နှစ်သစ် “ဆုမွန် (တောင်း”ပန်) ပွဲ – Nominate to ???

မြစပဲရိုးDecember 28, 20141min37646

ကကြီးမိုက်ကြီး ရဲ့ ရွာတွေ့ဆုံပွဲ အတွက် ပို့စ် မှာ
ကိုရာမည ရဲ့ “ကျွန်တော်ပြောမှားဆိုမှားရှိပါကလည်း ကန်တော့တောင်းပန်ပါတယ်ခင်ဗျာ” ဆိုတဲ့
မှတ်ချက်လေး တွေ့ပြီး ကိုယ်လဲ နှစ်ဟောင်းမှာ စိတ်အညစ် တွေ ကို ရှင်းရှင်းချန်ခဲ့ ချင်စိတ် ပေါက်သွားတော့တာ။

ဒီနှစ်ထဲ အချေအတင် အငြင်းအခုန် တွေ ပိုများ ခဲ့သလားဘဲ။
မှတ်မိသလောက်
ညီမပြုံး ၊ ကိုအဘဖော
ကိုရွှေညာသား
ကြောင်ကြောင်
သူကြီးမင်း (သူ နဲ့က တော့ မဆန်း)

သူတို့ အတွေး တွေ နဲ့ ကိုယ့် အတွေး တော်တော်လေး မတူ ကွဲ နေတာ နဲ့ ကိုယ်ကလဲ ခေါင်းမာမာ မှာ ပြောချင်တာ တွေ အတင်းကာရော ပြောခဲ့တာလေ။
ဘယ်သူမှား ၊ ဘယ်သူ မှန် က တော့ အဖြေ ထွက်ချင်မှ ထွက်မှာပါ။
. ခြေအိတ်ပုပ် နံ့ လို ချိစ် နဲ့ ငါးပုပ် နံ့ ကို ငပိ ကိုယ့်အကြိုက် နဲ့ ကို
ဘယ်ဟာက နံ တယ်။ ဘယ်ဟာ က မနံ ဘူး ပြောနိုင်လို့လား။
ဒီတော့ ကိုယ်လဲ ကိုယ်ယုံကြည်ရာ ကို ရပ်ရင်းရင်း သူများ ယုံကြည်ရာ ကိုလဲ မထေမဲ့မြင် မပြု မိ အောင် နေနိုင်ဖို့ သာ ကြိုးစား သင့်သလားဘဲ။

ဒီရက်ပိုင်းထဲ ဖတ်လိုက်ခဲ့တဲ့ ဆောင်းပါးလေးတစ်ပုဒ် ကြုံတုန်းလေး မျှချင်သေးရဲ့။
ဒီနေ့အချိန်မှာ လူတွေ ရဲ့ အောင်မြင်မှု ပျော်ရွှင်မှု အတွက် အကောင်းမြင်စိတ် နဲ့ အတွေး အခေါ် Positive thought တွေ ကို ရှေ့တန်းတင်ဖို့ လိုတာ နဲ့ အမျှ

Reality ကို တကယ်သိနိုင်အောင် ကလဲ Negative thought ဝင်ပြီး Balance လုပ်ဖို့ လိုတယ် ဆိုတာ ရေးထားတာပါ။
အဲဒီထဲ မှာလဲ ဗုဒ္ဓဘာသာ ရဲ့ ဒုက္ခကို မြင်အောင်ကြည့်တဲ့ နည်း ကို နမူနာပြထားတယ်။
လိုရင်းပျောက်မစိုးလို့ အကျယ် မဆွေးနွေးတော့ပါဘူး။

တွေးမိလိုက်တာလေး က အဲဒါဟာ လက်တွေ့ဘဝ အတွက် အမှန်တရား တစ်ခု လို့ မြင်လိုက်တာပါဘဲ။
အကောင်းမြင်စိတ် ကို ရှေ့ထားလွန်းရင် တကဲ့လက်တွေ့မှာ ကြုံ ရမဲ့ အခက်အခဲ တွေ အတွက် ပြင်ဆင်ဖို့ အားနည်းပြီး ရည်မှန်းချက် ကို မရောက်ဖြစ်နိုင်တာပါဘဲ။

ဒါကြောင့် ရွာထဲ မှာ အငြင်းအခုံ တွေ ဟာ မကောင်းတဲ့ အသွင် ဆောင်ပေမဲ့ အဲဒါတွေ ကို ဖယ်ထုတ်မပစ်သင့်ပါဘူး။
အငြင်းအခုံ ဖြစ်မှာမို့ ဆိုပြီး စိတ်ပျက် လက်ပျက် ရှောင်ထွက် မသွားသင့်ပါဘူး။
အကောင်းမြင်စိတ် ရှေ့ထားပြီး ကိုယ်မကြိုက်တာ ကို မကြိုက်တဲ့အတိုင်း မကောင်းအမြင် နဲ့ ငြင်း ရင်း ပို ကောင်း တဲ့ အခြေအနေ ကို ဖန်တီး သွားနိုင်မယ် ထင်ပါတယ်။

ငြင်းခုံ ရင်း မခေါ်မပြောနိုင် ဖြစ်စရာ အကြောင်း မဖြစ်အောင် အတွက်ကိုတော့
တစ်ဖက်လူ ပြောတာမှာလဲ မှန်နိုင်တယ် ဆိုတဲ့ Open minded နဲ့ လေးစားမှု ပေး တဲ့ စိတ် ထားဖို့ တော့ လိုမှာပါ။
ကိုယ့် ကို မကောင်းဝေဖန်တာဟာလဲ ကိုယ်များ တကယ်မှားနေခဲ့ ရင် ပြင်နိုင်တဲ့ အခွင့်အရေး ပါ။
ကောင်းဖို့ အတွက် ကို ရအောင်ယူချင်တဲ့ စိတ် ဘဲ လိုပါမယ်။

နောက် လောက မှာ အရေးကြီး တဲ့ အကြောင်း တစ်ရပ် ရှိပါသေးတယ်။
ကိုယ် ရှင်သန် နေထိုင် ပြောဆိုရင်ဖွင့် နိုင်တဲ့ အသိုင်းအဝိုင်း ရှိနေဖို့ပါဘဲ။

ကျွန်မ ဆို ဒီ ရွာလေးထဲ တစ်ခြားမှာ ရင်ဖွင့် မရ တာ တွေ လာပြီး အံချ တတ်တယ်။
ဒီ အသိုင်းအဝိုင်း လေးထဲမှာ နေသူချင်း ပြောလိုတဲ့ အကြောင်းအရာ ထပ်တူမျှနေစရာ မလိုပါဘူး။
တစ်ဦးချင်း ရဲ့ လက်တွေ့ နေ့စဉ် ဘဝလှုပ်ရှားတာတွေ တူတာမှ မဟုတ်တာ။
ကျွန်မတို့ အားလုံး ဟာ တစ်ယောက် ရဲ့ ခံစားချက် ကို တစ်ယောက် က လေးစား ပြီး နားထောင်မယ်၊
အဲဒီကနေ ပညာယူမယ်၊ မဟုတ်လဲ အကြံပြုမယ်၊ မှားတယ်ထင်ရင် ထောက်ပြမယ်၊
ကိုယ်မသိ တဲ့ အကြောင်း၊ ကိုယ်မကျင်လည် တဲ့ နေရာ ကို စိတ်ဝင်စားတတ်ရင် အားလုံးဟာ ဘယ်ပါတ်ဝန်းကျင် ကမဆို ကျွန်မတို့ ရွာလေး ထဲ ဝင်လာနိုင်တာဘဲ။
မတူတဲ့ အရာ တွေ စု ထားတာ ကို က ဒီ ရွာရဲ့ အလှတရားပါဘဲ။
ခံစားတတ်ရင် အတော်လေး နေပျော်တဲ့ အသိုင်းအဝိုင်း လေးပါ။

ပိုက်ဆံ ရှိမှ
ပညာတတ်မှ
ဂုဏ်ရှိမှ
စာစကား တွေ သုံးနိုင်မှ
ဆုံးမ စကားတွေပြောနိုင်မှ
နိုင်ငံရေး အကြောင်းသိမှ
ကဗျာ စာ လှလှ လေးတွေ ဖွဲ့တတ်မှ
ဒီရွာထဲ ဝင်လို့ ရတာမဟုတ်ပါ။

အဆုံးစွန် ပြောရရင် ညငှက် မိန်းကလေး တစ်ယောက်လဲ ရင်လာဖွင့်လို့ ရပါတယ်။
ပါမောက္ခ ဆရာမကြီး လဲ စာဝင်သင်လို့ ရပါတယ်။
လယ်သမားကြီး ကလဲ သူ့ လယ်မြေ အကြောင်း ရေးနိုင်သလို စစ်ဗိုလ်ကြီးကလဲ သူ့ အတွေ့အကြုံ တွေ မျှနိုင်တာပါဘဲ။
ဆန့်ကျင်ဘက် လူအချင်းချင်း ရွာထဲ တွေ့လဲ ငြင်းတာ ငြင်းတာတစ်ပိုင်း၊ သူ့ အယူအဆ ကိုယ့် အယူအဆ မတူတာ ကို အပြန်အလှန်လေးစားခြင်း က တစ်ပိုင်း ပါ။

ငြင်းကြလွန်းလို့ စိတ်ပျက်စရာ တွေဘဲလို့ တွေးပြီး ဒီ ရွာ အသိုင်းအဝိုင်း ကို ကျောခိုင်းရင်
လက်တွေ့ ဘဝထဲ ဒါထက် ပိုပြီး စိတ်ပျက်စရာကြောင်း တွေ ကို ရင်ဆိုင်ဖို့ ပိုပြီး အားနည်း သွားမယ်။
ထားပါတော့။
လမ်းလွဲ သွားတော့မယ်။

