Tokarev ( Rage )

ကုိ ထြဋ္December 23, 20142min27860

Rage2014film

“ကိုယ်ပြုသမျှကံ

ပဲ့တင်သံ

ကိုယ့်ထံပြန်ရောက်လာလိမ့်မည်။”

– ကားနာမည်လေးက Tokarev(Rage) (The Past Never Stays Dead) တဲ့… ကျွန်တော်ကတော့ အရိပ်ဆိုးဆိုတာ ထပ်ချပ်မကွာ လို့ ဘာသာပြန်လိုက်ချင်ပါတယ်…

– (မှတ်ချက်။  ။ မောင်ဘလှိုင် မမြင်စေရ) 🙂

– မင်းသားက နီကိုးလတ်စ်ကေ့ချ် ( ကျွန်တော် နှစ်သက်သော မင်းသားများထဲမှ တယောက်) … နာမည်က ပေါလ်တဲ့… လုပ်ငန်းရှင်တယောက်ပေါ့…

– မိန်းမ ငယ်ငယ်ချောချောလေး တယောက် လဲယူထားသေးတယ်….

– မိန်းမနဲ့ အသက်မတိမ်းမယိမ်း သမီးတယောက်ရှိသေးတယ်…. မြန်မာကားထဲမတော့ မိထွေးနဲ့ ကွိုင်တာနဲ့ တကားဖြစ်တယ်… ခုကတော့ မဖြစ်ဘူး…

– အဲဒီသမီးလေးမှာ ချစ်သူကာင်လေးလဲရှိတယ်… ဒါလဲ ပြသာနာမဟုတ်သေးဘူး…. အေးဆေးပဲခွင့်ပြုထားတယ်….

– တညပေါ့… ပေါလ်တို့ လင်မယားက ညစာစားပွဲသွား… သမီးဖြစ်သူနဲ့ သူ့ကောင်လေးရယ်… ကောင်လေး သူငယ်ချင်းရယ်… ကျန်ခဲ့ကြတယ်…

– အဲညမှာပဲ သူ့သမီး ပြန်ပေးဆွဲခံလိုက်ရတယ်….

– ရဲက ပြန်ပေးဆွဲရင် ဖုန်းဆက်လာလိမ့်မယ်တဲ့… စောင့်တယ်… ဖုန်းမလာဘူး…

– ပေါလ်က စောင့်နေရတာ ကြာတယ်… ရဲတွေထက် သူက ပိုမြန်တယ်ဆိုပြီး… သူ့ ရောင်းရင်း လက်တွဲဖော် ၂ ယောက်ကို ဆက်သွယ်ပြီး ရှာကြတယ်… သတင်းအစ အန တောင် မကြားရဘူး….

– ရက်နည်းနည်းကြာတော့ အလောင်းကို တောထဲမှာတွေ့တယ်… သေနတ်ပစ်ခံထားရတယ်… ကျည်ဆံက  ရုရှားမာဖီးယားဂိုဏ်းက ကြိုက်တဲ့ အန်းတိတ်သေနတ်ကျည်ဆံ ဖြစ်နေတယ်…

– သူ့ရောင်းရင်း ၂ ယောက်ဆိုတာ တချိန်က ဆိုးဖော်မိုက်ဖက်တွေ …. အရိပ်ဆိုးတခုကို အတူတူဖန်တီးခဲ့ကြဖူးတယ်လေ…. အဲဒါက ရုရှားမာဖီးယားဂိုဏ်းသားတွေကို သူတို့ လုပ်ကြံခဲ့ဖူးတယ်…

– ဒီတော့…. ဒီတော့…. လက်စားချေမယ်… သတင်းစုံစမ်းမယ်ဆိုပြီး လုပ်လိုက်ကြတာ….

– တကယ်တမ်း လူသတ်တရားခံက ?????….. ရင်နင့်စရာ ဇာတ်လမ်းလေးပါ…

– အရိပ်ဆိုးဆိုတာ ထပ်ချပ်မကွာ လို့ ကျွန်တော် နာမည်ပေးထားတာလေး နဲ့ လိုက်တယ်ဆိုတာ ကြည့်ပြီး သိပါလိမ့်မယ်…

– ဇာတ်သိမ်း မပြောဘူး ဆိုတာ… ကြည့်နေရင်း သို့လော.. သို့လော ဖီလင်လေးပေးချင်လို့ပါ… ကားပြီးမှ မပြောပြတဲ့ ဇာတ်သိမ်း ခံစားချက်ရမှာမို့ပါ….

 

Following the kidnapping and murder of his daughter (Aubrey Peeples), a reformed criminal (Nicolas Cage) returns to his old ways to exact vengeance.

 

ထွေလာလင့်  Rage

ဇာတ်လမ်း အပြည့်အစုံ Rage

 

စာကြွင်း။  ။ ကားလေးက တကယ်ကောင်းလို့ ကြည့်စေချင်လို့ အညွှန်းလေးတင်လိုက်တာပါ… လိုတာရှိရင် ခွင့်လွှတ်ပါ….

