ငြိမ်းချမ်း ချင်ရင် ငြိမ်းချမ်း ပါတယ်…။

black chawDecember 23, 20141min34441

 

နှစ်သစ် ကလည်း ကူးတော့မယ်။

ခရစ္စမတ်ကလည်း ရောက်လုပြီ။

ဒီအချိန်ဟာ ငြိမ်းချမ်းရေး အချိန်ကာလ ပါပဲ။

မဟာမိတ်တွေနဲ့ ဂျာမန်တွေတောင် ဒုတိယကမ္ဘာစစ် တုန်းက

ခရစ္စမတ်နေ့မှာ လက်ဆောင် အပြန်အလှန်လဲကြ၊

အရက်တွေ အတူသောက်ကြ၊

တစ်ယောက်က ဂစ်တာတီးပြီး သီချင်းတွေ အတူဆိုကြ၊

အို စစ်ပွဲတွေ တောင် ရပ်တန့်သွားကြဖူးတဲ့ အချိန်ကာလမျိုးခင်ဗျ။

ဆိုတော့ ဘလက်ချော ဆိုတဲ့ ခင်ဗျားတို့ သောက်မြင်ကတ်တဲ့ ကောင်ကလည်း

သေနတ် ကို ခဏသိမ်းလို့ ငြိမ်းချမ်းရေးတေးကိုဆိုတယ် ပေါ့ဗျာ။

ဟောဒီမှာ ဘလက်ချော ရဲ့ ကိုယ်တိုင်ရေး ကိုယ်ပိုင်သံစဉ်

သီချင်းလေး နားဆင်ကြည့်ပေးကြပေါ့။

ဟော်လိုဂစ်တာလေး ၂ လက်နဲ့ အပျော်တမ်းတီးထားဆိုထားတဲ့ သီချင်းဆိုတာလေးလည်း

မမေ့ကြနဲ့ပေါ့ဗျာ။

တစ်ခုတော့ရှိတယ်နော်။

ခင်ဗျားတို့ ရင်ထဲမှာ ငြိမ်းချမ်းရေး စိတ်လေးထည့်ပြီးမှ ဒီသီချင်းကို နားထောင်ကြပါ။

ငြိမ်းချမ်းရေးစိတ်မရှိပဲနဲ့ နားထောင်ရင်တော့ ငြိမ်းချမ်းလိမ့်မယ် မဟုတ်ဘူးဆိုတာ

ကြိုပြောထားပါရစေ။

Marry Christmas !!!!!!

Happy New Year !!!!!!


နှုတ်ဆက်ချိန်

Verse 1 ;;;;  (လေးနှစ်တာ ရင်ခုန်ခဲ့တဲ့

အိပ်မက်လေးတစ်ခု အဆုံးသတ်…ရတော့မယ်…၊

မေ့ပျောက် မရနိုင်သော အမှတ်တရ အဖြစ်အပျက်တွေ

ဒို့ရဲ့ နှလုံးသားကို ခွဲခြေ…။

Verse 2 ;;;;    (ကျောင်းကြီးရေ ဒါနောက်ဆုံးလို့

ငိုရှိုက်ရင်းနဲ့ နှုတ်ဆက်…ရတော့မယ်…၊

အစားထိုးမရနိုင်သော ကျောင်းသားဘဝလေးကို

သီချင်းလေးတစ်ပုဒ်ရေးကာ ကြေကွဲနေ)

CHO;;;; (ဂျဒ်စင် အင်းယား အဓိပတိနဲ့ သစ်ပုတ်ပင်

 ခိုဝင်နားခဲ့ နေ့ရက်တွေ………………၊

ပြန်လည်တမ်းတ လွမ်းရမယ့် အဖြစ်ဆိုးကို

ငါ ဘယ်လိုရင်ဆိုင်ရ မှာလဲ………..၊)

Verse 3 ;;;   (အရိပ်လေးတွေ မြင်ယုံလေးနဲ့

ရင်ခုန်ခဲ့တဲ့ သမိုင်းဝန်းရဲ့ညတွေ

ဒို့ရဲ့တေးသံများ အမြဲတမ်းပျံ့လွင့်နေ

အဆောင်ရှေ့က ညလေးကို ကိုယ်လွမ်းနေ)

CHO (     )

Verse 4 ;;;;  (နှုတ်ဆက်တယ်

ဒီသီချင်းလေး သီဆိုရင်းနဲ့ အပေါင်းအသင်းတို့ရေ၊

အီကိုကျောင်းကြီး ရှိနေသရွေ့ အမြဲတမ်းသတိရနော်

ဒီတစ်ခါခွဲခွာ ခြင်းက နောက်ဆုံး….ပဲလေ…)

