ပျော်ပျော်ပါးပါးဆုံကြမယ်လေ… Best web awards

ခင်မင်လေးစားရပါသော မြန်မာ့ဂဇက်(မန်းဂဇက်)ရွာသူရွာသားအပေါင်းသူတော်ကောင်းတို့….

မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေကြောင်း နှစ်သစ်အကြို နှုတ်ခွန်းဆက်သလိုက်ပါတယ်ဗျာ

ဘာလိုလိုနဲ့ နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်အခါသမယ ကူးပြောင်းဖို့အချိန်လည်းအလွန်ကိုနီးကပ်လို့လာပါပြီ

ဒီလိုပဲ ကျနော်တို့ရွာသူားတွေ ပျော်ရွှင်စွာဆုံတွေ့ပွဲနဲ့ မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲကြီးကိုလည်း

မကြာမီကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်…….

မန်းဂဇက်မှာမန်ဘာဝင်ပြီး စာရေးကြ၊ ကွန်မန့်ပေးကြနဲ့

ခင်မင်ရင်းနှီးခဲ့ကြတာလည်းကာလကြာရှည်ခဲ့ပြီပေါ့

ဒီလိုရေးကြ မန့်ကြရင်းနဲ့ စိတ်ကူးတူတဲ့ ရွာသူားတစ်ချို့တိုင်ပင်ကြပြီး မန်းဂဇက်ချစ်သူများအကြိုက်စာပေဆု

ပေးဖို့၊ တစ်လတစ်ကြိမ်အကြိုက်ဆုံးစာမူရွေးကြပြီး ၆လတစ်ကြိမ် တွေ့ဆုံပွဲနဲ့ဆုပေးပွဲလုပ်ကြဖို့သဘောတူကြပြီး

ကိုယ့်ရံပုံငွေနဲ့ကိုယ်ဆောင်ရွက်လာခဲ့ကြတာ အားလုံးသိပြီးဖြစ်မှာပါဗျာ…အဲ့ဒီမှာ ဖတ်ရွေးအဖွဲ့ဥက္ကဋ္ဌအဖြစ်

အလှည့်ကျရွေးချယ်ပြီးဆောင်ရွက်လာခဲ့တာ…ခုနောက်ဆုံးအလှည့်ကျတာဝန်ယူနေရတာကတော့

ကျုပ်ဆိုတဲ့…ကြီးမှ မိုက်နေတဲ့… ကြီးမိုက်ပါပဲ….ဒီလိုနဲ့လိမ်ဖယ် လိမ်ဖယ်နဲ့ လျှောက်လာခဲ့ကြတာ..ခုဆိုရင်ဖြင့်….

“မန်းဂဇက်ချစ်သူများစာပေ၊ ကဗျာဆုပေးပွဲ နဲ့ မြန်မာ့ ဂဇက် ရွာသူားများတွေ့ဆုံပွဲ”

ကို..လေးကြီမ်မြောက်ကျင်းပဖို့ ရက်တွေနီးလာပြန်ပါပကော။ ဘာပဲပြောပြော..ဒီဖတ်ရွေးအဖွဲ့ကြီးဟာ….

ဝေဖန်ခံရမှုပေါင်းများစွာ

ချီကျူးထောပနာမှုပေါင်းများစွာ

ပံ့ပိုးကူညီမှုပေါင်းများစွာ

ပါဝင်အားဖြည့်ပေးမှုပေါင်းများစွာ

အထင်လွဲ ရှုံ့ချမှုပေါင်းများစွာ

စိန်ခေါ်အကဲစမ်းမှုပေါင်းများစွာ

လေ့လာစောင့်ကြည့်မှုများစွာ – – – – – – – –

—————————–

—————————–

—————————–

—————————–

အဲဒီလို များစွာတွေကိုကျော်ဖြတ်ရင်း

ခုဆိုရင် 2014 ခုဒီဇင်ဘာလမှာ နောက်ထပ် တစ်နှစ်ဆိုတဲ့ အချိန်ကို အောင်မြင်စွာဖြတ်ကျော်လာနိုင်ခဲ့ပြီးပါပြီ….

