အမေရိကန်နဲ့ ပြင်သစ်ထက် ဗမာတွေက ပိုပြီးတော့ သတ္တိရှိတယ်။

alinsettDecember 28, 20141min32322

အမေရိကန်နဲ့ ပြင်သစ်ထက်

ဗမာတွေက ပိုပြီးတော့ သတ္တိ ရှိတယ်။

 

…………………………………………………….

အမေရိကန်တွေရယ်…
ပြင်သစ်တွေရယ်….
ဗမာတွေရယ်… စုဝေးပြီး ထိုင်နေကြတယ်။

သူတို့ဟာ… ဘယ်လူမျိုးက သတ္တိအရှိဆုံးဆိုတာကို ထိုင်ငြင်းနေကြတာဖြစ်တယ်။

 

ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်သာလျှင် သတ္တိရှိကြောင်းကို သက်သေတွေ သာဓကတွေ ထုတ်ပြကြတယ်။

ပထမဆုံး …

အမေရိကန်တွေက  သူတို့ ဘယ်လောက် သတိ္တ ရှိကြောင်းကို သက်သေနဲ့တကွ ပြောတယ်..

 

”ငါတို့ဟာ ဘယ်လောက် သတ္တိ ရှိပြီး.. ဘယ်လောက် တာဝန်ယူစိတ် ရှိကြသလဲ..ဆိုရင်…
ကား ဆယ်စီး တန်းစီထားတယ်… ။

အဲဒီ ဆယ်စီးထဲမှာ တစ်စီးက…ဘရိတ်မပါဘူး ။

မောင်းထွက်လိုက်ရင် ရပ်လို့မရဘူး ။

ဒါပေမယ့်… အမေရိကန်ဆယ်ယောက်ဟာ… အဲဒီကားတွေပေါ်ကို တက်လိုက်ကြတယ် ။

ဘယ်သူဟာ…ဘရိတ်မမိတဲ့ကားကို မောင်းမိမလဲ…မသိကြဘူး ။

ဘာပဲဖြစ်ဖြဟ် အဲဒီ အမေရိကန် ဆယ်ယောက်ဟာ..  သတိ္တရှိစွာနဲ့…

ကားဆယ်စီးလုံးကို ကိုယ်စီမောင်းထွက်လိုက်ကြတယ်… ။

ကုန်းဆင်းကြီးကို မောင်းတာ ဖြစ်ပါတယ်။

မောင်းပြီးတဲ့အချိန်မှာ… ဘရိတ်မမိတဲ့ ကားကိုမောင်းမိတဲ့

အမေရိကန်တစ်ယောက်ဟာ…ဆေးရုံပေါ်မှာ ဆေးကုသလိုက်ရပါတယ်။

ဒါပေမယ့်… ကျန်တဲ့ အမေရိကန် ကိုးယောက်က…အဲဒီ ဆေးကုသနေရတဲ့

အမေရိကန်ကို…လူနာသတင်းမေးဖို့ မပျက်မကွက် လာကြတယ်… ။ ”

 