 

 

 

 

 

 

41 comments

  • black chaw

    December 23, 2014 at 12:50 pm

    သူကြီးရေ။
    သီချင်းတင်တာ အဆင်မပြေဘူးလား မသိဘူး။
    နည်းနည်း ကူညီပေးပါဦးနော်။
    သူကြီးရင်ထဲမှာ ငြိမ်းချမ်းရေး စိတ်ကလေး ရှိရင်ပေါ့။
    ဟာဟီး…။

    • kai

      December 23, 2014 at 4:42 pm

      ယူတုမှာတင်လိုက်ဖို့ကောင်းတယ်..။
      ဒီမှာပြန်လင့်ခ်လိုက်ရင်.. တန်းနားထောင်လို့ရတာပေါ့..။

      သီချင်းကို ..ဂီတာသံလေးနဲ့..အေးအေးဆိုတာကြီုက်တယ်ဗျ..။

  • ကြောင်ဝတုတ်

    December 23, 2014 at 1:28 pm

    ဦးဘလက်ကြီးရဲ့ပိုစ့်လေးနဲ့ သီချင်းလေးကိုနားထောင်မိတော့
    Rod Stewart ကြီးဆိုခဲ့တဲ့ Forever Young ဆိုတဲ့ သီချင်းလေးကို ပြန်သတိရမိသဗျ…

    သီချင်းစာသားလေးကို အင်တာနက်ကနေရှာပြီးတင်ပေးလိုက်တယ်နော်… (Credit to http://www.mertolyric.com)

    “Forever Young”

    May the good Lord be with you
    Down every road you roam
    And may sunshine and happiness
    surround you when you’re far from home
    And may you grow to be proud
    Dignified and true
    And do unto others
    As you’d have done to you
    Be courageous and be brave
    And in my heart you’ll always stay
    Forever Young, Forever Young
    Forever Young, Forever Young

    May good fortune be with you
    May your guiding light be strong
    Build a stairway to heaven
    with a prince or a vagabond

    And may you never love in vain
    and in my heart you will remain
    Forever Young, Forever Young
    Forever Young, Forever Young
    Forever Young
    Forever Young

    And when you finally fly away
    I’ll be hoping that I served you well
    For all the wisdom of a lifetime
    No one can ever tell

    But whatever road you choose
    I’m right behind you, win or lose
    Forever Young, Forever Young
    Forever Young ,Forever Young
    Forever Young, Forever Young
    For, Forever Young, Forever Young

    ဦးဘလက်ကြီးကတော့ ကျောင်းတော်ကြီးနဲ့ပတ်သက်ရင် အမြဲတမ်း နုပျိုငယ်ရွယ်နေဦးမှာပါဘဲ…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

    • black chaw

      December 23, 2014 at 2:05 pm

      @ ကြောင်ဝတုတ် ;
      ပထမဆုံးပေးတဲ့ ကွန်းမန့်လေးအတွက်
      ငြိမ်းချမ်း သွားပါတယ် ညီလေးရေး။
      ဖက်ဖက် ကက် ဆိုတဲ့နာမည်ကြီးက မနိပ်လှပါဘူးကွယ်။
      ဂျယ်လိုလို မတ်လိုလိုနဲ့။
      ကြောင်ဝတုတ်က ကြောင်ဝတုတ်ပေါ့။
      ယောက်ျားပီပီသသပေါ့။
      အဲဒါမှ ငြိမ်းချမ်း မှာ။

      • ကြောင်ဝတုတ်

        December 23, 2014 at 2:29 pm

        ဦးဘလက်ရဲ့…
        ဖက်ဖက်ကက်ဆိုတဲ့နာမည်က အန်တီပဒုမ္မာပေးထားတဲ့နာမည်လေးကို အမှတ်တရသုံးနေတာပါ…
        ပေါ့ပေါ့ပါးပါး… ပျော်ပျော်ရွှင်ရွှင်ပိုစ့်လေးတွေမှာ ကျွန်တော် ဖက်ဖက်ကက်ဆိုတဲ့နာမည်သုံးပြီး…

        အတည်ပြောစရာရှိ… ဆဲစရာရှိ… ဖြဲစရာရှိရင် ကြောင်ဝတုတ်ဆိုတဲ့နာမည်သုံးလေ့ရှိတယ်ဗျ….
        ဦးဘလက်က ဦးဘလက်ပိုစ့်မှာ ကြောင်ဝတုတ်ဆိုပြီး ရေးစေချင်လို့လား… ဟီးဟီး

