ရွက်ကျ ပင်ပေါက်လို

aye.kkDecember 21, 20141min826

အရွက်ကျ ရာ…

အပင်ပေါက်လို ့….

ရွက် ကျ ပင်ပေါက်လို ့ခေါ်သတဲ့..

အဖေပြောဘူးတာ မှတ်ထားတယ်…။

စိတ်ဆိုတာ လွှတ်မထားနဲ ့….

သေရွာသွားတော့ အပါယ်လားတတ်တယ်….။

ရွက်ကျ ပင်ပေါက်ဆိုတာ..

အသုံးချတတ်ရင် ဆေးဖက်ဝင်သတဲ့….။

သိသူတွေဖော်စားပေမယ့် မသိသူတွေကျော်သွားရင်တော့ အသုံးမချတတ်ဘူးတဲ့..။

စိတ်ဆိုတာ…

အာရုံကြရာ  လျှောက်သွား…

(အပျက်)စိတ်တွေနဲ ့ကြုံ ဆုံရလို ့…

လောကနိယာမဝိနည်းတွေလည်း ပျက်စီးကြရတယ်..။

စိတ်ကိုအသုံးချတတ်ရင်….

အပျက်စိတ်ဆိုတာကို ထိန်းချု ပ်နိုင်သတဲ့…။

စိတ်ဆိုတာ အရွက်ကျရာ အပင်ပေါက်တဲ့ ရွက်ကျ ပင်ပေါက်လို …။။။

6 comments

  • aye.kk

    December 21, 2014 at 10:31 pm

    ကျေးကျေးပါ။

  • ခင်ဇော်

    December 23, 2014 at 7:52 am

    သများတို့ စတိတ်ကျောင်းတုန်းကဆို
    ကျောင်းပန်းခြံအတွက် တစ်ယောက်တစ်ပင် ယူခဲ့ခိုင်းရင်
    သများ အမြဲ ရွက်ကျပင်ပေါက် ယူသွားတယ်။
    ဝယ်ရလွယ်
    စိုက်ရလွယ်
    ပွါးလွယ်လို့ ။
    အဲဒီ အကျိုးပေးလားမသိ၊
    ခု ဘွက ရွက်ကျပင်ပေါက်ပဲ။
    ခိ။

    :mrgreenn:

  • aye.kk

    December 23, 2014 at 9:37 am

    ခင်ဇော်ရေ။
    ရွက်ကျပင်ပေါက်က
    သဲနုမြေနဲ ့ရေအစိုဓါတ်ရနေရင်
    မြေဩဇာမလို အရွက်ကိုပြန်ထိုးပြီးစိုက်ရင်
    အမြစ်ပြန်ထွက်တယ်။ချောင်းထဲက သဲနုတွေနဲ ့အပင်ရှင်သန်တယ်။
    အန်တီငယ်ငယ်က တအားစပ်စုတဲ့သူဆိုတော့…အဖေ့ကိုမေးမိတယ်။
    ဒီလောက်ပေါတဲ့ရွက်ကျပင်ပေါက်
    ရွက်ကျပင်ပေါက်က အုတ်ကြိုအုတ်ကြားမှာတောင် တွယ်ကပ်ပြီးပေါက်နေတာ
    သမီးတွေ ့တယ်ပေါ့နော်။အဖေက ဘာလို ့ စိုက်ထားတာလဲလို ့မေးတော့
    အဖေကဖြေတယ် ။ အလကား ဆိုတာ မသုံးတတ်သူတွေအတွက်က အလကား၊
    ရွက်ကျပင်ပေါက်ကို သုံးတတ်တဲ့သူအတွက်က ပိုက်ဆံကုန်စရာမလိုဘဲ အသုံးဝင်တဲ့အတွက်
    အကျိုးကျေးဇူးပြုတယ်ပေါ့နော်။အခုသမီးကျောက်သင်ပုန်းကို ရွက်ကျပင်ပေါက်နဲ ့ဖျက်ရင်
    ကျောက်သင်ပုန်းရဲ ့မျက်နှာပြင်ကနဂိုမူလရှိရင်းထက်ချောမွေ ့တဲ့အပြင် သူ ့ကထွက်ရှိတဲ့အညစ်အကြေးအမဲရေတွေလည်း သန် ့စင်လိုက်တယ် မဟုတ်လားတဲ့ အဲဒါလက်တွေ ့အကျိုးများတာဘဲဆိုပြီး အဖေကပြောပြတယ်။ဆေးဖက်ဝင်အနေနဲ ့လည်းအသုံးပြုနိုင်တယ်ပေါ့နော်။
    မသိသူတွေက အသုံးမချတတ်ပေမယ့် သိသူတွေက အသုံးချတတ်တော့ ဆေးဖက်
    ဝင်တယ်လို ့အဖေက ပြောပြဘူးတယ်။ ယခုဘဝကောင်းတယ်ဆိုတာကလည်း ယခုဘဝမှာ ကိုယ်ပြုလုပ်ခဲ့တဲ့ကြိုးစားမှုကံစေတနာ ကြောင့်ပါဘဲ ။ ဒါနအကျိုးပေးကတော့ ရောက်လေရာဘဝ တိရိစ္ဆာန်ဖြစ်ရင်တောင် သူဌေးအိမ်က သူဌေးချစ်ခြင်းခံရတဲ့ တိရိစ္ဆာန်ဘဲ ဖြစ်ရတယ် ။

  • ခင် ခ

    December 23, 2014 at 9:42 am

    စိတ် ကျ ပင် ပေါက် တွေ သန့် ပြန့် စေ ဖို့ တိုက် တွန်း တဲ့ ဒီပိုစ့် ကြိုက်တယ်ဗျာ။
    ထိထိမိမိရှိလှတယ်သလို့ အတွေးအမြင်လည်း လင်းစေတယ်လေ။

  • aye.kk

    December 23, 2014 at 1:52 pm

    ကိုခင်ခ
    အရွက် ကျ ရင်…။
    အပင်ပြန်ပေါက်တယ်…။
    စိတ်ကျရင်ပြန် ကောက်နော်…စတာပါ။

Leave a Reply