နှောင်းအတိတ် ဆောင်း

ကာရံDecember 24, 20141min1026

နှောင်းအတိတ် ဆောင်း

အလွမ်းရဲ့ဒဏ် အေးခဲလှပါပြီ
ဆောင်းလရာသီမို့ အချမ်းပိုစေသလား
နှင်းဖွဲဖွဲညမို့ အနမ်းတို့ခြွေနေသးတယ်
မေရယ် ရင်ထဲခိုက်ခိုက်တုန်းဆဲမို့
ဆောင်းတို့ခြေရာ ဖျောက်နေရော့သလား

အတိတ်ပန်းချီကားမှာ မြူ နှင်းများဝေကြပြီ
သူတို့မြေမခခင်လေးမှာ နှလုံးသားစိုစွတ်သယောင်
လျှောက်မြဲလမ်းတို့ အထီးကျန်ဆန်
အကျည်းတန်ပတ်ဝန်းကျင်မှာ နှင်းများဖွဲဖွဲပါ

ကော်ဖီခါးခါးတစ်ခွက် ဘဝမောဟတွေကို
ဖြေသိမ့်ရင်း အနွေးဓာတ်ကို ဖန်ဆင်းခဲ့ပါပြီ
ရာသီခွင် တစ်ပတ်လည်ပြီမို့ ဆောင်းလေးအဝေးမပြေးခင်လေးမှာ
မေရယ် အပြေးသာလာခဲ့ပါနော်

ကာရံ ၂၄ ့၁၂ ့၂၀၁၄

6 comments

  • အဟွတ်။
    အခုတလော ”အလွမ်း”က လူပြောများနေတယ်နော်
    အင်းးးဆောင်းရယ် နှင်းရယ် အလွမ်းရယ်
    ခေတ်တစ်ခေတ်ဖြစ်နေတော့သကိုးးး

    :kwi:

  • kai

    December 25, 2014 at 2:09 pm

    မေရယ် အပြေးသာလာခဲ့ပါနော်

    ချော်တော့မလဲစေနဲ့ပေါ့…။
    ကျသွားလည်း ပြန်ထူထ
    ထိုင်တာနဲ့ရော.. လူပြောမခံစေရ..။ :k:

  • ခင် ခ

    December 26, 2014 at 1:28 pm

    မြူနှင်းတွေဆိုင်း မှိုင်းကာနေပြီး အလင်းရောင်ဖျော့နေတဲ့အချိန် လွမ်းဆွေးလို့မနေနိုင်ဘဲ အလုပ်တွေရှုပ်နေတဲ့တစ်ယောက်ကို ကျွန်တော်ခရီးတစ်ခုသွားလာရင်းတွေ့ဖူးတယ်ဗျ။
    အဲဒီသူက တံငါသည်တစ်ဦးပါ။

    • မြစပဲရိုး

      December 27, 2014 at 4:38 am

      ဒါကြောင့်
      လွမ်းဆွေးတယ် ဆိုတာ Terms and Conditions နဲ့ ဆိုတာ မှန်တော့တာဘဲ။ lol:-)

  • manawphyulay

    December 27, 2014 at 3:59 pm

    ဒီနှစ်ဆောင်းက အချမ်းပိုသည့်မို့
    အလွမ်းပိုမိသည်မှာ အဆန်းမဟုတ်သည်မို့
    ဆောင်းနှင်းဝေဝေ အလွမ်းတွေစွေ ရင်ဖြင့်
    ဒီနှစ်ကို ဖြတ်ကျော်လိုက်ရအောင်နော်……

  • ကာရံ

    December 31, 2014 at 11:46 pm

    လူသားတိုင်းလွမ်းဆွေးခြင်းမကင်းပါဘူးလေ ပုံစံလေးဘဲပြောင်းတာပါ

Leave a Reply