒ နည်း နဲ့ ပြန် ခဲ အောင် လုုပ် ပြီး margarine , crisco oil အ နေ နဲ့ ရောင်း တာ ဟာ ဥ ပါဒ် အ လွန် များ ပြီး နှလုုံး ရော ဂါ ၊ ကင် ဆာ၊ ဆီး ချို၊ သွေး တိုုး စ သည် ဖြင့် ရော ဂါ မျိုး စုုံ ဝင် နိုုင် ပါ တယ်။
    – ဘာ မ ဆိုု အိမ် လုုပ် တွေ ဘဲ စား သုုံး ကြပါ။ လော ဘ ဦး ဆောင် နေ တဲ့ ကုုမ္ဗဏီ ကြီး တွေ က ရောင်းတာ တွေ ရှောင် ရင်၊ သက် ရှည် ကျန်းမာ မှာ ဖြစ် ပါ တယ်။ ကျွန် မ တိုု့ ရဲ့ ခေတ် ကြီး က လုုံး ဝ ပြောင်း လဲ သွား ပါ ပြီ။ ရော ဂါ ထူ ပြော ပြီး အ သက် တိုု ကြမယ့် ကာ လ ရောက် လာ ပြီ ထင် ပါ ရဲ့။ သ တိ နဲ့ နေ ပြီး ဉာဏ် ကိုု သုုံး မယ် ဆိုု ရင် ခံ သာ ပါ လိမ့် မယ်။Olive oil ,coconut oil စား ကြ ပေါ့။ မီး ပြင်း ပြင်း နဲ့ ချက် ရင် အုုန်း ဆီ သုုံး ပြီး၊ salad အသုပ်စား ရင် သံ လွင် ဆီ သုုံး ပါ။
    …………………………………………………………………………………………………………………………………
    ဇီ ဝိ တိန္ဒြေ နှင့် ခေတ် မီဆေး ပ ညာ အ ယူ အ ဆ
    ဆေး ပ ညာ (Functional medicine – ခန္ဓာ ကိုုယ် မှာ ရှိ တဲ့ system အား လုုံး ဟာ မျှ တ နေ တာ = ကျန်း မာ ခြင်း ) က ထွက် ဆိုု တာ က၊ လူ တစ် ယောက် ရဲ့ ကျန်း မာ ရေး ဟာ အ စာ အိမ် အောက် မှာ ရှိ တဲ့အူ ရဲ့ ကျန်း မာ ခြင်း ပေါ် မူ တည် ပါ တယ် တဲ့။ အူ တွင်း မ ကျန်း မာ တဲ့ သူ ဟာ ရော ဂါ မျိုး စုုံ ဝင် ပြီး ကျန်း မာ ရေး မ ကောင်း ပါ ဘူး တဲ့။
    ဋီ ကာ ကျော် ဖတ် ရင်း နဲ့ ဘာ သွား တွေ့ သ လဲ ဆိုု တော့ မိ မိ နှင့် တကွဖြစ်ဖက် ကမ္မဇရုုပ်တွေ ရှင် သန် နေ အောင် စောင့် ရှောက် သော ကမ္မဇရုုပ်များ ၏ အ သက် သည် ဇီ ဝိ တ ရုုပ် ဖြစ် ပါ တယ်။ စောင့် ရှောက် ခြင်း မှာ အ စိုုး ရ လိုု့ ဇီ ဝိ တိန္ဒြေ လိုု့ ခေါ် ပါ တယ်။
    စိတ် ဝင် စား စ ရာ ကောင်း တာ က တော့ ဇီ ဝိ တိန္ဒြေ ဟာ( ဥ ပါ ဒိန္န ကာ ယ )တ ကိုုယ် လုုံး မှာ ရှိ တဲ့ အ ပြင် အ စာ အိမ် အောက် နေ ရာ ဖြစ် တဲ့ ဝမ်း မီး မှာ လဲ ရှိ တယ် ဆိုု တာ ပါ ဘဲ။ ဆေး ပ ညာ သ ဘော နဲ့ ကြည့် မယ် ဆိုု ရင် လူ့အ သက် စောင့် ဟာ အူ ထဲ မှာ လဲ ရှိ တယ် ပေါ့။
    အဲ ဒီ တော့ အူ ကျန်း မာ ရေး ဟာ ဘယ် လောက် အ ရေး ကြီး တယ် ဆိုု တာ ထင် ရှား နေ ပါ ပြီ။
    အူ ကျန်း မာ ချင် ရင် လမ်း ဘေး စာ တွေ ရှောင်၊ gluten ၊ နွား နိုု့ ရှောင်၊ ဟင်း ရွက် တွေ ကြိတ် သောက်၊ probiotics တွေ သောက် ပြီး ကောင်း တဲ့ ပိုုး တွေ အူ ထဲ မှာ မွေး လိုုက် မယ် ဆိုု ရင် ခုု ခံ အား တွေ လဲ ကောင်း ပြီး ဇီ ဝိ တိန္ဒြေ က စောင့် ရှောက် အား တွေ များ ပြီ ပေါ့။