————————-

အမေရိကန်တွေက.. သူတို့ရဲ့ သတ္တိ ရှိမှုနဲ့… တာဝန်ယူစိတ်ကို သက်သေပြ ပြောအပြီးမှာ…

ပြင်သစ်တွေကလည်း  အားကျမခံ ထပြောတယ်… ။

”ငါတို့ ပြင်သစ်လူမျိုးတွေက ပိုပြီး သတ္တိ ရှိပါတယ်။

တာဝန်ယူစိတ်လည်း ရှိကြတယ်။

တစ်ခါတုန်းက …ငါတို့ ပြင်သစ်လူမျိုး ဆယ်ယောက်ကို

.ပြင်သစ်အမျိုးသမီး ဆယ်ယောက် လက်ဆောင်အဖြစ် ပေးအပ်တယ်။

အဲဒီ အမျိုးသမီး ဆယ်ယောက်ထဲမှာ… တစ်ယောက်က HIV ရောဂါ ရှိနေတယ်။

.ရောဂါသည်အမျိုးသမီးဟာ ဘယ်သူလဲ ဆိုတာ မသိရဘူး ။

.ယောကျာ်းဆယ်ယောက်ဟာ..မိန်းမဆယ်ယောက်ကို တစ်ယောက်စီ ရွေးယူပြီး အိပ်လိုက်ကြတယ်။

.နောက်ဆုံးတော့… ပြင်သစ်ယောကျာ်း ဆယ်ယောက်ထဲက တစ်ယောက်ဟာ

HIV ရောဂါ ကူးစက်ခံလိုက်ရပြီး…. ဆေးရုံပေါ် ရောက်သွားတယ် ။

ကျန်တဲ့ ကိုးယောက်က…

အဲဒီ ရောဂါကူးစက်ခံလိုက်ရတဲ့မိတ်ဆွေအတွက်

ပန်းစည်းတွေ မပျက်မကွက် လာပို့ကြတယ်လေ။ ”

 

—————————–

 

အမေရိကန်တွေနဲ့ ပြင်သစ်တွေရဲ့ ကြွားလုံးသက်သေ အပြီးမှာ…
ဗမာတွေကလည်း. .. သေးသေးတင် မခံပါဘူး ။

နိုင်မယ်ထင်ရာ သက်သေနဲ့ ပြန် ခွန်းတုံ့ပြန်တယ်… ။

 

” ငါတို့ ဗမာတွေကသာ သတိ္တအရှိဆုံး တာဝန်ယူမှု အရှိဆုံးဖြစ်တယ်… ။

တစ်ခါတုန်းက  ငါတို့တိုင်းပြည်ဟာ…နိုင်ငံရေး ပြောရင်…အဖမ်းခံရတယ်။
အဲဒီအချိန်တုန်းက… ဗမာဆယ်ယောက်ဟာ…နိုင်ငံရေးတွေ  ထိုင်ပြောကြတယ်။

လက်ရှိအစိုးရရဲ့ ညံ့ဖျင်းမှုတွေကို ဝေဖန်ပြောဆိုကြတယ်။

အဲဒီ ဗမာ ဆယ်ယောက်ထဲက တစ်ယောက်ဟာ အစိုးရကို သတင်းပြန်ပေးတဲ့ သူလျှိုဖြစ်တယ်။

သတင်းပြန်ပေးသူ ဘယ်သူဆိုတာ..မသိကြပေမယ့်…

အဲဒီ ဗမာဆယ်ယောက်ဟာ.. အစိုးရ မကောင်းတဲ့အချက်တွေကို အားရပါးရ ထိုင်ပြောလိုက်ကြတယ်။

.နောက်ဆုံးတော့… ကိုးယောက် ထောင်ကျသွားတယ် ။

အစိုးရ သတင်းပေးဖြစ်တဲ့ တစ်ယောက်က…ထောင်ကျသွားတဲ့ ကိုးယောက်ကို

ထောင်ဝင်စာ လာတွေ့တယ် ။ ”

 

——————————–

:k:

 

:k:

 

:k:

 

( ဇာဂနာ ပြောတဲ့ စာပေဟောပြောပွဲတစ်ခုမှ ဟာသပုံဝတ္ထုတစ်ခုကို နားထောင်ပြီး ပြန်ရေးလိုက်ခြင်းဖြစ်ပါတယ်။ )

ချစ်ခင်လေးစားလျက်…

မောင်သူရ

၂၀၁၄ ၊  ဒီဇင်ဘာ ၂၂ ၊

22 comments

  • မြစပဲရိုး

    December 28, 2014 at 10:07 pm

    ရိုးရိုး လာတွေ့တာလား။
    waterboarding (နှစ်ခြင်း လုပ်ပြီး သတင်းနှိုက်ယူ ခြင်း) လုပ်ဖို့ လား။ 🙄

    ပြောရရင် ပုံပြင်ထဲ
    (၁) အမေရိကန် တွေ သတ္တိကောင်းတယ် မခေါ်။ မိုက်ရူးရဲတာ။ (ဒါမှမဟုတ်) ကံစမ်းပွဲ လုပ်တာ။

