၂၀၁၅

naywoon niJanuary 1, 20151min905

အစဉ်​အလာမပျက်​
မနက်​ဖြန်​နံနက်​ဆို
ငါ့အိမ်​​ပေါ်ကို မင်​းသမီးအသစ်​တစ်​လက်​
တက်​လာ​တော့မယ်​ ။
လက်​ရှိမင်​းသမီး အ​ဟောင်​းကိုဖယ်​ရှား
တက်​သစ်​စ မင်​းသမီးကို​နေရာ​ပေးရ​တော့မယ်​ ။
ဘဝ ဆိုတာထဲမှာ
ခရစ်​သက္ကရာဇ်​​လေး တစ်​ခု​ပြောင်​းတာဟာ
ရင်​ခုန်​ဖို့ မ​ကောင်​းလှပါဘူးကွယ်​ ။
ဘယ်​​နေ့
ဘယ်​အ​ကွေ့မယ်​
ဘယ်​သူနဲ့​တွေ့မယ်​ဆိုတာ
ပြဌာန်​းမထားတဲ့ သင်​ခန်​းစာထဲမှာ
အစဉ်​အလာ​တွေ​ဘေးချိတ်​
ညည ​တွေမှာ ​ပျော်​​အောင်​အိပ်​နိုင်​ပါ​စေ သူငယ်​ချင်​းတို့​ရေ ။

​နေဝန်​းနီ
၁ရး၄၂
၃၁ဒီဇင်​ဘာ ၂၀၁၄

5 comments

  • Maung Thura

    January 1, 2015 at 9:09 am

    ညက… သွားကိုက်နေလို့…
    အိပ်လို့မရ…
    နှစ်သစ်ကူးတဲ့ ညရဲ့ အရသာကို ..မခံစားလိုက်ရ…

    😥

  • kyeemite

    January 1, 2015 at 3:15 pm

    .ဆြာနီပို့သသောမေတ္တာကြောင့် မနေ့ညက နှစ်သစ်မကြိုနိုင်ပဲ အစောကြီးအိပ်ပျော်သွားတယ် :))

  • မြစပဲရိုး

    January 1, 2015 at 4:42 pm

    ဟုတ်ရဲ့လား အဘနီ ရဲ့။
    တော်ကြာ ဆင်းသွားတယ် ထင်တဲ့ မင်းသမီး အဝတ်ပြောင်းပြီး ပြန်တက်လာနိုင်သေးတာကို။ 🙄

  • ခင်ဇော်

    January 2, 2015 at 8:23 am

    ဘယ်နှစ်ရောက်ရောက် အိပ်ချိန်က သန်းကောင်ကျော်မှ ချည်းပဲ။
    ဟိ

    :k:

  • Yae Myae Tha Ninn

    January 2, 2015 at 11:12 am

    အိပ်ပျော်သွားလဲ အိမ်မက်ထဲ အလုပ်လုပ်နေတုန်းပဲ… 🙁

Leave a Reply