ကျွန်တော် မချစ်သော ကြယ်မည်းမည်းကြီးများကို ဝေဖန်ခြင်း

alinsettDecember 31, 20141min37834

Dirty

 

 

 

 

 

 

 

လွန်ခဲ့သော ရက်များအတွက် မထော်မနန်းသတင်းများ ကြားရ /ဖတ်ရသည်။

သရုပ်ဆောင်/ဒါရိုက်တာတယောက်က အမျိုးသမီးတယောက်ကို

ပက်ပက်စက်စက် နှိပ်စက်ပြီး သတ်ပစ်လိုက်သည့်သတင်း. . .

(နောက်ပြီး တတိုင်းပြည်လုံး ထိုင်ကြည့်နေသည့် အကယ်ဒမီဆုချီးမြှင့်ပွဲအခမ်းအနားကနေ

တိုက်ရိုက်ထုတ်လွှင့်နေရင်းတန်းလန်းမှာ အနုပညာကြယ်တပွင့်က

နောက်ထပ်ကြယ်တပွင့်ကို တိုင်းသိပြည်သိ ကလော်တုတ်ထည့်လိုက်သည့် သတင်း)

အဲ့သည် သတင်းကို ဖတ်ပြီး ကျွန်တော် မဲ့ပြုံးတချက်နဲ့အတူ အံ့ဩ နာကျင်မိပါသည်။

သတ်သူနှင့် အသတ်ခံရသူ(ဆဲသူနှင့်အဆဲခံရသူတို့ကြား) မှာ ဖြစ်ပေါ်ခဲ့သော

ပုဂ္ဂိုလ်ရေးရာ ခံစားချက်များနှင့် လုပ်ရပ်များကို ကျွန်တော့်အနေနှင့် ဝေဖန်ပြောဆိုစရာ မရှိချေ။

ဒါပေမယ့် အဲသည် ဖြစ်ရပ်မျိုး အဲသည်လိုလူမျိုးတွေအနေနဲ့ မဖြစ်သင့်ဘူးလို့ ထင်ပါသည်။

သရုပ်ဆောင် တယောက် သို့မဟုတ် ဒါရိုက်တာ တယောက်သည် တိုင်းပြည်အတွက် ငွေကြယ်တပွင့်ဖြစ်သည်။

သရုပ်ဆောင်တယောက်သည် ဇာတ်ညွှန်းကို ဖတ်ပြီး ဇာတ်ရုပ်ပေါ်အောင်

သရုပ်ဆောင်နိုင်လျှင် တာဝန်ကျေပြီဟု လွယ်လွယ်ကလေး ယူဆလျှင် ရသော်လည်း

ကျွန်တော်ကတော့ ငွေကြယ်တပွင့်မှာ ရှိသင့်သော ”စံ” ကို အဲသည်လို လွယ်လွယ်ကလေး သတ်မှတ်မထားခဲ့။

ကြယ်ဆိုတာ တတ်စွမ်းနိုင်သမျှ အလင်းရောင်နဲ့ လမ်းပြပေးနိုင်ရမည် မဟုတ်လား။

အများပြည်သူက အချိန်ပေးပြီး ထိုင်ကြည့်နေရသော ကြယ်ပွင့်များက

အနေအထိုင် / အပြောအဆို/ အပြုအမူတွေ မတော်တရော်ဖြစ်နေတာမျိုးကတော့

ဘယ်လိုမှ မဖြစ်သင့်ပါ။

ကျွန်တော်တို့ဟာ ကြယ်ပွင့်များကို ငေးမောကြည့်ရှုနေကြတယ်လေ… ။

အဲသည် ကြယ်ပွင့်တွေဟာဖြင့် စကားကို ဘယ်လိုများ ဆွဲတောင်မှုရှိရှိ ပြောသွားသလဲ???

ဘယ်လိုများ အဆင့်အတန်းရှိရှိ ပြောဆိုပြထားသလဲ ??????

အဝတ်အစား ဖက်ရှင်ကို ဘယ်လိုများ

စမတ်ကျကျ ဝတ်ဆင်ခြယ်သ    ပြသွားသလဲ ?????

သူရဲကောင်းဆိုတဲ့ ဇာတ်ကောင်တကောင်အဖြစ် ဘယ်လို လုပ်ရပ်ကောင်းတွေနဲ့ သရုပ်ဖော်ပြသွားသလဲ . . .??? စသည်ဖြင့်

နှုတ်ခမ်းအလှုပ်/ ခေါင်းအငဲ့နှင့် မျက်လုံးအဝင့်ကိုပင် ကြည့်ရှုငေးမောနေကြရတာ မဟုတ်လား။

သိပ် အားကျငေးမောချင်စရာ အဆင်းနဲ့ပြည့်စုံနေသော ငွေကြယ်ဆိုလျှင်  . . .

သူ ပြောဆိုသည့် ဟန်များ . . .သူ ဝတ်ဆင်သည့် အဆင်ဒီဇိုင်းကလေးများက အစ

အတုယူပြီး လိုက်လုပ်မိကြသည်ပဲ။

တကယ်တော့ ကျွန်တော်တို့ဟာ ငွေကြယ်များကို ပရိသတ်နေရာမှ ငေးမောကြည့်ရှုရင်း . .