    (၂) ပြင်သစ် တွေ ကတော့ နှာထ တာ။ ဆယ်ရေး တစ်ရေး ရောဂါ ရမယ်မှန်းသိသိ နဲ့။

    (၃) မြန်မာ တွေ ကမှ သတ္တိကောင်းတာ လေ။
    အခု ကြည့်ပါလား။ ရွာ ထဲတောင် ရှိနေရင် ရှိနေမှာကို သိသိ နဲ့။ 😉
    lol:-))))))))))

  • ခင်ဇော်

    December 29, 2014 at 9:07 am

    ဗမာ တွေ သတ္တိကောင်းတာတော့ပြောမနေနဲ့တော့။
    ဘာလို့တုန်း ဆို မွေးကတည်းက ရွေးချယ်ခွင့်မရခဲ့တဲ့ ဘဝမျိုးတွေ ရှိတဲ့နိုင်ငံမှာ လူဖြစ်နေလို့။

    :k:

    • သတ္တိရော..
      ခံနိုင်ရည်ရော… သူများထက်သာတယ်..
      ခံရပါများလို့..ထုံတောင်နေပြီဆိုပါတော့…

      တာဝန်ယူမှု တာဝန်သိမှုကတော့… အင်းးးးးး

  • ဦးဦးပါလေရာ

    December 29, 2014 at 9:12 am

    .အပေါ်က အရီးလတ်ရဲ့ကွန်မင့်လေးကို နဲနဲပြင်ပြီး သံယောင်လိုက်ချင်တယ်

    ရွာ ထဲတောင် သေချာပေါက် ရှိနေမှာကို သိသိ နဲ့။

    :mrgreen:

    • သေချာပေါက်တော့ ရှိလိမ့်မယ်..
      ဒါမယ့် ..ရွာသူားချင်းချင်း.. ရိုင်းပင်းပါလိမ့်မယ်… (ထောင်ထဲတော့ ပို့လိမ့်မယ်မထင်)
      မျှော်လင့်ထားတာပြောပါတယ်..

      :k:

  • Kaung Kin Pyar

    December 29, 2014 at 10:26 am

    ဒါလေးမြင်တော့ … ကြားဖူးတာလေး သတိရတယ်…..
    ဆဒမ်ဟူစိန်ကို အလ္လာအရှင်မြတ်က ကောင်းကင်ဘုံမှာ ခေါ်ဆူတယ်…
    မင်းကြောင့် အပြစ်မဲ့တဲ့လူတွေ သေရတယ်..၊ မင်းကြောင့် စစ်ပွဲတွေဖြစ်ရတယ်…မင်းကြောင့်..
    ၂၅မိနစ်လောက်ကြာတော့ ဆဒမ်ဟူစိန် ငိုပြီး ပြန်သွားတယ်….
    ဂျော့ဘုဂျ်ကို ဘုရားသခင်က ကောင်းကင်ဘုံမှာ ခေါ်ဆူတယ်…
    မင်းတီထွင်လိုက်တဲ့အရာတွေကြောင့် လူတွေ ပိုသေရတယ်…၊ အပြစ်မဲ့သူတွေ သေကုန်တယ်….မင်းကြောင့်…
    နာရီဝက်လောက်ဆူပြီးတော့ ဂျော့ဘုဂျ်ငိုပြီး ပြန်သွားတယ်…..။
    ဦးသန်းရွှေကို ဗုဒ္ဓက ခေါ်ဆူတယ်….
    မင်းနဲ့ မင်းမိသားစုကောင်းစားဖို့ မြန်မာပြည်ကြီးကို ရောင်းစားတယ်၊ မင်းကြောင့် လူတွေ လူ့အခွင့်အရေးဆုံးရှုံးကုန်တယ်၊ မင်းကြောင့် မြန်မာပြည်ဟာ သယံဇာတပေါရဲ့သားနဲ့ ဆင်းရဲနေရတယ်….
    ၄၅ မိနစ်လောက်ကြာတော့
    :
    :
    :
    :
    ဗုဒ္ဓ ငိုသွားတယ်..တဲ့…
    ဒီတော့……
    ဒေါ်မြလေးပြောသလို ပြောရရင်…ပြောကို မပြောချင်ဘူး…
    🙂

