​အေ​အေ နဲ့ ​အေ​အေ​အေ

ムラカミDecember 24, 20141min25519

ကျုပ်​စိတ်​ထဲမရှင်​းလို့ပါဗျာ တကယ်​

 

တခြားမဟုတ်​ဘူး

တီဗီ​အောက်​စက်​ စတာ​တွေရဲ့ ရီမုတ်​ကွန်​ထရိုး ကိစ္စ​လေ

 

အရင်​က ဘယ်​လျပ်​စစ်​ပစ္စည်​းရဲ့ ရီမုတ်​ကွန်​ထရိုးမဆို AA ဘက်​ထရီ နှစ်​လုံးနဲ့ သွားခဲ့ကြတာမဟုတ်​လား

​ခေတ်​​ပြောင်​းသွားတာ ၂၀၀၈​နှောင်​းပိုင်​းထင်​့

AA အစား ပိုငယ်​တဲ့ AAA ဘက်​ထွီ​တွေ အစားဝင်​လာကြတယ်​​လေ

 

မိဂီတို့က အဲ့ကတည်​းက ဇာတိပြတာ

စကားဂျို စစ်​ဂ​နေချာတီဗီကြီးဝယ်​လာပီး ဘက်​ထွီရှာမရလို့​လေ ရီမုတ်​အတွက်​

အဲ့တုန်​းက ရပ်​ကွက်​ထဲကဆိုင​်​​တေမှာ AAAဘက်​ထွီ မတင်​ဘူးရယ်​ အနည်​းဆုံး ဇီးသီးမတ်​​လောက်​​ပြေးမှ ဝယ်​ရတာရယ်​ အဲ့တုန်​းက ဇီးသီးမတ်​လည်​း ခုလိုမ​ပေါ​သေး

အိမ်​မှာမကြာခန ဆဲခံထိ​သောအ​ကြောင်​းရာဆိုပါ​တော့

 

 

ထားပါ​တော့ဗျာ က​နေ့​ခေတ်​မှာ​တော့ ရီမုတ်​​တွေအားလုံးလိုလိုရဲ့ ဘက်​ထွီ က AAA ဖြစ်​သွားရြသလို

ရပ်​ကွက်​ထဲက ကုန်​စုံဆိုင်​မှာလည်​း အလွယ်​တကူ ဝယ်​လို့ရ​နေပါပြီ

 

ကျ​နော်​သိချင်​တာက ​အေနှစ်​လုံးက​နေ ​အေသုံးလုံး revolution ဘာ​ကြောင်​့ဖြစ်​သလဲဆိုတာရယ်​

ဘာပို​ကောင်​း ဘာပိုအကျိုးများဆိုတာရယ်​ကိုပါ

 

နည်​းပညာ​လောကမှာ သည်​လိုတဆစ်​ချိုး​ပြောင်​းလဲမှုမျိုး​တွေ ရှိ​​ပေမယ်​့ သည်​တခုက​တော့ ကျ​နော်​့ ​လေ့လာလိုက်​စားမှုအဝန်​းအဝိုင်​းနဲ့ကွာခြားလွန်​းသမို့

တတ်​သိသူ​တွေ ​ဖြေ​ပေး​ပြော​ပေး​စေလိုတာပါဗျ

​မေးပါရဇီခီညာ

 

 

Ps တဆက်​တည်​းမှာ ငယ်​ငယ်​တုန်​းက အရုပ်​ကား​တွေထဲထည်​့​ဆော့ရတဲ့ ​လေး​ထောင်​့ဘက်​ထရီတုံး​တွေ ဘယ်​​ပျောက်​ကုန်​သလဲ ဆိုတာလည်​းသိချင်​မိပါတယ်​

 

ဘက်​ထရီများရဲ့ရာဇဝင်​​ပေါ့ဗျာ သိချင်​လို့ပါ

 

​တော်​​သေးဘီ

ခင်​တဲ့

ဂီ

 

