2014 လည်ပြန်

padonmarJanuary 2, 20158min22324

2014 လည်ပြန်

နှစ်တနှစ်တော့ ကုန်ခဲ့ပြန်ပြီ။

365 ရက် မနားတမ်း ဖြတ်သန်းခဲ့ရတဲ့ ဒီ တနှစ်ကို လည်ပြန်ကြည့်မိပါတယ်။( ခြင်္သေ့လည်ပြန်တော့ ဟုတ်မယ်မထင်၊သမင်လည်ပြန်လောက်ပဲ ဖြစ်မယ်ထင်ပါရဲ့)

ဒီနှစ်ကတော့ လမ်းများများလျှောက်ပြီး ခလုပ်များများ တိုက်တဲ့ နှစ်၊

ခေါင်းပေါ်မှာ ရေအိုး ၅လုံးလောက် တပြိုင်တည်း ရွက်မိတဲ့နှစ်လို့ ပြောရမလိုပါပဲ။

လမ်းလျှောက်လို့ ခရီးရောက်တာ လူမြင်ပေမယ့် ခလုပ်တိုက်မိလို့ ကွဲတဲ့ ခြေမကိုတော့ အနားကလူတွေပဲ သိမှာပါ။

ထားဝယ်သူတွေ ရေအိုး ၁ဝလုံးလောက်ကို လှလှပပ ရွက်ပြီး စက်ဘီးတောင် စီးပြတာကို အားကျပြီး မြစ်ဝကျွန်းပေါ်သူက ရေအိုး ၅လုံးရွက်ပြချင်တာ ၃လုံးလောက် အထပ်မှာတင် ဟပ်ထိုးဟပ်ထိုးဖြစ်လို့။

ကိုယ့်ကိုယ်ကိုယ် သစ်ပင်တပင်လို့ နှိုင်းရရင် ဒီနှစ်တော့ တောင်ကိုင်း၊မြောက်ကိုင်း၊ရှေ့ကိုင်း၊နောက်ကိုင်း အကုန် ရောယှက်အကန့်တွေ ရောသွားတဲ့ နှစ်လို့လည်း ပြောရပါမယ်။ ပွတ်လို့ တိုက်လို့ မီးပွင့်တာကြောင့် ရေလောင်းရတဲ့ အခါလည်းရှိတာပေါ့။

စိတ်ချမ်းသာအောင် ဒီနှစ်ထဲ လုပ်ဖြစ်တဲ့ ကောင်းမှုလေးတွေ အရင် စဉ်းစားလိုက်ပါမယ်။ပြီးမှ ကိုယ်ညံ့တာတွေ တွေးပါမယ်။

(၁)ဒီနှစ်ထဲမှာ အနှစ်သက်ဆုံး အဖြစ်ကတော့ မိသားစုထဲမှာ အားကိုးရဆုံး အကိုကြီးကို ရက်ရှည်တရားအားထုတ်ဖို့ ပါရမီဖြည့်ပေးနိုင်တာပါပဲ။သူဘယ်လောက်ထိရမယ်ဆိုတာတော့ သူ့ပေါ်ပဲတည်ပါတယ်။ လေးအိမ်စုဆရာတော် အရှင်ဝိစိတ္တရဲ့ ဆိုရိုးကတော့ ` ကံကောင်းသူတွေက တရားအားထုတ်ခွင့်ရတယ်။ ကံမကောင်းသူတွေက တရားအားထုတ်ခွင့်နဲ့ လွဲချော်တယ်။ကံဆိုးသူတွေက တရားအားထုတ်ဖို့ အခွင့်အရေးကို ရှောင်ကြတယ်။´

အကို့ကို ကံကောင်းအောင် ကလျာဏမိတ္တအဖြစ် ကူညီပေးနိုင်တဲ့အတွက် ကိုယ်ကံမကောင်းသေးပေမယ့် ဝမ်းသာပီတိဖြစ်ရပါတယ်။

(၂)နောက်ပြီး ဆရာလုပ်လွန်းတဲ့ ကိုယ့်အပေါ် အမြင်စိမ်းနေတဲ့ ချစ်တူမလေးကလည်း ရက်(၇၀)တရားအားထုတ်ပြီးသွားတဲ့အခါ ကိုယ်နဲ့ တရားဆွေးနွေးဖက် ဓမ္မမိတ်ဆွေဖြစ်သွားလို့ သူ့ရဲ့ ချစ်ခင်မှုပြန်ရလာတာလည်း စိတ်ချမ်းမြေ့စရာ တခုပါပဲ။

