နှစ်သစ်ခွန်အား

ကာရံDecember 31, 20141min1186

နှစ်သစ်ခွန်အား

စွန့်ပြစ်လိုက်ပါ အမုန်းများစွာကိုပေါ့
ဆက်လျှောက်လှမ်းပါ အပြုံးတရားနဲ့လေ
ဟောင်းသွားသည့်ကနှစ်တစ်နှစ်ထဲ မဟုတ်ပါဘူး
ရင်မှာအစွန်းအထင်းမခံပါနဲ့နော်

အပြောင်းအလဲများနဲ့ ကြိုနေမယ့်နေ့ရက်တိုင်းမှာ
အချိန်ကုစားခြင်းကို မခံရလေအောင်
မာနကိုထက်အောင်သွေးလိုက်ပါ
မာန်တော့မတက်လိုက်ပါနဲ့နော်

တောက်ပလာတဲ့ အရည်အသွေးကို
အလံထူကြည့်လိုက် သူသူငါငါ ရင်ဘောင်တန်းစေဖို့
နှစ်သစ်ရဲ့အစမှသည် နောင်ရာစုသစ်ဆီသို့
ချီတက်လှမ်းရအောင် သူငယ်ချင်း အားသစ်စကြပါစို့

ကာရံ ၁ ့၁ ့၂၀၁၅

6 comments

  • Maung Thura

    January 1, 2015 at 9:57 am

    နှစ်သစ်လား..
    ဟောင်း ကုန် သွားမယ့် ဟာကြီးများ…

    😆

  • မြစပဲရိုး

    January 1, 2015 at 4:45 pm

    ဟုတ်ပါ့ ကာရံ ရေ။
    နှစ်သစ် ဆိုတာ အဆန်း အသစ် မှ မဟုတ်တာ ကို နော်။
    ဒါကိုဘဲ မသိဟန်ဆောင်လို့ နေကြရတာ။ 😉 :))

  • Yae Myae Tha Ninn

    January 2, 2015 at 10:59 am

    အားသစ်နဲ့ စဖို့ အားပြန်မွေးနေတုန်းဗျာ… တခါတခါ ဘဝ ဆိုတာကို အကောင်အထည်လိုက် ကိုင်လို့ရရင် ကိုယ့်ဘာသာပဲ အမြင့်ကို မ သွားပြီး ဆွဲတင်လိုက်ချင်တော့တယ်… 🙁

  • 2015 ဆိုတာ ကိုယ်တွေအတွက်တော့ ရိုးအီခဲ့တာကြာပေါ့.. အခု 2016 ထဲမှာ လှုပ်ရှားနေရတယ်..
    အိုဘယ့် Tourism~~

  • min kyansix

    January 3, 2015 at 4:46 pm

    အချိန်ဆိုတာ တကယ်ရှိရဲ့လား
    နာရီဆိုတာ တိုင်ပင်ကိုက်ထားတဲ့ဇယားကွက်များဖြစ်နေလား
    အသစ်တွေချည်းဖြစ်နေတဲ့ လောကမှာ
    ပျက်စီးခြင်းဟာ ရှိကော ရှိရဲ့လားလို့တောင်တွေးမိတယ်
    သေခြင်းဟာ ပျက်ခြင်းတစ်ခုလို့ပြောရင်
    သေခြင်းကို ဖြစ်ခြင်းလို့လဲပြောလို့ရလေမလား
    တစ်ဖက်သက်ဆန်တယ်လို့ဆိုချင်ဆို
    နောက်လှည့်မကြည့်သူအတွက်တော့
    အပျက်ဆိုတာမရှိ
    သဘာဝကျကျ မပြောင်းလဲရင်
    ဖန်တီးပြီး ပြောင်းလဲနေကြတာတော့
    လူတွေရဲ့ ဝါသနာအရဘဲဖြစ်မှာပါ

  • ကာရံ

    January 4, 2015 at 9:53 pm

    ဟုတ်ပါတယ် ပြောင်းလဲလိုက်တဲ့ ကိန်းသေများရဲ့နောက်လိုက်နေရတာကိုက လူတွေမမောနိုင်သေးခြင်းပါ ရပ်တန့်ချိန်ကလည်းမတန်သေးတာမို့ အဖန်တစ်ရာပြေးရင်း ချိန်နာရီကိုလည်း မေ့နေပြန်ပါသေးတယ် အလွမ်းအဆွေး မကင်းသရွှေ့တော့ ရာစုနှစ်များစွာကို လျှောက်လှမ်းရပေဦးမှာပါ

Leave a Reply