လမ်​းခွဲ

naywoon niJanuary 1, 20151min1416

မနက်​ဖြန်​ဆိုရင်​
အစဉ်​အလာမပျက်​
ခရစ်​နှစ်​အသစ်​နဲ့ ​တွေ့ရ​တော့မယ်​ ။
အဲ့ဒိ​တော့
နှစ်​အသစ်​မှာ​ကော
မနှစ်​ကလိုပဲ
အစဉ်​အလာမပျက်​ ခရီးဆက်​ကြဦးမှာလား ?
နှစ်​တစ်​နှစ်​ကသာအသစ်​
မင်​းတို့ရဲ့ အ​တွေးအ​ခေါ် အယူအဆ​တွေက သစ်​မှမလာပဲ ။
အစဉ်​အလာ ဓ​ေ​လ့ထုံးစံ ​တွေနဲ့ ယိုင်​နဲ့
ဘယ်​နှစ်​ကြိမ်​​မြောက်​
ဘာပွဲလမ်​းသဘင်​ ဆိုတာ​တွေပဲတပ်​မက်​
မနှစ်​ကလိုပဲ ဒီနှစ်​တစ်​နှစ်​ကို ဖြုန်​းတီးပစ်​လိုက်​ကြဦးမှာ …….
ဆို​တော့
နှစ်​​တွေဘယ်​​လောက်​ပဲ သစ်​သစ်​
အယူအဆ ညစ်​​ထေး​ထေး
အ​တွေးအ​ခေါ် အ​ဟောင်​းအမျင်​း​တွေနဲ့ပဲ
​မြေကြီးထဲ လက်​နဲ့ယက်​ဆင်​း​နေကြဆဲ
ကဲ
အ​တွေးအ​ခေါ် အယူအဆ အ​ပြောင်​းအလဲ
ဓ​လေ့ထုံးစံ အစဉ်​အလာရဲ့ လမ်​းခွဲ
ဘယ်​သူအရဲစွန်​့ထွက်​ရဲသလဲ ?

​နေဝန်​းနီ
၂၃း၃၃
၃၁ဒီဇင်​ဘာ ၂၀၁၄

6 comments

  • Maung Thura

    January 1, 2015 at 9:19 am

    အစဉ်အလာထဲက ဖောက်ထွက်တဲ့အစဉ်အလာထဲမှာ… ကျနော်ရှိနေတယ်..

  • CharTooLan

    January 1, 2015 at 3:00 pm

    အမ်းးးးးးးးးးး ကျော်တော့မထွက်ရဲပေါင် 🙂
    ဒီတခါက လေးနီထွက်ကလဲ့ 😛

  • kyeemite

    January 1, 2015 at 3:10 pm

    .နှစ်သစ်နဲ့ လူဟောင်းဆိုတော့
    .အစိုးရသစ်နဲ့ လူဟောင်းတွေ ပြေးမြင်မိတယ်ဗျ :dd:
    .ဒီမိုအစိုးရသစ်လို့သာပြောတယ် အရင်ကလူဟောင်းတွေဆိုတော့ ဆြာနီပြောသလို..
    .အယူအဆ ညစ်​​ထေး​ထေး
    .အ​တွေးအ​ခေါ် အ​ဟောင်​းအမျင်​း​တွေနဲ့ပဲ သွားနေတော့ လိုရင်းပန်းတိုင်မရောက်နိုင် :buu:

  • မြစပဲရိုး

    January 1, 2015 at 4:35 pm

    ကျွန်မ ထွက်ရဲ တယ်။
    ဒီ ရွာထဲ မှာ။
    ဟိ။ :))

  • ခင်ဇော်

    January 2, 2015 at 8:21 am

    သစ်လို့ရတာတွေပဲ သစ်ကြတာပေါ့လေ။
    ကျန်တာတော့ အဟောင်းတွေပဲပေါ့။

    😥

  • Yae Myae Tha Ninn

    January 2, 2015 at 10:35 am

    ဒီနှစ်က အနော့်ရဲ့ ထိပ်စီးပြောင်းတဲ့ နှစ်… ပြတ်သားသင့်တာ ပြတ်သားရတော့မယ်…ဒါဟာလဲ ပုံသေလို့ အနော့်ကို သတ်မှတ်ထားတဲ့ သူတွေအတွက် ဖောက်ထွက်ခြင်းပဲ… 🙂

Leave a Reply