        ခင်မင်လျက်-
        ကြောင်ဝတုတ် (ဦးဘလက်ရဲ့အလိုကျ)

  • မွသဲ ( 17082011 )

    December 23, 2014 at 1:44 pm

    ခုလောလောဆယ်တော့ အတော်ချမ်းနေဒယ် ။ အဲ့ငြိမ်းချမ်းရေးကတော့ အမြန်ဆုံးရလေကောင်းလေပေါ့ အူးဘက်ရယ်။ သများကသွေးဒေကျိရဲဘူး

    • black chaw

      December 23, 2014 at 2:08 pm

      @ မွသဲ ;
      ပါးစပ်ကတော့ ငြိမ်းချမ်းရေး။
      လက်ကတော့ သေနတ်ခုလုတ်ပေါ်မှာ။
      အေးလေ…။
      ငြိမ်းချမ်းရေးဆိုတာမျိုးကလည်း သွေးနဲ့ ရေးကြရတာမျိုးဆိုတော့…။
      ပစ်ကြခတ်ကြ ပြီးတော့ ငြိမ်းချမ်းရေးလို့ မစားရဝခမန်းပြောကြ…။

  • ခင်ဇော်

    December 23, 2014 at 1:59 pm

    ဒီမှာ ကိုဘလက်!!!
    လွယ်သလား ခက်သလား ကိုဘလက်???

    ဒီမှာ ငြိမ်းချမ်းရေးရချင်တဲ့သူဆိုတာ ဒီလိုပစ်တတ်မှ ရတယ်ကွ။

    ဒိုင်းညောင့်၊
    ဒိုင်းညောင့်။

    လက်ပတောင်းတောင် အရေးကြည့်ပြီး ရောသွားလို့ပါ။
    😥

    ခင်ညား အသံ ဒီလောက်ကောင်းတာ ကျုပ်ကို သီချင်းဆိုရင် ဟန်းဒီကက်ပေးနော်၊.
    :chit:

  • black chaw

    December 23, 2014 at 2:11 pm

    @ ခင်ဇော် ;
    ငင်…!
    သီချင်းဆိုတာမှာတောင် ဟန်းဒီးကက် ပေးတာ ရှိသေးသလား၊
    ကိုမြင့်မိုးအောင် ကို သတိပေးဦးမှ။
    ခွိခွိ…။

  • လေးဘက် အသံ ကောင်းလိုက်တာ…
    ခံစားချက်အပြည့်နဲ့…ဆိုထားတာမှန်းလည်း သိသာပါ့… ။
    အခုလေးတင်..ဒေါင်းပြီး နားထောင်ကြည့်နေတာ… ။
    သီချင်းတစ်ပုဒ်ကို… အဲ့လို..ဆိုတတ်ချင်လာတယ်..

    • black chaw

      December 24, 2014 at 4:49 am

      @ အလင်းဆက် ;
      ကွန်းမန် ့ လေးအတွက် ကျေးဇူးပါ ညီလေးရေ။
      ဟောဒါ မန္တလေး ဂဇက် ရွာသား တစ်ယောက်
      ပထမဆုံးသော (ထင် တာ ပါ)
      သီချင်းပို ့စ် လေးပါ။
      ဦးဘလက် သီချင်းကို နားထောင်ပြီး
      ငြိမ်ချမ်းနိုင် ကြပါစေ ဗျာ။
      ဦးဘလက်…။

  • etone

    December 23, 2014 at 2:30 pm

    ငြိမ်းချမ်းဘာဇီ ကမာ္ဘမြေ 😥

    • black chaw

      December 24, 2014 at 5:00 am

      @ etone ;
      သေချာပါတယ်။
      တူမ တော် etone မှာလည်း
      ငြိမ်းချမ်းချင် တဲ့စိတ် လေးရှိ နေပါတယ်ဗျာ။
      ပြုံးလိုက်စမ်းပါ။
      မျက် ရေ တွေ သုတ် လိုက် စမ်းပါ။
      ရှေ ့မှာ
      ငြိမ်းချမ်းတဲ့ ကမ္ဘာ ကြီးက
      စောင့် ကြို နေပါပြီဗျာ။
      ချစ်ခင် လေးစားတဲ့
      ဦးဘလက်။