 

 

ရေမြေ့သနင်း

60 comments

  • တောင်ပေါ်သား

    December 23, 2014 at 12:24 pm

    မရဘူး အခွေပါဝယ်ပေးပါ 🙂

  • Yae Myae Tha Ninn

    December 23, 2014 at 12:59 pm

    ဟုတ်… ဦးမျိုး… တွေ့ဆုံပွဲကျရင် ကြည့်ချင်သူတွေပြော.. အနော် အခွေကူးလာပေးမယ်… 🙂

  • Kaung Kin Pyar

    December 23, 2014 at 1:48 pm

    ဇာတ်လမ်းအကျဉ်းနဲ့တင် အတော်စိတ်ဝင်စားစရာ ဖြစ်နေပြီ..ကိုထွဍ်ရေ……။
    မင်းသားကလဲ Face Off ကတည်းက ကြိုက်တဲ့ မင်းသား…
    အခွေဘယ်က ဝယ်လဲပဲ သိချင်တော့တယ်….
    ခုတစ်လော အခွေတွေ ပျောက်ချက်သားကောင်းနေတာရယ်…..။ အရင်မြင်နေကျ Shopping Center တွေမှာတောင် မတွေ့ဘူး….။
    အခွေဘယ်က ရှာလို့ရမယ်သာ ညွှန်ပါအူး…
    ကက်ပတိန်ဖီးလစ် နောက်ပိုင်း ကားကောင်းတွေ မကြည့်ဖြစ်လို့….

    • Yae Myae Tha Ninn

      December 23, 2014 at 3:11 pm

      အခွေတွေက အခုတလော စီမံချက်ရှိတယ် ထင်တယ်… ကြည့်မြင်တိုင်မှာလဲ ဝယ်မရဘူး… ကောင်းကင်ပြာရေ…ဆိုင်ရှင်နဲ့သိတော့ ကပ်တိုးလေး ဝယ်ရတယ်… ဟီး…ပန်းဆိုးတန်းမှာတော့ အပြိုင်အဆိုင်ရောင်းနေကြတာ တွေ့တယ်… အရင် BAK နားမှာ… 🙂

    • Yae Myae Tha Ninn

      December 23, 2014 at 3:14 pm

      ဟုတ်တယ်… အောင်မိုးသူ… အကိုလဲ ကြိုက်တယ်… သူဆေးစွဲနေတဲ့ ရဲ အဖြစ် သရုပ်ဆောင်တဲ့ကား ရှိသေးတယ်.. တော်တော်ကောင်းတယ်… ကားနာမည်တော့ မှတ်မိတော့ဘူး… ဟီး… 🙂

      • ကြောင်ဝတုတ်

        December 23, 2014 at 3:21 pm

        အဲ့ရုပ်ရှင်နာမည်က Bad Lieutenant
        မင်းသမီးက အီဗာမန်းဒပ်နဲ့….

        ခင်မင်လျက်-
        ဖက်ဖက်ကက်

        • Yae Myae Tha Ninn

          December 23, 2014 at 3:28 pm

          ကျွမ်းလိုက်ချည်လား… ဖက်ဖက်… ကျေးဇူးဗျာ… အခွေတော့ ရှိတယ်.. သူချည်းပဲ စုထားတာ ၁၆ ကားထင်တယ်… 🙂

        • ဖားသက်ပြင်း

          December 23, 2014 at 11:21 pm

          အီဗာမန်​ဒပ်​မှတ်​ထားတာပါဗျာ
          ဒီလူကြီးက မင်​းသမီး​ချော​ချော ​တောင်​့​တောင်​့ဆို
          စီးရီးစ်​လိုက်​​လေ့လာတာကလား

    • Yae Myae Tha Ninn

      December 23, 2014 at 3:17 pm

      အခွေဌားမယ်လေ… ဆက်ဆက်.. ဒေါင်းရင်ကြာသေး… 🙂

  • ကြောင်ဝတုတ်

    December 23, 2014 at 2:35 pm

    အဲဒီကားရဲ့ လှည့်ကွက်လေးက နောက်ဆုံးလေးမှပါ….
    အဲဒီလှည့်ကွက်လေးကြောင့် တစ်ကားလုံးရဲ့ Themes ပြောင်းသွားတယ်…
    ဇတ်လမ်းအခြေပိုခိုင်သွားတယ်…