(၃)ဝိနည်းတော်ကို လေးစားလိုက်နာတဲ့ ပဏ္ဍိတာရာမဆရာတော်ကြီးလို သံဃာမျိုးကို ဖူးမြင်ခွင့် ရတဲ့အတွက် သံဃံသရဏံ ဂစာ္ဆမိ ကို နားလည်ခဲ့ပါတယ်။

(ဆရာတော်ကြီးကတော့ ကိုယ့်ကို ဂျီးထူတဲ့ ဆပ်ပြာသည်တဲ့)

(၄)ကိုယ့်ဇာတိမြို့လေးကနေ ဝေးကွာနေတဲ့ ဆရာ/ဆရာမတွေ ၊ကျောင်းသားဟောင်းတွေ ပြန်လည်ဆုံစည်းတဲ့ပွဲလေး ဖြစ်မြောက်အောင် အများနဲ့ဝိုင်းပြီး တတပ်တအား ပံ့ပိုးပေးခွင့်ရခဲ့တာကြောင့် သူတို့တွေ ပျော်နေကြတဲ့ ပုံတွေ ကြည့်မိတိုင်း ကိုယ်လည်း ကြည်နူးဝမ်းသာရပါတယ်။

(၅)ဒီလိုပဲ အချိန်မီပြီးဖို့၊အရည်အသွေး မညံ့ဖို့ ဇာတိတူမောင်နှမတွေ လက်တွဲပြီး ပြိုင်တူတွန်းခဲ့ကြတဲ့ အရွေ့လေးက ရွှေခယ်ရတနာမဂ္ဂဇင်း ဆိုပြီး မျက်ဝါးထင်ထင် မြင်ခဲ့ရပါတယ်။ ဘယ်သူတွေ ဘယ်လို မြင်မြင် ကိုယ့်မြို့ ကိုယ့်ကျောင်းသားတွေရဲ့ ရင်ထဲမှာပဲ ရွှေခယ်ရတနာ တံဆိပ် ခပ်နှိပ်ထားမယ်ဆိုရင်တောင် ကျေနပ်ပါပြီ။

(၆)ဒီနှစ်ထဲမှာ မမဒေါက်တာ ဒေါ်ခင်နွယ်ဝင်းရဲ့ ကျန်းမာရေး ဟောပြောပွဲတွေကို ကောက်နှုတ်ချက်ရေးပြီး ကူညီပေးဖြစ်ခဲ့တယ်။ ဟောပြောပွဲအခွေ ကြည့်သူတွေအတွက် အထောက်အကူလေး နည်းနည်းပါးပါးတော့ ဖြစ်မယ်ထင်ပါတယ်။ ငန်ပြီးသား မဟာသမုဒ္ဒရာကြီးထဲကို ဆားလေးနည်းနည်း ထပ်ထည့်ပေးသလိုပေါ့။

(၆)ဒီနှစ်တွင်းမှာပဲ စာမေးပွဲ ၃ခုကို လောဘတကြီး မနိုင်မနင်းဖြေပစ်လိုက်မိတယ်။စာမေးပွဲအောင်လို့လည်း ဘာမှတော့ ထူးမသွားပါဘူး။ဒါပေမယ့် စာဆိုရင် သိပြီးတာထက် ပိုပိုသိချင်တဲ့ လောဘကြောင့် ဟိုစာလည်းဖတ်ချင် ဒီစာလည်းဖတ်ချင်။သူများတွေ တနှစ်တည်း စာမေးပွဲတွေ အများကြီးဖြေနိုင်တာကို အားကျပြီး ကိုယ်လည်း ဒီလောက်တော့ နိုင်မယ်ထင်မိ၊တကယ်ဖြေတော့မှ အလုပ်ကလည်း ပစ်ထားတယ် အပြောမခံချင်တာကြောင့် အလုပ်တဖက် စာမေးပွဲတဖက်နဲ့ ကုသလောဓမ္မော အကုသလဿ ဓမ္မဿ ဖြစ်ခဲ့တဲ့ ရက်တွေလည်းရှိပါ့။ဒါကြောင့် ရလာဘ်က ချက်ခြင်းအကျိုးပေးပြီး ၂ခါမှားနဲ့ ဂုဏ်ထူးပြုတ်ဖြစ်တာပေါ့။

