ဒီနှစ် ခရစ်စမတ် – This X-mas

ဇီဇီDecember 26, 20143min20719

ဒီနှစ် အော့ချာ့ ကို ဓာတ်ပုံမရိုက်ဖြစ်ဘူးး…
Gardens By the Bay ကို ၂ ခေါက်သွားတယ်။ ဟို ပိုက်ဆံပေးရတဲ့ အတွင်းထဲထိ မဝင်တော့ဘူးး။
အပြင်က သစ်ပင်ပုံစံ အဆောက်အဦးတွေ မီးထွန်းတာ လှတယ်ဆိုလို့ သွားကြည့်တာ။

.

.
အစကတော့ သိပ်မထင်ထားဘူးး။
လူကလည်း အရမ်းများတယ်။ အဲဒီနေရာကဖရီးဆိုတော့ ကွကိုယ် ရေတစ်ဘူးနဲ့ မုန့်နဲ့ ၈ နာရီတစ်ခါ ထွန်းမဲ့ မီးကို ထိုင်စောင့်နေတာ။
စောင့်ရတဲ့ အချိန်ကုန်မှန်းမသိ မွသဲနဲ့လည်း ချက်နေသေးတာဆိုတော့ မီးတွေ အားလုံး မှောင်သွားပြီး သီချင်းသံ စတော့ မှ ဘာလဲပေါ့။

🙄

 

.
အဲဒီ အဆောက်အဦးခြေရင်းမှာ စပီကာတွေနဲ့ ပတ်လည်ဆိုတော့ အတော်ကျယ်တယ်။
အဲဒါနဲ့ ဘေးဘက်ကို ကြည့်လိုက်တော့ သူများတွေက အဲဒီ ကျောက်ခုံပေါ်မှာပက်လက်လေးတွေ။
ဪ။ သူတို့က အတွေ့အကြုံများသဟဲ့။ လိုက်လုပ်မှ ဆိုပြီး ကင်မလာလေးချိန်ရက်နဲ့ အိတ်ပေါ် ခေါင်းအုန်းပြီး လှဲအိပ်လိုက်တယ်။

:mrgreenn:

.

.
ခရစ်စမတ် သီချင်းတွေနဲ့ မီးရောင်တွေ ကစားသွားတာကို ……..
အောက်က ကျောက်ခုံတွေကနေ ပက်လက်လေးတွေ အိပ်ပြီး ကြည့်ရတာ။
အသံ နည်းပညာရယ်၊ လျှပ်စစ်မီးရယ်ကို ကစားသွားတာရယ် ပေါင်းလိုက်တော့….
ကိုယ်တိုင် ဒစ်စနေက ရိုက်တဲ့ ကာတွန်းအယ်နီမေးရှင်း မူဗီတွေထဲ ရောက်သွားသလို ခံစားရလို့။ နောက် ၉ နာရီ တစ်ခေါက်ကို ဓာတ်ပုံမရိုက်တော့ ပဲ အပြည့်အဝ ခံစားခဲ့တယ်။

:chit:

နောက်တစ်ရက်လည်းထပ်သွားတယ်။
ကိုယ့်ကိုယ်ကို ဒစ်စနေးလန်းထဲက မင်းသမီးလို့ အထင်ရောက်လို့ ကောင်းလို့။
ဟေးဟေးဟေးးး

 

:mrgreen:

 

IMG_3290

 

IMG_3291

 

IMG_3292

 

IMG_3293

 

IMG_3302

 

IMG_3304

 

IMG_3308

 

IMG_3310

 

IMG_3316

 

IMG_3325

 

IMG_3326

 

IMG_3328

 

IMG_9472

 

IMG_9486

 

IMG_9495

 

IMG_9620

 

IMG_9625

 

IMG_9627

 

IMG_9629

 

IMG_9630

19 comments

  • Kaung Kin Pyar

    December 26, 2014 at 2:19 pm

    နေပြည်တော်က ရေပန်းဥယျာဉ်လဲ အိုက်အတိုင်းပဲ…..
    :k:

    • ခင်ဇော်

      December 29, 2014 at 11:59 am

      မရောက်ဖူးတော့ မသိဘူးတော့။

      :k:

  • ခင် ခ

    December 26, 2014 at 2:34 pm

    ခရစ်ယာန်ဘာသာသက်ဝင်ယုံကြည်ကြကုန်သော ရွာသူသားများကို ဘုရားသခင်ကောင်းချီးပေးကာ စောင့်ရှောက်တော်မူပါစေ။

    • sorrow

      December 27, 2014 at 11:58 am

      -သာဓု..သာဓု သာဓု ပါဗျာ..ဘုရားသခင်လဲ တူတူရှိပါစေ …
      ..ပုံ .ကချင်.အော်လွန်ဒိုဘလွန်း

    • ခင်ဇော်

      December 29, 2014 at 11:59 am

      ကြိုက်တတ်ရင်တော့ လှတယ်ထင်သကွဲ့။
      မြန်မာ မုန့်ဈေးတန်းတော့ လွမ်းသားးး

      😆

  • မြစပဲရိုး

    December 27, 2014 at 12:59 am

    WHAM! LYRICS
    “Last Christmas”

    [Chorus (2x):]
    Last Christmas
    I gave you my heart
    But the very next day you gave it away.
    This year
    To save me from tears
    I’ll give it to someone special.