ပြောလိုရင်းက ကျွန်မ နဲ့ နှစ်ဟောင်း မှာ အငြင်းအခုံ ဖြစ်ခဲ့ သူ တွေ ကို ပြောလိုပါတယ်။
“ကျွန်မ အနေနဲ့ ကတော့ ငြင်းချင်တာကလွဲ လို့ ပုဂ္ဂိုလ်ရေးရာ မပါခဲ့ပါဘူး။
တကယ်လို့ ကျွန်မ က ပုဂ္ဂိုလ်ရေးရာ စော်ကား ပြောဆိုတာလို့ သတ်မှတ်ခဲ့ ရင် အနူးအညွန့် တောင်းပန်ပါတယ်။
ခွင့်လွှတ်ပေးပါ။
ကျွန်မ ဘက် ကလဲ အားလုံး ကို ခွင့်လွှတ် ပါတယ်။
. နှစ်သစ်မှာတော့ လူသစ် စိတ်သစ် နဲ့ ဆက်ပြီး ငြင်းခုံ ပါရ စေဦး။”   lol:-))))  😉

ကျွန်မ ချစ်တဲ့ ဂဇက် ရွာလေး ထဲ မှီတင်း နေထိုင်သူ ရွာသူ/သား အားလုံး တစ်ယောက်စီ မှာ
သူ့အကျင့် နဲ့သူ ချစ်ဖို့ ကောင်းတာလေး တွေရှိပါတယ်။
အဲဒါလေး တွေ ကို မြင်ပြီး ကောင်းတာတွေ အတွက် ချစ်ပါရစေ၊
မကောင်းတာ အတွက် သဘောမမျှ ရင် ကျန်းမာစွာ ငြင်းခုံပါရစေ။
အားလုံးဘဲ နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာ လိုရာဆန္ဒများ ပြည့်ဝကြပါစေ။
ပိုမိုပြီး အောင်မြင် တိုးတက် တဲ့ ဘဝ ရကြပါစေ။
ကောင်းသာ တရား ကို မျှတ စွာ လက်ကိုင်ထားနိုင်ကြပါစေ။

ကျွန်မ အတော်လေး ဒီဂရီ ပြင်းပြင်း စိတ်တို ခဲ့တဲ့
အစ်ကိုကြီး “ရွှေညာသား” ကိုလဲ အဓိက ထားပြီး ထပ်ဆင့် တောင်းပန်လိုပါတယ်။
ခွင့်လွှတ်ခြင်းနဲ့ ကျေအေးပြီး ရွာထဲ မယ် စာလေးတွေ ထပ်မျှ ပါဦးရှင့်။
ရွာထဲ ပြန်လာမယ်လို့ မျှော်လင့်ပါတယ်။

တောင်းပန်ခြင်း၊ ခွင့်လွှတ်ခြင်း၊ ဆုမွန်တောင်းခြင်းအပိုင်း ပြီးတော့
. နိုမီနေးရှင်း (Nomination) အပိုင်းပါ။

တစ်ချို့ သိမှာပါ။
ပြီးခဲ့တဲ့ လပိုင်း တွေထဲ “Ice Bucket Challenge” ဆိုတာ။ ကမ္ဘာ ရဲ့ လိုတဲ့ နေရာတွေ မှာ အားဖြည့်ဖို့ အလှူခံ နည်း တစ်မျိုးပေါ့။
ကိုယ့်ခေါင်းပေါ်ကို ကိုယ် ရေအေး (ဒါမှမဟုတ်) ရေခဲတုံး လေးတွေ ထည့်ပြီး လောင်းချရတာပါ။
ပြီးတော့ အလှူငွေထည့်။
အရေးကြီး ဆုံး က ဒီ ကန်ပိန်း ကွန်ယက် ကို ချဲ့ပေးရပါတယ်။
ချဲ့နည်း က ကိုယ် ကြိုက်ရာ လူ ၃ ယောက် ကို ရွေး ပြီး လက်ဆင့်ကမ်း လိုက်ခြင်းပါ။
nominate လုပ်တယ်ပြောကြတယ်။
အအောင်မြင်ဆုံး ကန်ပိန်း ထဲ က တစ်ခု ဖြစ်ခဲ့ပါတယ်။
နာမည်ကြီး သူ အတော်များများ လဲ ပါ ခဲ့ကြတယ်။

အဲဒီ နည်း ကို အတုခိုး ပြီး ရွာထဲ မှာလဲ ဝန်ခံ မာန်ချ ပွဲ လေး လုပ်ရရင် ကောင်းမယ် တွေးမိတယ်။
ကျွန်မ စိတ်ကူး ဖြစ်မဖြစ် ကတော့ အခု ကျွန်မ nominate ဆက်လုပ်မဲ့ သူပေါ် မှာ တည်လိမ့်မယ်။

ကျွန်မ nominate လုပ်ချင်သူက
“ဦးကြောင်ကြီး” ပါ။

ဒီရက် ပိုင်း တွေထဲ ဒီ ကြောင်ကြောင် တစ်ယောက်
တစ်ယောက်ယောက် ကို ဖြစ်ဖြစ် တစ်ဖွဲ့ဖွဲ့ ကို ကို ဖြစ်ဖြစ်
အကျီစား သန်ထား တာများရှိခဲ့ ရင် ကျေအေး ဖို့ ဝန်ချ ပါလို့။

ကျွန်မ ရဲ့ လက်ဆင့်ကမ်း တာ ကို နားလည် သဘောပေါက်ပြီး ငြိမ်းချမ်းရေး ကို အကောင်အထည် ဖော်နိုင်သူ ဖြစ်မယ် မှန်းပါတယ်။
ပြီးတော့ ကြိုက်ရာ သူ နောက် တစ်ယောက် ကို လက်ဆင့်ကမ်း ဖို့ nominate လုပ်ပါ ကြောင်ကြောင်။

ဒီ ရွာ အတွက် တင် မဟုတ်ပါဘူး။
. နိုင်ငံ အတွက်၊ ကမ္ဘာကြီး အတွက် ငြိမ်းချမ်းရေး ပါ။
ကျွန်မတို့ တစ်ယောက်ချင်း ကနေ စကြရအောင်လား။

Please say “Yes” and do it now. :))

………………………………………………………….
(ဟိ၊ ငါကွ) ====> ခွက်ဒစ် တူ ကြောင်ကြောင်
😉

rich cat
စကားနားထောင် ရင် ပုံထဲ က လို ကြောင် ဖြစ်မယ်ကွဲ့။ :))

 

46 comments

  • ရာမည

    December 28, 2014 at 10:33 pm

    ကျွန်တော့်ကွန်မင့်လေးမှတဆင့် လွန်စွာအကျိုးရှိတဲ့ပို့စ်လေးရေးပေးနဲ့ အရီးလေးဒေါ်လတ်ကို ကျေးဇူးပါခင်ဗျာ ။
    ဒီနေရာမှ အရီးလေးနှင့် အားလုံးသော ရွာသူရွာသား များက်ိုလည်း ကျွန်တော် ရာမညမှတောင်းပန်ပါတယ်ခင်ဗျာ ။
    ကျွန်တော်ပြောမှားဆိုမှား များက်ို ခွင့်လွှတ်ပေးးကြပါခင်ဗျာ ။
    အထူးအားဖြင့်

    မော့ဆဲဗင်း
    အလင်းဆက်
    ကိုပေါက်
    Mလုလင်
    မှော်ဆရာ
    ကိုတိမ်မည်း
    တို့အား ငြင်းခုံဝေဖန် ကွဲလွဲကြရင်း
    စိတ်ညစ်ညူးစရာများဖြစ်ပွါးခဲ့ပါကလည်း
    ကျွန်တော့်အား ခွင့်လွှတ်ကြပါရန် အနူးအညွတ်တောင်းပန်ပါသည်ခင်ဗျာ

    • မော့ဆဲဗင်းနဲ့ အလင်းဆက်ကို ခပ်ခွါခွါရေးပါနော
      အဲ့ဒီမော့ဆဲဗင်းကိစ္စတုန်းက မော့ဆဲဗင်းဟာ ကျနော်လို့ အထင်မှားခဲ့ကြတာမို့။

      ကျနော့် နံပါတ်က ”ကိုး”ပါ။
      ကြုံတုန်း နံပါတ်စဉ် ပြောပြတာ။
      :k:

      တောင်းပန်တယ်ဆိုရင်ဖြင့်
      ကျနော့်ကို တောင်းပန်တဲ့စာရင်းထဲ ထည့်စရာ မလိုဘူးလို့ ပြောပါရစေ။
      ဘာလို့ဆိုတော့ ဖြစ်ခဲ့တဲ့ ငြင်းခုန်မှုတွေမှာ
      (ကျနော့်ကို ထိခိုက်နစ်နာအောင် တိုက်ခိုက်ခဲ့တယ် ဆိုဦးတော့)
      ဒါဟာ မည်သူမပြု မိမိမှုလို့ပဲ ယူဆခဲ့ပြီးပါပြီ။
      ကိုယ့်ကိုကိုယ် အပြစ်တင်ပြီး.. ကိုယ့်ကိုကိုယ် ခွင့်လွှတ်ထားခဲ့ပြီးပါပြီ။

      ကိုယ်အနေအထိုင်မတတ်လို့ ဟိုငြိဒီငြိ ငြိတာ
      ကိုယ် လမ်းမလျှောက်တတ်လို့ ခလုပ်တိုက်မိပြီး နာတာ
      အဲ့လိုပဲ မှတ်ပြီး
      ကျနော့်ကို နာကျင်စေခဲ့တဲ့သူ ဘယ်သူ ့ကိုမှ စိတ်ထဲ အပြစ်မတင်ခဲ့ပါဘူး။
      ဆိုတော့ တောင်းပန်ခြင်း ခွင့်လွှတ်ခြင်းတွေ
      ကျနော့်အတွက် မလိုအပ်ပါဘူး။
      အေးဆေးပါ။
      —–

