T Shirt တွေ ရပါပြီ။ ကြိုတင် ယူလို့ရတဲ့နေရာက…

alinsettDecember 22, 20143min46633

 

မင်္ဂလာပါ… ချစ်သော ရွာသူား မိတ်ဆွေများခင်ဗျားးးး

 

 

ဂဇက်တံဆိပ်ရိုက်ထားတဲ့ အမှတ်တရ တီရှပ်လေးတွေ ရပါပြီခင်ဗျ။

တစ်ထည်ကို (အထည်ဖိုး တံဆိပ်ရိုက်ခ စုစုပေါင်း)2000 ကျပ်လောက် ကျတာမို့

တစ်ထည် 2500 ကျပ်နဲ့ ရောင်းပါ့မယ်။
ပိုရောင်းထားတဲ့ အစွန်းထွက်ငွေကို ရွာ့အလှူထဲ ထည့် လှူမှာဖြစ်ပါတယ်။

တီရှပ် ယူဖို့စာရင်းပေးထားကြတာ စုစုပေါင်း ၆၃ ထည် ရှိပါတယ်။
အထည် ၇ဝ ထုတ်ထားပါတယ်။
ရ ထည် ပိုပါတယ်။

 

အခုမှ ဝယ်မယ့်မိတ်ဆွေများ အဲ့ဒီ ရ ထည်ထဲက ဝယ်ကြပါဦးနော်။

နောက်ပြီး ယူမယ်လို့ စာရင်းပေးထားသူများထဲက

မန်းလေးက အန်ကယ်ကြီး ၊

ဘုံဘုံ

မမပုချ် နဲ့ သဂျား တို့ကို ကျနော် ရန်ကုန်ကနေ ပို့ပေးလိုက်ပါ့မယ်။

(သဂျားဆီမှာ…ရယူနိုင်ပါတယ်)
လေးခ က ရန်ကုန်ကို ပွဲလာရင်းနဲ့မှ ယူမယ်ဆိုလို့ အန်တီဒုံဆီမှာ ထား ထားပါတယ်။

အန်တီ အေးကေကေ

ကိုတောတွင်းပျော်

ဂျက်စပဲရိုးနဲ့

ကို တညင်သားတို့  စာရင်းပေးထားတဲ့ တီရှပ်တွေလည်း အန်တီဒုံဆီမှာ အပ်ထားပါတယ်။
(ဘယ်လို လာယူမလဲ သိချင်ပါတယ်ခင်ဗျ။)

ကျန်တဲ့ စာရင်းပေးထားသူ မိတ်ဆွေများလည်းးးးးးးးး

တီရှပ်တွေကို

အန်တီ ပဒုမ္မာဆီမှာ ဝင် ယူနိုင်ပါပြီနော်။

 

ကျနော် နာမည်နဲ့တကွ တံဆိပ်ကပ်ပြီး ထုတ်ပိုးပေးထားပါတယ်။
ဥပမာ = ဦးပါလေရာ လေးထည်ကို ဦးပါအမည်။

အထည်ဆိုဒ် ။ အရေအတွက်. . .စသည်ဖြင့်  ရေးထားပြီး

အထုတ်ပေါ်မှာ တံဆိပ်ကပ်ထားပါတယ်။

နှစ်ထည် သုံးထည် လေးထည် ယူမယ့်မိတ်ဆွေများအတွက် တစ်ထုတ်ထဲမှာ ပေါင်းထည့်ပေးထားပါတယ်။
အထုတ်ပေါ်က နာမည်ကို ကြည့်ပြီး ယူရုံပါပဲ။

 

 

တစ်ခု ကြိုပြောချင်တာကတော့. . .
အကျင်္ ီ ဝယ်ယူရတာ လိုချင်တဲ့အသားနဲ့ ဈေးနှုန်း / ကိုက်ညီအောင် မနည်းရှာယူရပါတယ်။

ဒီကြားထဲ ဒီက အကျင်္ ီတွေက တစ်ဆိုင်နဲ့ တစ်ဆိုင် အထည်အမျိုးအစား တံဆိပ်တူရင်တောင်
ဈေးနှုန်းမတူ. . . အသားမတူ. . .
ဆိုဒ်ကလည်း ဒီဆိုင်က မီဒီယမ်ဆိုဒ်နဲ့ ဟိုဆိုင်က မီဒီယမ်ဆိုဒ် ထပ်တူ မကျပြန်ပါဘူး။

