ဖြစ်ချင်တာတွေများလွန်းနေတယ်
လောဘကြီးနေတယ်
သောကများရတယ်
ဒုက္ခဆိုတာ ဒုနဲ့ဒေးပေါ့
ငါကိုယ်တိုင်လဲမျက်ရည်မကျချင်ဘူး
ငါ့ပါတ်ဝန်းကျင်မှာလည်း ညိုမှိုင်းနေတဲ့အကြည့်တွေကို ငါမရင်ဆိုင်ချင်ဘူး
မျှော်လင့်ချက်ကင်းမဲ့နေတဲ့ တစ်ဆုံတစ်ခုကိုတောင့်တနေဆာလောင်နေတဲ့
မျက်ဝန်းတစ်ဆုံကိုလည်း ငါမမြင်ချင်ဘူး
ကားတစ်စီးပေါ်မှာ လိုက်ပါစီးနင်းနေတဲ့ ခရီးသည်တစ်ယောက် (အသိမိတ်ဆွေမဲ့)
စကားပြောဖေါ်မဲ့ ပူတင်းပေါက်အပြင်ဘက်ကို တွေ၂ ကြီးငေးမောရင်း ခရီးကိုနှင်နေတဲ့လူလိုလဲ
ငါ့ဘ၀ကိုမဖြတ်သန်းစေချင်ဘူး…. ငါ့ပတ်ဝန်းကျင်မှာလည်းဒီလိုတွေမမြင်ချင်ဘူး..။
ငါ့အိပ်ထောင်ထဲမှာ ခြူးတစ်ပြားမှမ၇ှိဘူး
ငါခ၇ီးဆက်နိုင်တယ်
ငါ့အိမ်ခေါင်မိုးမှာ မိုးယိုနေတယ်
ငါတစ်မိုးလုံးကို ရေသုတ်ရင်း နေနိုင်တယ်
ငါနေမကောင်းဖြစ်တယ် `
ဆေးကုဘို့ပိုက်ဆံမရှိဘူး
ဒါပေမဲ့ အပြုံးလေးနဲ့မှေးစက်နားနေမယ်

ငါ့ခ၇ီးမှာ ငါနဲ့အတူလိုက်ပါနေတဲ့ခရီးဖော်တွေနဲ့စကားပြောခွင့်ရရင် ဆက်လို့ရတယ်။
ငါ့ရဲ့ချမ်းအေးခြင်းကို ငါ့မိသားဆု ငါ့ချစ်သူ ငါ့သူငယ်ချင်း တွေနဲ့အတူ ရင်ငွေ့လေးများကို ဖလှယ်ကြရင် တစ်မိုးလုံးနေနိုင်တယ်
ငါ့ရဲ့နာမကျန်းဖြစ်နေချိန်မှာ မိသားဆု ငါ့ချစ်သူ သူငယ်ချင်း ပတ်ဝန်းကျင်ရဲ့အားပေးမှုတွေနဲ့ ငါအားတင်းထားမယ်

ငါ့မှာတိုက်တာအိုးအိမ် ရွှေငွေတွေရှိစရာမလိုဘူး
ငါ့ပတ်ဝန်းကျင်မှာလဲဒါတွေမရှိလဲဖြစ်တယ်
မနာလိုဝန်တိုမှုကင်းမဲ့ပြီး ဖော်ရွေတဲ့ဖြူစဉ်တဲ့ ကိုယ်စီမျက်နှာလေးတွေကိုမြင်ချင်တယ်။

လမ်းတလျှောက်မှာ အုတ်အင်္ဂတေ ၇ှိစရာမလိုဘူး
စိမ်းလန်းနေမယ့် မျက်ပင်ရိုင်း ပန်းရိုင်း တွေ၇ှိရင်ရတယ်

ညဘက်လမ်းထွက်လျှောက်ရင် လမ်းမီးတိုင်တွေ ထိန်ညီးနေဘို့မလိုဘူး
အေးမြတဲ့ လရောင်လေးနဲ့ဆိုလဲဖြစ်တယ်

ငါ့အိမ်မှာဖုန်းမ၇ှိလဲဖြစ်တယ်
ငါဒို့တွေပတ်ဝန်းကျင်မှာ တစ်ယောက်ကိုတစ်ယောက် မေတ္တာတွေနဲ့ ဖြန့်ကျက်ထားဘို့ဘဲလိုတယ်

ငါ့အိမ်မှာ အင်တာနက် ebooks တွေမ၇ှိလဲဖြစ်တယ်
ငါဒို့ရဲ့အားလပ်ချိန်မှာ ၀ိုင်းဖွဲ့ပြီး တစ်ယောက်စီရဲ့ ဘ၀ဖြတ်သန်းမှုတွေနဲ့ စကားတွေထဲကနေ အတွေ့အကြုံဗဟုသုတတွေ ပညာတွေ ဝေငှရနိုင်တာဘဲ

ငါအပြင်ထွက်ရင် ရေမွှေးရနံ့တွေကို မလိုချင်ဘူး
မြေသင်းရနံ့ကိုသယ်ဆောင်တိုက်ခတ်လာတဲ့ လေကြမ်းဘဲဖြစ်ဖြစ် လေနုအေးဘဲဖြစ်ဖြစ် အဲ့ဒါကိုဘဲလိုချင်တယ်

