” မတူညီသော တူသောအချိန် “

ခင္ခDecember 23, 20141min16716

” မတူညီသော တူသောအချိန် “

 

ရုတ်ရုတ် ရုတ်ရုတ်

သုတ်သုတ် သုတ်သုတ်နဲ့

ပြေးကာ လွှားတချက်

သွားလာကြတဲ့

လူသူတွေများ

ဘာဖြစ်ကြလဲ

စပ်စုကာကြည့်

ခြေဆုံရပ်မိ

မြင်ရဘိတယ်

မြို့လယ်ရန်ကုန်ဝယ်

ရုံးဆင်းအလုပ်ဆင်း

ပြန်ချိန်သာတည်း။

 

ထိုထိုချိန်နဲ့

မတိမ်းမယိမ်း

ရောက်မိတောရွာ

မြင်ကွင်းမှာက

အိမ်ရှေ့ကပြင်

မြေသလင်းတွင်

ဝိုင်းကာစုဝေး

လက်ဆုံကြသေး

ရေနွေးလေးသောက်

ဆေးလိပ်ကယ်ဖွာ

လက်ဖက်ကိုစား

နေသူများစွာ

အေးဆေးလှတယ်ကွာ။

 

ခင်ခ။

16 comments

  • Kaung Kin Pyar

    December 23, 2014 at 9:45 am

    🙂
    ရွာဓလေ့ကတော့ ရရာနဲ့ တင်းတိမ်တယ်နော်…လေးခ….။
    ဒါပေသိ သူရို့လဲ မနက်လေးနာရီလောက် ထ၊ ထမင်းကြမ်းအဝစားပြီး…ကောက်စိုက် ပျိုးနှုတ်တော့ လုပ်ကြတာပါပဲ….

    • ခင် ခ

      December 23, 2014 at 12:27 pm

      ဒီလိုလဲတွေးလို့ရတယ်ဗျ
      သူတို့ဆီမှာ အလုပ်အကိုင်အခွင့်အလမ်းက ကောက်စိုက် ပျိုးနုတ် စပါးလေ့ ဆီကြိတ် ဒီလောက်ဘဲဆိုတော့လဲ အေးရာအေးကြောင်း နေကြဟန်ပါဘဲလေ။

  • Yae Myae Tha Ninn

    December 23, 2014 at 10:14 am

    သို့သော် ရွာဓလေ့က သေနတ်အပစ်ခံရတာ စိတ်မကောင်း… 🙁

    • ခင် ခ

      December 23, 2014 at 12:29 pm

      မတူရင် မတုနဲ့ဆိုတဲ့စကားလည်းရှိတယ်လေဗျ။
      ယှဉ်မရတာကို အတင်းဆန္ဒပြနေတော့လဲ ခံရုံရှိတော့မှာပေါ့လေ။
      ပေးလျှော်တုန်းက ရသလောက်ယူလိုက်ရင် အဲဒါ အရှုံးထဲကအမြတ်ပေါ့။

  • aye.kk

    December 23, 2014 at 10:31 am

    အေးချမ်းတဲ့တောရွာဓလေ့
    ပျော်မွေ ့မိဘူးတယ်။
    မွေးစားအဖွားတွေက
    ကေလာသတောင်ခြေရင်းက ဝင်းကဆိုတဲ့ကျေးရွာ
    ကရင်တောမှာနေကြတာ အေးချမ်းသလားမမေးနဲ ့
    ခြံယာလုပ်စားကြပေမယ့် ဝမ်းတစ်ထွာအတွက် အပူပင်မရှိသလို
    အေးချမ်းစွာနေထိုင် စားသောက်ကြတယ် ။
    သီးပင်စားပင်စုံလင်စွာနဲ ့၊ ဘာတစ်ခုမှဝယ်ချမ်းစားတာမတွေ ့ရဘူး။
    ငါးဆိုလည်း စမ်းချောင်းလေးထဲမှာ မျှားပီးစားတယ် ။ ပျော်စရာကောင်းတယ်။။

    • ခင် ခ

      December 23, 2014 at 12:31 pm

      ဟုတ်တယ်ဗျ သူတို့က ဝယ်စားရတယ်ဆိုတာ မရှိသလို လတ်လတ်ဆပ်ဆပ်လေးလည်းစားရတယ်လေ။

  • Kaung Kin Pyar

    December 23, 2014 at 11:38 am

    ကရင်တွေက အိုက်လိုပဲ အန်တီအေး….။ စိတ်သဘောကောင်းပြီး အေးချမ်းတယ်…..ခုခိ..ခုခိ…
    :mrgreen:
    :mrgreen:
    :mrgreen:

    • တောင်ပေါ်သား

      December 23, 2014 at 11:42 am

      နာတို့ ကချင်တွေလည်း အေးချမ်းချင်ပါတယ်ကွယ်

      • ခင် ခ

        December 23, 2014 at 12:32 pm

        ကရင်ကော ကချင်ရော ရခိုင်ရော ဘာရော ညာရော အကုန်ငြိမ်းချမ်းကြရင် အလွန်သာယာဖွယ်ပေါ့ဗျာ။

  • ခင်ဇော်

    December 23, 2014 at 4:28 pm

    စိုက်စရာ လယ် မရှိတော့လို့လားဟင်?

    :h:

  • မြစပဲရိုး

    December 24, 2014 at 2:05 am

    မြို့လည် လဘက်ရည်ဆိုင် တွေ၊ စူပါမာ့ကက် တွေ၊ စားသောက်ဆိုင် တွေ မှာ အချိန်ပြည့် လူတွေ ဒင်းကြမ်းပါဘဲ ကိုခ ရယ်။

  • La Yeik

    December 24, 2014 at 11:21 am

    ရွာလေးဒွေလဲ အခု မငြိမ်းချမ်းတော့ပါဘူး အူးခရယ်…. 🙁

    • ခင် ခ

      December 24, 2014 at 3:02 pm

      La Yeik ရေ ဟုတ်တယ်နော် ရွာတွေလဲ အခက်တွေ့ကြရပြီ။

    • ခင် ခ

      December 24, 2014 at 3:50 pm

      အချိန်အား ရရင် ရွာ အလည်ပြန်ပေါ့ဟ

  • အတွေးလေး

    December 27, 2014 at 1:54 pm

    ရွာမှာ က ကိုယ့်ယာ သူ့ ယာ အလှမ်းဝေးလှတာမဟုတ်တော့ သုတ်သုတ် လည်းသွား/ပြန် စရာ မှမလိုပဲလေ

Leave a Reply