      အရီးရေ
      ဒီပိုစ့် ဒီအစီအစဉ်လေးအတွက် ဗရာဗို !!!!
      ဦးကြောင် ဘယ်လို ပြောလာမလဲ သိချင်နေပြီ။

      :k:

  • ခင်ဇော်

    December 28, 2014 at 10:36 pm

    ကြောင် ကြောင် ရေ
    ရှောင်ရှောင် မနေပဲ
    ပြောင်ပြောင်ပေါ့ကွယ်
    :mrgreenn:

  • မြစပဲရိုး

    December 28, 2014 at 10:57 pm

    ကိုရာမည မှတ်ချက် လေးက မင်္ဂလာရှိပြီး စိတ်ပျော်စရာ ဖြစ်သွားပါတယ်။
    ဒါကြောင့် အစိမ်းချယ် လိုက် ပါတယ်။
    အစ ပျိုး ပေးလို့ ကျေးဇူးပါ။
    ကိုရာမည က တောင်းပန် ထားသူ များဆီကလဲ တုံ့ပြန်သံ ကြားရမယ် မျှော်လင့်ပါတယ်။
    အနည်းဆုံးတော့ ဆဲ ဆိုပြီး တောင် လည်ပင်းဖက် ပြီး ခွင့်လွှတ် လို့ ရပါတယ်နော။
    (သေအောင်တော့ မညှစ် နဲ့ပေါ့)

    ဇီကလေး ရေ
    ကြောင် ကို ရ အောင် ရှာပြီး တွေ့တဲ့ နေရာကနေ အမြီး ဆွဲ ခေါ်လာပေးပါ။
    ရွာ့ ကာလ သမီး လေး ကို အားကိုးပါတယ်။ Love you!!! :))

  • မစုဉာဏ်

    December 29, 2014 at 1:53 am

    ဝေဖန် အကြံပေး ဆွေးနွေးတာ၊ မတူညီတဲ့ အတွေး အခေါ်ကို ဖလှယ်ကြတာ ဟာ ရလဒ်ကောင်းတွေ ကို ပိုပြီး ဖြစ်စေပါတယ်။ ဒါကြောင့်လဲ ဖွံ ့ဖြိုးတဲ့ နိုင်ငံကြီးတွေရဲ ့ပညာရေး စနစ်မှာ စကားရည်လုပွဲတို ့၊ ဆွေးနွေးပွဲတို ့ထည့်သွင်းပြီး ကျောင်းသား လူငယ်တွေ ကို လေ့ကျင့်ပေးတယ်။ နောက်ဆုံး သမတဖြစ်ဖို ့တောင် စကားစစ်ထိုးပွဲ လုပ်ရပါသေးတယ်။

    ဖိနှိပ်မှု အောက်မှာ နှစ်ပေါင်းများစွာ နေလာရလို ့လား (ဒါမှမဟုတ်) အသက်ကြီးသူ၊ ဝါကြီးသူ၊ ရာထူးကြီးသူ ကို ရိုသေရမယ် ဆိုတဲ့ ဓလေ့နဲ ့ ကြီးပြင်းလာတဲ့ ကျွန်မတို ့ မြန်မာလူမျိုးတွေ မှာ တော့…သူတပါးဝေဖန်တာကို ခံနိုင်စွမ်းအားနည်းတတ်သလို၊ ဝေဖန်သူကလဲ တဘက်က အကျိုးနဲ ့ အကြောင်းနဲ ့ ပြန်ချေပတာကို မဆွေးနိုင်တော့တဲ့ အခါ ယုတ်ရမ်းတဲ့ စကားတွေနဲ ့ဆဲဆိုတတ် ပြီး၊ ပုဂိုလ်ရေးတိုက်ပွဲ အဖြစ်ပြောင်းလဲသွား တာမျိုးတွေ ကို မကြာခန မြင်တွေ ့ရတတ်ပါတယ်။

    ဆဲဆိုသူက သူ ့လို တဘက်သားက ပြန်မဆဲ နိုင်တဲ့ အခါ သူနိုင်ပြီ ဆိုပြီး ထင်သွားတတ်၊ နောက်ထပ် ဆွေးနွေးတဲ့ အခါ ဒီနည်းကို ဆက်သုံးနဲ ့သံသရာလည်နေတတ်တာ။ facebook မှာ (ကျွန်မ အထင်) ဆုပေးရင် ကျွန်မတို ့ မြန်မာလူမျိုးတွေ က အဆဲတတ်ဆုံး ဆုများရမလားးလို ့ ထင်တာပဲ။ 🙂

    ဒီအကျင့်ကို ကျွန်မတို ့က စပြီး ပြင်ရမှာပါ။ ဥပမာ..အိမ်မှာ သားသမီးတွေ၊ ကိုယ့်ထက်ငယ်သူတွေ ကို ပါဝင်ဆွေးနွေးဖို ့တိုက်တွန်းတာမျိုး၊ ကျောင်းတွေမှာ လူငယ်တွေ အတွက် စကားရည်လုပွဲ၊ ဆွေးနွေးပွဲ တွေ များများလုပ်ပေးတာမျိုး/ အပြန်အလှန်လေးစားစွာ ဆွေးနွေးတတ်ဖို ့သင်တန်းပေးတာမျိုး က စပြီး လေ့ကျင့်ပေးဖို ့လိုတယ်လို ့မြင်ပါတယ်။

    • Ma Ma

      December 29, 2014 at 7:54 pm

      သူတပါးဝေဖန်တာကို ခံနိုင်စွမ်းအားနည်းတတ်သလို၊ ဝေဖန်သူကလဲ တဘက်က အကျိုးနဲ ့ အကြောင်းနဲ ့ ပြန်ချေပတာကို မဆွေးနိုင်တော့တဲ့ အခါ ယုတ်ရမ်းတဲ့ စကားတွေနဲ ့ဆဲဆိုတတ် ပြီး၊ ပုဂိုလ်ရေးတိုက်ပွဲ အဖြစ်ပြောင်းလဲသွား တာမျိုးတွေ ကို မကြာခန မြင်တွေ ့ရတတ်ပါတယ်။

      မစုဉာဏ်ကို၁၀၀% ထောက်ခံပါတယ်။

      ကိုယ်တိုင်လည်း ဒီရွာရောက်မှ ဝေဖန်တာကို ခံနိုင်ရည် ရှိလာတယ်လို့ ထင်မိတယ်။

      တခါတလေမှာ ငြင်းရင်းနဲ့ ရန်တွေများလာမှာစိုးလို့ မှားမှားမှန်မှန် စကားနည်း ရန်စဲ၊ ရေငုံနှုတ်ပိတ် ပဲ နေမိလိုက်တော့တယ်။

  • ဦးဦးပါလေရာ

    December 29, 2014 at 8:32 am

    .ကျုပ်ကတော့ ငြင်းခုံရတာ ၊ သူ့ဘက်ကိုယ့်ဘက် ယှဉ်ထိုးဆွေးနွေးရတာ၊ .အမြင်ရှု့ဒေါင့်အမျိုးမျိုးက ဖြည့်စရာ နှုတ်စရာတွေ
    .တယောက်တစ်မျိုး ချပြဆွေးနွေးရတာမျိုးကို သဘောကျတယ်။
    .တယောက်ပြောတိုင်း ဝိုင်းထောက်ခံရတာမျိုးက (မှန်နေရင်တောင်မှ) ပျင်းစရာကောင်းတယ်။

    .ငြင်းခုံတယ်ဆိုတာ သူ့အမြင်ကိုယ့်အမြင်၊ သူ့အသိကိုယ့်အသိ၊ .သူ့အယူအဆကိုယ့်အယူအဆ တွေကိုသာုငြင်းရတာဖြစ်ပါတယ်။
    .အဲသည်မှာ အငြင်းသန်တဲ့သူက နိုင်ပါတယ်။
    .သို့သော်-
    .ဘယ်သူနိုင်လို့ဆိုပြီးတော့ဖြင့် အမှန်ကလဲ မှား မသွားပါဘူး…..
    .အမှားကလဲ မှန် မသွားပါဘူး…။

    .အမှန်တရားဆိုတာ ဘယ်သူဘယ်ဝါမသိသေးလို့ဆိုပြီးတော့-
    .အမှန်အဖြစ်က ရပ်တန့်စောင့်ဆိုင်းမနေပါဘူး…
    .အမှန်အဖြစ်က ယုတ်လျှော့နည်းပါးမသွားပါဘူး….


    .ဒါကြောင့် နိုင်အောင်ငြင်းရတာထက်
    .ပိုသိအောင် ၊ ပိုအကျိုးရှိအောင် ငြင်းရတာမျိုးကို ကျုပ်က ပိုသဘောကျတယ်။
    .တစ်ခါတစ်ရံမှာ မှားတယ်ထင်တဲ့ဘက်ကကို ဝင်ငြင်းတာမျိုးလုပ်ပါတယ်။

    .ဒီရွာထဲမှာဖြင့် ကျုပ်လက်အတွေ့ဆုံး ငြင်းခုံဘက်တွေက
    .အရီးလတ်၊ အဘဖေါ၊ သူကြီး၊ မဝင်းပြုံးမြင့် ….. စတာတွေပေါ့….
    .ဒါကတော့ ငြင်းရဲတဲ့သူတွေပေါ့လေ….
    .မငြင်းရဲတဲ့သူတွေ ရှိမရှိတော့….
    .အဲ..
    .မငြင်းရဲ ပါဘူး..