    • black chaw

      December 24, 2014 at 5:06 am

      @ အောင် မိုးသူ ;
      အိုခေပါ။
      ကျေးဇူးပါ ကိုအောင် မိုးသူ ရေ။
      ငြိမ်းချမ်းပါစေ ဗျာ။
      ဦးဘလက်…။

  • kyeemite

    December 23, 2014 at 3:05 pm

    Download လုပ်အရဝူးဂျ
    .အိုကေပါလေသူငယ်ချင်း..ငြိမ်းချမ်းရေးကားဝေးသထက်ဝေးနေဆဲ
    .ဒီရက်ပိုင်းလက်ပန်းတောင်းအရေးကတစ်စခန်းပြန်ထလာ…
    .ဘာဖြစ်ဖြစ်..ကျောင်းတော်ကြီးကိုတော့လွမ်းပါရဲ့ဗျာ…ကျုပ်လည်းထဲထဲဝင်ဝင်ပါတ်သက်ခဲ့ဖူးသေးသကိုးဗျ
    😥 :r:

    • Yae Myae Tha Ninn

      December 23, 2014 at 4:29 pm

      ဒေါင်းပြီးပြီ ဦးမိုက်… တွေ့ဆုံပွဲမှာတွေ့ရင် ဒေါင်းမရသေးရင် ပေးမယ်နော်… ဦးဘလက်က Sound Cloud မှာတင်လိုက်ပါလား… ဒါဆို လင့်နဲ့ဆို နားထောင်လို့ရတာပေါ့… 🙂

    • black chaw

      December 24, 2014 at 5:22 am

      @ kyeemite ;
      လက်ပ တောင်းတောင် ကိစ္စ က
      အခုလို ခရစ္စမတ် ရဲ ့အ ငွေ ့အသက်တွေ
      လွှမ်းခြုံ နေတဲ့ အချိန်မျိုးမှာ
      ဖြစ်သွားလို ့ စိတ်မ ကောင်းပါဘူးဗျာ။
      အော် ရက်စက်နိုင် အားကြပါလား လို ့
      ညည်းရုံ အပြင် ကျွန်တော်တို ့
      ဘာတတ်နိုင် မှာလဲဗျာ။
      ကျွန်တော်တို ့နဲ ့ လက် လှမ်းမီတဲ့
      ငြိမ်းချမ်းရေးကိုပဲ
      လုပ်ကြရ အောင် ဗျာ။
      အိုဘယ့်…ငြိမ်းချမ်းရေး။
      ချစ်ခင် လေးစားတဲ့
      ဘလက်ချော…။

  • Yae Myae Tha Ninn

    December 23, 2014 at 3:07 pm

    ကျွန်တော်နားထောင်လိုက်တာ.. ကိုခိုင်ထူး အသံနဲ့ ဆင်သလိုပဲ… 🙂

    • La Yeik

      December 24, 2014 at 11:16 am

      ဟုတ်ရယ်…အူးခိုင်ထူး ဗိုကယ် ပဲ….ဗရာဗို

      • black chaw

        December 24, 2014 at 1:42 pm

        @ La Yeik ;
        ဟုတ်မှာပါ…။ ဟုတ်မှာပါ…။
        မြှောက်ပင့်ပြောတာ မဟုတ်လောက်ပါဘူး…။
        ကျေးဇူးပါ လရိပ်ရေ..။

  • Ma Ma

    December 23, 2014 at 4:55 pm

    ငြိမ်းချမ်းချင်တယ်။
    ငြိမ်းချမ်းချင်တယ်။
    ငြိမ်းချမ်းချင်တယ်။
    ငြိမ်းချမ်းချင်တယ်။
    ငြိမ်းချမ်းချင်တယ်။
    .
    .
    .
    .
    .
    .
    .
    အဲလိုအော်ရင်းးးးးးးးးးးးးးးးးးး
    ပိုပြီးမငြိမ်းချမ်းဖြစ်သွားမလား။
    :p:

    • black chaw

      December 24, 2014 at 1:46 pm

      @ MaMa ;
      ဘာကိုပဲ လုပ်လုပ် ရင်ထဲမှာ မု(ဒ်) အပြည့်ထည့်ပြီးလုပ်။
      ဘာကိုပဲ အော်အော် ရင်ထဲက ပါမှ အော်။
      အဲဒါ အဓိကပါ မမရေ…။
      ဒီပို့စ်မှာ အဓိက လိုရင်းကတော့
      ဘလက်ချောဆိုတဲ့ မန်းဂဇက် ရွာသား တစ်ယောက်ရဲ့
      သီချင်းတစ်ပုဒ်ကို တင်ပြလိုခြင်း ပါဗျာ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