အစပိုင်းမှာ ကုက္ကုစ္စဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တွေတင်နေမိရာက ယောဆရာတော်ကြီးက တိပိဋကစာမေးပွဲမှာ စာ ၃ခါထောက်ခံရလို့ ကျပြီဆိုတာတောင် စာတွေဆက်ပူဇော်နေတဲ့အကြောင်း ဖတ်ရမှ ရှက်နောင်တရမိပါတယ်။

(၇)နှစ်ကုန်ခါနီးမှာတော့ ဈေးသည်ကြီးဆန်နီ လုပ်ပြီး ကိုယ့်မြို့က ထွက်ကုန်တွေ Online ပေါ် တကြော်ကြော်အော်ရောင်းခဲ့ပါတယ်။အို..ဘယ်သူဘာပြောပြော ကိုယ့်ပရိသတ်ကြီးနဲ့ ကိုယ်တော့ အပေးအယူတွေ တဲ့လို့ ပျော်နေမိတာပါပဲ။

(၈)အကိုကြီးတွေ အမကြီးတွေကပြောကြတယ်။ ကျမတို့ အမျိုးရွယ်တူ တသိုက် က ပိုက်ဆံရှာတဲ့ အလုပ်ဆို မဖြစ်ထွန်းကြဘူး။ ပိုက်ပိုက်မရတဲ့ လူမှုရေးအလုပ်ဆို ထမင်းမေ့ဟင်းမေ့တဲ့။

ဟုတ်လည်းဟုတ်ပါတယ်။ စီးပွားရေးမှာတော့ ကိုယ်ဟာ အညံ့ဆုံးပါပဲ။လူလူချင်း တေ့တေ့ဆိုင်ဆိုင် ဈေးစကားပြောရ၊အပေးအယူလုပ်ရပြီဆိုရင် ကိုယ်လိုချင်တာ ဖြစ်အောင် ဘယ်တော့မှ မပြောနိုင်ပဲ လျှော့ခဲ့ရလို့ ပြီးတော့မှ ငါညံ့လိုက်တာလို့ ခဏခဏဖြစ်ရပါတယ်။ဒီတသက်တော့ အောင်မြင်တဲ့ စီးပွားရေးသမားကြီး ဘယ်တော့မှ ဖြစ်မှာ မဟုတ်တော့ပါဘူး။အသက်ပဲ ဗထက်ချိုက်နေပြီလေ။

(၉)ကိုယ်ညံ့တာကတော့ ဒီနှစ်ထဲ Car accident ၂ခါဖြစ်တာမှာ သိသာတာပါပဲ။ ကိုယ်ကတော့ ဘယ်တိုက်ပါ့မလဲ။ဒီလောက် တုန်ချိချိမောင်းနေတာ။ ကိုယ့်ကို သူများက လာတိုက်သွားတာတောင်မှ Reflex က ငါမှားသွားတာ ထင်တယ်ပဲ တွေးမိတယ်။ သူများဖက်ကို အရင်ကြည့် ဘာများဖြစ်သွားသေးလဲမေး၊ကိုယ့်ဖက်က ဒဏ်ရာကို ခပ်လျှမ်းလျှမ်းကြည့်၊အလျော်အစားတွေ ပြောရမှာ၊လူတွေ ဝိုင်းကြည့်မှာစိုးလို့ ရှက်ပြီး ကားပေါ်မြန်မြန်ပြန်တက် အဲဒီနေရာကနေ မြန်မြန်ထွက်။

တခါဖြစ်လည်း ဒီတိုင်း၊နောက်တခါဖြစ်လည်း ဒီတိုင်းဆိုတော့ ကားမောင်းရတာတောင် သွေးလန့်လာပါတယ်။မောင်းပေးမယ့်သူကလည်း မရှိတော့ ဘုရား နားညည်းတာပေါ့။

(၁၀) ဒီနှစ်ကို Year of Apology လို့လည်း ပြောချင်ပါတယ်။ဒီနှစ်ထဲ ဘယ်အကြောင်းအရာပဲ လုပ်လိုက်လုပ်လိုက် အမှားအယွင်းမကင်းနိုင်လွန်းလို့ တောင်းပန်စကားချည်းပဲ ပြောနေရလို့ ဖြစ်ပါတယ်။