    ကျုပ်ဆီကို nominate လုပ်မှာ မစောင့်နိုင်လို့>>>
    မန်းဂဇက်ရွာသူရွာသားများနဲ့ မန်းဂဇက်စာဖတ်သူများကို
    ကျုပ်ရဲ့ အရေး အပြော အပြုအမူတွေကြောင့်
    စိတ်အနှောက်အယှက်တစ်စုံတစ်ရာ ဖြစ်စေခဲ့ရင်
    (စိတ်ပါလက်ပါ)အနူးအညွှတ်တောင်းပန်ပါတယ်။
    ခွင့်လွှတ်ပေးကြပါ။

    ပြီးတော့ အဲသည် ရေနွေးပုံးကိုလဲ
    ကိုကြီးမိုက် ကို လက်ဆင့်
    ကမ်း nominate လုပ်ပါကြောင်း။
    ….

  • Kaung Kin Pyar

    December 29, 2014 at 9:43 am

    အရီးရဲ့ အတွေးလေးကို သဘောကျတယ်…
    ကောင်းကင်ပြာ မွေးနေ့က ဇန်နဝါရီလ ပထမပတ်ထဲမှာပါ…..။ နှစ်သစ်လဲ ဖြစ်သလို…အသက်အသစ်လဲ ဖြစ်တယ်…။ နှစ်ဟောင်းမှာရော…စတင်တော့မယ့် အသက်ကြီးလာတဲ့ နောက်တစ်နှစ်အတွက်ရော…လူသစ်စိတ်သစ်နဲ့ ပိုကောင်းတာတွေပဲ သယ်သွားချင်တယ်….
    တောင်းပန်ဖို့အတွက်တော့ ဒီနှစ်ထဲ တောင်းပန်ချင်သူတွေ ရှိပါတယ်…။
    မရည်ရွယ်ပေမယ့် ကောင်းကင်ပြာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့တဲ့ ရွာသူရွာသားတွေများရှိရင် အလေးအနက် တောင်းပန်ပါတယ်…။
    လာမယ့် 2015 မှာ…ရွာကြီး ငြိမ်းချမ်းပါစေ….၊ စာကောင်းတွေ ပိုရေးနိုင်ကြပါစေ..၊ ရွာသူရွာသားတွေ ကျန်းမာပျော်ရွှင်ကြပါစေ…

  • weiwei

    December 29, 2014 at 9:53 am

    ကျွန်မအရင်တုန်းက တော်တော်လေး အငြင်းသန်ပါတယ် … ကိုယ်ထင်ထားတာ အမှန်ပဲလို့ တစ်ယူသန်စိတ်ထားခဲ့ဖူးတယ် … ရွာထဲမှာ အနေကြာပြီးနောက်ပိုင်းမှ အတွေးအမြင် အမျိုးမျိုးကို လက်ခံနိုင်လာခဲ့တာပါ …
    ကျွန်မကတော့ ပြင်းပြင်းထန်ထန် ငြင်းခုန်ခဲ့တာမျိုး စိတ်အနှောင့်အယှက်ဖြစ်ေလောက်အောင် ရေးသားပြောဆိုမှုမျိုး သိပ်မရှိခဲ့ဘူးလို့ ကိုယ့်ဟာကိုယ် ထင်မိပေမယ့် တစ်ဖက်သားဘက်မှာ စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့ရတာမျိုး ရှိကောင်းရှိမယ်လို့ ထင်မိတာမို့ .. အဲလိုများဖြစ်ခဲ့ရင် ခွင့်လွှတ်ကြေအေးကြပါလို့ တောင်းပန်ချင်ပါတယ် .. ကျွန်မဘက်ကတော့ အားလုံးကို ခွင့်လွှတ်ပြီးသားပါ ..

    bye bye 2014 ..
    welcome 2015 ..

  • ခင် ခ

    December 29, 2014 at 10:38 am

    စာပေ၊ စကား ဆိုတာ အခြေအနေတစ်ခုအမှီပြုပြီး ဖြစ်ပေါ်လာသလို အဲဒီဖြစ်ပေါ်လာတဲ့ စာပေ စကား တွေအပေါ်မှာ အမြင်မတူသူတွေရဲ့ ငြင်းခုံမှု ဆွေးနွေးမှု ကန့်ကွက်မှု ထောက်ခံမှု ဒါတွေဟာလည်း ကမ္ဘာကြီးမှာ ဖြစ်ပေါ်နေစမြဲပါဘဲ။
    ဒီရွာကြီးဟာလည်း အင်တာနက်ကနေ နိုင်ငံတိုင်းကို ဖြန့်ကျက်ကာတည်နေလေတော့ အဲဒီလို ဝေဖန် ငြင်းခုံ ဆွေးနွေး ထောက်ခံ ကန့်ကွက်သံတွေဟာ အမြဲပဲ့တင်ထပ်သံတွေကတော့ ရှိနေပေအုံးမှာဘဲလေ။

  • La Yeik

    December 29, 2014 at 11:09 am

    လရိပ်ရေးတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းလေးတွေဖတ်ရတာ တနည်းနည်းနဲ့ စိတ်အနှောင့်အယှက်ဖြစ်ခဲ့မယ်ဆိုရင် တောင်းပန်ပါတယ်ရှင့်….
    ပျော်စရာကောင်းတဲ့နှစ်သစ်ဖြစ်ပါစေ အရီးနဲ့ဂဇက်ရွာသူ/သား များရှင့်…

  • kyeemite

    December 29, 2014 at 11:15 am

    .ဦးဦးပါလေရာ says:
    ပြီးတော့ အဲသည် ရေနွေးပုံးကိုလဲ
    ကိုကြီးမိုက် ကို လက်ဆင့်
    ကမ်း nominate လုပ်ပါကြောင်း။….ကဲကဲနိုမီနိတ်လုပ်တဲ့လူကလည်းလုပ်နေပြီ…
    .အကြောင်းအရာကလည်း မင်္ဂလာရှိတဲ့အကြောင်းအရာဖြစ်နေတယ်…
    .ကျုပ်ကတော့ အနောက်အပြောင်တော်တော်များခဲ့ပါတယ်
    .တချို့လည်းကြိုက်ချင်မှကြိုက်မယ်ပေါ့လေ…မည်သို့ပင်ဆိုစေ
    .ကျုပ်ရေးခဲ့ပြောခဲ့သမျှတွေထဲ တစ်ဦးတစ်ယောက်အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာများ
    .ပါခဲ့ရင် ဤနေရာကနေ အနူးအညွှတ် တောင်းပန်အပ်ပါကြောင်း…
    .ကျုပ်ကိုယ်တိုင်ကလည်း ရွာသူားမိတ်ဆွေရင်းချာများကို စိတ်ကောက်၊ စိတ်ခု၊ အာဃာတ .လုံးဝမရှိပါကြောင်း …..နဲ့ နှစ်သစ်အစမှာ ကျင်းပတော့မဲ့ တွေ့ဆုံပွဲကို စိတ်သစ်လူသစ်နဲ့
    .ပျော်ပျော်ကြီးကြွခဲ့ကြစေလိုပါကြောင်း….။

  • Shwe Ei

    December 29, 2014 at 12:23 pm

    -သများလဲ ပြောမှားဆိုမှား ရှိရင် တောင်းပန်ပါတယ်
    -ဒါပေမဲ့ မှန်တယ်ထင်ဘီဆိုရင် အလျှော့မပေးဘဲ ညင်းတတ်တာလေးတော့ သီးခံပေးကြပါလို့ 🙂

  • လုံမလေးမွန်မွန်

    December 29, 2014 at 1:45 pm

    အရီး​စာကို ဖတ်​ရင်​း.. ဘ​ဖော​ပြောဖူးတာကို သတိရတယ်​..
    ကျွန်​​တော်​​ရေးတာကို ဆဲချင်​လည်​းဆဲကြလိမ်​့မယ်​.. ဒါ​ပေမယ်​့ ကျွန်​​တော်​က​တော့ ဆက်​​ရေးဦးမှာပဲတဲ့.. အနည်​းဆုံး​​တော့ ဒီလိုလည်​း​တွေးလို့ရပါလားလို့ သိ​စေချင်​လို့ပါတဲ့..

    ကိုယ်​က​တော့ ြြငြင်​းရ​ေ​လာက်​​အောင်​ မသိ​ပေမယ်​့.. သူများ​တွေငြင်​း​နေတာကို ထိုင်​ဖတ်​ရတာ ဗဟုသုတရပါတယ်​လို့

  • Yae Myae Tha Ninn

    December 29, 2014 at 2:03 pm

    ဒါဆို အနော်လဲ တောင်းပန်ပါတယ်… အနော်ရေးတာတွေက လက်စမ်းဆိုတော့… ဒီထဲမှာမှ ပေါက်ကရတွေးတဲ့ အတွေးကနေ အရေးဖြစ်လာတော့… စာမျက်နှာမှာ ပုတ်သွားခဲ့တာမျိုးဆို တောင်းပန်ပါတယ်လို့… 🙂

  • CharTooLan

    December 29, 2014 at 2:20 pm

    စုတောင်းးးးပန်နေဂျဒါလား စိန်ခေါ်နေဂျဒါလားဟမ် 🙂
    အလျှော့မပေးနိုင်ဝူး ဆက်ဖိုက်မယ်ဆိုဒါယီးဘဲ
    ကျောက်ထှာ …. 😀

  • aye.kk

    December 29, 2014 at 2:45 pm

    မလတ်ရေ…
    အမှားဆိုတာ မကင်းကြပါ။
    မလတ်ရဲ ့မေတ္တာပေမ နဲ ့ရေးသားထားတဲ့
    နှစ်သစ်ဆုမွန်(တောင်းပန်)ပွဲ၊ ဖတ်ပြီး ကရုဏာရသ
    ရင်ထဲမှာ ခံစားရလို ့ဝမ်းမြောက်ပီတိဖြစ်မိရပါတယ်။။