ပထမဆုံးအကြိမ်တွေ့ဆုံပွဲနဲ့ ဆုပေးပွဲအခန်းအနားကို ၂၀၁၃ ဇန္နဝါရီလ (၂၀)ရက်နေ့ မှာ ကန်တော်ကြီးထဲက P3 စားသောက်ဆိုင်မှာပျော်ရွှင်ကြည်နူးစွာ ကျင်းပခဲ့ကြပါတယ်။

ပထမဆုံးအကြိမ်တက်ရောက်ခဲ့သူများ
ပထမဆုံးအကြိမ်တွေ့ဆုံစဉ်က တက်ရောက်ခဲ့သူရွာသူားများ

 

 

 

 

 

 

 

 

 

 

 

 

 

အဲ့ဒီပွဲမှာ ဗွေဆော်ဦး ဆုရရှိခဲ့သူများကတော့

ဇူလိုင်လ၊ ၂၀၁၂ ဝင်းပြုံးမြင့် ၄ဝ ကျော် ကျမရဲ့ အသည်းကွဲ တမ်းချင်း
ဩဂုတ်လ၊ ၂၀၁၂ aung moethu ပျံကျဈေးထဲက မုန့်ဟင်းခါးဆိုင်
စက်တင်ဘာလ၊ ၂၀၁၂ kyeemite ထောင်ထွက်ကြီးမိုက်…Ex-convict
အောက်တိုဘာ၊ ၂၀၁၂ မိုချို အစားမတော် တစ်လုတ်နဲ့ သေမင်းကို ခလုတ်တိုက်ခဲ့သူ
နိုဝင်ဘာ၊ ၂၀၁၂ ဦးကျောက်ခဲ အာဝေနိက ချစ်ဒုက္ခ
ဒီဇင်ဘာ၊ ၂၀၁၂ နွေဦး ဘယ်လိုစားကြမလဲ

တို့ပဲဖြစ်ကြပါတယ်ဗျာ။

 

 

 

ဒုတိယအကြိမ် မန်းဂဇက်ရွာသူရွာသားများတွေ့ဆုံပွဲ နဲ့ ဆုပေးပွဲကို ၂၀၁၃ ခုနှစ် ဂျူလိုင်လ (၂၁) ရက်နေ့ မှာ ကန်တော်ကြီးထဲမှာပဲ ရှန်တီစားသောက်ဆိုင်မှာ အောင်မြင်ပျော်ရွှင်စွာကျင်းပနိုင်ခဲ့ကြပါတယ်…

ဒုတိယအကြိမ်ဆုံခဲ့စဉ်ကရွာသူားများ
ဒုတိယအကြိမ်ဆုံခဲ့စဉ်ကရွာသူားများ

 

 

 

 

 

 

 

 

 

 

 

အဲ့ပွဲမှာ ဒုတိယံမိ ဆုရရှိခဲ့သူများကတော့….

ဇန်နဝါရီ၊ ၂၀၁၃ လုံမလေး မွန်မွန် ကြုံတွေ့နေရ လုပ်ငန်းခွင်ဘဝ (ခရီးသွားလုပ်ငန်း)ဲ
ဖေဖော်ဝါရီ၊ ၂၀၁၃ Myo Thant ရေဆန်လမ်းမှ ပန်းတစ်ပွင့် ( ၁ )
မတ်လ၊ ၂၀၁၃ အင်ဇာဂီ C H A N G E !
(ဧပြီ + မေ)၊ ၂၀၁၃ Surmi ဝန်ကြီးပဒေသရာဇာ၏အကျဉ်းစံသင်းချိုင်းဂူ
ဇွန်လ၊ ၂၀၁၃ ကိုရင်စည်သူ သင်္ဘောအခန်းတွင်းမှ ဝိညဉ်ခေါ်သံ (၁)

 

 

ဒုတိယအကြိမ်တွေ့ဆုံပွဲမှာတော့ ထူးထူးခြားခြား မန်းဂဇက်ချစ်သူများ စာပေဆုရစာမူများ

(၂၀၁၂ခုနှစ် ဇူလိုင်မှ ၂၀၁၃ခုနှစ် ဇွန်လထိ တစ်နှစ်တာ)ကို ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပါတယ်