ဒီနှစ် ရေးမိသမျှကလည်း နှစ်စကတည်းက ဂေါက်စီးရီးဆွဲလိုက်မိတာဆိုတော့ 2014 ဒီနှစ်ကတော့ ဂေါက်နှစ်ပါပဲ။ဂေါက်မိသမျှ ပတ်သက်သူမိတ်ဆွေအပေါင်းကို တောင်းပန်ရင်း 2014 ကန့်လန့်ကာချ လိုက်ပါတယ်။

2014တနှစ်တွင်း ဂေါက်မိသမျှ ဂေါက်စာရင်းလေးပြုစုလိုက်ပါတယ်။
(1) 2014 New Year Present -`အသက်ရှည်ကျန်းမာချင်လျှင်၊စားသောက်နေမှုဘဝကိုပြင်´

– padonmar

Posted by padonmar on Jan 1, 2014 in Editor’s Choice, Health & Fitness, My Dear Diary

https://myanmargazette.net/191625
(2) 2013 Review ၂၀၁၃ အတိတ်ခြေရာကောက်

– padonmar

Posted by padonmar on Jan 2, 2014 in Creative Writing, My Dear Diary

https://myanmargazette.net/191635
(3) ဂေါက်တယ်လို့မှတ်မှာလား(၂)-လမ်းပေါ်ကအမှိုက် ကိုယ်နဲ့ဆိုင်မဆိုင်?

– padonmar

Posted by padonmar on Jan 10, 2014 in Creative Writing, Critic, My Dear Diary

https://myanmargazette.net/192115
(4) ဂေါက်တယ်လို့မှတ်မှာလား(၃)-ဂေါက်မိသူပါရှင်

– padonmar

Posted by padonmar on Jan 11, 2014 in Creative Writing, Critic, My Dear Diary

https://myanmargazette.net/192226
(5) ဂေါက်တယ်လို့မှတ်မှာလား(၄)-ဂေါက်တဲ့ဖက်မှာ အော်ပီကျယ်ရှိတယ်

– padonmar

Posted by padonmar on Jan 12, 2014 in Creative Writing, Environment

https://myanmargazette.net/192258

 

(6) ဗုဒ္ဓသာသနာ မြန်မာ့မြေမှ မထွက်ခွာဖို့

– padonmar

Posted by padonmar on Jan 29, 2014 in News

https://myanmargazette.net/192956
(7) တော်ဝင်စင်တာရှေ့ စာအုပ်ရောင်းပွဲ

– padonmar

Posted by padonmar on Feb 1, 2014 in Creative Writing, News

https://myanmargazette.net/193106
(8) ရွာသူားများအတွက် လက်ဆောင်-သက်ရှည်ကျန်းမာချင်လျှင်၊မြန်မာ့လူနေမှုဘဝကိုပြင်

– padonmar

Posted by padonmar on Feb 18, 2014 in Editor’s Choice, Health & Fitness, My Dear Diary

https://myanmargazette.net/193900
(9) ခင်ကြီးပေါက်

– padonmar

Posted by padonmar on Feb 18, 2014 in Aha! Jokes, Satire |

https://myanmargazette.net/193921
(10) အလောင်းအစားThe Bet-မြမဉ္ဇူူူ

– padonmar

Posted by padonmar on Mar 10, 2014 in Creative Writing, Literature/Books, Short Story, Think Different |

https://myanmargazette.net/194722
(11) အလောင်းအစား The Bet-မြမဉ္ဇူ ဘယ်လိုရေးခဲ့တယ်

– padonmar

Posted by padonmar on Mar 18, 2014 in Arts & Humanities, Literature/Books

https://myanmargazette.net/195160
(12) မွေးရပ်မြေမှ ပန်းကလေးများဆီသို့

– padonmar

Posted by padonmar on Mar 23, 2014 in Creative Writing, Education, My Dear Diary

https://myanmargazette.net/195339
(13) ပန်းကလေးများပွင့်တော့မည် 2014

– padonmar

Posted by padonmar on Mar 31, 2014 in Creative Writing, Short Story

https://myanmargazette.net/195579
(14) ဂေါက်တယ်လို့မှတ်မှာလား(၅)-သင်္ကြန်ပိတ်ရက်ရှည်/အလကားပေးမလား