  • တောင်ပေါ်သား

    December 29, 2014 at 3:51 pm

    ဒီအရွယ်အထိ ရန်ဖြစ်ဘူးတာ ဟိုး ၆ နှစ် ရ နှစ်က ကွဲပစ်ခဲ့တဲ့ မိန်းမပဲရှိတယ် ၊

    ရန်ဖြစ်ရမှာ ပျင်းတယ် ၊ ဒါကြောင့် အမြင် အတွေး အပြော အဆို နည်းနည်းလေး လွဲလာတာနဲ့

    ကျနော်က လမ်းကြောင်းပြောင်း လမ်းလွှဲပစ်တတ်သူ ၊

    ဆိုတော့ အကြီးအကျယ် ငြင်းခုန်ဘူးတာတောင် မရှိသလောက် ၊

    နောက်တစ်ခုက ကျနော်က အစွဲကြီးတယ် ၊

    ဒီတော့ တစ်ယောက်ယောက်ကို နာမိနေရင် တနုံ့နုံ့နဲ့ ခံနေရတယ် ၊

    ဒါကြီးက ကောင်းမှ မကောင်းတာ ၊

    ဒီတော့ ကျနော် သိပ်မငြင်းတတ်လို့ မှားလို့ ပြန်တောင်းပန်ရတယ်ဆိုတာ မရှိသလောက် ၊

    ဒါပေမယ့် ဒီရွာထဲမှာ ကျနော့် စကား ကျနော့် အပြုအမူ လွန်ခဲ့တာရှိရင် မိုက်တဲ့သူ ထွက်ခဲ့ ၊

    ဟီး ဟီး စတာ ၊ 🙂

    ကျနော့် စကား ကျနော့် အပြုအမူ လွန်ခဲ့တာရှိရင် ( အောင်လ ပါလို့ )

    မကျေလည်မှုတွေကို ၂၀၁၅အထိ သယ်မသွားကြေးနော် ၊

    ( အချစ်ကြီးတဲ့ တောင်ပေါ်သား )

  • Ma Ma

    December 29, 2014 at 7:37 pm

    ကြားဖူးတာလေး ပြောရရင်…..
    အမှန်ကို သိဖို့ မလွယ်ဘူး၊
    သိတာတောင် လက်ခံဖို့ မလွယ်ဘူး။
    လက်ခံပြီးတာတောင် လိုက်နာဖို့ မလွယ်ဘူးတဲ့။

    ကိုယ့်ကိုကိုယ်တော့ အမှန်ကို သိရင်တောင် လူအများနဲ့ ဆန့်ကျင်ပြီး မလုပ်ရဲပဲ နေသာသလို နေတတ်တယ်လို့ ထင်ထားလို့
    အပြင်းအထန် အငြင်းသန်ခဲ့တာ မရှိဘူးလို့ ထင်တာပဲ။

    ရေးရင်းနဲ့ မျှစ်ကြော်ပြုံးပိုစ့်မှာ ငြင်းထားတာ သတိရသွားပြီ။ 😆
    အားလုံးအပေါ်မှာ လွန်ခဲ့တာ မှားခဲ့တာတွေ ရှိရင် တကယ့်စိတ်ရင်းနဲ့ တောင်းပန်ပါတယ်။ 🙂

  • nozomi

    December 29, 2014 at 8:21 pm

    ၂၀၁၄ ထဲ ကျနော်ရခဲ့တဲ့ လက်ဆောင်တွေထဲ အမြဲအမှတ်ရ အမြဲအသုံးဝင်နေမဲ့ လက်ဆောင်တစ်ခုပါပဲ

  • uncle gyi

    December 29, 2014 at 10:49 pm

    အမှန်ကငြင်းခုန်တယ်ဆိုတာစိတ်ထားတတ်ရင်
    အသိပညာတိုးတဲ့အလေ့တခုပါ
    အနိုင်ယူလိုမှုတခုဦးတည်ပြီး
    အမှားကိုအမှန်မလုပ်ဖို့တော့လိုသပေါ့လေ
    ကိုယ်မှားမှန်းသိချိန်မှားတယ်ဝန်ခံပြီး
    ပွဲကိုသိမ်းလိုက်နိုင်ရင်ဒါအနိုင်ပါပဲ
    ကိုယ့်အသိတခုပွင့်သွားလို့လေ
    ဒါပေမဲ့မှားမှန်းသိပေမဲ့အစွဲတွေကြောင့်ဝန်မခံဖြစ်ကြတာများပါတယ်
    အဲဒီအချိန်အမုန်းဆိုတဲ့ဒေါမနတွေ
    အညှိုးဆိုတဲ့ရန်စတွေဖြစ်လာတာစိတ်မကောင်းစရာပါ

  • ဝင့်ပြုံးမြင့်

    December 30, 2014 at 2:09 am

    .အမလတ်ပြောတဲ့ အချက် ၃ချက် စလုံးကို လက်ခံပါတယ်။
    .(၁) အကောင်းမြင်စိတ် ကို ရှေ့ထားလွန်းရင် တကဲ့လက်တွေ့မှာ ကြုံ ရမဲ့ အခက်အခဲ တွေ အတွက် ပြင်ဆင်ဖို့ အားနည်းပြီး ရည်မှန်းချက် ကို မရောက်ဖြစ်နိုင်တာကြောင့် ရွာထဲ မှာ အငြင်းအခုံ တွေ ဟာ မကောင်းတဲ့ အသွင် ဆောင်ပေမဲ့ အဲဒါတွေ ကို ဖယ်ထုတ်မပစ်သင့်ပါဘူး။

    .(၂) ငြင်းခုံ ရင်း မခေါ်မပြောနိုင် ဖြစ်စရာ အကြောင်း မဖြစ်အောင် အတွက်ကိုတော့
    တစ်ဖက်လူ ပြောတာမှာလဲ မှန်နိုင်တယ် ဆိုတဲ့ Open minded နဲ့ လေးစားမှု ပေး တဲ့ စိတ် ထားဖို့ တော့ လိုမှာပါ။

    .(၃) နောက် လောက မှာ အရေးကြီး တဲ့ အကြောင်း တစ်ရပ် ရှိပါသေးတယ်။
    ကိုယ် ရှင်သန် နေထိုင် ပြောဆိုရင်ဖွင့် နိုင်တဲ့ အသိုင်းအဝိုင်း ရှိနေဖို့ပါဘဲ။
    —-
    .ညစ်တတ်တဲ့ မျှစ်ကြော်ကို ဒီရွာက လက်သင့်ခံ ချစ်ခင်ကြလို့ ရွာကြီးကို အချစ်တိုးတဲ့အကြောင်းရယ်၊ နောင်လည်း ဆက်ငြင်းနေဦးမယ့်အကြောင်းရယ်၊ မျှစ်ဘက်က ပြောမှားဆိုမှား ဖြစ်ခဲ့တာတွေရှိရင် သက်ဆိုင်သူတွေကို တောင်းပန်တဲ့အကြောင်းရယ် ပြောချင်ပါတယ်။
    ပုံ
    ဂွဇွတ် ရွာသူ

  • မြစပဲရိုး

    December 30, 2014 at 3:59 am

    မစုဉာဏ်၊ ချစ်မမ၊ ကိုပါ၊ ကင်းကောင်လေး၊ ဝေ၊ ကိုခ၊ လရိပ်၊
    ကကြီးမိုက်၊ ချွေ၏၊ မောင်အောင်၊ လုံမ၊ နင်းနင်း၊ ချာတူး၊ အစ်မအေး၊
    ကိုမျိုး၊ ကိုနို၊ အန်ကယ်ကြီး၊ ပြုံး
    တို့ အမှတ်တရ ဝင် ဆွေးနွေးပေးလို့ ကျေးဇူးပါ။

    မစု ရေ
    အရီး တို့ လူမျိုး တွေ မှာ ကောင်းချက် လေး ရှိတယ်။
    ဒါက အတုယူ ဖို့ စိတ်အားသန်ခြင်းဘဲ။
    ဉာဏ်အစွမ်းအစ လဲ ကောင်းတာဘဲ။
    စိတ်ရင်းလဲ ကောင်းတာများတာ သိနိုင်ပါတယ်။
    ကျေးဇူးတရား ကိုလဲ တန်ပြန်ဖို့ ဝန်မလေးကြဘူး။
    ဒါကို မှန်တဲ့ ဘက် မှာ အသုံးချနိုင်ဖို့ လိုတာ။
    ပဲ့ပြင်ပေးနိုင်တဲ့ စိတ်စေတနာပါတဲ့ ခေါင်းဆောင် လက်အောက် မှာ မြန်မာပြည် က အရမ်းကို တိုးတက်သွားမယ် လို့ အရီး တော့ အိမ်မက် မက်နေပါတယ်။
    စည်းလုံးပြီး ခေါင်းဆောင်ကောင်း နောက် ကို အယုံအကြည် အပြည့် နဲ့ လိုက်ကြနိုင်ရင် တော့ လက်တွေ့ဖြစ်မယ်မှန်းပါတယ်။
    ဒါပေမဲ့ just wait and see သမီး ရေ။
    Hope for the best
    Prepare for the worst

    ကိုပါ
    စိတ်ကြီး မှန်းသိပါ့ရှင်။
    ရှင်ပြောတဲ့ “တစ်ခါတစ်ရံမှာ မှားတယ်ထင်တဲ့ဘက်ကကို ဝင်ငြင်းတာမျိုးလုပ်ပါတယ်။”
    အတော်လေး သဘောကျမိတယ်။
    ဟုတ်တယ်နော်။
    တစ်ခါတစ်ခါ role play ခေါ်မလား။
    အဲဒီ နေရာ ကို ကိုယ်တိုင် နှစ်ဝင် ကြည့်မှ ကိုယ်ချင်းစာစိတ် ပေါ်လာတတ်တာလေ။
    Balance ဖြစ်တဲ့ စိတ်ပေါ်သွားတာပေါ့။