    ……………………………………………………………………………………………………………………………….
    ကင် ဆာ နှင့် သ ကြား ဓာတ်
    ကင် ဆာ ဟာ သ ကြား ကိုု အင် မ တန် ကြိုုက် တယ် ဆိုု တာ သိ ခဲ့ တာ နှစ် ပေါင်း တစ် ရာ ရှိ ခဲ့ ပါ ပြီိ။ သိုု့ ပါ သော် လည်း လူ နာ အ လေး ချိန် တက် ရင် ပြီး ရော ဆိုု ပြီး ကင် ဆာ ဆ ရာ ဝန် တွေ က အ စ လူ နာ စား ချင် တာ အ ထူး သ ဖြင့် အ ချိုုု တွေ ကြွေး တာ စိတ် ပူ စ ရာ ပါ။
    သ ကြား ဓာတ် များ ရင် insulin ဓာတ် တက် မယ်၊ insulin ဓာတ် တက် ရင် အ ဆီ က လာပ် စည်း တွေ ပွား ရုုံ မ က ကင် ဆာ က လာပ် စည်း တွေ လည်း ပွား ပါ တယ်။ Insulin AMPK ( Kinase pathway ) နဲ့ ပါ။ Insulin makes cells grow including cancer cells.
    ကိုုယ် ဖမ်း ချင် တဲ့ အ ရာ ကိုု သူ တိုု့ကြိုုက် တာ နဲ့ မျှား ပြီး ဖမ်း ကြ တယ် မ ဟုုတ် လား။ ဥပ မာ ငါး ဖမ်း ချင် ရင် တီ ကောင် ကိုု သုုံး သ လိုု ဘဲ ပေါ့။ ဒီ အ တိုုင်း ပါ ဘဲ ကင် ဆာ ဘယ် နေ ရာ မှာ ရှိ လဲ ဆိုု တာ သိ ချင် ရင် လူ နာ ထဲ ကိုု သ ကြား ( radio isotope tagged sugar ) ထိုုး ပြီး ကင် ဆာ ရှာ တဲ့ Pet Scan ကိုု တွင် တွင် ကြီး သုုံး နေ ြ က တဲံ့အ ထောက် အ ထား ကိုု သာ ထောက် ရှု ပြီး ကြည့် ကြ ပါ တော့။
    အ များ ကောင်း ကျိုုုး မိုု့ အ တွေး အ ခေါ် အ ယူ အ ဆ တွေ ပြန် လည် ဆန်း သစ် စေ ချင် ပါ တယ်။ အ တွေး အ ခေါ် ဟောင်း တွေ နဲ့ အ တိတ် မှာ မ ကျန် ရစ် ပါ စေ နဲ့။
    ………………………………………………………………………………………………………………………………………………………..
    ဟော ပြော ပွဲ တုုန်း က အ လွန် အ ရေး ကြီး တဲ့ အ ချက် တစ် ခုု ပြော ပြ ဘိုု့ မေ့ ကျန် ရစ် လိုု့ ဒီ က နေ ဘဲ ပြော ပြ ပါ တော့ မယ်။
    မိ သား စုု အ လိုုက် ဆီး ချို ရော ဂါ ဖြစ် နေ တဲ့ သူ ရဲ့ က လေး တွေ က genetic predisposition for diabetes လဲ ရှိ နိုုင် တာ မိုု့ မှတ် ရန် အ ချက် က လေး တစ် ခုု တင် ပြ ချင် ပါ တယ်။
    Early diabetes ကိုု စ တင် ဖြစ် စေ တဲ့ အ ကြောင်း ( ဆီး ချို ခ လုုပ် ကိုု ပွင့် အောင် ဖွင့် တဲ့ ) ဟာ –
    ၁. နွား နိုု့
    ၂. သ ကြား
    ၃.အ ချို မှန့် တိုု့ ဖြစ် ပါ တယ်။
    က လေး တွေ ( ၁ နှစ် မှ ၁၂ နှစ် ) အ ရွယ် မှာ Vitamin D3 1000IU -2000IU တိုုက် ရင် Type 1 diabetes မှ ကာ ကွယ် ပေး နိုုင် ပါ တယ် တဲ့။ဒီ အ ချက် အ လက် ဟာ Vitamin D အကြာင်းသုုတေသနလုုပ်ပြီး ( PhD )ရ ထား တဲ့ နာ မည် ကျော် ဆ ရာ ဝန် ကြီး ရဲ့ တင် ပြ ချက် ဖြစ် ပါ တယ်။
    ခင် နွယ် ဝင်း ရဲ့ အာ ဘော် မ ဟုုတ် ပါ။