  • La Yeik

    December 29, 2014 at 11:16 am

    အခုလည်း ပြောချင်တယ်…ဒီအစိုးရကို လုံးဝမကြိုက်ဘူး….သတ္တိရှိတယ်ကွ..အာဟိ

  • မောင်ဘလိူင်

    December 29, 2014 at 12:15 pm

    ဆရာ သော်တာဆွေ ရေးသလို တို့ပေါင်းတည်သား ဆိုတာ ပြင်သစ်ပြည် ဂါစကွန်နယ်သားတွေလို
    အင်မတန် သတ္တိကောင်းတာကလား တဲ့။ ဘယ်လို သတ္တိလည်းတော့ မသိဘူး။ တို့ အဘေးကြီး
    ဆိုလည်း ပေါင်းတည်သားကွဆိုပြီး ဆော်လိုက်နှက်လိုက်နဲ့။ အမယ်..သူက လမ်းမတော်ဖိုးတုတ်
    တောင် ခွေးခြေနဲ့ကောက်ရိုက်ခဲ့တာ ဆိုပဲ။ ဒါတော့ မယုံဘူး။ (ဖိုးတုတ်လို ကတုံးဆံတောက်နဲ့လူ
    ဖြစ်မှာပေါ့။)

    😀

  • Shwe Ei

    December 29, 2014 at 1:54 pm

    -အခုကျတော့ ကြိုက်သလောက်ပြောလို့ရဘီ…မဖမ်းတော့ဝူး
    -တာဝန်ရှိလူကြီးမင်းများက နားထဲဂွမ်းဆို့ထားလိုက်ဘီဆိုတော့လေ 😛

  • CharTooLan

    December 29, 2014 at 2:44 pm

    နီ…. တိတ်တက်ဒိချိနေဒယ်ဘော့လေ ဟတ်လား :mrgreen:

  • Paing Lay

    December 29, 2014 at 2:57 pm

    ထောက်လှမ်းရေးက ထောင်ဝင်စာ လာတွေ့တာထက် နိုင်ငံရေးပြောတဲ့သူတွေကို သတင်းလာလာနှိုက်တာဖြစ်လိမ့်မယ် နှိပ်စက်မှုပေါင်းမျိုးစုံနဲ့ပေါ့။ :mrgreen:

  • Ma Ma

    December 30, 2014 at 8:33 am

    သတ္တိတော့ လာမစမ်းနဲ့……………
    ရှိမှမရှိတာ ဘယ်မှာစမ်းလို့ ရမှာတုန်းးးးး 😆

    • သတိ္တ ဗလာပေါ့လေ…
      ဗလာရဲ့ စွမ်းအားက အတော်ကြီးသကိုးးးးးဆိုပြီး.. ဂုဏ်ယူနေရမှာပေါ့နော်..
      ဂွစ်ဂွစ်…

      ပြည့်နေတဲ့ခွက်တွေထက်…
      ဗလာကျင်းနေတဲ့ခွက်က..ပိုအသုံးဝင်တယ်တို့…ဘာတို့…

      :k:

  • Yae Myae Tha Ninn

    December 31, 2014 at 10:35 am

    တကယ်တော့ ဒါဟာ ကိုယ်ကျိုးရှာသွားတာပါ…
    အိမ်ထောင်ဦးစီးကောင်းဖြစ်ပေမယ့် – – – ကောင်းမဖြစ်ဘူးဆိုတဲ့ ဟာသလေး အမှတ်ရမိတယ်… 🙂

  • min kyansix

    January 1, 2015 at 6:49 pm

    ဆိုတော့ကာ
    သတိ္တရှိတဲ့လူတစ်ချို့ဟာ ထောင်ထဲမှာ
    ယုံယုံကြည်ကြည်နဲ့ ထောင်ဝင်စာ စားရဲကြပါကြောင်းသိရပါသည်

Leave a Reply