အမျှ – – – အမျှ

ရာမညDecember 28, 20141min15810

^^^ အမျှ – – အမျှ ^^^

သူငယ်ချင်း ….
မင်းသိလေမလား
ငါတို့ဘာသာ
ယူ ဝါဒမှာ
ပေးဝေအမျှ
ကြားပါကမူ
စိတ်ကတူစွာ
သာဓုသာဓု
အာရုံပြုမူ
သဘောတူမျှ
ညီညွတ်ကြလျှင်
ကုသိုလ်ရှင်လို ရသတဲ့ ။

သူငယ်ချင်း ……..
မင်းသိလေမလား
ဒို့များနေရာ
ဒို့ပြည်ရွာတွင်
ထောင် မှာချုပ်ထား
ရာဇဝတ်သားသည်
အများသိမှု
မှတ်သားပြုလေ
လူပေ လူဆိုး
သူခိုး ဓါးပြ
ထို ဗာလတို့
အကုသိုလ်များလုပ်သတဲ့ ။

သူငယ်ချင်း…….
မင်းသိလေမလား
ရောင်နီကွယ်ပျောက်
ညကိုရောက်လျှင်
ညစဉ်မပြတ်
ထပ်ထပ်ရွတ်ဆို
ကြည်ညို ဖွယ်တမ်း
အချုပ်ခန်းက
အမျှ အမျှ
ပေးဝေငှသံ
ကြားရပြန်သော်
ကြံဖန်တွေးသိ
ကျောချမ်းမိသည်
မင်းစဉ်းစားကြည့်
ဝေသည့်အမျှ
အကုသလ ကို
ဘယ်လိုသာဓုခေါ်မှာလဲ ။ ။

ကြိုးစားပါဦးမည်
ရာမည

10 comments

  • ခင်ဇော်

    December 28, 2014 at 2:30 pm

    အမျှ ဆိုတာ ကောင်းးမှု ကို ပဲ ပေးးးလို့ရတာ ဟုတ်ဘူးးးလားးး ကိုကိုရဲ???
    🙄

  • Ma Ma

    December 28, 2014 at 2:39 pm

    ကိုယ်တိုင် တိုက်တွန်း ချီးမွှမ်း စိတ်တူ ၄ပါးနဲ့ ကုသိုလ် အကုသိုလ်ကို မျှဝေယူနိုင်ပါတယ်။
    ယူချင်ရင် အဲဒီ၄မျိုးနဲ့ ရယူနိုင်သလို
    မယူချင်ရင်လည်း အဲဒီ၄မျိုးကို ရှောင်လိုက်ရုံပေ့ါ။

  • မြစပဲရိုး

    December 28, 2014 at 10:14 pm

    တွေးမိတာပါ။

    အချုပ် ထဲ ရောက်နေချိန် တကယ် အသိတရား ရလို့ မာန်စွယ်ကျိုး ပြီး တရားဘာဝနာ ပွါးခဲ့ တိုင်း အမျှ ဝေ တဲ့ ထောင်ဝတ်စုံ နဲ့ သူ ရဲ့ “အမျှ”
    နဲ့
    ဘုရားတန်ဆောင်း ထဲ မှာ လောဘ၊ မောဟ၊ မာန်၊ အတ္တ တက်ပြီး ငါစွဲ များနေတဲ့ မာန သံ နဲ့ အမျှ ပေး တဲ့ ဘုရားသား ဝတ်စုံ နဲ့ သူ ရဲ့ “အမျှ”

    ဘယ်ဟာက ပိုပြီး မြင့်မြတ်မလဲ ဆိုတာ။

    • ရာမည

      December 28, 2014 at 10:42 pm

      အရီးလေးခင်ဗျာ
      ကျွန်တော် စောင်းပြောနေတာပါ
      ဟီဟိ

      အရီးလေးတို့ကလည်း ကဗျာအဓိပ္ပါယ်ကို အတည့်ဘာသာပြန်နေတာပဲ
      ဆရာတက္ကသိုလ်မင်းမော် ရေးသလို တုပပြီးရေးတာပါခင်ဗျာ
      ဆရာမင်းမော်လည်း သရော်လွန်း ဆော်လွန်းလို့ ဆင်ဆာထိခဲ့တာ အများကြီးပါ
      ကျွန်တော် ဘာကိုဆိုလိုတယ်ဆိုတာသဘောပေါက်ကြလောက်ပြီထင်ပါတယ်
      ကျွန်တော် ချိန်ပစ်တာ အရီးလေးနားလည်မယ်ထင်ပါတယ်ခင်ဗျာ

      • မြစပဲရိုး

        December 28, 2014 at 11:29 pm

        ရိပ်မိလိုက်ပါတယ် ကိုရာ ရယ်။ lol:-))) :))

  • ဦးဦးပါလေရာ

    December 29, 2014 at 9:02 am

    .ကိစ္စမရှိပါဘူး…
    .ကိုယ်ကလဲ အမျှပြန်ဝေလိုက်မယ်လေ…
    .အမျှချင်း ( လဲ ) ကြတာပေါ့..
    :mrgreen:

  • kyeemite

    December 29, 2014 at 11:20 am

    .အမျှ…အမျှ…အမျှ…ယူတော်မူကြပါကုန်လော့ ( မယူလည်းရပါတယ်) :k:

  • lu lu

    December 29, 2014 at 12:52 pm

    အကုသိုလ် များလွန်းရင်အမျှ မယူနိုင် ဘူးဆို

  • Wow

    January 1, 2015 at 4:50 pm

    အာ့ ဘာကိတ်စ မလား :mrgreen:

  • min kyansix

    January 3, 2015 at 6:28 pm

    ထောင်မှာချုပ်ထား ရာဇဝတ်သားဆိုသော်ညားလဲ
    အကုသိုလ်ကို အမျှဝေသူဟူ၍ မကြားဖူး မမြင်ဖူးပါ
    သခိုးလူဆိုး မှန်သော်လဲ ကုသိုလ်လဲသူတို့မှာ ရှိတက်ပါသည်
    အချုပ်ထောင် အကျဉ်းထောင်ထဲမှာ ဒါန သီလ ဘာဝနာကို
    ပွားနေကြသူတွေလဲရှိပါသည်

    🙂

Leave a Reply