19 comments

  • ခင်ဇော်

    December 24, 2014 at 8:17 am

    မသိပါဘူး အေ အေ အေ အေ အေ ….!!!
    ခေါင်းစဉ်မြင်ပြီး ဘယ်သူ့ကို ဆဲ ချင်တာ စကားထစ်နေတာတုန်း မှတ်လို့။
    နာ့ မလဲ အဲ ဒီ ဓာတ်ခဲ က ဒုက္ခ။
    :mrgreenn:
    ဓာတ်ခဲဆို အဲလို ခေါ်တတ်ဘူးးးး;
    ငယ်တုန်းကလို တစ်တောင့်ထိုး ၂ တောင့်ထိုး ဆို အဲဒါ အကြီးးး
    အလတ်က အသုံးနည်းတယ်။
    အသေးက ခုန ပြောတဲ့ အေအေ။
    အဲဒီထက်ငယ်တာကို ဘာခေါ်မှန်းမသိလို့ သူများနဲ့မှာလို့ အသေးလို့ မှာလိုက်ရင် ပိစိလေးတွေ ပါပါလာတာ။
    ပုံနဲ့ပါတင်အေ။
    :k:
    နောက် ရှိသေးတယ်။ ကျောက်ပြင် ပုံစံ ဓာတ်ခဲ အသေးလေးတွေ။
    :mrgreenn:

    ခုတလော ဓာတ်ပျက်လွန်းလို့အေ။
    ဓာတ်တိုင်အောက်မှာ ဓာတ်ပုံရိုက်ဖို့ ဓာတ်မကျသေးလို့
    ဓာတ်ကြိုးပြုတ်ကျပြီး ဒန့်ဒန့်ဖြစ်ဖို့ ဝေးနေသေးတယ်လို့။
    :k:
    ဘဝမှာ ဓာတ်ပုံရိုက်ချင်တဲ့ ဓာတ်ပုံဆရာက ဓာတ်ပုံမရိုက်တော့ဘူးလို့ ဆုံးဖြတ်ချက်ချလိုက်ပြီတဲ့။
    :h:

    • ဖားသက်ပြင်း

      December 25, 2014 at 1:22 am

      ဓာတ်​ခဲကအသုံးတဲ့သ​လောက်​
      တခါတရံလည်​း အ​နော်​ဂွကျတာကလား
      ကိုယ်​သုံးတဲ့ထုတ်​ကုန်​ ရဲ့ကန်​ပနီ အလို​တော်​အတိုင်​း
      ပုံစံ အရွယ်​အစားနဲ့ဗို့လ်​့​တေ့ချ်​ ခြားနားချက်​​တွေ​အောက်​
      အလူးအလဲဆိုပါ​တော့

      အဲဒါဆိုလာ​တော်​လှန်​​ရေးအတွက်​အ​ရေးကြီး​ဖြေရှင်​းရမယ်​့ ပြသနာလို့မြင်​​ကြောင်​း

  • ကြောင်ဝတုတ်

    December 24, 2014 at 9:23 am

    ကျုပ်အတွေးကတော့ဖြင့် ရိုးရှင်းမယ်ထင်ပါတယ်….

    (၁) ဘက်ထရီရဲ့နည်းပညာပိုပြီးတိုးတက်လာတာ…
    (၂) Mobility နဲ့ Light Weight ဆိုတဲ့ ခေါင်းစဉ် (၂)ခုကြောင့် ထရစ်ပါယ်အေ (AAA) ကို လူသုံးပိုများပြီး…
    Standard ပိုဖြစ်လာတယ်လို့ထင်တာပဲ….

