လမ်းပျောက်သူ

အေတြးေလးDecember 27, 20141min1038

အလှမ်းကျယ်ရင် အလယ်လပ်သတဲ့ . . .
ကိုယ်ဟာ
အလှမ်းလည်းမကျယ်သလို အစွမ်းလဲမရှိသူ
မပြည့်စုံချင်းတွေနဲ့ပြည့်နေလို့လားမသိ
တပ်မက်မှုတွေ က ခြောက်ခမ်းလာတယ်
ပေးပါ
စဉ်းစားတတ်တဲ့လက်တစုံ ကျွန်တော်ကိုပေးပါ
စိတ်ကူးတွေနဲ့ အသိဉာဏ်တွေဟာ တဖြည်းဖြည်း ဝေးသွားသလိုပဲ
ခပ်ခါးခါးအတ္တတစ်ခွက်ကို ကော်ဖီနဲ့အတူမျောချလိုက်တယ်
ပူနွေးစွာစီးဝင်သွားတဲ့ အာခေါင်မှာခါးသက်လို့
ကိုယ်ပျိုးခဲ့တာအဆိပ်ပင်ဖြစ်ရင်တောင်
အရွယ်ရောက်အောင်ပြုစုလိုက်မယ်
Sometime
တစုံတခုကိုတောင့်တမိပေမယ့်
တစုံတခုက ဘာမှန်းရေရေရာရာမသိ
တွေးမိတယ်
စိတ်အစဉ်ဟာ ပုံမှန်ဟုတ်၏မဟုတ်၏
အလှမ်းကျဉ်းရင် အလယ်မဟာဘူးတဲ့
မွေးတယ်
သတ္တိတွေမွေးတယ် ဘဝအတွက်အနာဂါတ်တခု
ကိုယ်လျှောက်နေတဲ့လမ်း ဟာ မှန်လားမှားလား မသိသေး
ဘဝလှေကိုလှော်နေချိန် တက်ကျိုးရင် လက်နဲ့လှော်လိုက်မယ်
ပြပါ
ကျွန်တော့ကိုလမ်းမှန်တခု ပြပေးပါ
တိုက်ပွဲဝင်ဖို့လက်နက်တစုံ ထုတ်ပေးပါ
Please
ကျွန်တော်လျှောက်နေတဲ့လမ်းမှာ ခလုတ်ကန်သင်းတွေထပ်မတွေ့ပါရစေနဲ့။

အတွေးလေး (ပြင်ဦးလွင်)

8 comments

  • ဝင့်ပြုံးမြင့်

    December 27, 2014 at 3:09 pm

    .ကဗျာက တစ်မျိုးပဲ၊ ဆန်းတယ်။

  • manawphyulay

    December 27, 2014 at 3:49 pm

    အင်း… ဘယ်လိုပြောရမလဲ…
    လမ်းလျှောက်နေသူတစ်ဦးမှာ ခလုတ်ကန်သင်းကတော့ အမြဲတွေ့နေရဦးမှာပါပဲ….

  • လမ်းနဲ့..ခြေထောက်..
    ရှိသေးတယ်မဟုတ်လား..
    လျှောက်လျှောက်…
    အချိန်မီရောက်အောင်..လျှောက်..

    😆

  • ခင်ဇော်

    December 29, 2014 at 9:21 am

    ခြေထောက်ရှိသရွေ့ လျှောက်ရမှာ။
    လမ်းရှိသရွေ့ ခလုတ်ဆိုတာ ရှိဦးမှာပဲ။

    အသိနဲ့ ရှောင်ကွင်းပြီး ဘေးကင်းအောင် လျှောက်နိုင်ပါစေ။

  • kyeemite

    December 29, 2014 at 1:09 pm

    .လျှောက်အုံးဟေ့ ♫♪♫
    .လျှောက်အုံးဟေ့….နောက်ဆုံးနေ့ထိ…♫♪♫

  • uncle gyi

    December 29, 2014 at 11:15 pm

    ဒါဆိုပေတရာပေါ်မှာလျှောက်
    ခလုပ်ကန်သင်းတော့မတွေ့လောက်ဖူး
    ကားတော့သတိထားရမယ်

  • min kyansix

    January 1, 2015 at 9:12 am

    ဒီအတိုင်းရပ်နေရင်တော့ ခလုပ်မတိုက်လောက်တော့ဘူး

  • အတွေးလေး

    March 22, 2015 at 10:43 am

    အားပေး သွားကြတဲ့ ဦးဦး ကိုကိုများကိုကျေးဇူးတင်ပါတယ် ။ရွာထဲသိပ်မရောက်ဖြစ်လို့ အခုမှ ဝင်မန့်ရတာပါ။

Leave a Reply