ဆိုတော့ ကျနော်တို့ ရှာဝယ်ခဲ့တဲ့ အကျင်္ ီတွေက အသားကောင်းပါတယ်။
ဈေးနှုန်းသင့်ပါတယ်။(မနည်းဈေးလျှော့ပေးဖို့ပြော ဝယ်ခဲ့တာပါ)

Size ကတော့ small ရယ်
median ရယ်
large ရယ်
XXL ရယ် ဆိုပြီးပဲ လာပါတယ်။
ကြားထဲက XL ဆိုတဲ့ ဆိုဒ် မရှိတဲ့အတွက် XL မပါပါဘူး။
(အခုယူလာတဲ့ XXL နဲ့ XL ဆိုတာလည်း သိပ်မကွာလောက်တာမို့ ဝတ်လို့ အဆင်ပြေလောက်ပါတယ်။)
ဒါကြောင့် XL စာရင်းပေးထားတဲ့မိတ်ဆွေများး ကျနော်မြင်ဖူးတွေ့ဖူးသူတွေကိုတော့ XXL သို့မဟုတ် L ထဲက သင့်တော်ရာ ရွေးထည့်ပေးထားပြီး မမြင်မတွေ့ဖူးသူထဲက XL မှာသူတွေကိုတော့ XXL ထည့်ပေးထားပါတယ်။
ဆိုဒ် သိပ်မကွာပါဘူး။

(အောင်ရဲလင်းထက်တောင် အောင်ရဲလင်းနဲ့ ပိုတူတဲ့ ”ကျနော်”ဆို မီဒီယမ်နဲ့ အဆင်ပြေပါတယ်။

ဗေလုဝထက်တောင် ဗေလုဝနဲ့ ပိုတူတဲ့ သဂျားဆို… M နဲ့ အတော်လောက်ပါပဲ ။

(နည်းနည်းတောင် ပွနိုင်သေး  ) ဦးဆာဆို L လောက်နဲ့ အိုကေပါတယ်။ ဒါက ဥပမာ။)

:k:

 

အတတ်နိုင်ဆုံး မှာထားတဲ့အတိုင်းရအောင် /

ကျေနပ်မှုရအောင် ကြိုးစား စီစဉ်ထားပါတယ်နော်။
—-

 

ဒီဇင်ဘာ ၂၂ ကနေ စပြီး ကြိုတင် ဝယ်ယူမယ့်သူများးး အန်တီဒုံဆီမှာ ဝင်ယူနိုင်ပါပြီ။

 

ကြိုတင် ဝင်ယူမယ်ဆိုရင် လိပ်စာက. . .

အန်တီ ပဒုမ္မာ @ ဒေါက်တာ ဒေါ်အေးအေးမြင့် ၊
ရန်ကုန်၊ လသာမြို့နယ်၊
ကမ်းနားလမ်းနဲ့ ၁၉ လမ်းထောင့်၊
AK ဆေးနဲ့ အထည် အရောင်းဆိုင် ဖြစ်ပါတယ်။

—————————
အန်တီ ဒုံကို မတွေ့လည်း ဂဇက်အကျင်္ ီကို မေး/ပြော ယူနိုင်ပါတယ်။ မှာထားပါတယ်။

 

ထပ်သိချင်တာ ရှိရင်

ကျနော့်ဆီဖုန်းဆက်မေးမြန်းနိုင်ပါတယ်။
အလင်းဆက်@မောင်သူရ
09 317 86 861 ဖြစ်ပါတယ်။

 

1
တီရှပ်ပုံကြီးကြားမှာ…နာမည်တွေတပ်နေတာ.. လူတော့မပြတော့ဘူး။လန့်မှာစိုးလို့။ ဂွစ်ဂွစ်

 

 

 

 

 

 

 

 

 

 

 

 

 

2
တီရှပ်ရဲ့ အရှေ့ခြမ်း

 

 

 

 

 

 

 

 

 

 

 

3
တီရှပ်ရဲ့နောက်ကျောဘက်။ စာသားက ခဲရောင်လေးပါ။

 

 

 

 

 

 

 

 

 

 

 

 

 

 

ညာဘက်လက်က-ရွာလင့်ခ်လေး
ညာဘက်လက်က-ရွာလင့်ခ်လေး

 

 

 

 

 

 

 

 

 

 

 

 

 

t shirt
ဒါက ဖိုတိုရှော့နဲ့လက်ဆော့တာ..