– padonmar

Posted by padonmar on Apr 14, 2014 in Creative Writing, Critic, Think Different | 47 comments

https://myanmargazette.net/196058
(15) အဖူးအငုံလေးတွေက ဝင့်ဝင့်ကြွားကြွား

– padonmar

Posted by padonmar on Apr 15, 2014 in Creative Writing, My Dear Diary | 15 comments

https://myanmargazette.net/196062
(16) ၁၃၇၆ နှစ်သစ်တွက် လက်ဆောင်-ဆင်ခြင်တတ်က အကျိုးရ

– padonmar

Posted by padonmar on Apr 17, 2014 in My Dear Diary | 12 comments

https://myanmargazette.net/196163
(17) တခါတုန်းက သင်္ကြန်မှာ

– padonmar

Posted by padonmar on Apr 18, 2014 in Creative Writing, My Dear Diary | 22 comments

https://myanmargazette.net/196243
(18) ရွှေဖိနပ်ကြီး ရှပ်တိုက်စီးနေသူများ

– padonmar

Posted by padonmar on Apr 26, 2014 in Creative Writing, Critic | 32 comments

https://myanmargazette.net/196638
(19) ကြွေးကြော်နေရုံမျှနဲ့ မလုံလောက်နိုင်ပေ

– padonmar

Posted by padonmar on May 11, 2014 in Creative Writing, Critic | 29 comments

https://myanmargazette.net/197425
(20) မဟာလူသားဗုဒ္ဓ(သာသနာနှစ် ၂၅၅၈ပြည့်ဗုဒ္ဓနေ့ လက်ဆောင်)

– padonmar

Posted by padonmar on May 13, 2014 in History | 22 comments

https://myanmargazette.net/197521
(21) `ညှော်မယ်ဗျို့ ´

– padonmar

Posted by padonmar on May 24, 2014 in Creative Writing | 38 comments

https://myanmargazette.net/197863
(22) ဆီးချိုရောဂါအန္တရာယ် ဉာဏ်ယှဉ်၍ ကာကွယ်မယ် (ဒေါက်တာဒေါ်ခင်နွယ်ဝင်း)

– padonmar

Posted by padonmar on Jun 1, 2014 in Health & Fitness | 27 comments

 

https://myanmargazette.net/198185

 
(23) ခလုပ်တိုက်ရင် ရှေ့တလှမ်းပိုရောက်ပါစေ ကလေးတို့ရေ

– padonmar

Posted by padonmar on Jun 9, 2014 in Creative Writing, My Dear Diary | 20 comments

https://myanmargazette.net/198569

 
(24) နည်းနည်းလေးမက လွဲနေတယ်

– padonmar

Posted by padonmar on Jun 11, 2014 in Critic | 22 comments

ပဒုမ္မာရဲ့ ပုံပမာ

https://myanmargazette.net/198681

 
(25) ပျက်အစဉ် ပြင်လျှင်ရ (Yangon Drainage)

– padonmar

Posted by padonmar on Jun 13, 2014 in Creative Writing | 27 comments

https://myanmargazette.net/198817

 
(26) အသက်တချောင်းထွက်ဖို့ဆိုတာ လွယ်ပါသလား

– padonmar

Posted by padonmar on Sep 14, 2014 in Creative Writing | 26 comments

https://myanmargazette.net/204142

 
(27) “သားဦးအရူး”

– padonmar

Posted by padonmar on Sep 27, 2014 in Creative Writing, My Dear Diary | 21 comments

https://myanmargazette.net/204914

 
(28) ဘာသာမတူ..လူမျိုးကွဲလည်းချစ်တာ..(၁)

– padonmar

Posted by padonmar on Oct 6, 2014 in Creative Writing, My Dear Diary | 14 comments

https://myanmargazette.net/205386

 
(29) ဒီပါဝလီ၊မလိုင်လုံးနဲ့ ချက်ခြင်းပေးတဲ့ အကျိုး

– padonmar

Posted by padonmar on Oct 20, 2014 in Creative Writing, My Dear Diary | 28 comments

https://myanmargazette.net/206108

 
(30) ဘာသာမတူ လူမျိုးကွဲလည်းချစ်တာ…(၂)

– padonmar

Posted by padonmar on Oct 25, 2014 in Creative Writing, My Dear Diary | 17 comments

https://myanmargazette.net/206237

 
(31) လက်တဆုံးနှိုက်တယ်တဲ့လား…..

