ကိုအေးချမ်းနိုင်နဲ့…စကားနည်းနည်းပါးပါး.

kaiMarch 7, 20101min670

ပြီးခဲ့တဲ့ သောကြာနေ့(မတ်လ၅)ညက ကိုအေးချမ်းနိုင်တယောက် နော်ဝေးကနေ အယ်လ်အေကိုရောက်လာပါတယ်။ စွစ်ဇာလန်မှာ ထထောက်နားပြီး ၁၂နာရီတောက်လျှောက်လေယဉ်စီးလာရတာမို ့ပင်ပန်းသွားပုံရတဲ့ သူ့ကို အင်တာဗျူးဖို ့အချိန်မရပါဘူး။ ဗိုက်တော့ ဆာနေမှာပဲထင်ပြီး အယ်အေက ဗမာတွေအစားများတဲ့ ”Noodle World ”ဆိုတဲ့ဆိုင်မှာပဲ ချိန်းလိုက်ပါတယ်။ စားရင်းသောက်ရင်း စကားပြောဖို ့ကြမယ်ပေါ့။

သူတည်းမဲ့အိမ်က ကိုကျော်ဝဏ္ဍ၊မမိုးချိုသင်းတို့အိမ်ဖြစ်ပါတယ်။ အဲဒါကြောင့် သူတို့စုံတွဲကပဲ လေဆိပ်သွားကြိုပြီး လိုက်ပို ့ပေးကြတာဖြစ်ပါတယ်။ထုံးစံအတိုင်း သူတို့ရဲ့ ”မိုး”ဆိုင်လေးကို စောပိတ်ပြီး သွားကြိုကြတာပါ။
ကိုအေးချမ်းနိုင်ဟာ နော်ဝေလူမျိုးတယောက်နဲ့အိမ်ထောင်ကျလို ့…ကလေး၃ယောက်ဖခင်ဖြစ်နေပြီး သူ့ကိုရုတ်တရက် ကြည့်ရင် ရိုးရိုးအေးအေးဟန်နဲ့ ဖြစ်ပါတယ်။
ဆံပင်တွေဖြူနေပြီး မြန်မာနဲ့ သိပ်တောင်မတူတော့ပါဘူး၊မြန်မာပြည်ကထွက်လာတဲ့ ၁၈နှစ်လောက်မှာ အအေးပိုင်းနိုင်ငံမှာအနေများတာမို ့..လားတော့ မသိပါ။

စကားတွေ ၁နာရီလောက်ပြောကြဆိုကြတာမှာ ဒီနေ့လုပ်မဲ့ အော်စကာပွဲအတွက် သိပ်တော့မမေးဖြစ်လိုက်ပါဖူး၊ မန္တလေးဂေဇက်နဲ့က ဒီဗွီဘီကဆိုရင် မသီတာတယောက်နဲ့ပဲ တွေ့ဖူးတာမို ့တယောက်နဲ့တယောက်မိတ်ဆက်ရင်း အလာဘ သလာဘတွေများသွားတယ်ဆိုပါတော့။
အော်စကာတင်ကြိုရခြင်းရဲ့ ခံစားမှုလေးပြောပြပါလို ့တော့ မေးဖြစ်ခဲ့ပါတယ်။
သူက..
အော်စကာရသည်ဖြစ်စေမရသည်ဖြစ်စေ အားလုံးအတွက်ပါပဲ။ မြန်မာပြည်ကိုလူတွေပိုသိသွားတာ အင်မတန်ကောင်းပါတယ်။ ပြည်တွင်းက သတင်းထောက်တွေ ထောင်ကျခံ၊ အနစ်နာခံပြီး၊ စုပေါင်းလုပ်ကြတာ၊ ရိုက်ထားတာ ကမ္ဘာကသိသွားမှဖြစ်ပါတယ်လို့ပဲ ခပ်တိုတိုပြောသွားပါတယ်လို့။

ဆက်ရေးရရင်..
အော်စကာဆုပေးပွဲဆိုတာ အလွန်ကြီးကျယ်တဲ့ ပွဲကြီးပါ။ ရုပ်ရှင်၊ဗီဒီယိုလောကမှာ အကြီးဆုံးဆုပေးတဲ့ ပွဲဖြစ်ပါတယ်။ ဒီလိုပွဲကို မြန်မာတွေ တင်ကြိုစာရင်းရွေးခံရပြီး ပွဲတက်ဖို ့ဖိတ်ကြားခံရတာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
ဆုရသည်ဖြစ်စေ မရသည်ဖြစ်စေ ဂုဏ်ယူစရာတော့ ဖြစ်လို့နေပါပြီ။
အမေရိကန်နိုင်ငံခြားရေးပေါ်လစီအရ low profile ထားခံနေရတဲ့ မြန်မာ့နိုင်ငံ့အရေးတွေဟာ ပေါ်လစီထည့်သွင်းစဉ်းစားလေ့ရှိတဲ့ အော်စကာဆုပေးသူတွေကို လွှမ်းမိူးလေ့ရှိပါတယ်။ အဲဒါကြောင့် ဆုနဲ့လွဲချင်လွဲပါလိမ့်မယ်။
လွဲလည်း သိပ်ဂရုမစိုက်မိတော့ပါ။
မြန်မာတွေရိုက်တဲ့ ဒီကားဟာ အော်စကာတင်ကြိုစာရင်းထဲပါပြီး အရွေးခံထားရတယ်ဆိုတာတော့ သမိုင်းသက်သေဖြစ်လို့သွားပါပြီ လို့ပါပဲ..။

တကယ်တော့ …သတင်းထောက်တယောက်(Kenji Nagai
)ကို သေနတ်နဲ့ပစ်သတ်လိုက်တာ ဗီဒီယိုသတင်းထောက်တယောက်ရဲ့ ဗီဒီယိုနဲ့ အမိအရ ရိုက်ထားလိုက်နိုင်တာက သမိုင်းကျန်ရစ်ဖြစ်နေပါတယ်။ ဒီအချက်က အော်စကာဆုရွေးချယ်ပေးရမဲ့သူတွေကို သတိပြုမိချင်စရာတော့ ဖြစ်နေပါလိမ့်မယ်။ အဲဒီအချက်နဲ့တင် ဆုဟာရထိုက်ပါတယ်။

ဆုရ၊မရ ဒီညမှာ တီဗီထိုင်ကြည့်နေရယုံသာရှိပါတော့တဲ့အကြောင်း…..