အားပေးကြပါအုံး
အားပေးကြပါအုံး

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

(အဲဒီအမှတ်တရ စာအုပ်ကို ဒီတစ်ခေါက်တွေ့ဆုံပွဲမှာလည်း ဝယ်ယူအားပေးနိုင်ကြပါတယ်)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

တတိယ အကြိမ်တွေ့ဆုံပွဲနဲ့ ဆုပေးပွဲအခန်းအနားကို တော့ ၂၀၁၄ ဇန္နဝါရီလ (၁၂)ရက်နေ့ မှာ ကန်တော်ကြီးထဲက ရှန်တီစားသောက်ဆိုင်လေးမှာပဲထပ်မံပြီး ပျော်ရွှင်ကြည်နူးစွာ ကျင်းပခဲ့ကြပါတယ်။

တတိယအကြိမ်မြောက်ပျော်ရွှင်စွာ
တတိယအကြိမ်မြောက်ပျော်ရွှင်စွာတွေ့ဆုံစဉ်က အမှတ်တရ

 

 

 

 

 

 

 

 

 

 

 

 

 

အဲ့ပွဲမှာ တတိယံမိ ဆုရရှိခဲ့သူများကတော့….

ဇူလိုင်လ၊ ၂၀၁၃ Mr. MarGa တစွန်းတစ ငယ်ဘဝနှင့် ပြန်သတိရမိတဲ့ ကာတွန်းတွေ
ဩဂုတ်လ၊ ၂၀၁၃ Zaw Thant သဒ္ဓါကို ပညာက စိန်ခေါ်ခြင်း
စက်တင်ဘာလ၊ ၂၀၁၃ ကျော်စွာခေါင် စုဗူးနဲ့ ကောင်လေး
အောက်တိုဘာလ၊ ၂၀၁၃ နန်းတော်ရာသူ | မောင်ဘလိူင် အဖေ့ရဲ့ပီစီအို
အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း(၁ မှ ၈၄)
နိုဝင်ဘာ၊ ၂၀၁၃ ကြောင်ဝတုတ် မတူကွဲပြားသော လူအများစုဝေးနေထိုင်ရာ… တစ်နည်းအားဖြင့်ဆိုသော Public
ဒီဇင်ဘာ၊ ၂၀၁၃ Padonmar ကြိုတွေးပြင်ဆင်

တို့ပဲဖြစ်ပါတယ်ဗျာ။

 

 

 

အဲဒီလို ချိနဲ့နဲ့ လှုပ်လီ လှုပ်လဲ့ ချီတက်လာခဲ့ကြတာ…

အခုဆိုရင် စတုတ္ထ အကြိမ်မြောက် “မန်းဂဇက်ချစ်သူများစာပေ၊ ကဗျာဆုပေးပွဲ နဲ့ မြန်မာ့ ဂဇက် ရွာသူားများတွေ့ဆုံပွဲ” ကို ကန်တော်ကြီးထဲမှာ မကျင်းပတော့ပဲ အင်မတန်သာယာလှပတဲ့ အင်းယားကန်နံဘေး…ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် နောက်တဲ့တဲ့က “စိမ်းလမ်းစိုပြေ” စားသောက်ဆိုင်လေးမှာ စီစဉ်ထားပါကြောင်း နဲ့

ရွာသူ ရွာသားများအားလုံး(တစ်ယောက်မကျန်) ပျော်ရွှင်စွာ ကြွရောက်ကြပါရန် လေးစားခင်မင်စွာနဲ့ ဖိတ်ကြားအပ်ပါတယ်ဗျာ….