    ဒါနဲ့စကားမစပ်….
    DVD အငှားဆိုင်ဖွင့်ပါ့မယ်…
    DVD9 ချည်း အခွေ တစ်ထောင်ကျော်….
    အရုပ်အသံ… HD or HD Ready Quality အမှန်ရှိပါတယ်…
    ခေတ်များကောင်းလို့ အိမ်ပိုင်တစ်လုံးရရင် ကိုယ်ပိုင် Home Theater လုပ်မလို့ရည်ရွယ်ပြီးစုထားတာ…
    အိမ်ကဖြစ်မလာသေးတော့ DVD ငှားဆိုင်ပဲဖွင့်ရင်ကောင်းမလားစဉ်းစားနေတာ…
    ဘီလိုလဲ… တစ်ခွေ တစ်ရက်ငှား (၂၀၀) ပြန်လာမပေးရင် ရွာထဲမှာတက်အော်တောင်းမယ်….ခိခိ

    ခင်မင်လျက်-
    ဖက်ဖက်ကက်

    • ခင်ဇော်

      December 23, 2014 at 2:38 pm

      နာ့ အရင် သိမ်းထားပေးရမား??

      :k:

      • ကြောင်ဝတုတ်

        December 23, 2014 at 2:59 pm

        သိဝူးလား… ကျုပ်က ရုပ်ရှင်သရဲလေ….
        http://www.imdb.com ထဲမှာဝင်ကြည့်… ကောင်းမယ်ထင်တာလေးကို
        မှတ်ထားပြီးကို လိုက်ရှာကြည့်တဲ့သူ…
        တစ်နေ့ အိမ်မဝယ်နိုင်သေးလဲ အခွေဆိုင်ဖွင့်စားလို့ရတယ်ပေါ့ဗျာ….ဟီး…

        ခင်မင်လျက်-
        ဖက်ဖက်ကက်

        • Yae Myae Tha Ninn

          December 23, 2014 at 3:37 pm

          ကော်မန့်က ရှည်ရင် ဘာလို့မသိ… ပလုံပလုံ လုပ်တင်းသွားတယ်… အခွေလိုချင်ရင် ပြောလေ… ဖက်ဖက်.. အရင်က ခိုးကူးဘာသာပြန်ပေးဖူးတော့ အော်ရီချင်တယ်တွေ ရှိတယ်.. ဘာသာတော့ ပြန်ရသေးဘူး.. သို့သော် အကြည်… 🙂

      • Yae Myae Tha Ninn

        December 23, 2014 at 3:33 pm

        ဆရာမကြီးရော ကြည့်ပြီးပလား.. ဇီဇီ… 🙂

        • ခင်ဇော်

          December 23, 2014 at 4:23 pm

          မကြည့်ရသေးဝူးး
          ဟိ။
          သူ့ကို ကြည့်ရမှာ စိတ် မပါ။
          ဟိ။
          တို့က ဂျော် မှ။
          အဲ။
          ဂျော်နီဒက် ကို ပေါဒါဘာ။
          ဟိ

          :k:

    • Yae Myae Tha Ninn

      December 23, 2014 at 3:33 pm

      ဟုတ်တယ်… ဖက်ဖက်ရေ… ဒါကြောင့် ဇာတ်သိမ်းကို လျှိုထားတာ… ပျိုးခဲ့သမျှ အထွဋ်အထိပ်က ဇာတ်သိမ်းပိုင်းမှာကိုး… ကိုယ်သာဆို ပစ်သတ်မိမှာ… 🙁

    • ဖားသက်ပြင်း

      December 23, 2014 at 11:28 pm

      အိုဇာဝါ မာရီယာက ၁၀၀
      အအိုးအိ ဆိုးလ က ၁၀၀
      အိချိနိုဆဲ့ က ၁၀၀
      နတ်​ချာနပါက ၁၀၀
      ​လေဲးကို ခီတဂဝ က ၁၀၀
      ဟုမ်​းမိတ်​ က ၄၈၈

      ကျုပ်​ရှင်​က ၁၂ကား​လောက်​ပဲပါတာပါဗျာ

      အားဟိ

      • Yae Myae Tha Ninn

        December 24, 2014 at 9:20 am

        ဆောရီးနော်.. ဂီ… အနော် နားမလည်လို့ ရှင်းပြပေးပါလား…
        အိုဇာဝါ မာရီယာက ၁၀၀
        အအိုးအိ ဆိုးလ က ၁၀၀
        အိချိနိုဆဲ့ က ၁၀၀
        နတ်​ချာနပါက ၁၀၀
        ​လေဲးကို ခီတဂဝ က ၁၀၀
        ဟုမ်​းမိတ်​ က ၄၈၈ ဆိုတာကို… 🙂

        • Yae Myae Tha Ninn

          December 24, 2014 at 10:54 am

          အော်… အဲသလို…. 😀

  • kyeemite

    December 23, 2014 at 3:30 pm

    .ကိုယ်ကြိုက်တဲ့မင်းသားပါပဲ..ကြည့်ဖူးတယ်

    • Yae Myae Tha Ninn

      December 23, 2014 at 3:39 pm

      ၂၀၁၄ ကတည်းက ထွက်တာဆိုတော့ ကြည့်ဖူးလောက်ကြမှာပါ… အခုကတော့ လုံးဝ အကြည်ဗျ… ဦးမိုက်ကြည့်တာ အနောက်ဆို အခွေဌားမယ်လေ… 🙂