  • ဦးကြောင်ကြီး

    December 21, 2014 at 7:32 am

    အာတီဒုံဂျီးကို ဖေ့ဘွတ်မှာ အတွေ့ဒေ့ါတာ ဘာကြောင့်ရဲ…။

  • aye.kk

    December 21, 2014 at 12:21 pm

    ဗဟုသုတတွေရလို ့…
    ကျေးဇူးပါ ။ ဒေါက်တာ ပဒုမ္မာရေ။။

  • ကင်ဆာဆဲလ်ကို အားပေးသော သကြား ၊ အချို ရှောင်ပါတဲ့….

    ရွာထဲက သဂျားကိုတော့ ရှောင်လို့မြဝူးးးးး
    သူက…. အားကိုးရတယ်…အဟိ
    ဂွစ်ဂွစ်

    :k:

  • kyeemite

    December 22, 2014 at 11:23 am

    .ရှယ်ပေးတာကျေးဇူးပါအာတီဒုံရေ…ဖွဘုတ်မှာလည်းဖတ်လိုက်ရပါတယ်

  • Kaung Kin Pyar

    December 22, 2014 at 1:42 pm

    မျိုးရိုးကြောင့် ဆီးချိုဖြစ်တာ မဟုတ်ပေမယ့်….သမီးအသက် ၁၈ နှစ်လောက်မှာ မိခင်က ဆီးချိုရောဂါရှိနေရင်ရော…သားသမီးအနေနဲ့ ဆီးချိုဖြစ်နိုင်ခြေများလား အာတီဒုံ….။ ပြီးတော့ ဘာတွေများ ဆင်ခြင်သင့်သလဲ၊ ဘယ်လိုနည်းနဲ့ ကြိုတင်ကာကွယ်သင့်လဲ သိပါရစေ…။
    ဗဟုသုတ အများကြီးရလိုက်တဲ့အတွက်…ကျေးဇူးပါပဲလို့….

  • Yae Myae Tha Ninn

    December 22, 2014 at 2:03 pm

    ၁ ကနေ ၅ ထိ တခုမှကို မလုပ်ဖြစ်ဘူးဗျာ… ဒုက္ခပဲ… တခြားနည်း ရှိသေးရင် ပြောပြပေးပါဦးဗျာ… 🙂

  • Iris

    December 22, 2014 at 7:45 pm

    အလကားရတဲ့​နေ​ရောင်​ခြည်​​တောင်​မခံရတဲ့ဘဝပါ။ တစ်​ပတ်​တစ်​ရက်​​တော့ရ​အောင်​ပြန်​လုပ်​ရမယ်​။ ​နေ့ခင်​းထမင်​းစားချိန်​ပဲ အချိန်​ရတယ်​။ အဲ့အချိန်​​နေကလည်​းအရမ်​းပူလို့မျက်​လုံး​တောင်​ဖွင်​့မရချင်​ဘူး။ ရုံးထဲက​နေအပြင်​ထွက်​လိုက်​ရင်​ ​သွေးစုပ်​ဖုတ်​​ကောင်​လိုပဲ မျက်​လုံကအလင်​း​ရောင်​ကိုမခံနိုင်​ဘူးဖြစ်​​နေတယ်​။

  • uncle gyi

    December 23, 2014 at 11:06 pm

    ဒါကြောင့်လူလတ်တန်းစားနဲ့အထက်ကလူတွေရောဂါများနေကြတာ
    အောက်ခြေလူတန်းစားကတော့နေပူထဲလုပ်နေရတော့ကျမ်းမာကြတာ
    ဒါကလဲသဘာဝကပြန်ပြီးမျှခြေလုပ်ပေးတာထင်ပါရဲ့

Leave a Reply