    ဘက်ထရီနည်းပညာပိုတိုးတက်လာတော့ သိုလောင်စွမ်းအားက အရွယ်သေးလာအောင် ခြုံနိုင်လာတော့ကာ….
    ပေါ့ပါးပြီးသယ်ရလွယ်စေဖို့…. လုပ်လာတာမို့ AA ထက် AAA ကိုပိုသုံးလာရာကနေ Standard ဖြစ်လာတယ်လို့…
    ထင်တာပဲဗျာ…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

    • ဖားသက်ပြင်း

      December 25, 2014 at 1:25 am

      အယ်​ကာလိုင်​း ကိစ္စဘက်​မှာ ​ပြောဖို့ကျန်​​နေ​သေးသဗျ
      ​သေချာတာက​တော့ ​အေသုံးလုံးက မပြီးပြည်​့စုံ​သေးဘူးမှတ်​ပါတယ်​

  • kyeemite

    December 24, 2014 at 10:31 am

    .အဓိကကတော့ တာရှည်ခံအောင်
    .ပေါ့ပါးသေးငယ်အောင်
    .အန္တရာယ်နည်းအောင်…တီထွင်လာကြတာပါပဲဗျာ
    .ဂီဂီပြောတဲ့ လေးထောင့်က 9Volt ဗျ…သုံးပါသေးတယ်
    http://www.energizer.com/learning-center/Pages/battery-comparison.aspx

    • ဖားသက်ပြင်း

      December 25, 2014 at 1:28 am

      လင်​့ခ်​အတွက်​​ကျေး​ကျေးပါအူးမိုက်​ခ်​
      ဘက်​ထရီအ​ကြောင်​း​လေ့လာဖို့​ခြေလှမ်​းသစ်​လို့ပဲ​ပြောချဂ်​ရဲ့ဗျာ
      ခုတ​လော ဒင်​းတို့ကိုဘယ်​့နှယ်​့ စိတ်​ဝင်​စား​နေတယ်​မသိဘူးရယ်​

      • kai

        December 25, 2014 at 5:13 am

        ယူအက်စ်ကတော့.. ဘက်ထရီဘစ်ဇနက်ကို.. ဘီလီယန်ဘစ်ဇနက်ဆိုပြီး.. အိုဘားမားကိုယ်တိုင်… အတင်းရှေ့ရောက်ဖို့လုပ်နေတာပဲ..။
        နောက်ဆယ်စုနှစ်တွေမှာ.. အလွန်(အလွန်)ကိုရှေ့ရောက်လာမယ်မှန်းပါတယ်..။

        ကားတွေက.. ဟိုက်ဘရစ်တွေဖြစ်.. လူတွေက.. ဆဲလ်ဖုံးကိုယ်စီနဲ့ဖြစ်နေတာ.. မြင်နေရတာမို့.. သေချာတယ်လည်းထင်မိတယ်..။
        အဲဒီဖက်သေသေချာချာလေ့လာသင့်ကြောင်း…

  • La Yeik

    December 24, 2014 at 11:15 am

    အူးလေးက ဘာလုပ်မို့မေးတာလဲ….အဓိက မီးလင်းရင် ပီးရောပေါ့ဂျာ…တလုံးက မီးထွန်းဖို့…တလုံးက ကက်ဆက်ဖွင့်ဖို့….အာဟိ

    • ဖားသက်ပြင်း

      December 24, 2014 at 3:59 pm

      ဒတ်​ခဲအပြင်​ ဆင်​းမ်​းကတ်​​တွေလည်​း တ​ဖြေး​ဖြေး​သေး​ကွေးလာသဗျ
      အနာဂတ်​မှာ စကီ​လေး​တွေလည်​းအဲ့လမ်​းစဉ်​လိုက်​လာရင်​
      ခက်​စ်​ရချီ​သေးလို့ ​တွေးမိလို့ပါကွယ်​
      ဟိ

  • kai

    December 24, 2014 at 4:09 pm

    ဒီမှာတော့.. AAA, AA လေးထောင့် ၉ဗို့တွေလည်း.. တွင်ကျယ်စွာရှိပါ့..
    လမ်းဘေးဆိုင်.. ၇-၁၁တိုင်းမှာဝယ်လို့ရ…။