    ကင်းကောင်လေး
    ဒါဆို သမီးက January Born – Capricorn ပေါ့လေ။
    အဲဒီ လူတွေက စာရေး အလွန်ကောင်းပြီး တီထွင် စိတ်ကူးမှုမှာ gifted တဲ့။
    ဟုတ်နေတာနော်။
    အဲဒီချိန် ရွာထဲ တစ်ယောက်ယောက် ဝင်ပြီး ဆုတောင်း ပေးမယ်မှန်းတယ်။
    Pre wish – Happy Birthday. May all your dreams come true.
    သမီး ရဲ့ စတိုင် တကဲ့ကို ဖတ်လို့ ကောင်း တဲ့ စာလေး တွေ နဲ့ ရွာကို အလှ ဆက်ပြီး ဆင် ပေးပါလို့ လဲ အရီး ဆန္ဒပြုပါတယ်။

    ဝေ
    ရွာထဲ က ခပ်ထက်ထက် ခပ်ပြတ်ပြတ် မိန်းမ တွေထဲ က တစ်ယောက်လို့ သိပြီးပါ။
    အသိဉာဏ် နဲ့ ယှဉ်ပြီး နေတတ် ပြောတတ် သူ လို့ လဲ မှန်းပါတယ်။
    ဒါကြောင့် ဝေ ကလဲ ရွာ့အချစ်တော် ဖြစ်ပါတယ်။
    အရီး တောင် ဝေ တို့ ကြောင့် ရွာထဲ ရောက်လာတာမဟုတ်လား။

    ကိုခ
    မှန်ပါတယ်။
    “က” ဆို တဲ့ အကြောင်း နဲ့ “ခ” ဆို တဲ့ အကြောင်း က နေ ဆွေးနွေးရင်း “ကခ” ဖြစ်လာ မှ လောကကြီး တိုးတက်တော့မပေါ့။
    မဟုတ်ရင် အဟောင်းတွေ နဲ့ ဘဲ နစ်သွားမှာ မဟုတ်လား။
    “ကခ” ပေါက်ဖွားဖို့ အတွက် ဟိုဘက် ဒီဘက် ညှိရမှ ရတာ ငြင်းမရပါလေ။

    လရိပ်
    သမီး ရေးတဲ့ အကြောင်းတွေ က တကယ်ကိုဘဲ စိတ်ဝင်စားစရာ ကောင်းပါတယ်။
    ဘယ်သူမှာမှ အနှောက်အယှက်မဖြစ်ဘဲ အားလုံး ပျော်ရွှင်စွာ ဖတ် နေကြတာလို့ အရီး ယုံကြည်ပါတယ်။

    ကကြီးမိုက်
    နောက်ပြောင် တာက ပြသနာ ဟုတ်ပါဘူးလေ။
    ရှေ့ပြောင် တာကမှ ခက်တာကလား။
    ဟိ။
    ဒါထက် ကြုံ တုန်း။
    သများတို့ ရွှေရတုအပြီး ရှင်ကြီး တို့ ကျောင်း လဲ ရွှေရတု နေပြီ။
    အီကို ကိုတော့ မှီမယ် မထင်ပေါင်ဗျား။ lol:-))

    ချွေ၏ လေး
    အဲဒီ ပြောမှား ဆိုမှား ဆိုတာ အမှန်တွေ ဖြစ်နေတတ်သကွဲ့။
    ဒီမှာလဲ ကြုံ တုန်း။
    ဟို တစ်ကောင် ဖုန်းဆက်နေသေးလား။ 😉

    မောင်အောင်
    အရှေ့ မှာ War and လို့ ထည့်လိုက်မယ်။
    Peace ဆိုတာ War ရှိမှ မဟုတ်လား။ နော။

    လုံမ ရေ
    ဟုတ်ပါ့။
    အဲဒီ ကိုယ်တော်ကြီး ဆီကလဲ အရီးမှာ ပညာ တွေ အများကြီး ရပါတယ်။
    ဆက်လက်ပြီး မစ ပါဦး ရွာဦးရှင် ကိုယ်တော်ကြီး ရှင့်။ :))
    လုံမ ရဲ့ ကိုယ်တွေ့မှတ်တမ်း လေး တွေ ဆီကလဲ ကလေး နဲ့ အရီးကြား သတိထားစရာ ပညာ ရခဲ့ကြောင်း ကြုံ တုန်း ပြောလိုက်ပါရစေဦး။
    ဒီ အတွက် ကျေးဇူးပါ။

    နင်းနင်း
    မင်းရေးတဲ့ စာတွေ မပုတ် ပါဘူးလေ။
    စိတ်မပူပါနဲ့။
    ချလိုက်တာ နဲ့ တင် ပြောင်သွားအောင် ဝိုင်းပြီး တီး လိုက်ကြတာ။ (တီး=စား)
    နောက်တာမဟုတ်။
    တကယ်ပါ။
    ဖတ်လို့ ကောင်းပါတယ်။ ရီလဲ ရီရတယ်။
    စားစရာတွေ ကြည့်ပြီး ပိုပြီး ဗိုက်ဆာသွားတာ တစ်ခုဘဲ။
    တင် နိုင်လို့ ကတော့ ကိုတာ ပြည့်အောင် တစ်နေ့ ၂ပုဒ် တင်ပါလေ။

    ချာတူး
    “စုတောင်း” တာ အမှန်ပါ။
    ၂၀၁၅ အတွက် စု ကို တောင်းပါတယ်။
    ရရပါလို၏။
    “စိန်” ကိုတော့ ဆက်မခေါ်ဗျစီနဲ့ အေ။
    နားပါစေတော့၊
    ခမျာ ပင်ပန်းလှပါပြီ။ 😉
    ကျောက် ကတော့ အဲဒီ ရောက်နေပြီ တောင်မှတ်တယ်။

    အစ်မအေး
    မေတ္တာ ရှေ့ထားတဲ့ မှတ်ချက်လေး အတွက် ကြည်နူးမိပါတယ်။
    ကျေးဇူးပါ အစ်မ။
    အစ်မပြောသလို ကျွန်မတို့ အားလုံး အမှား မကင်းပါဘူး။
    အားလုံး ပြည့်စုံ ပြည့်ဝ သူ မရှိပါဘူး။
    အမှားဖြစ်တိုင်း အဲဒီကနေ သင်ခန်းစာ ယူပြီး ပြင်နိုင်ရင် အမြတ်ပါဘဲ။
    မဟုတ်ရင် အမှားကနေ ပိုမှား တာ တွေ ဖြစ်နိုင်တာ မဟုတ်လား။

    ကိုမျိုး
    ရန်ဖြစ်ရတာ ပျင်း တော့ စကားနဲ ရန်စဲ လုပ်ရင်း စိတ်ထဲ အစာမကြေ တာတွေများသွားတာ နေမှာ။
    မကြိုက်တာ ကို အပြန်အလှန် ရှင်းရှင်းသိရင် ညှိဖို့လွယ်ခဲ့မလားဘဲ။
    အထင်ပါလေ။
    တကယ်တော့ အတူပေါင်းသင်း ရတဲ့ လူနှစ်ဦး ကိစ္စဟာတော့ ဝေဖန်ဖို့ခက်ပါတယ်။
    ရွာထဲမတော့ စိတ်အခန့်မသင့်ရင် ဗြဲ ကနဲ အော်လိုက်စမ်းပါရှင်။
    ကလေး တွေကတော့ သိပ်မအော်တတ်တဲ့ အဖေ ရတာ အတော်လေး ကံကောင်းတယ် ခေါ်မယ်။
    သားသမီးကျတော့ လဲ စိတ်ထဲ မကျေနပ် တာ ရှိနေခဲတာနော်။
    ထူးဆန်းသား။

    မမ
    ကိုယ့်ချစ်မမ ကိုတော့ ယုံပါတယ်။
    ကျွန်မ အရင် ရွာပြင် ကနေ ချောင်းနေတုန်း က မမ ကို နောက်နေတာ တွေ ဖတ်ဖူးတယ်။
    ကိုယ်က ဖတ်ပြီး စိတ်တို နေချိန် တို့ မမ က စိတ်မတို ဘဲ အေးအေးဆေးဆေး ဘဲ။
    အဲဒီ သည်းခံ တတ်မှု တွေ ကို မမ ဆီက နေကျွန်မ သင်ယူခဲ့ပါတယ်။
    မသိဘူး မဟုတ်လား။
    မမ က တော့ ဘယ်သူ့ ကိုမှ ရန်မလို ခဲ့တာ အားလုံး အသိပါလေ။

    ကိုနို
    အသံ လေး ထူးထူးခြားခြား ပြန်မြင်ရတာ ဝမ်းသာလှတယ်။
    ဒီလိုလေးများ မကြာမကြာ အသံပြုပေးပါ့။
    ဒါနဲ့
    ဒီနှစ် ရဲ့ တစ်ခြား လက်ဆောင် တွေ က ဘာတွေလဲ စပ်စုခွင့်ရှိလားရှင့်။

    အန်ကယ်ကြီး
    သေချာတာပေါ့ရှင်။
    အစွဲ တွေ၊ အတ္တတွေ က အမှန်တရား ကို မြင်နိုင်ဖို့ ဉာဏ်မျက်စိ ကို ကွယ် ထားပါတယ်။
    အဲဒါတွေ ကို သတိလေးမှတ်ပြီး ဖြုတ်ဖို့ ကြိုးစားကြရမှာပါ။
    ချက်ခြင်းကြီး မပြောင်းနိုင်တောင် တဖြေးဖြေးချင်းပေါ့။

