လိုရာဆန္ဒ

min kyansixJanuary 1, 20151min1568

သူတောင်းစားခွက်ထဲ ပြစ်ထည့်လိုက်တဲ့ငွေဟာ ရှယ်ယာဝင်မဟုတ်ပေမယ့် အကျိုးအမြတ်တော့ရှိသွားစေတယ်  မျှော်လင့်ခြင်းမရှိတဲ့ ပေးကမ်းမှု့ဟာ ပေးဆပ်မှု့သပ်သပ်ဆိုသော်လည်း အကြောင်းတစ်ခုကြောင့် အကျိုးတစ်ခု ကံမှာ ယူချင်ယူ မယူချင်နေ ပေးရမှာသူ့တာဝန်ဆိုတဲ့ ပုံသေနည်းရှိတယ်

တစ်ခုဘဲ  အကျိုးလိုလို့ ညှောင်ရေလောင်းတာမျိုးတော့ မဖြစ်သင့်ဘူး ကံတရားရဲ့ပုံသေနည်းအတိုင်း အရနည်းသွားစေတက်တယ်  လိုရာဆန္ဒဆိုတာ ဆုတောင်းလို့ပြည့်တာမျိုးမဟုတ်ဘူး ပြုဖူးလို့သာ ပြည့်တာပါ

 

minkyansix

8 comments

  • Maung Thura

    January 1, 2015 at 9:44 am

    အတွေးစလေးတွေကိုတော့… သဘောကျမိသလိုလို ရှိလာပြီ…
    နောက်ထပ် ဘာတွေ ဘယ်လို ရေးလာလေဦးမလဲလို့ ..စောင့်မျှော် ဖတ်ရှုနေမှာ ဖြစ်ပါကြောင်းးး

    😆

  • min kyansix

    January 1, 2015 at 12:27 pm

    ဟုတ်ကဲ့ပါလို့

  • Yae Myae Tha Ninn

    January 2, 2015 at 10:49 am

    တခုခု ကုသိုလ်လုပ်တိုင်း ဆုတောင်းတတ်တဲ့သူတွေကို ပြောပြရမယ်… 🙂

  • min kyansix

    January 2, 2015 at 11:05 am

    Yae Myae Tha Ninn
    တစ်ခုခု ကုသိုလ်လုပ်တိုင်း တောင်းတဲ့ဆုနဲ့ လိုက်ဖတ်ညီမယ်ဆိုရင်တော့
    ပြည့်နိုင်မယ်လို့ထင်ပါတယ်

  • Ma Ma

    January 3, 2015 at 7:38 am

    ပုံစံခွက်ထဲ ဝင်နေတဲ့ဗုဒ္ဓဘာသာအတွေးနဲ့…………..
    သဂျီးဘယ်လိုပြောမယ်ဆိုုတာ…………..
    စောင့်ကြည့်လိုက်အုံးမယ်။ :kwi:

  • kai

    January 3, 2015 at 1:30 pm

    ငရဲနဲ့ခြောက်.. ဘုံနဲ့မြောက်ထားသူတွေက.. ရိုက်သွင်းထားတာတွေ..ဝင်နေတဲ့..
    ငါ့လက်ကလွတ်.. ဗြွတ်အလှူ…။

    ဆိုတော့…
    ဘုရားက.. လိုရာဆန္ဒပြည့်ချင်ရင်.. လုပ်ရမှာတွေ.. စိတ်ထားရှိရမှာတွေဟောထားတယ်..
    ဆန္ဒ..ဝီရိယ.. စိတ္တ..ပည.. တဲ့..။
    ဆုတောင်းတာကတော့… ဗုဒ္ဓတရား..ဗုဒ္ဓဘာသာဝင်အလုပ်မဟုတ်…။

    ကိုယ့်ကိုယ်ဖန်ဆင်းထားတဲ့.. ထာဝရဘုရားသခင်ဆီမှာ..တောင်းရတယ်.
    တောင်း…တောင်း… ရအောင်တောင်း… :k:

    • Ma Ma

      January 3, 2015 at 2:54 pm

      ထင်သားပဲ…. :mrgreen:

  • min kyansix

    January 3, 2015 at 4:14 pm

    ပုံစံခွက်ဆိုတာ
    ပုံစံပျက်မဟုတ်တော့
    အပိုအလိုမရှိ
    🙂

Leave a Reply