    အခုတင်.. ကျုပ်အိမ်မှာလည်း.. AAA ၂ဒါဇင်..။ AA ၂ဒါဇင်..။ 9V ၂လုံးအပိုရှိပါ့…။
    ဒီနှစ်ပိုင်းထဲ ဆန်းတာဆိုလို့.. အရင် AAA, AAတွေအစား.. ၂ဆလောက်ပ်ုအသုံးခံတဲ့.. ဈေးလည်းပိုကြီးတဲ့ AAA, AAဘက်ထရီတွေထွက်လာတာပဲ..။

    အိမ်မှာ ပုံမှန်သုံးနေတာ ပြန်ကြည့်တော့..
    ကေဘယ်ရီမုတ် = AA
    အသံသွင်းစက်..ကလေးအရုပ်.. AAA
    မီးလောင်ရင်အသံမြည်တဲ့အလမ်န်း၊ ကားဂိတ်ဝင်ပေါက်ရီမုတ်.. 9V
    =
    Quantum Hi-Density Core™ Technology | Duracell
    http://www.duracell.com/en-us/innovation/hi-density-core-technology
    Duracell
    Duracell’s most powerful alkaline battery ever is now our longest-lasting alkaline battery! … The breakthrough technology in Quantum’s Hi-Density Core™ uses a … Quantum provides unbeatable long-lasting alkaline power for both high and .

    • ဖားသက်ပြင်း

      December 25, 2014 at 1:34 am

      အဲ့သည်​့ ကုန်​ပစ္စည်​း format ​တွေက ကျုပ်​တို့ထင်​တာထက်​ tricky ဖြစ်​သဗျ
      တခါတ​လေမှာ အ​ကောင်​းဆုံး ​ဈေးအသက်​သာဆုံးက စတန်​ဒးတ်​မဖြစ်​ခဲ့တာ​တွေည်​းရှိရဲ့
      ဆက်​​လေ့လာအူးမယ်​ဗျာ
      စွမ်​းအင်​ဘက်​ ​လေ့လာတိုင်​း သို​လှောင်​စွမ်​းအင်​ကဏ်​တမျျှာ
      ဒီ​ကောင်​​တွေကမင်​းမူ​တော့တာကိုး
      ကြီးကြီး​သေး​သေး ဆိုပါ​တော့

  • လောလောဆယ်တော့
    ကျနော့် ဖုန်း ဘက်ထရီကို တော်တော် ကွာရှင်းပစ်ချင်နေတယ်
    ပေါင်းသင်းလာတာတောင် မကြာသေးဘူး။ ခဏလေးသုံးတာနဲ့ ရှိတ်ခနဲ ကုန်သွားတတ်လို့

    😆

    • ဖားသက်ပြင်း

      December 25, 2014 at 1:39 am

      ဖုန်​းဘက်​ထရီ​တွေအ​ကြောင်​းလည်​းစိတ်​ဝင်​စားသဗျ
      ဖုန်​းကျ​တော့ လိုင်​းဆွဲအား သုံး​နေတဲ့အပလီ
      မျက်​နှာပြင်​အလင်​းအား စတာ​တွေနဲ့ဆက်​စပ်​​နေ​သေးတာရယ်​
      ​ပြောရရင်​ အဲ့ဒ်​လည်​း စတန်​းဒတ်​တခုအ​နေနဲ့​လေ့လာချင်​ပါ​သေးတယ်​

  • Swal Taw Ywet

    December 25, 2014 at 2:20 am

    အဟေးး။
    လျှပ်စစ်ဆိုတော့ ကိုယ့်အပိုင်ပေါ့လေးး။
    ဘောလုံးကွင်း ၄၈ကွင်းစာ အားကစားမြို့တော်ကြီးကို ခြေလျင်ပတ်ပြီး ဓါတ်ပုံရိုက်မှတ်တမ်းတင် Report လုပ်နေရတာ။
    အယ်လကာလိုင်းဘက်ထရီ တစုံ ၂ရက်တောင်မခံ။
    သိပ်မကြာခင် အဲဒီ AA . AAA တွေပျောက်တော့မယ်ဖြစ်ပါကြောင်းးး။
    With respect,
    Swal Taw Ywet.