အကဲဖြတ်/ အကဲခတ်နေရင်းမှပင် နှစ်သက်ရာ ဟန်ပန်မူရာများ. . .

ယူစရာများကို အတုယူမိကြသည်။

ထိုအချက်သည် . . .ငွေကြယ်များနှင့် ပရိသတ်များအကြား

အရေးကြီးသော ဆက်သွယ်မှုဖြစ်သည်။

တကယ်လို့များ သင်ဟာ ပရိသတ်ကို တကယ်ချစ်သော. .

တိုင်းပြည်ကိုလည်း တဖက်တလမ်းက အလင်းပြချင်သော ကြယ်တပွင့်ဆိုပါစို့။

အဲ့သည် ကြယ်ကို ငေးမောကြည့်ရှု အကဲခတ်နေသော ပရိသတ်ထဲမှာ အတုယူဖို့အသင့်ဖြစ်နေသော စူးစမ်းသင်ယူနေသည့် လူငယ် ပရိသတ်လည်း ရှိနေမှာပဲ။

ဒါဆိုရင်တော့ သင်ဟာ သင့်တိုင်းပြည်ထဲက . . ./
သင့်ကို ငေးမောကြည့်ရှုနေသော ပရိသတ်ထဲက . . .
တချို့သော လူငယ်များကို ဒါတော့ လုပ်သင့်တယ်. . .ဒါတော့မလုပ်သင့်ဘူး. . .
စကားဆိုတာ ဒီလိုပြောရတယ်. . ဒီလိုတော့ မပြောသင့်ဘူး . . .. . .. . စသည်ဖြင့်
(ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှု အစဉ်အလာ/အတွေးအခေါ်က. . .အစ) ကောင်းတာတွေ အတုယူနိုင်အောင် ရှေ့ဆောင် လမ်းပြပေးနိုင်ပါလိမ့်မည်။

အဲသည်လိုမှ မဟုတ်ဘဲ ကြယ်ပွင့်ကစ မှားပြနေလျှင် . . ./ ကြယ်ပွင့်က. . .စပြီး

မတော်တရော် လုပ်ပြနေလျှင် . . .

ပရိသတ်ချစ်သော ကြယ်ပွင့် မဖြစ်နိုင်သည့်အပြင်. . .

သမိုင်းမဝင်သောကြယ်. . .အသုံးမဝင်သောကြယ်သာ ဖြစ်သွားပါလိမ့်မည်။

 

ကျွန်တော်တို့လို ပရိသတ်တွေဆိုတာ     

ချစ်သော ကြယ်ပွင့်များဆီက အလင်းရောင်ကိုသာ မျှော်လင့်ပါသည်။

 

မတော်တရော် လုပ်ပြတတ်သော. . .

အစွန်းအထင်းများနှင့် အသုံးမဝင်သော. . .

ကြယ်ပွင့်များကို အချိန်ကုန်ခံ ငွေကုန်ခံပြီး ထိုင်ကြည့်နေရလောက်အောင်လည်း

ကျွန်တော်တို့တတွေ မမိုက်မဲသင့်ဘူးလေ။

—-

ကျွန်တော့်အနေနဲ့

သည်အဖြစ်ကို

ကလိတိတိဖြစ်သွားစေသော အကြောင်းရင်းခံထဲမှာ နောက်တချက် ရှိပါသေးသည်။

ကျွန်တော်တို့ တိုင်းပြည်မှာ တိုင်းသူပြည်သား ပရိသတ်များက စံနမူနာပြုထားရလောက်သော. . .  အတုယူလေးစားရလောက်သည့် ငွေကြယ်ရယ်လို့သာ မည်မည်ရ မရှိတာ. . .။

ဒါပေမယ့် …အပြဲအကွဲ သတင်းဆိုးများနှင့် အနံ့ဆိုး တထောင်းထောင်းထနေသော ကြယ်ပွင့်များကတော့ တော်တော်များများကို တွေ့နေရသည်။

အဲ့သည်လို သတင်းဆိုးများနှင့်

လုပ်ရပ်ဆိုးများကို ထမင်းစားရေသောက်သကဲ့သို့

လွယ်ကူပေါ့ပျက်စွာ ပြုမူပြနေရက်သော ကြယ်များကို

ကျွန်တော့်အနေနဲ့  ငွေကြယ်အဆင့် မသွင်းချင်။

 

သူတို့ဟာ ငွေကြယ်မဟုတ်ဘူး။
ရွှံ့ကြယ်တွေမျှပါပဲ။
ရွှံ့တောင်မှ ဖြူသော ဝါသော ရွှံ့မဟုတ်ဘဲ မည်းညစ်သော ရွှံ့ကြယ်များသာဖြစ်သည်။

 