    • black chaw

      December 24, 2014 at 1:40 pm

      @ Yae Myae Tha Ninn ;
      ကျေးဇူး အထူးပါ ညီလေး ရေမြေ့သနင်း ရေ။

      ချစ်ခင်လေးစားတဲ့
      ဦးဘလက်ချော…။

  • ခင် ခ

    December 23, 2014 at 5:05 pm

    ငြိမ်းချမ်းရေး မလိုချင်တဲ့ ပြည်သူ ဘယ်တိုင်းပြည်မှ ရှိမယ်မထင်။

    • black chaw

      December 24, 2014 at 1:48 pm

      @ ခင်ခ ;
      အဲလို ငြိမ်းချမ်းရေးလိုချင်သူတွေ ကြားထဲကပဲ
      စစ်ပွဲတွေ ထွက်ထွက်လာတာ ပါ ကိုခင်ခ ရေ။
      အေးလေ…စစ်ပွဲတွေ ပြီးတော့ ကမ္ဘာကြီး ငြိမ်းချမ်းရေးပေါ့ဗျာ…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

  • hmee

    December 23, 2014 at 7:02 pm

    အသံက ဦးဘလက်​ အသံလား အသံလည်​း​ကောင်​း သီချင်​းလည်​း​ကောင်​း။

    • black chaw

      December 24, 2014 at 1:53 pm

      @ hmee ;
      နေကောင်းပါရဲ့လား မမှီရေ…။
      မမြင်ရတာ အတော်တောင် ကြာပြီနော်…။
      အသံလည်းကောင်း သီချင်းလည်း ကောင်း ဆိုတဲ့
      မှတ်ချက်အတွက်တော့ အမှတ်ပြည့် ပေးလိုက်ပါတယ်ဗျာ…။
      တစ်ခု ဂုဏ်ယူချင်တာက
      မမှီသုံးထားတဲ့ လိုဂိုလေးက ကျွန်တော် လက်ဆောင်ပေးထားတဲ့
      ပုံလေးလို့ ထင်ပါတယ်။
      အဲ့ဒါအတွက်တော့ အလကားနေရင်း
      ဂုဏ်ယူနေပြီါ် ပေးရကျိုးနပ်ပါပေတယ်လို့
      ပီတိတွေ ဖြစ်နေပါတယ်ဗျာ…။
      စာပေဆုရသွားတဲ့ အတွက်လည်း
      ဂုဏ်ယူပါတယ် မမှီရေ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • ဖားသက်ပြင်း

    December 23, 2014 at 8:01 pm

    မငြိမ်​းချမ်​းဝူး​ဟေ့ မငြိမ်​းချမ်​းဝူး
    အဲ့သီချင်​းကြားတိုင်​း ဟိုအ​ကောင်​မ ​မျောက်​ခွက်​သတိရလို့

    ဘယ်​့နှယ်​့ဗျာ လူတကာနဲ့ချွတ်​ရိုက်​​နေတဲ့ ဆူပါ​မော်​ဒယ်​က
    ကျုပ်​နဲ့ကျမှအိီကိုထြြဲ မယ်​
    မြန်​မာဆန်​ဆန်​​လေးရိုက်​ချင်​လို့တဲ့ လာပူဇာတယ်​

    ဗြဲ

    • black chaw

      December 24, 2014 at 1:56 pm

      @ ဖားသက်ပြင်း ;
      အိုကွယ်…ဖြစ်ရလေ ညီလေးရယ်…။
      ဘာခက်တာလိုက်လို့…။
      ဓါးပြပြီး ချွတ်ခိုင်းလိုက်ရုံပေါ့…။
      ဒါလေးများ…။ ခစ်ခစ်ခစ်…။
      ချစ်ခင်လေးစားတဲ့
      ဘဘဘလက်…။

  • uncle gyi

    December 23, 2014 at 11:22 pm

    ကိုခ
    ုငြိမ်းချမ်းရေး မလိုချင်တဲ့ ပြည်သူ ဘယ်တိုင်းပြည်မှ ရှိမယ်မထင်။
    ဆိုတော့
    ပြည်သူကငြိမ်းချမ်းရေးလိုချင်တယ်
    ဘယ်သူတွေကငြိမ်းချမ်းရေးမလိုချင်တာတုန်း

    • ခင် ခ

      December 24, 2014 at 10:25 am

      သက်တော်ရှည်အမတ်တွေကတော့ဖြင့်………..