(ရှေးပဝေသနီက ရွာထဲဝင်ခဲ့သူမှသည် မနေ့တစ်နေ့က မှရွာထဲရောက်သူ ရွာသူားအားလုံးကိုဖိတ်ကြားတာပါနော်)

မှတ်ချက်။ စာရေးကောင်းရင် ရွာထဲရောက်ခါစ စာရေးသူကိုပင် မိမိတို့အဖွဲ့မှအကြိုက်ဆုံးအဖြစ်ရွေးချယ်ခဲ့တာလည်း

                အားလုံးအသိပါဗျာ။

ဒီတစ်ခေါက်ကတော့ ၆လ တစ်ကြိမ်မလုပ်ဖြစ်ပဲ ၂၀၁၄ တစ်နှစ်စာစုပေါင်းပြီး ကျင်းပမှာဖြစ်လို့ ဆုရသူတွေလည်းများ

တက်ရောက်သူတွေလည်းများပြားစည်ကားမယ်လို့ မျှော်လင့်လို့ နေရာရော အစားအသောက်ပါ တတ်နိုင်သမျှ အကောင်းဆုံး

ဖြစ်အောင်ကြိုးစားစီစဉ်ထားပါကြောင်း အားလုံးကိုအသိပေးလိုပါတယ်…..( တက်ရောက်လာသူ ရွာသူားများကို သဂျီးပို့ပေးတဲ့

လက်ဆောင်များလည်း မဲဖေါက်ပေးသွားပါမည်ခင်ဗျား)

ဒီတစ်ကြိမ်မှာဆုချီးမြှင့်ရမယ့် စာပေဆုရှင်များကတော့…..

ဇန်နဝါရီ၊ ၂၀၁၄ TNA အန္တရာယ်ကင်းကင်းချက်ပြုတ်ခြင်း
ဖေဖေါ်ဝါရီ+မတ်လ၊ ၂၀၁၄ Snow Smile “ကျ မ ဆိုက် ကာ း သ မား ”
ဧပြီ+မေလ၊ ၂၀၁၄ kogyi mind ဖျက်ဆီးခံရသောမြန်မာတို့၏စိတ်
ဇွန်လ၊ ၂၀၁၄ ဦးဦးပါလေရာ ကျိန်စာသင့်သော ငွေငါးသိန်း
ဇူလိုင်လ၊ ၂၀၁၄ marblecommet ဂျိုး စာစုများ
ဩဂုတ်လ၊ ၂၀၁၄ hmee အဖြူရောင်မီးတောက်ကလေးများ
စက်တင်ဘာလ၊ ၂၀၁၄ Kaung Kin Pyar ဈေးသည်နဲ့…ဆေးသည်
အောက်တိုဘာ၊ ၂၀၁၄ မစုဉာဏ် တူညီသောဆန္ဒ
ကဗျာဆုများ
ပြခန်း (၁၄) တောတွင်းပျော် ညီမငယ်လေးသို့
ပြခန်း (၁၅) ကေဇီ မြတ်နိုးခြင်း

 နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ အတွက် မန်းဂဇက်ချစ်သူများစာပေဆုကိုတော့…မကြာမီပဲ

ရွေးချယ်ကြပြီး ဒီပွဲမှာဆုချီးမြှင့်သွားမှာဖြစ်ပါကြောင်းဗျာ….

 

နေ့ရက်။ ၂၀၁၅ ခုနှစ် ဇန္နဝါရီလ ( ၁၁) ရက်

အချိန် ။ နံနက် (၈) နာရီမှ (၁၂) နာရီ

နေရာ။ စိမ်းလမ်းစိုပြေစားသောက်ဆိုင်၊ အင်းယားလမ်း၊ ရန်ကုန်မြို့။

အစီအစဉ်။ လွတ်လပ်စွာ မီးစဉ်ကြည့်က ကြမည်။

မှတ်ချက်။ နေရာနှင့်အစားအသောက်စံနစ်တကျ မလေမလွင့် စီစဉ်နိုင်ရန်အတွက်

                တက်ရောက်မည့်သူများကွန်မန့်လေးဖြင့် စာရင်းပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား။

ခင်မင်ရင်းနှီးစွာဖြင့်…

ထာဝရလမ်းဆက်လျှောက်နေတဲ့…

ကြီးမိုက်။

၂၄၊ ၁၂၊ ၂၀၁၄

 

116 comments

  • min kyansix

    January 1, 2015 at 3:23 pm

    တကယ့်ကြည်နူးစရာပွဲလေးဖြစ်မှာဘဲ
    အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေလို့
    ရွာသားအသစ်ကျွန်တော်က အဝေးကဘဲ ဆုတောင်းပေးလိုက်ပါတယ်
    ရွာသူရွာသားတွေအားလုံး ဒီ့ထက်မက အောင်မြင်နိုင်ကြပါစေ

    • kyeemite

      January 2, 2015 at 9:54 am

      min kyansix လည်းလာခဲ့ပါလို့ဖိတ်ပါတယ်…သစ်သစ် ဟောင်းဟောင်းပါဗျ

  • apolo11

    January 1, 2015 at 4:05 pm

    ပျော်စရာကြီးပါလား . . . . . .