 

 

 

 

ချစ်ခင် လေးစားလျက်….

 

အလင်းဆက် @မောင်သူရ

ဒီဇင်ဘာ ၊ ၂၁ ၊ ၂၀၁၄ ( မနက်စာ ထမင်းမစားလိုက်ရတဲ့နေ့) အဲလေ… တနင်္ဂနွေ

 

:k:

 

 

:k:

 

 

33 comments

  • Wow

    December 22, 2014 at 8:39 am

    အဖြူလေးတွေ လှ…
    သွားယူလိုက်မယ် :kwi:

  • ခင်ဇော်

    December 22, 2014 at 8:44 am

    ဟုတ်။
    လာမှပဲ ဝတ်ကြည့်တော့ မယ်။
    တော် ပါ့မလားဟမ်??

    :kwi:

    • မမဂျီးအတွက် L ထင်တယ်။
      ဖယ်ထားတာ။ နာမည်တွေ ဆိုဒ်တွေ ရေးရတာများတော့ မမှတ်မိတော့ဘူး။
      L ဆိုတာလည်း မမဂျီးနဲ့တော်လောက်ပါတယ်။
      တကယ်လို့မတော်လည်း အပိုကျန်တဲ့ ရ ထည်ထဲမှာ xxl လေးထည် ပါသဗျ

      😆

  • Kaung Kin Pyar

    December 22, 2014 at 9:38 am

    လှတယ်ဟေ့….အဖြူနဲ့ ခဲနဲ့…..။
    ဆက်ဆက်ကို ချီးကျူးတယ်….။ ကိုယ်ပိုင်ချိန်လေး နည်းနည်းထဲက ရွာကိစ္စတွေအတွက် လုံးပမ်းပေးလို့…..။
    သွားယူလိုက်ပါ့မယ်…။ ၁၉လမ်းက ကောင်းကင်ပြာနဲ့တော့ နည်းနည်းလမ်းထောက်တယ်…..။ သို့သော်…အကျီင်္လေးကို တော်တော်သဘောကျလို့….ဒီလအတွင်းလောက် သွားယူဖြစ်အောင် သွားယူလိုက်ပါ့မယ်…..
    ကျေးဇူးပဲ အလက်ဆင်းရေ….

    • တကယ် လှတယ်ဗျ။
      ဒီပိုစ့်ထဲက ပုံတွေက ကျနော့် ဖုန်းစုတ်လေးနဲ့ရိုက်ထားတာ ပုံထွက် သိပ်မကောင်းလို့။

      အမှန်က အဖြူဆွတ်ဆွတ်လေး
      အဲ့ဒီပေါ်မှာမှ ရှေ့ခြမ်းမှာ ဒေါင်းရုပ်ကို ခပ်သေးသေး
      ဆိုတော့ အနက်ထင်းထင်းလေးနဲ့
      ယဉ်တယ်ဗျ။

      အနောက်ခြမ်းကျတော့ စာသားတွေ နည်းနည်းများလို့ အနက်ထင်းထင်းကြီးဆိုရင် ပြူးပြဲထွက်နေမှာစိုးလို့
      အနောက်က စာသားတွေကို ခဲရောင်လေး လုပ်လိုက်တယ်
      ဒါလည်း ယဉ်သွားတာပဲဗျ

      ညာလက်က http://www.myanmargazette.net ဆိုတာလေးကိုလည်း ခဲရောင်လေးပဲ ရိုက်ထားတယ်။
      ဆိုတော့ တော်တော် တွဲစပ်မိတယ်။
      ကျနော်တော့ အားရကျေနပ်မိတယ်။

      —–
      ဒါက ကျနော်တစ်ယောက်ထဲရဲ့ အစွမ်းအစတော့ မဟုတ်ပါဘူးဗျာ
      အမှန်တော့ ကျနော်က ဘာမှလုပ်တာမဟုတ်
      ဟိုတယောက် ဒါလေးလုပ်ပေးပါ
      ဒီတယောက် ဒါလေး ကူပါဦး
      ဟိုတယောက် ကျနော်နဲ့လိုက်ပေးပါဦးဆိုပြီး အကူအညီပတ်တောင်း
      ကူနိုင်သူတွေက ကူကြ
      ဒါပဲ
      အားလုံး ပေါင်းစုလို့ ရလာတဲ့ ရလဒ်လေးပါ။
      တစ်ပါတ်အတွင်း အချိန်မှီလေး ရလာအောင်
      တစ်နင်္ဂနွေနှစ်ရက်တော့ ကိုယ့်အရေးထက် အကျင်္ ီအရေး လိုက် လုပ်ရတာလေးပါပဲ။