    • black chaw

      December 24, 2014 at 1:58 pm

      @ uncle gyi ;
      ကွန်းမန့်လေး ဝင်ရေးပေးသွားတာ ကျေးဇူးပါ ခင်ဗျ။

      ဘလက်ချော…။

  • မြစပဲရိုး

    December 24, 2014 at 12:53 am

    မငြိမ်းချမ်းချင်လို့ မငြိမ်းချမ်းတာ။
    ဘာဖြစ်တုန်း။
    မိုက်လို့ စိမ်ခေါ်သလား။
    lol:-)))

    ကျောင်းကြီး ရဲ့ ရွှေရတုမှာ အတော်ပျော်ခဲ့သလား ကိုချော ရဲ့။
    ရှင့် အစ်မမှာတော့ FB ပေါ်က ပုံတွေ ကြည့်ပြီးသာ အလွမ်းဖြေရတော့တယ်။
    ကျောင်းတုန်းက ၉ယောက်မှာတောင် ၄ယောက်တော့ သွားကြတယ်။
    မီလျံတန်ဒင်နာ ကိုတောင် တက်နိုင်တဲ့ တစ်ချို့ သူငယ်ချင်း တွေ ကို ကြည့်ပြီး အားကျမိလိုက်သေးတယ်။
    အကြောင်းလေးတွေ မရေးချတော့ဘူးလား။

    ကျုပ်မောင်ရဲ့ အသံ ကတော့ နုပျိုဆဲပါ။
    ရုပ်လိုပါဘဲ လို့။
    :))

    • black chaw

      December 24, 2014 at 2:02 pm

      @ မြစပဲရိုး ;
      ပျော်တာပေါ့ အစ်မရယ်
      ပျော်တာပေါ့ အစ်မရေယ်
      ရွှေရတာမှာ ဘလက်ချော တော်တော် ပျော်ပါတယ်။
      လာမယ်…အစ်မရေ…။
      ခဏတော့ စောင့်ပေးပါဗျ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • ဦးဦးပါလေရာ

    December 24, 2014 at 9:18 am

    .အဲ့သီချင်း အမှတ်တရသိမ်းချင်တာဗျာ…
    .ခက်တာက ကျုပ်ကလဲ မဒေါင်းတတ်….
    .ဒီတော့
    .နောက်လ တွေ့ဆုံပွဲကို ရောက်အောင်လာ
    .ခင်ဗျား ဖုံးထဲက ပြန်ကူးမယ်..



    (အဲဒါ စကားကြီးဆယ်ခွန်းထဲက ဘာပြောနည်းဆိုလား…)
    :mrgreen:

    • black chaw

      December 24, 2014 at 2:04 pm

      @ ဦးဦး ပါလေရာ ;
      တွေ့ဆုံပွဲ ကြမှ တွေ့ကြတာပေါ့ ကိုပါကြီးရယ်…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • Yae Myae Tha Ninn

    December 24, 2014 at 1:04 pm

    မနေ့က လင့်က နားထောင်လို့ပဲ ရတာ တောင်းပန်ပါတယ်… အခုကတော့ ဒေါင်းတာ သီးသန့်ပါ…

    http://www.4shared.com/music/R21UOzHlce/Eco.html

  • Crystalline

    December 24, 2014 at 6:33 pm

    ဦးဘက်​အသံနား​ထောင်​​နေတုန်​း.. ​ဘေးကတူမ​တော်​က ထူအိမ်​သင်​အသံလိုလိုတဲ့ပဲတဲ့.. ဦးဘက်​က အသံ​ကောင်​း..အ​ရေး​ကောင်​း..အဆို​ကောင်​း… အဆို​တော်​အချို့ကိုလည်​း ​ရေး​ပေးဖူးသလားလို့.. အဲဒါ​တွေလည်​း နား​ထောင်​ချင်​.. :-))

  • Yae Myae Tha Ninn

    December 26, 2014 at 12:49 pm

    ခရစ်ပြောတာ ထောက်ခံတယ်… တချို့ သီချင်းရေးဆရာတွေက အဆိုတော် အသံတွေနဲ့ ဆင်တတ်တယ်.. သူတို့ ကေအေတီဆို ဝိုင်ဝိုင်းသီးချင်းဆိုရင် သူ့သံပေါက်အတိုင်း…ခုလဲ လေးဘလက်က ကိုခိုင်ထူး သံပေါက်နဲ့ ဆင်နေတယ်… 🙂

Leave a Reply