  • Swal Taw Ywet

    January 1, 2015 at 5:10 pm

    ကျနော့်ရဲ့ မနှစ်က မှတ်တမ်းပို့စ် တော့ ပြန်ဖေါ်ထားလိုက်ပြီ။
    ကိုရာမည ရဲ့ပို့စ်နဲ့တွဲမှ ကောင်းမှာ ဘယ်လိုပြန်ရှာရမှန်းမသိ။
    သဂျားဖြစ်ဖြစ် ဇီဇိလေးဖြစ်ဖြစ် ပြန်ဖေါ်ပေးပါအုံး။
    ကူးမထားရသေးလို့ပါ။
    ရွှင်လန်းချမ်းမြေ့ကျန်းမာကြပါစေ။
    With respect,
    Swal Taw Ywet.

    • ခင်ဇော်

      January 2, 2015 at 10:06 am

      ခုလေ။ ဇီဇီက ဘာကို မှ မတူး မဖော်တော့ပါဘူး ကိုကိုစွယ်။
      သများ နောင်တရ ပြီး လိမ္မာသွားပါပြီ။

      :k:

    • ခင်ဇော်

      January 2, 2015 at 10:11 am

      http://myanmargazette.net/192387
      မန်းဂေဇက် လျှို့ဝှက်မှတ်တမ်းကြီးပျောက်ဆုံးမှုနောက်ဆုံးအခြေအနေ- Swal Taw Ywet

      http://myanmargazette.net/192185
      မန္တ​လေး ​ဂေဇက်​ လျှို့ဝှက်​မှတ်​တမ်​း​ပျောက်​ဆုံးမှုှု (စ/ဆုံး)- ရာမည

      • kyeemite

        January 2, 2015 at 1:49 pm

        .ကိုစွယ်တော်ရေးထားတာလေးတော်တော်သဘောကျသဗျာ…
        .ဒီနှစ်အတွက်တော့ ကိုယ်တိုင်တက်ရောက်မဲ့ ခြင်ကျားပူက လူမိုက်ခင်ဇော်အလှည့်ပဲ :k:

        • ခင်ဇော်

          January 2, 2015 at 2:17 pm

          ငင်။ တညားက ဖေဖောဝါရီ ၂ ရက်မှ ခြင်ကားပူ ပြန်ရောက်မှာ။
          နောက်ကျနေမှာပေါ့။
          :mrgreenn:
          ဟိ။
          သူများတွေ အရင်ရေးကြပါ။
          သများ ဗားရှင်းက နောက်က လိုက်ပါ့မယ်။

          :k:

  • kyeemite

    January 3, 2015 at 10:07 am

    .မိုးမင်းသားရေ..လာဖြစ်အောင်သာလာပါဗျာ..ကြိုဆိုလျှက်ပါ :))

  • ko six

    January 3, 2015 at 9:19 pm

    လမ်​းစရိတ်​အတွက်​ ဖန်​လိုက်​ဦးမယ်​ဗျ

    • Maung Thura

      January 5, 2015 at 7:49 pm

      အဟမ်းးးး
      ဆရာဆစ်…
      ကျနော်ချစ်သော ကဗျာတွေကို ဖန်တီးတတ်သော လက်တစ်စုံနဲ့ တွေ့ခွင့်ရဖို့…
      ဒီကိုအရောက် အကုန်အကျခံချင်စိတ် ရှိပါတယ် ။
      ဒါမယ့်…..
      .လောလောဆယ် ဘက်ဂျက်အခြေအနေက မပေးသမို့…
      လမ်းစရိတ်မဟုတ်ပဲ…
      ပွဲတက် အကျီ င်္(အကျီ င်္သာ) စပွန်ဆာပေးပါရစေ…