      :k:

      အခုတော့လည်း အမောပြေနေပြီဗျာ

      😆

  • kyeemite

    December 22, 2014 at 10:41 am

    .ကြိုးပမ်းမှုလေးအရာထင်သွားပြီပေါ့..ဝမ်းသာပါတယ်
    .ဒီကြာထဲမရောက်ဖြစ်ရင် အဲ့နေ့မှပဲယူပါတော့မယ် 😆

    • ဟုတ် ဦးကြီး
      အချိန်တော့မှီပါတယ်။
      တံဆိပ်ရိုင် လုပ်ငန်းဘက်ကို ဖုန်းတဂွမ်ဂွမ်ဆက်ပြီး မြန်မြန်ရအောင် လုပ်ခိုင်းထားတာလေ
      အထည်တွေ တံဆိပ်ရိုက်ပြီး ရပြီဆိုတော ့ အထည်တွေကိုကြည့်ပြီး ဝမ်းသာလိုက်တာ

      အဲ့ဒီတွေ့ဆုံပွဲနေ့ကျ ဆင်တူလေးတွေ ဝတ်ထားကြတာကိုမြင်ရင်
      ဝမ်းသာရဦးမှာ

      😆

  • aye.kk

    December 22, 2014 at 10:57 am

    လှတယ်။
    xxl ၂ထည်ပါနော် ။ ပိုက်ဆံက ငွေလွှဲပေးရင်ရမလား သိချင်မိပါတယ် ။
    လွှဲတာလက်ခံရင် လွှဲလိုက်ပါ့မယ်။
    ရန်ကုန်လာဖြစ်ရင် ယူမယ် မလာဖြစ်ရင်တော့ သိမ်းထားပေးစေချင်ပါတယ်။

    • အန်တီအေး ရေ
      အထည်ဖိုးငွေက အဲ့လို အလောတကြီး မယူသေးပါဘူးခင်ဗျ။
      အထည် လာယူတော့မှပဲ ပေးခဲ့ပါနော်။
      ငွေကြိုမလွှဲပါနဲ့။

      လူကြုံရှိရင်သာ အထည်ယူဖို့ဆက်သွယ်ပါခင်ဗျ။
      မယူမချင်း အန်တီဒုံဆီမှာ သိမ်းထားပေးမယ်နော်။
      အေးဆေးပါ။

  • ခင် ခ

    December 22, 2014 at 1:44 pm

    အန်တီဒုံကိုတော့ အားနာရတော့မယ်။
    ပွဲလာတက်ရင်းယူဖြစ်ဖို့များတယ်ဆိုတော့ ပွဲနေ့မှာ အန်တီဒုံ အင်္ကျ ီကိုယူလာရပေအုံးမှာပေါ့လေ။

    • ကြိုပြီး လာယူကြတာတွေ
      ကျနော်ပို့ပေးတာတွေနဲ့ လူကြုံမရှိမချင်း သိမ်းထားပေးရမှာတွေ ဖယ်လိုက်ရင်
      ပွဲနေ့မှ ယူမယ့် အထည်တွေ ကျန်ပါမယ်။

      အန်တီဒုံက ပွဲကို ယူလာပေးရမှာပေါ့။
      အထုတ်ကြီးတကားကားနဲ့ အန်တီဒုံ ပင်ပန်းမှာကိုလည်း
      ကျနော် မကြည့်ရက်ပါဘူး။
      ပွဲရက် နီးရင် ကျနော် ကူသယ်တဲ့အနေနဲ့
      အန်တီဒုံဆီက လက်ကျန်တွေကို သွားယူလိုက်မယ်လေ။
      ကျနော် သယ်လာမှာပေါ့။

