သုံးမည်ရ ပုံပြင်လေးပါ။

aye.kkDecember 22, 20141min1406

စောင်းပြောရွာ၊ မြောင်းပေါရွာ၊ ဇောင်းတောရွာဆိုတဲ့

သုံးမည်ရတဲ့ ပုံပြင်လေးပါ ရွာသားတို ့ရေ..။

ဟိုးရှေးတုန်းက ရွာတစ်ရွာမှာ၊

အသိ ဆင်ခြင်တုံညဏ်နည်းပါးကြတဲ့သူတွေ နေထိုင်ကြတယ်တဲ့။

တစ်ဦးနဲ ့တစ်ဦး  ဖြောင့်ဖြောင့်မတ်မတ် မရှိကြဘဲ

စကားပြောရင်လည်း အစောင်းအငေါ့တွေနဲ ့ပြောဆိုတတ်ကြလို ့

စောင်းပြောရွာ ဆိုပီး  အမည်နာမ တွင်သတဲ့ ။

မေတ္တာတရား လည်း ခေါင်းပါးကြပြီး တစ်ယောက်ပေါ် တစ်ယောက်တွက်ကပ်ပြီး နေနေကြလို ့

ရွာလမ်းက ဆိုးပြီး ချိုင့်ဝှမ်းတွေ မညီမညာနဲ ့ မြောင်းတွေဖြစ်ပြီး မြောင်းတွေပေါလို ့

မြောင်းပေါရွာ ဆိုပီး ခေါ်ကြပြန်သတဲ့။

မကြာခဏ ဆိုသလို  ခြေချော်လဲပီး ထိခိုက် ဒဏ်ရာတွေရရှိကြသတဲ့ ။

အဲဒီရွာက ကံဆိုးချင်ပြန်တော့ ရာသီဥတုကလည်း ပူပြင်းပြီး တစ်ဇောင်းဆူးပင်တွေသာ ပေါလို ့

ဇောင်းတောကြီးဖြစ်နေလို ့ဇောင်းတောရွာလို ့လည်း ခေါ်ဝေါ်သမုတ် တွင်ပြန်သတဲ့။

အဲဒီရွာသားတွေ ထင်းရှာထွက်တာ ထင်းတော့ ရှာမရဘဲ၊

တဇောင်းဆူးပင်တွေကို  လွတ်အောင်မရှောင်နိုင်ကြလို ့ တဇောင်းဆူးတွေနဲ ့ ငြိပီး

အဆိပ်တက်တာ ကိုသာ ခံစားကြရတယ်တဲ့ ။။

ပုံပြင်လေးကိုကြည့်ရင်…

ဆင်ခြင်တုံတရားနည်းပါးတာ တွေ ့ကြရမှာပါ။

စောင်းပြောရွာ

မြောင်းပေါရွာ

ဇောင်းတောရွာ ဆိုပီး သုံးမည်ရတဲ့  ပုံပြင်လေးပါ ။။

6 comments

  • aye.kk

    December 22, 2014 at 8:19 pm

    ဗလာမြို ့လေး….
    ဖြစ်တော့မယ်ဆိုလား…..သိပါဘူး
    တူတော်မောင် အလင်းဆက်ရယ် ။။

  • ခင်ဇော်

    December 23, 2014 at 7:46 am

    ဇောင်းချမ်းချဉ် စားချင်ထာ…

    :sar:

  • ခင် ခ

    December 23, 2014 at 9:16 am

    ငါးမည်ရတာ ပြည်ရွှေဘို
    သုံးမည်ရတော့ ဘာလိုလို။

  • aye.kk

    December 23, 2014 at 9:48 am

    ခင်ဇော်ရေ။
    ဇောင်းရမ်းပင်ကဆေးဖက်ဝင်တယ်
    လေးဖက်နာရှိရင် အစိမ်းကိုရေစင်အောင်ဆေးပီး စားရင် ချက်ခြင်းသက်သာတယ်။
    အန်တီမိဘတွေ ဇောင်းရမ်းပင်ကို ဆေးဖက်ဝင်တယ်ဆိုပြီး ခြံထဲမှာ စိုက်ထားတယ်။
    ဇောင်းရမ်းသီးယိုကတော့ အမေကအမြဲထိုးစားတယ်။
    အန်တီတို ့လည်းကြိုက်နှစ်သက်တယ် ။ ကျွေးချင်မိပါတယ်ခင်ဇော်ရေ။။
    အန်တီအခုနေတဲ့မြို ့မှာလည်း ဇောင်းရမ်းသီး အလွယ်ဝယ်လို ့ရတယ် ။
    စင်္ကာပူမှာတော့ စတားဖုသီးခေါ်မှာပေါ့နော် ။။
    ဟိုတစ်ဇောင်းဆူးပင်တွေက တော့ အန်တီတို ့မိဘတွေရဲ ့ခြံပတ်ပတ်လည်မှာ ခြံစည်းရိုးတလျောက် စိုက်ထားတာ
    ငယ်ငယ်က မိဘတွေက အိမ်နောက်ဖေးခြံတံခါးတွေ သော့ခတ်ထားရင် မလွယ်ပေါက် ဖောက်ပြီး ခိုးထွက်တာ
    တစ်ဇောင်းဆူးတွေနဲ ့ငြိလို ့ အဆိပ်တက်ခံရတာ သေအောင် ခံစားခဲ့ဘူးတယ် ..။။။

  • aye.kk

    December 23, 2014 at 9:49 am

    ကိုခင်ခရေ
    ရယ်စရာပုံပြင်လေးပါ။
    ဒီသုံးမည်ရက ဘာမှအသုံးမကျဘူးနော်။။

Leave a Reply