ခက်တာက ထိုအနက်ရောင်ကြယ်တွေဟာ ဘယ်တော့မဆို

သူတို့ကိုယ်ကို သူတို့ အနုပညာရှင်/ အနုပညာသည်/ အနုပညာသမား စသည်ဖြင့်

အမည်တပ်ပြီး အနုပညာနှင့် ပူးတွဲတံဆိပ်ကပ် သတ်မှတ်လျက် ရှိကြသည်။

အဲဒါကိုလည်း ကျွန်တော် မကျေနပ်ပါ။

အနုပညာဆိုသောအရာကို မတော်တရော် ကြယ်မည်းမည်းကြီးတွေလက်ထဲ

ထိုးထည့် မထားရက်ပါ။

အဲ့သည်ကြယ်မည်းမည်းကြီးတွေနှင့် ကျွန်တော်ချစ်သော အနုပညာ ဘယ်လိုမှ

လိုက်ဖက်ခြင်း မရှိပါ။

ပုပ်နံ့ထွက်နေသော အနက်ရောင်ကြယ်များကို အနုပညာဆိုသော အရာနဲ့တော့

မလွှမ်းခြုံသင့်ဘူးလို့ ကျွန်တော် ယူဆသည်။

————————-

ကျွန်တော်က အနုပညာဘက်က ”နာ”သူလည်း ဖြစ်ပါသည်။

 

အနုပညာဆိုသည်မှာ လွယ်လွယ်ကူကူ လုပ်ယူလို့ရသော အရာမဟုတ်။

အနုပညာသည် ဈေးထဲက ကန်စွန်းရွက်/ ချဉ်ပေါင်ရွက်မဟုတ်။

 

အနုပညာသည် သီးခြားစွာသော ဂုဏ်သတိ္တ်များဖြင့်

သီးခြားစွာ ရပ်တည်နေသော အရာဖြစ်သည်။

 

ထိုအရာကို ဖန်တီးသူသည် လွယ်လွယ်ကလေး ပြုမှု/ ပြောဆို/ရေးသား ဖန်တီးလိုက်ခြင်းမဟုတ်။

အနုပညာကို ပညာရပ်တစ်ခုအဖြစ် လေ့လာတတ်မြောက်စရာမလိုသော်လည်း

“အနုပညာရှင်’‘ဟူ၍ ကိုယ့်ကိုကိုယ်သော်လည်းကောင်း၊

ကိုယ့်ကို အများက သော်လည်းကောင်း သတ်မှတ်ထားနိုင်ဖို့ရာ

ပေါ့ပေါ့ဆဆ လုပ်ယူ၍ မရ။

အနုပညာအရာမှာ  ‘‘သမား”  အဆင့် ဝင်ဖို့ဆိုတာလည်း

တီတီတာတာ ပလီပလာနှင့် လွယ်လွယ် ပြောဆို သတ်မှတ်လိုက်ရုံဖြင့် မရနိုင်။

ကိုယ့်ကိုယ်ကို အနုပညာသမားအဖြစ် သတ်မှတ်နေလျှင်

ပါးစပ်က ပြောထွက်ရုံလောက်ကတော့ ကြက်တူရွေးတကောင်ကလည်း ပြောထွက်သည်။

 

တကယ့် အနုပညာ/  တကယ့်အနုပညာသမားများ၏ အမြင်မှာတော့ ရယ်စရာသာ ဖြစ်လိမ့်မည်။

အနုပညာရှင်ပါဆိုပြီး သူတို့ကို သူတို့ ခံယူသော ကြယ်ပွင့်မည်းမည်းကြီးများသည်

မတော်တရော် လုပ်ရပ်များနှင့် ပရိသတ်ရှေ့ထွက် လူလုံးပြနေလျှင်…

ကြာသောအခါ အနုပညာအတွက် သိက္ခာကျစရာဖြစ်သည်။

 

ကျွန်တော်ကတော့ . . .အနုပညာကို ချစ်သည်။

ကျွန်တော်ချစ်သော အနုပညာကို

ကိုယ်မှာ တံဆိပ်ကပ်ပြီး မဟုတ်တရုတ်တွေ လုပ်ပြနေသော

အနုပညာငွေကြယ်ပွင့်များကိုတော့ လက်ပိုက်ကြည့်မနေနိုင်ပါ။

 

ချစ်သော အနုပညာ. . . အနံ့ဆိုးတွေကြား ရောက်မသွားဖို့

(လိုအပ်လျှင်)လက်သီး လက်မောင်း တန်းသင့် တန်းရပါလိမ့်မည်။

 

ကျွန်တော် မျှော်လင့်သည်က …

အနုပညာကို တကယ်ဖန်တီးပြသနိုင်သော . . . . . .

”အနုပညာရှင်” ဆိုသော အမည်နှင့် ထိုက်တန်၍

တင့်တယ်သော ငွေကြယ်ပွင့် ဖွေးဖွေးလက်လက်များသာ ဖြစ်သည်။

 

အနုပညာရှင်ဟု အမည်တပ်ပြီး မည်းညစ်ပုပ်ပွနေသော

မတော်တရော် ပြုမှုပြတတ်သည့် ကြယ်မည်းမည်းကြီးများကိုတော့

အနုပညာရှင်အဖြစ် စာရင်း မသွင်းသင့်ဘူးဟု ယူဆမိသည်။

 

စကားလုံးများနှင့် ပြောဆိုခြင်းပင် မထိုက်တန်မှတော့ . . .

အဲသည် ကြယ်မည်းမည်းကြီးများကို အနုပညာရှင်အဖြစ်

အသိအမှတ်မပြုရုံမျှမက. . .

သူတို့လို အနက်ရောင် ကြယ် အကွဲအပြဲကြီးများကြောင့် ..