  • CharTooLan

    December 23, 2014 at 3:36 pm

    အိုက်မင်းသားအိုယီး မကျိုက်ဝူး 🙁

  • Yae Myae Tha Ninn

    December 23, 2014 at 3:41 pm

    မဆိုးပါဘူး.. ချာတူးရယ်… သဘာဝ မင်းသားလို့တောင် ပြောရမလားပဲ… သဘောကျတယ်… Face Off တုန်းက လူဆိုးဆိုပေမယ့် သဘောကျခဲ့တာ… 🙂

  • ကြောင်ဝတုတ်

    December 23, 2014 at 3:45 pm

    ၁၉၉၈ ခုနှစ်ကထွက်ခဲ့တဲ့ City of Angels ဆိုတဲ့ရုပ်ရှင်….
    ရှာလို့ရရင် ကြည့်လိုက်စမ်းပါ… ကျုပ်အခွေတစ်ထောင်ကျော်ထဲမှာရှိတယ်… တစ်နေ့ရှာပေးမယ်…
    အခုခေတ်စားနေတဲ့ တွိုက်လိုက်တို့…သနားတယ်….
    နီကိုးလစ်ကေ့ချ်ရဲ့ အချစ်ကား…. So Romantic…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

    • black chaw

      December 24, 2014 at 4:10 pm

      အတော် စောစောပိုင်း 1991 က ရိုက်ခဲ့တဲ့
      Zandalee ဆိုတဲ့ ရုပ်ရှင် မကြည့်ဖူး ရင် Nicolas Cage ပရိသတ်လို့
      လုံးဝ မပြောနိုင်ပါဘူး။
      မင်းသား အဖြစ် မအောင်မြင်ခင်က ရိုက်ခဲ့တဲ့ NC ရုပ်ရှင်လို့
      ပြောကြတာပဲဗျာ။
      Erika Anderson ဆိုတဲ့ မင်းသမီး နဲ့ အချစ်ခန်းတွေ ကြည့်ပြီးသွားရင်
      တစ်လလောက် မျက်စိထဲက ထွက်မယ်မဟုတ်ဘူးလို့
      ကြိုသတိပေးထားပါရစေ။
      နိုင်ငံခြားက ပြန်လာသူတစ်ယောက်က လက်ဆောင်ပေးလို့
      ကြည့်ဖူးတာပါ။
      Erika Anderson ဆိုတဲ့ မင်းသမီးရဲ့ ဘော်ဒီ အလှအပတွေကိုပါ
      ခံစားချင်ကြသူများ ဘလက်ချော ထံ မှာ
      အော်စစ်စစ် ကို ရနိုင်ပါကြောင်း။
      အော်…အပုတ်ကောင်တွေ ရုပ်ဆောင်နေကြပါလားကွယ်…။
      :k:

      • Yae Myae Tha Ninn

        December 24, 2014 at 4:38 pm

        အဲဒီ အပုတ်ကောင်တွေ တဆိတ်လောက်ဗျာ.. လေးဘလက်… :k:

  • Yae Myae Tha Ninn

    December 23, 2014 at 4:25 pm

    ဟုတ်… အွန်လိုင်းက အမြည်းကြည့်လိုက်မယ်… ဖက်ဖက်… ကျေးကျေး… အနော်လဲ အရင်က အခွေတွေ အများကြီးပဲ… အော်တွေချည်းပဲနော်.. အင်္ဂလိပ်ကားတွေ ဖမ်းတယ်ဆိုတာ နဲ့ ကြောက်ပြီး အိမ်ကြည့်လောက်ပဲ ထားလိုက်တာ… သူငယ်ချင်းတယောက်က ကူးစက်နဲ့ အစိခံလိုက်ရတာကိုး.. လန့်တာပေါ့… 😀

  • Yae Myae Tha Ninn

    December 23, 2014 at 4:30 pm

    ဂျော်နီဒတ်လဲ အနော်ကြိုက်ပါတယ်… သူ့ကားတွေ အကြောင်းတင်ပါဦးမယ်… ဇီဇီ… 🙂

  • kai

    December 23, 2014 at 4:46 pm

    အိမ်မှာက.. ကေဘယ်ယူထားတာ.. ကေဘယ်တီဗီတွေကဲလာလိုက်တာ… ရုံမှာတင်နေတဲ့ကားကိုပါ.. အိမ်ကနေ.. ဒေါ်လှ၈ဒေါ်လာနဲ့ကြည့်လို့ရနေပြီဗျ..။
    ရုံကျကားကတေ့ာ.. ၆ဒေါ်လာ..။

    ဆိုတော့..
    ဖက်ဖက်ကက်အလုပ်စိတ်ဝင်စားရင်.. အဲလိုမျိုးလုပ်လေ…။
    ရှယ်ရာပါမယ်..။ :k:

    • Yae Myae Tha Ninn

      December 24, 2014 at 8:54 am

      ၈ ဒေါ်လာဆို ၈၀၀ဝကျော်တောင် ဘုရားဘုရား.. အဲလောက်တော့ မကြည့်နိုင်တော့ဘူး.. ရုံမှာဆိုတမျိုးပေါ့… ပြီးတော့ အပိုင်ရတာလဲ မဟုတ်… အခွေလုပ်တုန်းက အော်တခွေ ၁ သောင်းခွဲပေးဝယ်ပေမယ့် ပိုက်ပိုက်ပြန်ရသေးတယ်…. 🙂

    • ကြောင်ဝတုတ်

      December 24, 2014 at 9:33 am

      လုပ်ချင်တာပေါ့ သူကြီးရာ….
      ကျုပ်များ အခွင့်အရေးရှိရင်…. iTune Store Myanmar ကို ပန်းသီးကနေယူပြီး Run ချင်သား….

      ခင်မင်လျက်…
      ဖက်ဖက်ကက်

      • Yae Myae Tha Ninn

        December 24, 2014 at 10:58 am

        အနော်ကတော့ ဖေ့စ်ဘွတ်လိုမျိုး တခု ပိုက်ဆံပေးရပါစေ… အင်ဖော်မေးရှင်းရှယ်… ဆက်သွယ်လို့ကောင်း တဲ့ ကွန်ယက်တခု လုပ်ချင်တယ်… အခုဆို လူမသန့်တော့ဘူး.. ကလေးအစခွေးအဆုံး သုံးပြီး ဆဲချင်သလိုဝင်ဆဲတဲ့ သူတွေကို ကန့်သတ်ချင်တာ… 🙁

      • kai

        December 24, 2014 at 3:43 pm

        လုပ်ရင်ဖြစ်ပါတယ်..။ အခုလုပ်ကြည့်နေပါတယ်..။
        အခြေအနေကောင်းရင်.. သံချောင်းခေါက်ပါ့မယ်..။

        ဆိုတော့..
        သာမာန်.. ရုံမှာသွားကြည့်ရင်.. တကား ၁၂ဒေါ်လာကနေ.. ၂ဝအထိရှိတယ်လေ..။
        အိမ်မှာ.. တီဗီကောင်းကောင်းဝယ်.. စပီကာကောင်းကောင်းတပ်ထားလို့ကတော့.. ၈ဒေါ်လာနဲ့မဆိုးဘူးဆိုရမှာပဲ..။
        ဒါပေမယ့်.. .. အသက်ကြီးလာလို့လားမသိ.. ဘဝမှာ.. (အချိန်ပေးရတာအတူတူဆို) ကောင်းတာလေးတွေပိုမက်လာတယ်..။
        သဘောက.. အိမ်မှာ ၈ဒေါ်လာနဲ့ ခတ်သေးသေးကြည့်ရတာထက်စာရင်.. ဒေါ်လာ၂ဝပေးပြီး.. ထိုင်ခုံကြီးကြီးနဲ့.. အသံကောင်းကောင်းနဲ့ရုံမှာကြည့်ရတာပိုမက်လာတယ်..
        အစားအသောက်လည်း.. ဒီလိုပဲ..။ :k:

        • ဖားသက်ပြင်း

          December 24, 2014 at 4:34 pm

          ဒို့သဂျီး အသက်​ရလာ​တော့
          အပြင်​စာ ပိုကြိုက်​လာတယ်​​ပေါ့
          ဂလိုလား

        • Yae Myae Tha Ninn

          December 26, 2014 at 8:53 am

          ဟုတ်… လုပ်ကြည့်ပါ တဂျီးရယ်… စိတ်ညစ်လွန်းလို့… 🙂

          အဲလောက်တောင် ဈေးကြီးလား တဂျီး.. အင်းပေါ့ သူ့ဈေးနဲ့ သူပေါ့လေ… 🙂

          တဂျီးကတော်နဲ့ တိုင်ပြောမယ်… အပြင်စာမက်လာတယ်ဆိုပြီး… 😛

  • uncle gyi

    December 23, 2014 at 10:57 pm

    သူကြီး
    အဲလိုလုပ်ဖို့ဆိုတာ
    သိတယ်နော်မပြောတော့ဖူး

    • Yae Myae Tha Ninn

      December 24, 2014 at 8:55 am

      မပြောပါနဲ့တော့… အန်ကယ်ကြီးရယ်…. 😛

      လာအားပေးတာ ကျေးကျေးနော်… 🙂

  • ဖားသက်ပြင်း

    December 23, 2014 at 11:24 pm

    အနှစ်​သက်​ဆုံးမင်​းသားတ​ယောက်​ပါပဲ
    ဒီကား​တော့မကြည်​့ဖူး​သေးဘူး
    အဲ ကျုပ်​ကကာလအတန်​ကြာ ရုပ်​ရှင်​ငတ်​ခဲ့​တော့
    အခု​ကြွေး​ဟောင်​း​တွေအရင်​ဆပ်​​နေသဗျ
    အသစ်​ထွက်​ကား​တွေသိပ်​မကြည်​့ဖြစ်​​သေးပါ