– padonmar

Posted by padonmar on Oct 25, 2014 in Creative Writing, Critic, My Dear Diary | 21 comments

https://myanmargazette.net/206333

 
(32) ဆရာကြီး ဦးအောင်သင်းသို့ မမီလိုက်တဲ့ လွမ်းစာ

– padonmar

Posted by padonmar on Oct 27, 2014 in Creative Writing, Literature/Books, My Dear Diary | 8 comments

https://myanmargazette.net/206415

 
(33) ကျမနဲ့ကာမတဏှာ၊ဝါးခယ်မ မဟာစည်သာသနာ့ရိပ်သာ

– padonmar

Posted by padonmar on Oct 31, 2014 in Creative Writing, Literature/Books, My Dear Diary | 21 comments

https://myanmargazette.net/206611

 
(34) My Line of Thought,My Point of View စာမြည်း

– padonmar

Posted by padonmar on Nov 5, 2014 in Creative Writing, Literature/Books, My Dear Diary | 15 comments

https://myanmargazette.net/206797
(35) အားကျမိတဲ့ အမေရိကန်တယောက်

– padonmar

Posted by padonmar on Nov 17, 2014 in Creative Writing, Cultures, My Dear Diary | 44 comments

https://myanmargazette.net/207186
(36) ပညတ်တွေ အတင်မှားကြရင်ဖြင့်

– padonmar

Posted by padonmar on Nov 20, 2014 in Creative Writing, Critic, My Dear Diary | 42 comments

https://myanmargazette.net/207233

 
(37) ဆားလေး တပွင့်နှစ်ပွင့်

– padonmar

Posted by padonmar on Dec 6, 2014 in Creative Writing, My Dear Diary | 34 comments

https://myanmargazette.net/207846

 
(38) မနက်ခင်းလမ်းလျှောက်ရင်း မင်းလောင်းမျှော်

– padonmar

Posted by padonmar on Dec 6, 2014 in Creative Writing, My Dear Diary | 16 comments

https://myanmargazette.net/207848
(39) ဝါးခယ်မ အလွမ်းပြေ Little Wakema

– padonmar

Posted by padonmar on Dec 18, 2014 in Classifieds, Personal Ad., Creative Writing | 21 comments

https://myanmargazette.net/208180
(40) နယ်အပိုင်စား

– padonmar

Posted by padonmar on Dec 21, 2014 in Creative Writing | 11 comments

https://myanmargazette.net/208354
(41) ‘နေရောင်ခံယူ ၊ အူကိုစောင့်ရှောက် ၊ အသက်ဉာဏ်စောင့်′

– padonmar

Posted by padonmar on Dec 21, 2014 in Creative Writing, Health & Fitness | 10 comments

https://myanmargazette.net/208358

 
(42) Dr.ဒေါ်ခင်နွယ်ဝင်း၏ Facebook ပေါ်မှ ရှင်းလင်းဟောပြောချက်များ

– padonmar

Posted by padonmar on Dec 22, 2014 in Health & Fitness | 2 comments

https://myanmargazette.net/208361
(43) Dr.ဒေါ်ခင်နွယ်ဝင်း၏ကျန်းမာရေးဟောပြောပွဲ အမေးအဖြေများမှ သတိပြုဖွယ်

– padonmar

Posted by padonmar on Dec 22, 2014 in Health & Fitness | 7 comments

https://myanmargazette.net/208363

 

 

 

24 comments

  • ခင်ဇော်

    January 2, 2015 at 8:13 am

    ဟိုနေ့ကတောင် သတိရနေတာ။
    အာတီဒုံရဲ့ ဒီလိုပြန်ကြည့်တတ်တဲ့ တစ်နှစ်တာ ရီဗျူးလေးကို။
    😆

  • Ma Ma

    January 2, 2015 at 8:23 am

    သမင်လည်ပြန်ကြည့်စရာ………….
    အများကြီး ခရီးပေါက်ခဲ့တာကိုးးးးး
    အကောင်းတွေ အများကြီး ကြုံခဲ့/လုပ်ခဲ့နိုင်တာ အားကျတယ်။ 🙂