အနုပညာဆိုသော စကားလုံးကလေး ဂုဏ်သရေကျဆင်းမှာကို စိုးရိမ်မိပါတော့သည်။ ။

 

@@@@@@@@@@@

 

ချစ်ခင်လေးစားလျက်. . .

မောင်သူရ

၂၀၁၄၊ဒီဇင်ဘာ၊ ၃ဝ ရက်၊

34 comments

  • Kaung Kin Pyar

    December 31, 2014 at 9:21 am

    ရှိတော့ရှိတယ်…ရှားတယ်…(ခုခေတ်မှာ…)…။
    အရင်က ကားဟောင်းတွေပြန်ကြည့်ဖြစ်ရင် ခုနောက်ပိုင်းဇာတ်လမ်းဇာတ်ကွက်ကအစ၊ သရုပ်ဆောင်တာကအစ ကွာတာတွေ အများကြီး….။ ခုကဖလင်တွေ ပေါနေတော့လဲ….
    တချို့ဇာတ်ကားတွေများဆိုရင်…အတော်ချာတူးလန်လွန်းလို့…ပရိသတ်ကိုစော်ကားနေသလားတောင် ခံစားရတယ်….။
    လူတိုင်း ကိုယ်ရောက်နေတဲ့နေရာက မြင့်လာလေလေ…ကိုယ့်တာဝန်ယူမှုကလဲ မြင့်လာလေလေပဲလို့ ထင်တယ်…။
    ကလေးတွေ အတုယူမှားမှာကိုတော့ … စိတ်ပူပါတယ်..

    • Maung Thura

      December 31, 2014 at 1:46 pm

      ဆင်ဆာသာ ကင်းလွတ်ခွင့်ပေးလိုက်ရင်တော့လားးးးးး

      :k:
      တချို့က….
      အနုပညာဆိုတာနဲ့လည်း မတန်သေးဘူး
      လွတ်လပ်မှုနဲ့လည် းမတန်သေးဘူး

      😆

  • Wow

    December 31, 2014 at 9:37 am

    သူလဲလေ ပုထုဇဉ်ပေမို့…
    Professional နဲ့ Personal ခွဲမြင်လိုက်ရင်တော့ အဆင်ပြေသွားလေမလား…
    တစ်ခုရှိတာက သာမန်လူတွေလဲ ကောင်းသူ ဆိုးသူရှိပါတယ်.. သွားဝေဖန်ကျိ.. ပါးကွဲသွားမာပေါ့ :mrgreen:
    သူတို့ကျတော့ ကြိုက်သလို ကလော်တုတ် သီးခံရတယ်လေ သူတို့ Professional အရ .. :kwi:

    • Maung Thura

      December 31, 2014 at 2:02 pm

      ပုထုဇဉ်ဆိုပေမယ့်.. သူတို့က… သာမန်မဟုတ်ဘူးလေ…
      အများကစောင့်ကြည့်နေရတဲ့ ငွေကြယ်ပွင့်တွေ…
      မတော်တရော် လုပ်မပြသင့်တဲ့ အနေထားနဲ့ ရပ်တည်နေရတဲ့ ပုထုဇဉ်တွေ…

      သာမန်လူတွေက မတော်တရော် ဘယ်လောက်လုပ်လုပ်…
      သူ ့ပတ်ဝန်းကျင် ကွက်ကွက်ကလေးပဲ..မြင်မှာ..
      ဒီ ကြယ်တွေက..မတော်တရော်လုပ်ရင်တော့ တိုင်းသိပြည်သိ..မြင်မှာ…
      မရှက်ရင်တော့လည်း..လုပ်ပေါ့နော်..
      ဒါမယ့်..လုပ်တဲ့သူမရှက်ပေမယ့်..မြင်နေရတာ.. ရှက်တော့လည်း…
      .ပြောစရာ ဖြစ်လာတာပေါ့ကွယ်..
      ဂွစ်ဂွစ်..

  • ခင်ဇော်

    December 31, 2014 at 9:44 am

    ပြောရမယ်ဆိုရင် အနုပညာကိုချစ်လို့ ဘာလို့ နဲ့ပြောနေတာကို
    နားမခံနိုင်ဆုံးပဲ။
    ပြီးမှ တောက်တလွဲတွေ လုပ်တာ။

    :a:

    • Maung Thura

      December 31, 2014 at 1:43 pm

      အဲ့ဒါ… အဲ့ဒါ…

      :k:

      အနုပညာဆိုတဲ့ စကားလုံးနဲ့.. သူတို့ကို..မအပ်မစပ်လို့ပဲ..မြင်တယ်..