    • Yae Myae Tha Ninn

      December 24, 2014 at 9:05 am

      ကျွန်တော်လဲ ငယ်ငယ်က အိမ်က အောက်စက် မဝယ်နိုင်တော့ သူများအိမ်မှာ လိုက်ကြည့်ရတယ်… ကိုယ်ကြိုက်ပေမဲ့ သူတို့ မကြိုက်ရင် မကြည့်ရဘူးလေ… အဲလိုနဲ့ ရုပ်ရှင်ငတ်ခဲ့ဖူးတယ်…ပိုက်ဆံ နည်းနည်း ရှိလာတော့ အောက်စက်ဝယ်ပြီး ပြန်ကြည့်တာ… တနေ့ ၃ ၄ကား တခါတခါ ညလုံးပေါက်ကို ကြည့်တာဗျ… မင်းသားကတော့ အကြိုက်ချင်းတူပါတယ်ဗျာ.. ကိုဖားသက်ပြင်းရေ(ကိုဂျော်နီဒတ်ရေ)…. 🙂

  • မြစပဲရိုး

    December 24, 2014 at 2:26 am

    Nicolas Cage လား။
    ဇာတ်ကြမ်းကား များများ မှာ သရုပ်ဆောင်ပေမဲ့ မျက်နှာက နူးညံ့တယ်။
    သူ့ကို သိပ်မကြိုက်ဘူး။
    .. နူးညံ့တာချင်းတူ တဲ့ Jude Law ကိုပိုကြိုက်တယ်။
    သို့ပေသည့် Tom Hanks ကို အကြိုက်ဆုံး။
    Run … Forrest … Run…. :))))

    Nicolas Cage ကားတွေ ကတော့ သိပ်မကြည့်ဖြစ်ဘူး။
    အပေါ်မှာ ကြောင်ဝလေး ပြောတဲ့ City of Angels ကိုတော့ မှတ်မှတ်ထင်ထင် ကြည့်ခဲ့တယ်။
    မင်းသမီးက အချစ်တော် “Meg Ryan” နဲ့မို့။
    . ကြောင်ဝလေး ညွန်းတာထက် ပိုပြီး အရမ်းကောင်းတယ်။
    မင်းသားက ဘာခေါ်မလဲ – သေခါနီးလူတွေ ကို စောင့်ပြီး ခေါ်နေတဲ့ ကောင်းကင်တမာန် ခေါ်မလား။
    အဲဒါ နှလုံးရောဂါသည် အဖိုးကြီး တစ်ယောက် ကို ခေါ်ဖို့ စောင့်နေတာမှာ မင်းသမီး ကဆရာဝန် သူ့ လူနာကို အတင်းကယ်ဖို့ နည်းမျိုးစုံ ကြိုးစားတာ။
    လက်လွတ်လိုက်ရတော့ အရမ်းကို ဝမ်းနည်းသွားတာ ကြည့်ပြီး ကောင်းကင်တမာန်ကြီး ကြွေပြီး မင်းသမီး နား လိုက်နေရော။
    ဇာတ်သိမ်းလား။
    . ပြောရမလားဟေ့ ကြောင်ဝ လေး။
    ကျုပ်တို့ တူဝရီး ဘဲ့နှဲ့ ရေစက် နဲ့ အကြိုက်ချင်း တွေ တူနေတယ် မသိ။
    မပြောမရှိနဲ့ လုံမတို့ ရေ။
    အမှတ်မမှားရင် အဲ့ကားထဲ မင်းသား ရေချိုး တဲ့ အခန်းပါတယ်။
    lol:-)))))

    ဟေ့ နင်းနင်း
    မင်းရဲ့ အရိပ်ဆိုး ဓာတ်ရှင်ကိုတော့ မကြည့်တော့ပါဘူး။
    အရီး အကြိုက်မဟုတ်။
    သို့ပေသည့် မှန်းမယ်။
    ကလေးမ လေး က သူ့ သူငယ်ချင်း တွေ ကြောင့် သေခဲ့တာ။
    အဲဒါကို အဖေ က အိုးမလုံအုံပွင့် သူ့ အတိတ် ကြောင့် ထင်ပြီး ရမ်းတော့တာ။
    ဟုတ်လား။
    ဟာ့ဟ။
    (ဝီကီ ရေ ကျေးဇူးပါ)
    :))