  • မြစပဲရိုး

    December 27, 2014 at 5:57 am

    ပိန်ပိန် အေအေအေအေ (အေ လေးလုံး) လဲ ရှိသေးတယ်လေ။
    လေဆာ ပွိုင့်တာ တွေမှာ သုံးတာ။
    ငယ်တုန်းကလဲ စည်ပိုင်း လို ဘက်ထရီ ဝဝ ကြီး တွေ သုံးခဲ့ဘူးတာ။
    အခု ရာဇဝင်ထဲ ဘဲ ကျန်တော့ တာကို။
    နာရီ တွေထဲ ထည့်တဲ့ ကွိုင် ဘက်ထရီ အဝိုင်း လေး တွေ လဲ အသုံးများ ပါတယ်။
    အရင်က ကွန်ပျုတာ ထဲ က နာရီ အတွက်လဲ cmos battery အဝိုင်း လေးလိုတာ။
    အခုနောက်ပိုင်း အဲဒါလဲ လိုတော့ မှာ မဟုတ် လို့ ထင်မိတာဘဲ။

  • Foreign Resident

    December 27, 2014 at 8:57 am

    Battery Size နှင့် ပါတ်သက်ပြီး သိတာကတော့ ၊
    အခု လူသတ်မှု ဖြစ်နေတဲ့ မင်းအုပ်စိုး ကို ၊
    AA မင်းအုပ်စိုး လို့ခေါ်ကြတာဘဲ သိတယ် ။ ဟီ ဟိ ။
    တော်သေးတာပေါ့ ။ AAA မဖြစ်လိုက်လို့ ။

  • CharTooLan

    December 27, 2014 at 10:35 am

    ကျနော်ကတော့ အယ်လကာလိုင်းဆိုတာကိုစိတ်ဝင်စားတယ် ဘာမှန်းမတိဘဲ အာ့ပဲဝယ်သုံးနေရလို့
    အားပြန်သွင်းပီးသုံးလို့ရတာကိုပြောသလား မသိ 🙁
    ဒါနဲ့ ပလိုဂီနဲ့တွေ့ချင်ဒယ် တွေ့ဆုံပွဲလာမှာလားဟမ်

  • ဦးကျောက်ခဲ

    December 27, 2014 at 10:46 am

    ဘက်ထရီနည်းပညာ တိုးတက်လာတာတော့ ဟုတ်ပါပြီ…
    ဘယ်လိုစွန့်ပစ်ရမယ်ဆိုတာတော့ အခုအထိ ရေရေရာရာ မရှိသေးပါဘူး…
    တီထွင်ပါရဂူများ အဲဒါလေးအထိ… စဉ်းစားကြစေချင်…
    :k:

  • Ma Ma

    December 28, 2014 at 9:42 am

    သဂျီးပြောသလိုပဲ နောက်ဆယ်စုနှစ်တွေမှာ.. ဘက်ထရီဟာ အလွန်(အလွန်)ကိုရှေ့ရောက်လာမယ်မှန်းပါတယ်..။
    ခုလည်း ကားဘက်ထရီဒေါင်းရင် ထောက်နှိုးလို့ရမယ့် လွယ်ကူအဆင်ပြေတဲ့ Portable Battery ရနေပြီ။
    အင်ဂျင်ပါဝါအကြီးကြီး (ကုန်ကားအထိ) ထောက်နှိုးနိုင်မယ့် ဘက်ထရီက ကွန်ပါဘူးသာသာအရွယ်ပဲရှိတယ်။
    ပုံတင်ပေးချင်တာ ကွန်မန့်မှာ မတင်တတ်လို့။ ဖွဘုတ်မှာ တင်လိုက်တယ်။

Leave a Reply