  • Iris

    December 31, 2014 at 1:50 pm

    Wow.. ​ပြောသလိုပဲ..ပ​ရောဖက်​ရှင်​နယ်​နဲ့ပါစင်​နယ်​ကိုမ​ရောသင်​့ဘူး။ ြငြင်​ခုန်​ခြင်​းအနုပညာပြီး​တော့ ဆဲဆိုခြင်​းအနုပညာ​ပေါ့။ အမှတ်​တမဲ့ထွက်​သွားတဲ့ပုံ​ပေါက်​ပါတယ်​။

    • Maung Thura

      December 31, 2014 at 2:14 pm

      ကျနော် မောင်သူရကတော့.. .ဆဲဆိုခြင်းနဲ့ ငြင်းခုန်ခြင်းကို အနုပညာစာရင်း မသွင်းရေးချ မသွင်းးး

      :k:

      • Wow

        December 31, 2014 at 4:50 pm

        အနုပညာမှာကိုထဲက “ဝီဘစ်ဆ” ရသ (ဦးဇင်းဝီနှင့် အဆိုတော် ရသ မဟုတ်) :mrgreen:
        ဆိုတာရှိတယ် ဝက်ရဲ့ :hee:

      • naywoon ni

        January 1, 2015 at 1:22 am

        အနုပညာ ​မြောက်​​အောင်​ ငြင်​းခုံဆဲဆိုတာမ​တွေ့ကြုံဖူး​သေးလို့ပါ ။

        • Maung Thura

          January 1, 2015 at 8:14 am

          ဆဲဆိုခြင်းဟာ အနုပညာမြောက်ကြေးဆိုရင် ဦးကြောင်တို့ ဦးဂျော်နီပုတို့က အနုပညာရှင်တွေပဲ

          ငြင်းခုန်ခြင်းဟာအနုပညာ မြောက်ကြေးဆိုရင် သူကြီးကစ ရွာသူားတော်တော်များများဟာ အနုပညာရှင်ကြီးတွေပဲ

          :k:

    • Wow

      January 1, 2015 at 9:00 am

      Art
      From Wikipedia, the free encyclopedia
      Art is a diverse range of human activities and the products of those activities. In their most general form these activities include the production of works of art, the criticism of art, the study of the history of art, and the aesthetic dissemination of art. This article focuses primarily on the visual arts, which includes the creation of images or objects in fields including painting, sculpture, printmaking, photography, and other visual media. Architecture is often included as one of the visual arts; however, like the decorative arts, it involves the creation of objects where the practical considerations of use are essential—in a way that they usually are not in a painting, for example. Music, theatre, film, dance, and other performing arts, as well as literature and other media such as interactive media, are included in a broader definition of art or the arts.[1] Until the 17th century, art referred to any skill or mastery and was not differentiated from crafts or sciences. In modern usage after the 17th century, where aesthetic considerations are paramount, the fine arts are separated and distinguished from acquired skills in general, such as the decorative or applied arts.
      Art may be characterized in terms of mimesis (its representation of reality), expression, communication of emotion, or other qualities. During the Romantic period, art came to be seen as “a special faculty of the human mind to be classified with religion and science”.[2] Though the definition of what constitutes art is disputed[3][4][5] and has changed over time, general descriptions mention an idea of imaginative or technical skill stemming from human agency[6] and creation.[7]
      The nature of art, and related concepts such as creativity and interpretation, are explored in a branch of philosophy known as aesthetics.[8]

      “Art ဆိုသည်မှာ လူသားတို့၏ အမျိုးမျိုး ကွဲပြားသော လှုပ်ရှားမှုများနှင့် အဆိုပါလှုပ်ရှားမှုများမှ ဖြစ်ပေါ်လာသော ထုတ်ကုန်များကို ဆိုလိုသည်။”
      အနုပညာရှင် creater တွေရှိရမဲ့ အရည်အချင်းတွေ definition ထဲမှာ မပါဝူးဟ.. :mrgreen:
      ဒါပေမဲ့ the criticism of art ဆိုဒါလဲပါတော့.. ကိုယ်လိုရာဆွဲ ဝေဖန်ဂျဒါပေါ့… ဒါလဲ အနုပညာပဲ :mrgreen:

      • Maung Thura

        January 1, 2015 at 9:13 am

        မြန်မာနိုင်ငံက လက်ရှိ ရှိနေတဲ့ သူတို့ကိုယ်သူတို့..အနုပညာရှင်ပါလို့..ပြောပြောနေတဲ့
        မင်းသား မင်းသမီးတော်တော်များများကို…
        ကျနော်က..အနုပညာရှင် စာရင်း မသွင်းရေးချ မသွင်းးးး

        ဆိုတော့….

        :k:

      • Wow

        January 1, 2015 at 9:28 am

        ဒီလိုရှိဒယ် ဝက် ရဲ့.. အဲလေ ဆက်ဆက်ရဲ့..
        နှစ်သစ်မာ နင်နဲ့စ ငြင်းနေရတာသိပ်တော့မကောင်းဝူး.. :mrgreen:

        လူဆိုတာက ဘုရားရဟန္နာမှသာ အပြစ်ကင်းဂျဒါမလား… ဒါက ဗုဒ္ဒဘာသာ

        လာမယ် ခရစ်ယမ် :mrgreen:
        ရွာထဲက ပြည့်တန်ဆာမအိမ်ကို ခဲနဲ့ဝိုင်းပစ်မယ့် ရွာသားတွေကို ယေရှုက မပြစ်နဲ့လို့မတားပါ… ဒါပေမဲ့ သင်တို့ထဲက အပြစ်တစ်စုံတစ်ရာ မလုပ်ဖူးတဲ့သူတွေသာ ပြစ်နိုင်တယ်ဆိုတော့ တစ်ရွာလုံး ဘယ်သူမှ ခဲနဲ့မပြစ်နိုင်သလိုပေါ့…