    Once bitten and twice shy
    I keep my distance
    But you still catch my eye.
    Tell me, baby,
    Do you recognize me?
    Well,
    It’s been a year,
    It doesn’t surprise me
    (Merry Christmas)

    လှလိုက်တာ ဇီကလေး။
    လျှပ်စစ်ည ပေါ့။
    ဒါကတော့ L ခွန်းရီ ဆိုတာ။ lol:-))

    ဒီမှာတော့ မီးရောင်ကြည့်ဖို့ထက် အစား ကိုများ ပိုသန်ကြလားမသိ။
    Christmas Dinner က ပိုအရေးပါသလိုဘဲ။ :))

    • ခင်ဇော်

      December 29, 2014 at 11:57 am

      ဟုတ်။။
      အရီးရေ။
      မီးထွန်းတဲ့ သီချင်းထဲမှာလည်း ဒီ သီချင်းပါတယ်။
      ကျနော်ကြိုက်တဲ့ သီချင်းထဲမှာလည်း ဒီ သီချင်းပါပါတယ်။
      ခေါင်းစဉ်ကို စဉ်းစားလိုက်တော့ ဒီ သီချင်းကို သတိရပြီး ဆင်တူရိုးမှားပေးတာပါ။

      သများကတော့ မီးရောင်အောက်ကို ဝင်မိပါတယ်။
      လူပြက်တွေနဲ့တော့ မတွဲရသေးပါဘူးးး
      ဟေးဟေး

      :mrgreen:

  • ဦးကျောက်ခဲ

    December 27, 2014 at 10:57 am

    တောက်စ် … Wham! – Last Christmas Lyrics. လေးဆိုပြမို့ အရီးဦးသွားပြီ..
    ကျောက်စ်တို့တော့ ကျေးဇူးတော်ချီးမွမ်းပြီး ကြက်ပေါင်း နို့ခေါက်ဆွဲချက်စားတယ်…
    ကောင်းမှ… ကောင်း :k:

    • ခင်ဇော်

      December 29, 2014 at 11:55 am

      ဟွန့်။
      တွေ့လိုက်တယ်။
      အကြောင်းပြချက် အမျိုးမျိုးနဲ့စားနေတဲ့ ၂ ယောက်။။

      :sar:

  • kai

    December 27, 2014 at 2:36 pm

    ခရစ်ကို စမတ်…တာ.. လပ်စ်ဗေးဂတ်စ်မှာ.
    အခု..ဂရန်းကင်ညွှန်နားမှာ..
    သဘက်ခါကတော့..ဆီဒိုနားမှာ..
    ဒီနှစ်…ခရီသွားဖြစ်.. :k:

    • ခင်ဇော်

      December 29, 2014 at 11:54 am

      ၂၀၁၄ အစ်(စ) တဂျီး ခရီးသွားနှစ်။.

      :k:

  • manawphyulay

    December 27, 2014 at 4:50 pm

    ခရစ်စမတ်အလှကို ခံစားပြီးပြန်တော့ နယူးရီးယားအလှကို စောင့်လို့ တဖန် နေပြန်ပေါ့….

    • ခင်ဇော်

      December 29, 2014 at 11:53 am

      ဒီနှစ် နယူးရီးယားက စလုံးမှာ စည်မှာ။
      ၂၀၁၅ က သူတို့ နှစ် ၅ဝ ပြည့် နိုင်ငံတော်ပွဲတွေရှိတယ်။
      အကြီးအကျယ်ပဲ၊။
      မနာလို့ တာ။
      :mrgreenn:

  • La Yeik

    December 29, 2014 at 11:35 am

    နယူးရီးယားလည်း ပုံလေးတွေတင်ပေးပါအူး မမဂျီး…ကိုယ်တိုင်ရောက်သွားသလိုကို ခံစားရတဲ့ ဓါတ်ပုံရိုက်ချက်လေးများကို စောင့်မျှော်လျှက်ပါ….

    • ခင်ဇော်

      December 29, 2014 at 11:52 am

      ခိခိ။
      နရူးရီးယားတော့ ကြောက်ရို့ ဘယ်မှာ မသွားပဲ အိမ်မှာပဲ သောက် (အဲလေ) အိမ်မှာပဲ နေမလားလို့။

      :k:

  • kyeemite

    December 29, 2014 at 1:17 pm

    .လှပါပေ့ဗျား…ရန်ကုန်မှာတော့ ခရစ္စမတ် သိပ်လှုပ်လှုပ်ရှားရှားမတွေ့မိ…သီချင်းသံတောင်သိပ်မကြားလိုက်ဘု
    .နယူးရီးယားလည်း ဒီလိုပဲတိတ်တဆိပ်ပြီးသွားမယ်ထင်မိတယ် :p:

    • ခင်ဇော်

      December 29, 2014 at 1:22 pm

      အသေအပျောက်နည်းနည်းနဲ့ နှစ်ကူးရင်ကို မဆိုးပါဘူးလေ

      :p:

Leave a Reply