  • pooch

    January 2, 2015 at 9:03 am

    စာ​တွေအများကြီး​ရေးပြီးအလုပ်​​တွေအများကြီးလုပ်​နိုင်​တာကို အားကျတယ်​
    လူဆို​တော့လည်​း အ​ကောင်​းအဆိုးတွဲ​နေတာပါပဲ
    ​ဒေါ်​ဒေါ့်လိုပုံစ့နဲ့ လူကြီးဖြစ်​ချင်​တယ်​
    အ​နော်​့အတွက်​ ၂၀၁၄ က အ​ပြောင်​းအလဲများတဲ့နှစ်​ ​သောကများခဲ့တဲ့နှစ်​ ဘဝတဆစ်​ချိုးတဲ့နှစ်​
    သံ​ယောဉ်​​တွေ ြြြဖြတ်​လိုက်​ရတဲ့နှစ်

  • Kaung Kin Pyar

    January 2, 2015 at 10:24 am

    ဗဟုသုတရမယ့် စာတွေ အများကြီးရေးခဲ့တာပဲ အာတီဒုံ….။ အာတီဒုံ့လို ရေးတတ်ချင်တယ်…။
    အားကျပါရဲ့…
    😆

  • Yae Myae Tha Ninn

    January 2, 2015 at 10:39 am

    ကောင်းလိုက်တဲ့ သုံးသပ်ချက်ဗျာ… အဲလို ပြန်ကောက်နုတ်ပြီး ရေးနိုင်ဖို့ဆိုတာ လွယ်တာ လိုက်လို့…

    အနော်ကတော့ 2014 မှာ အိုသွားတယ်… 🙂

  • kyeemite

    January 2, 2015 at 11:46 am

    .တော်တော်လုပ် တော်တော်ရေးနိုင်တဲ့အာတီဒုံပါပဲ
    .တစ်နှစ်အတွင်းရေးသွားတာ ကိုယ်တလျှောက်လုံးရေးလာသလောက်ရှိတယ် :n:
    .(2) 2013 Review ၂၀၁၃ အတိတ်ခြေရာကောက်– padonmar
    Posted by padonmar on Jan 2, 2014 in Creative Writing, My Dear Diary
    .ဆိုတော့ Jan 2 ရက်နေ့တိုင်းမှန်မှန် အတိတ်ခြေရာကောက်နိုင်တာလည်းချီးကျူးပါတယ်
    .ကျုပ်မှာတော့မှတ်မှတ်ထင်ထင် ကောင်းမှုမရှိခဲ့
    .ဝမ်းသာကြည်နူးမိပါ၏ :))

    .

  • Maung Thura

    January 2, 2015 at 3:42 pm

    ရေးခဲ့သမျှပိုစ့်တိုင်းဟာ
    အားရကျေနပ်စရာတွေချည်းပဲ အန်တီရေ
    ဂုဏ်ယူပါတယ်။
    လမ်းလျှောက်နိုင်တာကိုရော
    ဘယ်လောက်ခလုပ်တိုက်တိုက် အလျှောက် မပြတ် အားမာန်အပြည့် ဖြစ်နေတာကိုရော ချီးကျူးမိပါတယ်။

    —-

    လင့်ခ်လေးတွေကို တိုက်ရိုက် ကလစ်ပြီးဝင်လို့ရအောင် လုပ်ထားရင် ပိုကောင်းမယ်ထင်လို့….

    😆

    😆

    • padonmar

      January 4, 2015 at 12:11 am

      အဲလို လင့်ခ်တွေဘယ်လိုတင်ရတယ်ဆိုတဲ့ ပို့စ် အံဇာ ရေးတာထင်တယ်။လိုက်လုပ်ကြည့်တာ ကိုယ် အ လွန်းလို့ မရဘူး။
      အခု ဘယ်သူ လုပ်ပေးလိုက်တယ်မသိ၊
      မော်မော်တွေထဲက ဖြစ်မယ်ထင်တယ်။ကျေးကျေးပါဗျု့ိ။

  • kai

    January 2, 2015 at 4:25 pm

    သာဓုပါဗျို့…။ မြင့်မြတ်တဲ့အလှူရှင်ဘဝ.. လျှောက်ခဲ့ရာ.. ခြေရာတွေပေါ့…။ :k:
    Charity begins at home, but should not end there.
    – Thomas Fuller