        မွတ်စ်ကတော့ ကကြောင်ပြောဒါ ဒဂျီးမာမွတ်ခိုင်မေးကျိဒဲ့.. :mrgreen:

        ဆိုတော့ နိသတ်မှတ်တာ မသတ်မှတ်တာ နိအပိုင်း၊ နိကိုယ်ပိုင် လွတ်လပ်ခွင့်…
        ဒါပေသိ… ဖြည့်ကျိလို့ရရင်ကျိ.. ဒါမှမဟုတ် မကြိုက် မကျိနဲ့ပေါ့အေ… အကုသိုလ်ကင်းတာပေါ့…
        အကုသိုလ်မမြင်ရ မကြားရ ဆိုတာမျိုးက ဆုတောင်းယူရတဲ့ ကုသိုလ်လေ..
        ကိုယ့်မှာ ပါမလာရင် ကွကိုယ် ကြိုးစားကျိပေါ့ .. အာ့လေးးးးး

        • Maung Thura

          January 1, 2015 at 9:59 am

          ဖြည့် ကြည့်ပေးလို့ မြဦး… အဲလေ..မရဘူး

          :k:

  • kyeemite

    December 31, 2014 at 2:14 pm

    .ကျုပ်ကလည်း Professional နဲ့ Personal ခွဲမြင်မိတယ်…သူလည်းလေပုထုဇင်ပေပဲ :p:

    • Maung Thura

      December 31, 2014 at 2:20 pm

      သူတို့ရဲ့ Personal က တိုင်းသိပြည်သိ ဖြစ်နေတဲ့အခါ…
      အဲဒီ တိုင်းသိပြည်သိ Personal ကလည်း…စိတ်ပျက်စရာ သတင်းဆိုးတွေ ဖြစ်နေတဲ့အခါ….

      ကျနော်က… အနုပညာသမားတစ်ယောက်ဟာ…ပြောသလိုလုပ်ရမယ်ဆိုတဲ့ အယူအဆကို လက်မခံပါဘူး ။
      ဦးသုမောင်ကြီး သူကိုယ်တိုင် အရက်သောက်ပြီး..အရက်မသောက်သင့်ကြောင်း..စာတွေရေးတာကို
      လက်ခံနိုင်ပါတယ်။
      သူ ့အနုပညာနဲ့… သူ့ လုပ်ရပ် ထပ်တူကျရမယ်လို့… မဆိုလိုဘူး ။
      ထပ်တူမကျလည်း..လက်ခံနိုင်တယ်.. ။

      ဒါပေမယ့် .. နိုင်ငံ့ မီဒီယာ စာမျက်နှာပေါ်က…ကြယ်ပွင့်တွေကတော့…
      ထိန်းထိန်းသိန်းသိန်း နေသင့်တယ်ထင်တာပဲ….

      :k:

      • padonmar

        December 31, 2014 at 9:52 pm

        သဘောတူပါ၏။
        ဦးသုမောင်ကိုတော့ အရက်သမားအမှားတစ်ထောင် ထင်တယ်။အဲဒီ စာအုပ်ဖတ်ပြီး ပိုတောင် ချစ်မိတယ်။အမှန်တော့ ရိုးသားမှု ၊ဟန်မဆောင်မှု ရှိရင် ချစ်ဖို့ကောင်းတာပါပဲ။

        • Maung Thura

          January 1, 2015 at 8:21 am

          ဆိုတော့ ကျနော်တို့က ရလဒ်ကို ဦးစားပေး ကြည့်ပါတယ်။
          ဦးသုမောင် မူးမူးနဲ့ ရေးထားတဲ့ အရက် မသောက်သင့်ကြောင်း လူငယ်တွေကို ပဲ့ပြင်တဲ့စာကို အမူးသမားက ရေးထားတာကြီးဆိုတဲ့ အတွေးကို ချန်ပြီး
          အကျိုး ရှိတဲ့ စာ ဟုတ် မဟုတ်
          အဲ့ဒီ ရလဒ်ကိုပဲ စိတ်ဝင်စားမိတယ်။
          ဒါက စာပေ အနုပညာပိုင်းပါ။

          ရုပ်ရှင်မင်းသားမင်းသမီးတွေကတော့
          ပရိသတ်ရှေ့မှာ စံနမူထားရလောက်တဲ့ ကိုယ်ရည်ကိုယ်သွေးကို ပြနိုင်ရမယ်လို့ ယူဆပါတယ်။
          ဇာတ်လမ်းကို သရုပ်ဆောင်နေချိန်မှာ ဇာတ်ကောင်ရဲ့သဘောသဘာဝအရ လူဆိုးကြီး ဖြစ်နေဦးးးတော့
          နောက်ဆုံးမှာ လူဆိုးတို့ရဲ့ သွားရာလမ်းကို ပီပီပြင်ပြင် သရုပ်ဆောင် ပြရတာပဲလေ။

          သရုပ်ဆောင်နေချိန်မှာရော ပြင်ပအချိန်မှာပါ
          နိုင်ငံရဲ့ကြယ်ပွင့်အနေနဲ့ ဂုဏ်သိက္ခာကို တန်ဖိုးထားပြီး
          အတုယူအားကျရလောက်အောင် နေပြသင့်တယ်လို့ထင်. .