    • Yae Myae Tha Ninn

      December 24, 2014 at 9:11 am

      အရီးက တွမ်ဟန့် ကြိုက်တာလား… အိုကေ နောက်များ ထပ်တင်ရင် သူ့ကားတင်ပေးမယ်… 🙂 City Of Angel ကိုတော့ ရှာကြည့်မယ်ဗျာ… ဖက်ဖက်ရော အရီးရော ညွှန်းပေးတာ ကျေးဇူး… 🙂

      အရီး လူလည်ကျတယ်… ဝီကီထဲက ဘာသာပြန်ပြီး အနော့်ကို လာပြောတယ်… 🙁

      နောက်တကားတင်ဖို့ ရှိတယ်.. နီကိုးလတ်စ်ပဲ အဲဒါက (Matchstick Man) အနော် နာမည်ပေးထားတာက ဂျင်ပေါ်ကထုံးတဲ့.. မကြာမှီလာမည်ပေါ့… 😀

    • ကြောင်ဝတုတ်

      December 24, 2014 at 9:45 am

      ကဲ… ကေ့ချ်ကြီးအကြောင်းဆက်ပြောရရင်….

      ဒီလို ဇာတ်ကြမ်းတွေနဲ့အောင်မြင်တဲ့ မင်းသားကြီးကေ့ချ်ရဲ့…
      နောက်ထပ်… တစ်ကားက…

      The Weather Man ပါတဲ့….
      Action မဟုတ်ဘူး… Drama….
      ခပ်ကြမ်းကြမ်းရိုက်တဲ့မင်းသားပေမယ့်…. တကယ်တမ်းနူးညံ့ရမယ့်နေရာမှာ……..
      ရှာကြည့်ကြပါတော့ကွယ်… ကျုပ်က ကေ့ချ်ကို ဒရမ်မာမင်းသားအဖြစ်ကြည့်နေသလိုဖြစ်တော့မယ်…

      အရီးက… ကေ့ချ်ထက်… ပိုပြီးဆွဲဆောင်မှုရှိတဲ့ ဂျုလောကို သဘောကျပေမယ့်…
      ကျွန်တော်ကတော့ ကေ့ချ်ကို ပိုခိုက်မိတယ်ဗျ…
      တခါတရံကျတော့ ဂျုလောရဲ့မျက်နှာက ကေ့ချ်ကြီးလို မအေးချမ်းဘူး….
      အရီးရေ… ကျွန်တော့်ရင်ထဲက City of Angle ဇတ်သိမ်းကို ပေးကြည့်လိုက်စမ်းပါဗျာ….
      တစ်ချိန်တစ်ခါကနာမည်ကြီးခဲ့တဲ့ Ghost တို့…. အခုခေတ်နာမည်ကျော် Twilight တို့ထက်အများကြီးသာပါတယ်…

      • Yae Myae Tha Ninn

        December 24, 2014 at 11:02 am

        The Weather Man လဲ ကြည့်ဖူးတယ်… ရေးတေးတေးတော့ ဖြစ်နေပြီ… ရှာပြီဗျာ.. ပိုလဲကြည့်ချင်သွားပြီ… City Of Angle ကို… Matchstick Men လဲ ကြည့်ကြည့်လိုက်ဦး… ကောင်းတယ်… အညွှန်းက နောက်နည်းနည်းကြာရင် တင်မယ်… 🙂

  • Kaung Kin Pyar

    December 24, 2014 at 8:53 am

    အရီးပြောတာကြောင့် City of Angels ကို မှတ်မိသွားပြီ….
    အဲ့ကားကို မကြည့်ရခင်ကတည်းက ကာတွန်းဖတ်ဖူးတယ်….။ အဲ့ဇာတ်လမ်းလေး စိတ်ထဲ အတော်ကျန်နေလို့ တွေ့သမျှလူ ပြောဖြစ်တာ….။ ပတ်ဝန်းကျင် ဆညင်ကတ်တဲ့ထိ…

    ဇာတ်သိမ်းမှာ ညက်ရည်ချူတဲ့ ကား….။ ထပ်မကျိဝူးးးးး

    • Yae Myae Tha Ninn

      December 24, 2014 at 9:12 am

      ဟုတ်လား… ကောင်းကင်ပြာ အခွေရှိလားဟင်… လိုက်ရှာရင် ကြာမှာ.. ရှိရင် ဌားပါဗျာ… အဲတုန်းကဆို မင်းသားက ငယ်ဦး မပေါ့… 🙂

      • Kaung Kin Pyar

        December 24, 2014 at 9:39 am

        အယ် ငှားချင်ပါတယ် ကိုထွဋ်ရေ…..။
        သို့သော် ဒယ်ဒီဖားသားက နယ်ရောက်နေလေတော့ တစ်ခါတစ်လေ ရန်ကုန် ရောက်တုန်းရောက်ခိုက်…ကားကောင်းလေးတွေ မ သွားတတ်သေး…။ ပြီး အခွေက ကြာနေပြီ….။ ခုချိန် ပြန်ကြည့်ရင် ကောင်းပါ့မလား မသေချာဘူးရယ်…။
        ဒါပေသိ … ပြန်ရှာကြည့်ပါ့ဦးမယ်….။
        ကားကတော့ အတော်ကောင်းတဲ့ ကားကောင်းပဲမို့…