      အကျီ င်္ကတော့ … ဂဇက်တံဆိပ်ရိုက် အကျီ င်္ပါ..
      ဆရာဆစ် မှာထားတဲ့ အကျီ င်္ကို.. ကျနော်က လက်ဆောင်ဝယ်ပေးပါရစေနော..
      အမှတ်တရပေါ့… ။

      ဆိုတော့… ပွဲကိုသာ အရောက်လာ…
      အကျီ င်္မပါခဲ့ရင်တောင် ပူစရာ မလို….

      😆

  • weiwei

    January 3, 2015 at 9:37 pm

    လာပါမယ်လို့ .. ဒါပေမယ့် တစ်ယောက်ထဲပါပဲ ..

  • တိမ်မည်း

    January 4, 2015 at 6:52 pm

    လာပါမယ်ဗျို…. တယောက်တည်းပါ….

  • kyeemite

    January 5, 2015 at 3:53 pm

    ko six
    weiwei
    တိမ်မည်း….တို့လာကြမယ်ဆိုလို့ဝမ်းသာပါတယ်ဗျ…ဆက်ဆက်လာကြပါနော :))

    • ခင်ဇော်

      January 5, 2015 at 4:03 pm

      တညား ကို ပွဲတက်ဖို့ လူရွေးပေးပါ။
      ခု ဘူ့ကို ရွေးရမှန်းမသိတော့ဝူးးး

      :k:

      • kyeemite

        January 6, 2015 at 10:50 am

        .တကူးတက ရွေးပေးစရာမလိုပါဘူး ခင်ဇော်ရယ်..လာသာလာခဲ့ပါ
        .ရောက်တာနဲ့ ဝိုင်းဝိုင်းလည်နေရပါစေ့မယ် (ကြွေးရှင်တွေ) :k:

  • ko six

    January 6, 2015 at 2:12 pm

    စာ​ဖတ်​ရတာနဲ့တင်​ ​ပျော်​စရာဂျီးဗျ

  • Kaung Myat Thu

    January 7, 2015 at 1:13 pm

    ရွာထဲလာလိုက်၊မလာလိုက်လူ(Kaung Myat Thu)ကလည်းသူများတွေပျော်နေတာတွေ့တော့သွားချင်သား။

    • kyeemite

      January 7, 2015 at 2:54 pm

      .လာဖြစ်အောင်လာဂျိုင်းစေချင်ပါတယ် ကိုကောင်းမြတ်သူ…အချင်းချင်းတွေပဲဗျာ :))

  • နွယ်ပင်

    January 8, 2015 at 3:46 pm

    နွယ်ပင် + ဂဂ ဟီးးးးးးးး ကျန်ခဲ့မှာဆိုးလို့ စာရင်းလာပေးတာပါ …
    ရွာ Password မေ့နေ့လို့ တစ်ကုန်စဉ်းစားလိုက်ရတယ် .. :k:

  • Myat Pearl Phyu

    January 8, 2015 at 4:44 pm

    မှတ်တမ်းတင်ပုံများကို ပိုစ့်များကို စောင့်နေမယ်…

  • Myat Pearl Phyu

    January 8, 2015 at 4:50 pm

    Congratulations !!!!

  • မြစပဲရိုး

    January 11, 2015 at 4:19 am

    ဟိုးတစ်ခါ ရွာ ရဲ့ ပထမဆုံး အလှူတုန်းက အစောကြီး ထပြီး နိဗ္ဗာန်ဆော်လုပ်ပေးခဲ့တဲ့ ဦးကြီးပု ကို လွမ်းမိနေတယ်။
    သူကတော့ ရွာ ကို အရေးတောင်လုပ်ပြီး မကြည့်တော့။ :-((((((

  • မြစပဲရိုး

    January 11, 2015 at 11:59 pm

    ပြန် မရောက်ကြသေး ဘူးလား ဗျို့။
    ဒီမှာ သတင်း ဓာတ်ပုံ တွေ ကို စောင့်နေတာ ကြာပြီ။
    :))

Leave a Reply