          :k:

  • မြစပဲရိုး

    December 31, 2014 at 8:41 pm

    ကျန်တာ မသိ။
    အန်ကယ် တင်ဝင်းလှိုင် ကိုတော့ နောက်ထပ် အကယ်ဒမီ ထပ်ပေးချင်တာ။
    :))

    • Maung Thura

      January 1, 2015 at 8:24 am

      အဲ့အန်ကယ်ကြီး အဲ့ဒီစင်ပေါ်မှာ အဲ့လိုတွေ ပြောသွားလို့တော့ဖြင့် အကယ်ဒမီ ထပ်မပေးချင်

      ကွင်း အရွေးမမှားဖို့တောင် သတိပေးလိုက်ချင်သေး. . .

      :k:

  • အောင် မိုးသူ

    January 1, 2015 at 9:15 am

    လူမင်းက မိုက်က သူနဲ့နီးနေမှန်းမသိလိုက်တာဖြစ်မှာပါ။ သူပြောပုံကလည်း အချင်းချင်းစနောက်ပုံပြောလိုက်တာ မိုက်ကရိုဖုန်းကြောင့် အကျယ်ကြီးထွက်သွားခဲ့တာ။ မင်းအုပ်စိုးလုပ်ရပ်ကတော့ အစကတည်းက မကြိုက်ခဲ့တာပါ။ တကယ်တော့ တစ်ခါတစ်လေကျရင် လူတစ်ယောက်အနုပညာနဲ့ သူရဲ့ ပါစင်နယ်ကို ခွဲခြားကြည်သင့်ရင် ကြည့်ရမယ် အခြေအနေမျိုးတွေရှိတယ်။

    • Maung Thura

      January 1, 2015 at 9:22 am

      အဲ့ဒီ လူဟာ… တိုင်းပြည်ရဲ့ မီဒီယာတွေပေါ်က..ကိုယ်ဟန်ပြသူတစ်ယောက်ဖြစ်နေရင်တော့…
      သူပြတဲ့ ကိုယ်ဟန်နဲ့ ကိုယ်ရည်ကိုယ်သွေးဟာ.. ညံ့ဖျင်းနေဖို့မသင့်…

      😆

      • အောင် မိုးသူ

        January 1, 2015 at 10:42 am

        သူရဲ့ သတင်းကအစကတည်းမကောင်းတာပါ။ ဒါမယ့် အဲသည်ကိစ္စမှာတော့ အမှတ်တမဲ့ ဖြစ်သွားတယ်လို့ပဲ မြင်မိတယ်။ တစ်ခါတစ်လေ အချ ို့ ကိစ္စတွေမှာ လူတစ်ချို့ဟာ Artist နဲ့ Art ကို ခွဲခြားမမြင်တတ်ကြဘူး။

  • မောင်ဘလိူင်

    January 1, 2015 at 11:54 am

    Artiste က သဘင် အနုသုခုမ ပညာသည်ပေါ့..။ Artist ကျတော့ စာပေ၊ ပန်းချီ၊ ပန်းပု ပညာသည်ပေါ့။
    အနုပညာ ကျတော့ အလှနဲ့ ရသကို ဖော်ထုတ်တာ။ လောကထဲမှာ ပုန်းခိုနေတဲ့ အလှကို ဖော်ထုတ်မယ်။
    ရသကို ပေးမယ်။ ဘယ်လိုနည်းနဲ့ ပေးတယ်၊ ဘယ်လို ဖော်ထုတ်တယ်ဆိုတာ အနုပညာသည်ရဲ့ အစွမ်း
    အရပေါ့။ The Art of bhalar bhalar တွေကျတော့ အနုပညာ စာရင်းထဲ သွင်းလို့ကောင်းမလား။
    သူက အတတ်ပညာပဲ..။ နို့ပေမဲ့ အနုပညာကို ဖော်ထုတ်ဖို့ကျတော့ အတတ်ပညာလည်း လိုမှာပေါ့။
    မောင်သူရပြောတဲ့ ကြယ်မဲတွေကို အနုပညာရှင်အဖြစ် စာရင်းမထည့်တာတော့ ကိုယ့်အနေနဲ့ သဘော
    တူသဗျာ။

  • CharTooLan

    January 1, 2015 at 3:07 pm

    ဒီအောင်သျဲလင်းကတော့ ငွေကြယ်ပွင့် လက်တာတောင်သူ့ဟာသူမလက်ရဝူး
    ဖွေးဖွေးပါထဲ့ လက်ခိုင်းနေသေး ဒဂယ်မလွယ် 😛

  • Ma Ma

    January 1, 2015 at 5:04 pm

    လူကြီးအတွေးနဲ့ ပြောရရင်…
    သူလည်းလေ လောကီလူသားပေမို့
    သူတို့အချင်းချင်း ပြောဆိုဆက်ဆံတာမို့
    ခွင့်လွှတ်လို့ရပါတယ်။

    တခုပဲ …..
    မိုက်နဲ့နီးလို့ လူအများကြားသွားရတာက ဆိုးတာ။

    ပြောရမယ်ဆို…………
    ပြောမနာ ဆိုမနာ သူငယ်ချင်း မိတ်ဆွေတွေကြားထဲမှာဆိုရင်လည်း
    ဆဲဆိုတိုင်းထွာပြီး ပြောတတ်ကြတာပဲ။