    ပြုံးညီမ
    တွေးရက်လိုက်တာ။
    မအားတဲ့ကြား၊ ကွန်အခက် ကြား က ရွာထဲ အချိန်ပေး ပေးပြီး ဝင်လာတာ စေတနာ မပါဘဲ ညစ်ဖို့ အတွက် ဘယ်သူက ဝင်ပါ့မလဲ။
    ပြုံးရဲ့ စေတနာစကား တွေ မြင်နိုင်ပါတယ်။
    ဒီလိုဘဲ အမြင်မတူတဲ့ ဘက်စုံ ဒေါင့်စုံ ကနေ (အပေးအယူ မျှမျှ) ငြင်းခုံ ကြရင်း အကောင်းဆုံး လမ်း ကို ရွေးသွားနိုင်မယ် မျှော်လင့်ပါတယ်။
    ဆက်ပြီး လဲ တို့ ညီအစ်မ ဟို စွန်း ဒီအစွန်း နေရင်း စကားပြောကြစို့။
    ဒီကနေ အလယ်လမ်း ကို ရှာနိုင်လိမ့်မယ်။ :))

    မစ္စတာ ကြောင်ကြောင်
    မီ မီ မီ မီ
    ဘယ်ပုန်းနေတုန်း။ 🙄

  • Kaung Kin Pyar

    December 30, 2014 at 9:27 am

    အူးကြောင် nominate ကို လက်ဆင့်ကမ်းဖို့ သူအပြစ်လုပ်ထားတာတွေတွေးရင်း…တွေးရင်း…တစ်ရွာလုံးနီးပါး ဖြစ်နေလေတော့ နည်းနည်းတော့ အချိန်ပေးရမှာပေါ့ အရီးရယ်…
    :k:
    ဒါပေသိ… ပြောလို့ပြောတာမှုတ်ဘူးရယ်…
    တစ်ရွာလုံးကတောင် သူ့ကို ပြန်တောင်းပန်ရမယ်ထင့်….
    ဟိုတစ်လောက ကဗျာတင်လိုက်သေး…
    ခန္တီပါရမီသိပ်ကြီးတဲ့ အူးကြောင်….
    ဘယ်သူ စိတ်ဆိုးဆိုး၊ ဘယ်သူ ဘလော့သွားသွား…သည်းခံတဲ့ အူးကြောင်..
    ဘယ်သူ ဘာပြောပြော စိတ်မဆိုးတဲ့ အူးကြောင်ကို…
    2015 အစမှာပဲ အရင်စပြီးဘလော့မိတဲ့ ကောင်းကင်ပြာကပဲ တောင်းပန်ပါကြောင်း….
    :k:
    ဒါနဲ့ အရီးရေ…
    Pre Birthday Wish အတွက်…အရီးကို အလေးအနက် ကျေးဇူးတင်ပါတယ်…..

    • မြစပဲရိုး

      December 30, 2014 at 3:15 pm

      စိတ်ရှည်ရှည် ဆွဲဆန့်ပြီး ကို စောင့်နေပါတယ် သမီးရေ။ lol:-))))
      မွေးနေ့ အကြောင်း စာစီ ပါ။ မျှော်နေပါတယ်။

  • hmee

    December 30, 2014 at 8:48 pm

    အရီး​ရေ ကျွန်​မက​တော့ ဘယ်​သူနဲ့မှ မငြင်​းဘူးဖူးထင်​တယ်​။ 🙂 ကျွန်​မ​ကြောင်​့ စိတ်​အ​နှောက်​အယှက်​ဖြစ်​ဖူးသူများကို ​တောင်​းပန်​ပါတယ်​​နော်​။

    • မြစပဲရိုး

      December 30, 2014 at 9:48 pm

      မှီ က ဝိနည်း လွတ်မှာ အသေအချာပါ။
      အခု ကြောင်ကြောင် တစ်ယောက် ဘုန်းကြီး မဝတ်ခင် အကြွေးကင်းသွားအောင်ပါ။ lol:-)))

  • padonmar

    December 30, 2014 at 9:31 pm

    မလတ်ရေ
    ဈေးသည်ကြီးဆန်နီလုပ်ပြီး ဝါးခယ်မထွက်ကုန်တွေ ဈေးရောင်းကောင်းနေတာနဲ့ ရွာကိုပစ်ထားမိတယ်။
    ခုမှ ဖတ်လိုက်ရတယ်။
    ခုလို တန်ဖိုးရှိတဲ့ ပို့စ်လေးအတွက် ဘရာကြော်ပါ။
    အခုတလော ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ငါသိပ်ညံ့တာပဲလို့ တွေးတွေးနေမိတယ်။
    အဲဒါ မလတ်ရဲ့ နံပါတ်(၁)နဲ့ ကွက်တိဖြစ်နေတဲ့ အချက်ပဲ။
    {(၁) အကောင်းမြင်စိတ် ကို ရှေ့ထားလွန်းရင် တကယ့်လက်တွေ့မှာ ကြုံ ရမယ့် အခက်အခဲ တွေ အတွက် ပြင်ဆင်ဖို့ အားနည်းပြီး ရည်မှန်းချက် ကို မရောက်ဖြစ်နိုင်တာကြောင့်}
    တကယ်လည်း သူတင်ကိုုယ်တင်ငြင်းရခုန်ရမှာတွေ တွေ့လာရင် ငြင်းရမှာ ကြောက်ပြီး ဇွတ်အကောင်းမြင်ယောင်ဆောင်နေမိသလားလို့ ကိုယ့်ကိုယ်ကိုယ် သံသယဝင်လာလို့ပါ။
    ဘယ်ကိစ္စမဆို အရင်ဆုံး ငါကလည်း ဒါလေးကြိုမပြောမိဘူး၊ကြိုမပြင်ဆင်မိဘူးနဲ့ Self Blame တွေ လုပ်လုပ်နေမိတာလည်းပါတယ်။
    ဒါပျော့ညံ့တာ တမျိုးပါပဲ။ကုက္ကုစ္စဖြစ်နေသမျှ တကယ် သည်းခံခြင်းမဟုတ်သေးပဲကိုး။
    …………
    ဝန်ခံစရာရှိတာ အရင်ဝန်ခံပြီးတော့ တောင်းပန်ရမယ်ဆိုရင် တရွာလုံးကို တောင်းပန်ချင်တာပါပဲ။
    ကိုယ်ဘယ်သူ ဘယ်အသက်ဆိုတာ လူလုံးထုတ်ပြပြီးကတည်းက အသက်ကြီးတာ အခွင့်ကောင်းယူပြီး တရွာလုံးအပေါ် ဆရာလုပ်ချင်နေမိတာတွက် တောင်းပန်ပါတယ်။
    ……………..
    ကိုယ့်ပေါ်မှာတော့ ဘယ်သူကမှ တောင်းပန်စရာ အပြစ်မရှိပါဘူး။
    ……………………..
    ဘယ်သူ့ကိုမှလည်း စိတ်မဆိုးဖူးပါဘူး။
    အထူးသဖြင့် ဦးကြောင်ကိုလည်း စိတ်မဆိုးခဲ့၊စိတ်ဆိုးမနေပါဘူး။
    ဝါးခယ်မက အဖွဲ့တွေကလည်း သူတို့နဲ့ ကြောင် Friend ဖြစ်နေပြီ၊ကျမအနေနဲ့ ဘလော့စရာ မလိုပါဘူးလို့ ပြောပါတယ်။
    ဒါပေမယ့် ကြောင်ကြီးလို အဖိုးတန်လူတယောက်ကို အပြောင်အပျက် စကားတွေကြောင့် သူများတွေ အထင်သေးတာ မမြင်ချင်လို့ ဘလော့ထားတာပါ။
    ဗြဟ္မဒဏ်ဆိုတာ ချစ်ခင်ရတဲ့သူတွေကို ပြုပြင်စေချင်တဲ့အခါ သုံးတဲ့ လက်နက်ပါ။
    (ကြားဖူးကြမှာပါ၊ဆန္နအမတ်=မြင်းမြီးဆွဲ မောင်ဆန်က မာနတွေကြီးပြီး ရဟန်းတွေအပေါ် မောက်မောက်မာမာဆက်ဆံတဲ့အတွက် ဘုရားက ပရိနိဗ္ဗာန် မစံမီ သူ့ကိုယ်သူ မပြုပြင်ရင် ရဟန်းတွေက အခေါ်အပြော ဆိုဆုံးမမှု မပြုပဲ လွှတ်ထားဖို့ မှာခဲ့တဲ့ အကြောင်း၊အဲဒီတော့မှ ပြုပြင်ပြီး ရဟန္တာဖြစ်သွားတဲ့ အကြောင်းလေးပါ)
    ခုလောက်ဆို ကြောင်ကြောင်လည်း သူ့ကောင်းတာတွေ ဆက်ထိန်း၊မကောင်းတာတွေ ပြင်လောက်ပါပြီ။
    ဒါကြောင့် ကျမကလည်း ကြောင်ကြောင့်ကို ဘလော့ထားတာ ပြန်တောင်းပန်ပြီး Friend request ပြန်လုပ်လိုက်ပါမယ်။
    ကျမစိတ်ထင် ကြောင်ကြီး မြန်မာပြည်ရောက်များနေသလားလို့၊
    ဒါကြောင့် အွန်လိုင်းမရှိတာ ဖြစ်မှာပါ။

    • မြစပဲရိုး

      December 30, 2014 at 9:43 pm

      အမယ် လေး အစ်မဒုံ
      ဒီ မောင်နှစ်မ နှစ်ယောက် ရှေ့ နောက် ဆင့် ဝင် လာပါလား။ :))

      ဒီ အမွေး ဖွား ကြောင် က တကယ်ဘဲ ရန်ကုန် ရောက်နေတယ်လား။
      ရွာပွဲ လာလို့ ကတော့ လာကြည့် မဲ့သူတွေ များမှာမို့ ရုံသွင်းသာ ပြပါတော့။

  • ဦးကြောင်ကြီး

    December 30, 2014 at 9:33 pm

    ဖြောင်း ဖြောင်း ဖြောင်း ့………..

    မှားမှန်ရောထွေး မှန်ရာရွေး….