      😆

  • CharTooLan

    December 22, 2014 at 2:50 pm

    အောင်တျဲလင်း ရေ………..
    နာ့အင်းကျီလေး နီသက်သက်သိမ်းထားတာလားဟမ် 🙂

  • lu lu

    December 22, 2014 at 4:28 pm

    တစ်ထပ်လောက်ဝယ်ချင်တာ ဆက်ဆက် ရေ
    ဘိုလုပ်ရမဲ
    🙁

    • ယူချင်ရင်… ချန်ထားပေးမယ်လေ.. ။
      ဆိုဒ်ကတော့ L နဲ့ XXL နှစ်မျိုးပဲ..ကျန်တော့တယ်။

      ဆိုတော့…
      လူကြုံရှိလား..
      ဘယ်လို လာယူမလဲ..
      ဒါမှမဟုတ်… ပို့ပေးရမှ ဖြစ်မှာလား…
      အဲဒါလေး… စီစဉ်ကြတာပေါ့…

      😆

      • lu lu

        December 23, 2014 at 10:12 am

        လူကြုံမရှိ
        L&XXL ဆို ဝတ်မရ ကြီးလွန်းတယ်
        သများက သေးသေးလေး
        ဆိုတော့
        လက်လျော့လိုက်ပါပြီ

        • ကျနော် ဝတ်ဖို့ ယူထားတဲ့ M တစ်ထည် တော့ရှိတယ်။
          မဝတ်ရသေးဘူးလေ။
          ကျနော် L နဲ့ လဲဝတ်လိုက်မယ်။
          နည်းနည်း ခပ်ပွပွပေါ့

          ဆိုတော့ ဘယ်လို ပို့ပေးရမလဲ
          ဒါမှမဟုတ် ရန်ကုန် လာဖြစ်မလား
          ဒါမှမဟုတ် လူကြုံရှိမှ လာယူဖို့ သိမ်းထားပေးရမလား။

  • Ma Ma

    December 22, 2014 at 6:14 pm

    ရွာ့အရေးကို အားကျိုးမာန်တက်ကြိုးစားပေးထားတာ…
    သာဓု သာဓု သာဓု 🙂

    • ကျေးဇူး..တီမမ…
      တီမမ မှာထားတဲ့ အကျင်္ ီတွေလည်း…အန်တီဒုံဆီမှာ..ရှိနေတယ်နော်။
      နာမည်နဲ့…တွဲထားပြီးသား…

      😆

  • kai

    December 23, 2014 at 3:06 am

    ကြည့်ရတာ.. အဲဒီတီရှပ်ရှိတဲ့သူတွေကို.. CJ ID ထုတ်ပေးရမယ်ထင်..။
    နံပါတ်ကို… ရွာသူားခံယူတဲ့ရက်လနှစ်လို့.. သတ်မှတ်မယ်လို့..။ :k:

    • လုပ်လိုက်လေ
      ကြာသလားလို့. . .

      :k:

      သဂျီးဖို့ နှစ်ထည်
      XXL တွေ ပါဆယ်ထုပ်ထားတယ်။
      ဟိုပုလင်းနဲ့ လဲမယ်
      အဲ ယောင်လို့. . .
      လူကြုံရှိလား မေးတာ

      :k:

    • CharTooLan

      December 24, 2014 at 10:23 am

      အာ့ဆိုကျော်တို့က အသက်ကျီးပီး အချိန်မစီး ဖစ်ဒေါ့မယ် 🙁

  • တောင်ပေါ်သား

    December 23, 2014 at 12:37 pm

    လဆန်းလောက်မှ အာတီဒုံဆီ သွားယူ အဲ အဲ သွားဝယ်ပါ့မယ် 🙂

    • သဘောပါ….ဦးရီးတော်…
      အချိန်ကတော့..မှီပါတယ်။
      တူတော်တို့တတွေ… ကြားထဲ အချိန်မှီအောင်… စီစဉ်ထားလိုက်နိုင်ပါတယ်..

