ခြင်ပြေး အသံ(သို့) software

Yin Nyine NwayAugust 18, 20101min1176

မိုးတွင်းကာလ ရောက်လာတာနဲ့ အညီ ခြင်တွေလည်းပေါလာပါတယ်။ ခြင်နဲ့အတူဖြစ်တဲ့ ရောဂါတွေလည်း အတူပါလာပါတယ်။ ခြင်ဆေးဖျန်းတာတွေ ၊ ခြင်ဆေးခွေထွန်းတာတွေ စတဲ့ ခြင်နိမ်နင်းရေးတွေလည်း လုပ်ရပါတယ်။ အင်တာနက်ထဲမှာ ရှာကြည့်ရင်းနဲ့ Software လေးတစ်ခု သတိထားမိပါတယ်။ အဲဒါကတော့ Anti Mosquito ဆိုတဲ့ Software လေးပါ။ ခြင်နိမ်နင်းရေး Software ပါ။ ဖြစ်နိုင် မဖြစ်နိုင်တော့ ကျွန်တော်လည်း မသိပါဘူး။ ဒါပေမယ့် သူတို့ ရှင်းပြထားသလိုဆိုရင် အဲဒီ Software က အသံ တစ်မျိုး ထုတ်ပေးပါတယ်။ 16000Hz to 20000Hz ကြားက အသံကို ထုတ်ပေးပါတယ်။ အဲဒီ Frequency ဆိုရင် လူ့နားက မကြားနိုင်ပါဘူး။ ဒါပေမယ့် ခြင် အပါအဝင် အင်းဆက် တွေက ကြားနိုင်ပါတယ်။ အဲဒီ Web Site ရဲ့ အဆိုအရတော့ နားက ကြားနိုင်တဲ့ Frequency က 40HZ to 20KHZ ကြားပါ။ anti mosquito software ကို စုထားပေးတဲ့ site ကို လမ်းညွှန်ပေးလိုက်ပါတယ်။ Comments တွေလည်း တော်တော်များများရေးထားကြပြီး စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။ စမ်းကြည့်ချင်တဲ့သူတွေ စမ်းကြည့်ပြီးတော့ ဒီ Software တွေက တကယ်အလုပ်ဖြစ်မဖြစ် အကြောင်းပြန်ပေးကြပါ။

http://www.allmosquitos.com/anti-mosquito-software.html

6 comments

  • winne

    August 18, 2010 at 11:53 am

    တပ်မတော်ခန်းမ ဈေးရောင်းပွဲတော်မှာ ရောင်းနေတာတော့ တွေ့တယ် တကယ်ပြေးမပြေးတော့မသိဘူး သူငယ်ချင်းဆိုင်ကို သွားတော့ နင်ဆိုင်ကလည်း ခြင်ကိုက်လိုက်တာပြောတော့ အပေါ်ဘက် မီးခလုပ်နေရာကို လက်ညိုးထိုးပြတယ် ခြင်ပေးတာ တပ်ထားတယ်တဲ့ သေချာတာကတော့ ခြင်တိုးတဲ့ အောက်ဘက်မဟုတ်ရင် ခြင်ရှိတာသေချာတယ်

  • ရွှေသောင်ရင်း

    August 18, 2010 at 2:28 pm

    dowmload တော့လုပ်သွားပြီး စမ်းကြည့်လိုက်ဦးမယ်….တကယ်ကောင်းမကောင်းတော့ ဟုတ်မဟုတ် ပေါ့လေ…စမ်းကြည့်လို့ ကောင်းပေ့ဆိုရင်တော့ ပြန်လည်ပြီးမျှဝေပေးဖို့ တစ်ခုရတာပေါ့……ကျေးဇူးဘဲဗျာ
    နောက်လည်တင်ပေးပါဦး

  • Pyaung Gye

    August 18, 2010 at 3:43 pm

    ခြင်ကိုက်သက်သာတော့မယ်

  • alfred

    August 18, 2010 at 3:45 pm

    ကျွန်တော်လည်း စမ်းကြည့်လိုက်ပါအုန်းမယ်။ စမ်းပြီးတဲ့လူတွေလည်း အတွေ့အကြုံလေးတွေ ပြန်ပြောပေးအုန်းနော်။ တကယ်ပြေးရင် ခြင်ဆေးဖိုးသက်သာတယ်။ ကျွန်တော်တို့ အိမ်က အောက်ထပ်ဆိုတော့ ခြင်များတယ်။ 😀 တင်ပေးတဲ့လူကို ကျေးဇူးတင်ပါတယ်။ နောက်လည်းတင်ပေးပါဦး။

  • မန်း ရိပ်

    August 20, 2010 at 1:22 pm

    ခြင်ဆေးခွေမလိုတော့ဘူးကွ

Leave a Reply