    ဒါပေမယ်…………..
    လူအများရှေ့စကားပြောတဲ့အခါကျတော့လည်း သူ့အခြေအနေနဲ့သူ ယဉ်ကျေးပြူ ငှာ ရှိဖို့လိုပြန်ရော။

    သူ့နေရာနဲ့ သူပေ့ါ။

  • pooch

    January 2, 2015 at 12:03 am

    ပါစင်​နယ်​ ပရို အတတ်​နိုင်​ဆုံး ခွဲမြင်​ဖို့ ကြိုးစား​လေ့ရှိပါတယ်​
    အခု​ခေတ်​ကြယ်​ပွင်​့​တွေအကုန်​ နီးပါး ပရို ​ရော ပါစင်​​ရော တ​ယောက်​မှ အထင်​မကြီးဘူး
    အနုပညာစကားလုံးနဲ့သူတို့ တန်​​တောင်​မတန်​ဘူး
    င​ပေါ​တွေချည်​းပဲ
    နှစ်​သစ်​မှာ ြမြို့​မတ္တောလာခံယူတာ
    ခုကစလို့​ရှေ့​လျှောက်​အားမနာတမ်​း​ဝေဖန်​​တော့မယ်​
    အ​ရေထူ​အောင်​ ကျင်​့မလို့ ဟီး :loll:

  • ဖားသက်ပြင်း

    January 2, 2015 at 1:28 am

    အုပ်​ကထကို ပဲမြစ်​နဲ့နှိုင်​းပါနဲ့​အေ
    စကားမစပ်​ ကစ်​ကစ်​​လေးတအားချစ်​ဖို့​ကောင်​းတယ်မွမွ

  • Shwe Ei

    January 2, 2015 at 10:24 am

    -FM ကလွှင့်တဲ့ ချမ်းချမ်း အင်တာဗျူးလေးပြောပြမယ်…
    …ဟွာလေ ချမ်းချမ်း အရမ်းကြိုးစားထားတယ်သိလား
    …..ပရိသတ်သိပီးသား သီချင်းလေးတွေကို လိုက်ဆိုလို့လဲ အဆင်ပြေအောင် လုပ်ထားပေးတယ်
    …..Taylor Swift သီချင်းလေးတွေ Colbie Caillat သီချင်းလေးတွေကို ကော်ပီကူးထားတာပေါ့နော်..
    …..အိုက်ဒါလေ..အားပေးကျပါအုံးလို့…အရမ်းလဲ ကြိုးစားထားပါတယ်လို့…ညင်းးးညင်းးး

    -သများတော့ သူ့အသံကြားတိုင်း စိတ်နာနေရော 😛

  • Yae Myae Tha Ninn

    January 2, 2015 at 11:02 am

    အသားအရောင် ခွဲခြားခြင်းတွေ ရပ်ပါ.. ဆက်ဆက်… လူမင်း မည်းတာ… မင်းအုပ်စိုး မည်းတာ… ဘာဖြစ်လဲ လိုက်တင်ပေးလိုက်ရင် အဲဒါ ရုပ်ပိုထွက်တယ် ဟ… 😛

    • Maung Thura

      January 2, 2015 at 12:13 pm

      ဖြူချင်ဖြူပေါ့…မည်းချင်မည်းလည်း…လူသားရဲ့ အခွင့်အရေးပဲ..လေ..
      ဒန်တန်းတန်…

      :k:

  • မင်းအုပ်စိုးရဲ့ သရပါစာစောင်ကို အများကြီးဖတ်ဖူးတယ်.. ရသစာကို အရမ်းအလေးပေးထားတယ်.. သူကိုယ်တိုင်ရေးတဲ့ဆောင်းပါးတွေကိုလည်း ကြိုက်မယ်တယ်… ဒါပေမယ့် ကိုယ်လုပ်နေတဲ့အလုပ်နဲ့ ကိုယ့်ရဲ့စိတ်ဓာတ်ကတော့ ထပ်တူညီရမယ် ထင်တာပဲ..

    ကြားဖူးတယ်.. ကြယ်ပွင့်တော့ မဟုတ်ဘူး.. ဒါပေမယ့် သူက ပတ်ဝန်းကျင်မှာ လူမှုရေးအရမ်းလုပ်တဲ့သူပေါ့… အဓိကက အမှိုုက်ကောက်တာ… သူ့ရဲ့ ဖဘ မှာဆိုလည်း အမှိုုက်ကောက်ဖို့ နှိုးဆော်ထားတာတွေ အများကြီး.. အမှိုုက်ကောက်ဖို့ ကိစ္စတွေမှာလည်း သူက ရှေ့ဆုံးက တက်ကြွတယ်…
    အဲ.. ဒါပေမယ့်..


    ..
    သူ့အိပ်ခန်းကတော့ အမှိုက်ပုံဖြစ်နေသတဲ့…

  • ko six

    January 4, 2015 at 6:54 am

    ဝတ္ထုဆုမ​ပေး​သေးတာနဲ့ပဲ
    အ​နော်​့ဝတ္ထုကို ရုပ်​ရှင်​မရိုက်​​သေးတာ
    အာ့လာ​ကြောတာ

Leave a Reply