    ၁။ လက်ခမောင်းခတ်သန်
    ၂။ လက်ခုပ်သမ်
    ၃။ ဗျောက်အိုးပေါက်သဏ်

    • မြစပဲရိုး

      December 30, 2014 at 9:40 pm

      တစ်ခုမှ မဟုတ်ဘဲ နရင်းအုပ် သံ ဖြစ်များ နေလား ကြောင်ကြောင်။
      lol:-)))
      ဟေ့
      အပို တွေလာပြီး လွှဲ မနေ နဲ့။
      စာကို အသေအချာဖတ်။
      ပြီးမှ တောင်း ယူပြီး ပြန်လာခဲ့။

      • Iris

        December 31, 2014 at 2:03 pm

        အရီး​ပြောတာ၁၀ဝရာနှုန်​းမှန်​မယ်​။.ဒါဆို none of above ​ပေါ့။ ဘရီး​ကြောင်​လှည်​့စားထားတာ။
        ကျမ ခံယူထားသလို​ပြေရရင်​ ကိုယ်​့မှားရင်​. ကိုယ်​့​ကြောင်​့တစ်​ဖတ်​သားထိခိုက်​သွားရင်​.ချက်​ချင်​း​တောင်​းပန်​သင်​့တယ်​ထင်​တယ်​။နှစ်​ကုန်​မှစုပြီး​တောင်​းပန်​ရင်​ခွင်​့လွှတ်​ရမဲ့သူကဘယ်​အပြစ်​မှန်​းမသိ​တော့ဘူး။ ဟိဟိ..အပြစ်​လုပ်​တာများရင်​။
        အပြစ်​မလုပ်​ပဲနဲ့လည်​း​ခဏခဏ​တောင်​းပန်​တာမ​ကောင်​းဘူးလို့ထင်​တယ်​။ ပါစင်​အရ​ပြောတာပါ။

  • aye.kk

    December 30, 2014 at 9:55 pm

    မလတ်ရေ…
    ကြောင်ကြီးက
    မှောင်မည်းထဲကြွက်မခုတ်တော့ဘူးတဲ့။
    ကြောင်သူတော်အလိမ္မာလေး၊ချစ်စရာကောင်းသွားပြီ။
    အခုဘဲရွာထဲပြန်ဝင်ဘို ့ပြောနေတုန်းရောက်လာတယ်။
    ကြောင်ကြီးက၊တုန်းကျော်သွားပြီ၊သက်ရှည်ဦးမည်။။

  • ဦးကြောင်ကြီး

    December 31, 2014 at 6:24 am

    ဦးမာမွတ် ….. ကျုပ်တို့ဂို တောင်းဗံဇမ်း။ အမ်တီမြ ခိုင်းလို့နော်…. နို့မို့ဆို ခီများအပြစ် ဆည်သပ်မီကြေ။

    • kai

      December 31, 2014 at 3:53 pm

      အူရဒူဖုံးကြီးသုံးဘီးများ.. လားဒေါင်းဘန်ဂိုင်းနေဒယ်..။
      သူ့ကျ.. ကာလားဆိုက်ဂျီးဆိုပြီး… ပြောဒါ…

      အဟမ်း..
      နောက်တာပါ..
      မှားတာရှိ…….ဝန္ဒာမိပါ…..
      ခွင့်လွှတ်ချင်ချင်မချင်ချင်.. လွှတ်..။
      အတင်းကိုလွှတ်…။ :k:

  • Mr. MarGa

    December 31, 2014 at 10:17 am

    ဘယ်သူ လာပြီး nominate လုပ်မလဲတော့ မသိဘူး
    ကိုယ်တိုင်ပဲ ပြန် nominate လုပ်လိုက်တော့မယ်။
    ဒီတစ်နှစ်လုံးမှာ ဖြစ်ခဲ့သမျှ ပြဿနာတွေ ရှာခဲ့သမျှ ပြဿနာတွေ ပြောခဲ့သမျှ ဘုကန့်လန့် စကားတွေ ကိုယ့်ကို နှိပ်စက်ခဲ့ ကိုယ်ကလည်း နှိပ်စက်ခဲ့တဲ့ သူတွေအားလုံးကို ကျနော်က အရင် တောင်းပန်စကား ဆိုပါရစေ
    နှစ်သစ်မှာ စိတ်သစ် လူဟောင်းနဲ့ ရှေ့ဆက်ကြတာပေါ့…….

  • မြစပဲရိုး

    December 31, 2014 at 8:59 pm

    အစ်မအေး
    ကြောင်ကြောင့် နှိပ်စက်မှု တွေ ကို ခွင့်လွှတ်ပြီး ပေါ့လေ။

    အိုင်ရင်း ရေ
    မစ္စတာကြောင်ကြောင် ရဲ့ ချစ်ရမလို ချဉ်ရမလို အကြောင်းတွေ နဲ့ ဘဲ ရွာစည် စေတယ် မှတ်ပါတော့မယ်။
    အခု တော့ ဒင်း နယ်ကျွံ နေတယ် မှတ်ပြီး ခွေးလွှတ် လိုက်မယ်။

    သူကြီးမင်း
    ထင်ထားသလိုပါဘဲ။
    ကြောင် တစ်ကောင် ဘယ်သူ့ ဆီ ပြန်ပစ် မယ် ဆိုတာ။
    မအား တဲ့ ခရီး ကြားက ဝင်လာပေးလို့ ကျေးဇူးပါ။

    ဖိုးသကြား ရေ
    နှစ်သစ် မှာ စိတ်သစ် လူဟောင်း နဲ့ ဆက်မသွား ချင်ရင် နတ်သမီး တွေ ကို ဂျူတီ ချိန်း လေကွယ်။

    အားလုံးဘဲ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ ပြီး လိုရာ ဆန္ဒ များ အားလုံး ပြည့်ကြပါစေ။

    အခု ကမ္ဘာ့ တစ်ဖက်ခြမ်း မှာ ၂၀၁၅ ရောက်နေချိန် တစ်ခြား တစ်ဖက်မှာ ၂၀၁၄ ဘဲလေ။
    ဒီတော့ တူညီ သွား တဲ့ အချိန် ထိ စိတ်ရှည်ရှည် စောင့်ကြတာပေါ့။
    မဟုတ်ရင် ဘယ်သူ မှန်တယ် ပြောမလဲ။ နော။
    lol:-))))

  • Wow

    January 1, 2015 at 12:15 pm

    မတောင်းးးးးးးးး ဗန်ဘူးးးးးးး ဟေ့…. ဘူ့ဂိုမှ…
    စထဲကကြောက်လို့ ဘူ့မှ ပြန်ပြောရဲထာဟုတ်ဖူးရယ်… အာ့ဂျောင့် ဟီးးးးးး :mrgreen:

    • Crystalline

      January 2, 2015 at 11:36 am

      အဟိ.. ဝါးလိုပဲ.. :mrgreenn:

      • မြစပဲရိုး

        January 3, 2015 at 7:21 am

        အရီး လုံမ တွေ က လက်မြန်ကြတယ်လား။ :-))

  • Ma Ma

    January 1, 2015 at 4:11 pm

    ဒီလအတွက်တောင် မဟုတ်
    ဒီနှစ်အတွက်
    ဒီပိုစ့်ကို ရွေးချင်တယ်။
    Post of the Year 2014 🙂

  • မြစပဲရိုး

    January 1, 2015 at 4:21 pm

    ဒေါ်ဝေါင်း လေး
    စကားနဲ့တော့ ပြောမနေဘူး။ လက် နဲ့ ဘဲ ပြန်ပြောတတ်တယ်လား။
    lol:-))

    ချစ်မမ
    ကစ်ကစ် အကယ်ဒမီရသလို ဖြစ်နေပါ့မယ်။
    ပရိတ်သတ် အကြိုက်ဆိုတာ ပရိတ်သတ် အကြိုက် မဟုတ်ဘူး ဆိုလား။ 😉
    ကျွန်မ အတွက်တော့ ရွာထဲ မှာ ကြိုက်သလို စာချ ခွင့်ရ နေရတဲ့ ဆုလာဘ် ကဘဲ တန်ဖိုး မဖြတ်နိုင်အောင်ပါ။
    Anyway love you. :-))

  • Swal Taw Ywet

    January 1, 2015 at 5:30 pm

    ရွာကွပ်ပျစ်လေး ခဏယာယီ ၂ နှစ်လောက်ဖြုတ်သိမ်းထားလိုက်ရမယ့်အတွက် တောင်းပန်ပါတယ်ခင်ဗျာ။
    ရွာထဲတော့ ပြန်ရောက်နေပါပြီ။
    ရွှင်လန်းချမ်းမြေ့ကျန်းမာကြပါစေ။
    With respect,
    Swal Taw Ywet.

  • pooch

    January 2, 2015 at 12:09 am

    အိမ်​ကရှိတဲ့​တောင်​း​တွေ အကုန်​ပန်​လာတယ်​လို့
    ​နောက်​တာပါ ;p
    အားလုံးပဲ ​ပြောမှားဆိုမှားရှိရင်​ခွင်​့လွှတ်​ကြပါ်
    ​နောက်​လည်​းဒီလိုပဲ ​ပြောချင်​ရာ​ပြော
    ငြင်​းချင်​ရာ ြငြင်းမှာမို့. သီးခံ​ပေးကြပါ​

  • မြစပဲရိုး

    January 2, 2015 at 1:37 am

    ကိုစွယ်တော် ရွာ ကွပ်ပျစ် ပြန်ဆောက် ပေးပြီ မို့ ရွာကြီး ပိုပြီး စည်ကားလာမယ် မှန်းပါတယ်။
    ကျေးဇူးပါရှင့်။

    ပုချ်လေး
    တောင်း ရော စကောရော ဘာဘဲ ပန်ပန်။
    ဒီအတိုင်း ငြိမ် မနေရင်ပြီးရော။
    :))

Leave a Reply