        • Yae Myae Tha Ninn

          December 24, 2014 at 10:40 am

          ဟုတ်… ရှဲ့ရှဲ့… ကောင်းကင်ပြာ… ရှာပေးနော်… ကြည့်ချင်လို့ပါ… မိန်းမကိုလဲ ပြမို့… 🙂

  • ဦးကျောက်ခဲ

    December 24, 2014 at 8:56 am

    City of Angels ကို အတော်ကြိုက်တယ်ဗျ …
    အခု ဒီဇာတ်ကားလည်း Download လုပ်ထားတာရှိတယ်…
    :k:

    • Yae Myae Tha Ninn

      December 24, 2014 at 9:16 am

      ဟာ.. အနော်တော့ အန်တီမွသဲ နဲ့ ကြက်ပေါင်သီးလို ဖြစ်နေပြီ… အားလုံး ကြည့်ဖူးပြီး အနော် မကြည့်ဖူးဘူး ဖြစ်နေတယ်… ဦးကျောက်လင့်လေး ရှိရင် ရှယ်ပါလား.. ဒေါင်းဖို့… ဟဲ… 🙂

      အန်တီမွ ဆောရီးနော်.. ဟီး… ဥပမာ ရုတ်တရက် ခေါင်းထဲရှိတာ ပေးလိုက်တာမို့… သဘောကတော့ အန်တီမွကို ခေါင်းထဲ ရှိတယ်ဆိုတဲ့ သဘောပေါ့နော့…. တခုခုဆို ပြေးသတိရလိုက်တဲ့ သဘောပေါ့ နော့…. 🙂

      • ဦးကျောက်ခဲ

        December 24, 2014 at 9:52 am

        http://extratorrent.cc/category/
        အဲ့သမှာရှာပြီး ဒေါင်းပေတော့ဗျား… အကုန်ရှိတယ်
        :k:

      • ဦးကျောက်ခဲ

        December 24, 2014 at 10:05 am

        ….extratorrent.cc/category/….
        အဲ့သမှာရှာပြီး ဒေါင်းပေတော့ဗျား… အကုန်ရှိဒယ်… အဟိ
        :k:

        • Yae Myae Tha Ninn

          December 26, 2014 at 8:54 am

          ပိုက်ပိုက်တောင်းသလားလို့.. ဦးကျောက်ရယ်… 🙂

  • Kaung Kin Pyar

    December 24, 2014 at 9:03 am

    Nicolas Cage ကို Face Off မှာကတည်းက…ကြိုက်ခဲ့တာ… နောက်ပိုင်း သူ့ကားတွေ အတော်များများ ကြည့်ဖြစ်တယ်….။ သို့သော်… Ghost Rider နဲ့ Season of the witch မှာ မကြိုက်…။ သူသရုပ်ဆောင်တာ ကောင်းပါလိမ့်မယ်…။ အင်ပေါဇေးဘဲကားတွေ သိပ်မကြိုက်တတ်လို့ အိုက်ဒိ ၂ ကားပြီး နောက်ပိုင်းကတည်းက သူနဲ့ ခွာပြဲခဲ့တာ….။
    Lord of the war ရောက်မှ ပြန်ပေါင်းထုပ်ဖြစ်တယ်…

  • Yae Myae Tha Ninn

    December 24, 2014 at 10:21 am

    ပိုင်လိုက်ချည်လား.. ဒေါ်ကောင်းကင်… နီကိုးလတ်စ်နဲ့တောင် ခွဲပြဲသွားတယ်ဆိုပဲ… အဟိ… 😛
    ခုတော့လဲ ပြန်ပေါင်းထုပ်တယ်တဲ့.. ဒါဆို ဟိုဂျွန်စောလေးက ဘယ်သွားထားမလဲ… 😀

  • La Yeik

    December 24, 2014 at 11:19 am

    တွမ်ဟင့်ကို ပိုကြိုက်ဒယ် နီကိုလပ်ကေ့ချ်ထက်….ဒါပေမဲ့ ဒီကားလေးလည်း ကြိုက်ပါဒယ်

  • Yae Myae Tha Ninn

    December 24, 2014 at 11:36 am

    ကြည့်ပြီးသွားပြီပေါ့… ဒေါ်မိုးနတ်မယ်… 🙂

  • Yae Myae Tha Ninn

    December 26, 2014 at 8:56 am

    ဟုတ်လား… ရှာဝယ်လိုက်ဦးမယ်… ကိုဘလှိုင်ရေ… ဇာတ်လမ်းရေးထားတာ ဘယ့်နှယ်နေလဲ… 🙂

Leave a Reply