ငါ့ပတ်ဝန်းကျင်မှာ air pollution ဖြစ်စေမယ့် ဘေးထွက်ဆိုးကြိုးတွေမ၇ှိစေချင်ဘူး
လယ်ကွင်းပြင်တွေ စိမ်းလန်းနေတာကိုဘဲမြင်ချင်တယ်

ငါ့ပြည်တွင်းမှာ သဘောထားလွဲမှားနေတဲ့ သူတလူ ငါတမင်းစိတ်ထားတွေကိုမရှိစေချင်ဘူး
အားလုံးဘဲ လက်တွဲပြီး အပြံးလက်တွေနဲ့ common platform ကိုသွားစေချင်တယ်

ငါဒို့ရဲ့ စမ်းလန်းဆိုပြေနေတဲ့ တောင်တန်းတွေကို ၀ိသမလောဘသားများကြောင့်
သဲကန္တာရကိုမဖြစ်စေချင်ဘူး …သဲများနေရင် ကမ္ဘာကြီးအတွက် ဖန်လုံအိမ် အကျိုးသက်ရောက်မှုကိုလဲဆိုးရွားမယ်

ငါ့ပြည်တွင်းမှာ တယောက်နဲ့တယောက်ကူညီရိုင်းပင်းတာကိုဘဲငါမြင်ချင်
အချင်းချင်း လိမ်လည် ချောက်တွန်း နေတာတွေကို မမြင်ချင်ဘူး

ငါ့ပတ်ဝန်းကျင် လက်ဘက်ရည်ဆိုင်မှာ လမ်းမှာ အချိန်ပြည့်လူမစည်ကားစေချင်ဘူး ( မှအပ sat sun days )
ကိုယ်စီတာဝန်တွေထမ်းစောင်နေတာကိုဘဲမြင်ချင်တယ်

ငါ့ရဲ့ပတ်ဝန်းကျင်မှာ မနက်တိုင်း အားကစားမြင်ကွင်း ဓမ္မသံတွေကို ခြုံလွှမ်းစေချင်တယ်
ညပိုင်းအချိန်တွေမှာ ယမကာ အမှောင်ဆိုင်တွေမှာ အသွားအလာနဲစေချင်တယ်

အားလပ်ရက် အပန်းဖြေနေရာတွေမှာ မိသားစု ချစ်သူ သူငယ်ချင်းတွေ ၀ိုင်းဖွဲ့နေတာကိုမြင်ချင်တယ်
ဘိုးဘွားတွေ လမ်းပေါ်မှာတယောက်တည်းလမ်းလျှောက်နေတာကိုမမြင်ချင်ဘူး
သံဃာတွေစာအံသံ တရားပွဲတွေ စွမ်းအုပ်ထဲမှာ စွမ်းအပြည့်နဲ့ ဆိုတာတွေကိုလဲငါမြင်ချင်တယ်

ငါ့ပတ်ဝန်းကျင်ကလူတွေရဲ့ ၀မ်းရေးလောက်ငနေတဲ့ အပြုံးတွေနဲ့ တစ်တိုင်းပြည်လုံးမှာ နေရောင်လရောင်မလိုဘဲ
ကျေနပ်ပီတိ ကိုဖော်ဆောင်တဲ့ အလင်းရောင်တွေကိုငါမြင်ချင်တယ်

ဒီလိုအလင်းရောင်လေးတွေကိုမြင်ရဘို့ ဒို့ရဲ့ဖခင်လိုအားကိုးရတဲ့ပြည်သူချစ်တဲ့ ပြည်သူကမြှောက်စားထားတဲ့
ခေါင်းဆောင်ကြီး ခေါင်းဆောင်ငယ်တွေရဲ့ မှန်ကန်တဲ့လမ်းညွှန်မှုဦးဆောင်မှု နောက်လိုက်တွေရဲ့ကောင်အထည်ဖော်
ဆောင်ရွက်မှု ကြိုးပမ်းအားထုပ်မှုတွေကိုလဲ ငါမြင်ချင်တယ်

ဖြစ်ချင်တာတွေများလွန်းတယ်
ကောင်းသောလောဘလား မကောင်းသောလောဘလား
လောဘဆိုမှတော့ဘာမှမကောင်းနိုင်
ဖြစ်ချင်တာတွေမဖြစ်ရင် ဒေါသဖြစ်ရတယ်
ဒီဒေါသတွေမဖြစ်ဘို့ …. ငါမြင်ချင်တာတွေလုပ်ရမှာလား
ငါတစ်ယောက်တည်းနဲ့ရောဖြစ်ပါ့မလား
လူတိုင်းစိတ်ထဲကို ဒီလိုအသိတွေရောက်ဘို့
ဘာလုပ်သင့်သလဲ
ဆန္ဒတစ်ခုကို ဖော်ညွှန်းရင်း ငါ့ပတ်ဝန်းကျင်မှာ လုပ်သင့်တာတွေလုပ်ကျဘို့ကို
ဆုတောင်းရင်း …

ဘာမှမရှိသော ဤလောကမှာ အနတ္တတာတည်မြဲသတဲ့

By notsynthetic

ဲ့

About notsynthetics

ye myintlatt has written 15 post in this Website..

I'm man, 26 years, sympathy