      😆

  • uncle gyi

    December 23, 2014 at 10:45 pm

    ဒါဆိုမနက်ဖြန်ခါရပြီပေါ့

    • ဒီနေ့(ဒီဇင်ဘာ ၂၄) မနက်မှာ
      ဦးရီးတော် အန်ကယ်ကြီးအတွက် နှစ်ထည်
      အစ်မတော် ပုချ်အတွက် တစ်ထည်
      ညီတော် သဂျားအတွက် သုံးထည်
      ညီမတော် ဗုံဗုံအတွက် တစ်ထည်
      စုစုပေါင်း ရ ထည်ဟာဖြင့်
      မန်းရွှေမြို့တော်ဆီရောက်ပါပြီ။

      ဂိတ်ကနေ သွားယူပေးတဲ့ ညီတော် သဂျားဆိုရင်
      ရတာနဲ့ ဝတ်ပြီး FB မှာ (လူမလှပေမယ့် အကျင်္ီ အလှနဲ့)တရွရွ ဖြစ်နေလေရဲ့

      :k:

      သဂျားနဲ့ ချိတ်ပြီး ယူလို့ ရအောင် စီစဉ်ပေးထားပါတယ် ဦးရီးတော်နဲ့ အစ်မတော် / ညီမတော်တို့ရေ. . .

  • “ဘီလူးကြီး”ogre

    December 26, 2014 at 4:39 pm

    ကျွှန်တော်ကော လာဝယ်လို့ရပါသလားခင်ဗျ
    စာရင်းတော့ ကော့မက်မှာပေးထားပါတယ် 🙂

    • စာရင်းထဲမှာ ပါသမျှတော ့ပါဆယ်ထဲ ထုပ်ထားခဲ့တယ်ခည ။
      နာမည်နဲ့ တကွ…
      ဆိုတော့… အန်တီဒုံဆီ မှာ.. သွားရောက် ရယူနိုင်ပါကြောင်းးးး

      😆

  • manawphyulay

    December 27, 2014 at 2:54 pm

    မနောအတွက်ကော စာရင်းထဲမှာပါလားဟင်

    • ပါ ပါ့ဗျာ… ။
      အန်တီ ပဒုမ္မာဆီမှာ.. မမမနောဖြူရဲ့ နာမည် ကပ်ထားတဲ့ အထုပ်ကို အဆင်သင့် ယူရုံပါပဲနော့… ။

      တစ်ခုတော့…တောင်းပန်ပါရစေ… ။
      စမောဆိုဒ် မလွယ်လို့… မီဒီယမ်ဆိုဒ်လေး ထည့်ပေးထားတယ် ။
      သိပ် မပွလောက်ပါဘူးနော်.. ။
      အဆင်ပြေမယ်လို့ ထင်ပါတယ်

      နည်းနည်းတော့ ခွင့်လွှတ်ကြဗျ… ။

      စာရင်းတွေ ပေးကြတာ.. ဖေ့ဘုတ်ရော..
      ဖုန်းနဲ့ရော..
      မေးလ်နဲ့ရော..
      ရွာထဲရော.. ဆိုတော့…
      ကျနော်တစ်ယောက်ထဲ.. စာရင်းလိုက်ကောက်ပြီး ..မှတ်ရသားရတာ..
      ပြီးတော့..အဲဒီ စာရင်းတွေအတိုင်း… အန်တီဒုံဆီမှာ..ထိုင်ပြီး..ရေးဟယ် ကပ်ဟယ်လုပ်ရတာလည်း..
      ကျနော် တစ်ယောက်ထဲပဲ…
      (အဲဒီ စာရင်းတွေ အတိုင်း ဆိုဒ်တွေ အထည်အရေအတွက်တွေ ခွဲထည့်တာ တစ်ညနေအချိန်ကုန်တယ်။
      ဒါတောင် အဲဒီနေံက..သူငယ်ချင်းတစ်ယောက်ကို ကူဖို့ ခေါ်လာလိုက်ရသေး.. ။)

      ဆိုတော့….
      ကျနော်လည်း မအားတဲ့ ကြားက…
      တတ်နိုင်သလောက် အဆင်ပြေအောင် လုပ်ပေးထားပါတယ်လို့…
      တကယ်လို့ပေါ့လေ…
      အဆင်မပြေတာလေးများ..လိုသွားတာ ပိုသွားတာလေးများ ရှိရင်…
      နားလည် ခွင့်လွှတ်ပေးစေလိုပါကြောင်းးး

      😆

  • uncle gyi

    December 28, 2014 at 8:20 am

    မနေ့ကသကြားဆီကယူပြိီးပါကြောင်း

    • တီရှပ်ကလေး ဝတ်ပြီး…ရန်ကုန် ပွဲကို အရောက်လာမယ်ဆိုရင်ဖြင့်…
      ဝမ်းသာစွာ..တွေ့ချင်မိပါကြောင်းးး

      😆

Leave a Reply