    • kai

      January 5, 2015 at 3:39 pm

      တနေ့ကပဲ.. အသိတယောက်နဲ့စကားပြောဖြစ်တာမှာ…
      မြန်မာတွေ နိုင်ငံရေးလုပ်ရင်လုပ်..မလုပ်ရင်..ဘာသာရေးအလုပ်များတယ်တဲ့..။
      Charity လုပ်တာသိပ်နည်းပြီး..လုပ်တဲ့သူတွေကိုလည်း.. အကောင်းမြင်နည်းတယ်လို့..ဆိုပါတယ်..။

      တွေးနေမိ…။
      ဘာသာရေးက.. ကိုယ့်အတ္တအတွက်ဖြစ်ပြီး.. Charityက..ကိုယ်အတွက်မဟုတ်.. တပါးသူအတွက်ပေါ့…။
      မြန်မာ့ထေရာဝါဒမှာ.. ကိုယ့်အတွက်သာ(သာ)လုပ်ကြတဲ့အတ္တသမားများအတွက်က.. နတ်ပြည်လမ်းပွင့်နေတယ်..။ နိဗ္ဗာန်လမ်းပွင့်နေတယ်ဆိုထားတာများပြီး…
      Charity လုပ်.. fundraise လုပ်သူတွေခမြာ..လူအများပျော်အောင်.. ပျော်ပွဲရွင်ပွဲနဲ့များ လုပ်ကြတယ်ဆို…ငရဲရောက်မယ့်သူတွေလို့.. အပြောတောင်ခံရသေး..
      အင်း..
      တွေးနေမိ…။ :i:
      =
      အရီးဒုံဒုံရဲ့.. စာရေးတာတွေကို.. Charity လို့သတ်မှတ်ပါကြောင်း..နော..။

      • padonmar

        January 5, 2015 at 9:15 pm

        သူကြီးရေ၊
        ကျမကလည်း ဒုံကနေ ဒုံးဝေးတာ။
        အလှူရှင် ဆိုတော့ ငါလည်း ဘယ်နားမှာ ဘယ်လောက် လှူထားတယ်ဆိုတာမျိုး ထည့်မရေးပဲ သူကြီးက ဘာတွေများသိလို့ပါလိမ့် တွေးနေမိတာ။
        သူကြီးအလိုအရ ဆိုရင်တော့ ကျမ တနှစ်လုံး စာရေးတာတွေ အပြင် လူမှုရေး၊ကိုယ့်မြို့ကိုယ့်နယ်အရေး လုပ်တာတွေလည်း Charity ပေါ့နော။
        ခုလို သိရတာ အားရှိသွားပါတယ်။ ကျေးကျေး.

  • Shwe Ei

    January 2, 2015 at 4:30 pm

    -အန်တီဒုံ့ စာကို ဖတ်ပီး..ကွကို ပြန်သုံးသပ်ဖို့ သတိရပါတယ်…
    -၂၀၁၄ မှာ ဘာတွေ လုပ်နိုင်ခဲ့လဲဆိုတာပေါ့..စဉ်းစားမိသလောက်က အားရကျေနပ်စရာသိပ်မရှိ..
    -ရှာရင်း သုံးရင်း ကုန်ရင်း ပြန်ရှာရင်း သံသရာမှာမျောပီး…တပင်တပန်းဖြတ်သန်းနေရတာဘဲ -မှတ်မိတော့တယ် :'(

    • padonmar

      January 4, 2015 at 12:07 am

      ရွှေအိလေး။
      တလတခါ ဒါဇင်ပလပ်စ်ရဲ့ အလှူလေးတွေဖြစ်အောင် လုပ်ပေးနေတာ ရွှေအိ လုပ်နိုင်ခဲ့တဲ့ ခြေလှမ်းပဲပေါ့။

  • Mr. MarGa

    January 2, 2015 at 6:08 pm

    ရှက်လိုက်တာဗျာ…
    တစ်နှစ်လုံး အကြောင်းပြချက် မျိုးစုံနဲ့ အလုပ်တွေကို နေ့ရွှေ့ ညရွှေ့ လုပ်နေမိတာ
    ရှက်လိုက်တာဗျာ…
    တစ်လနေလို့ စာတစ်ပုဒ်တောင် မထွက်တဲ့အထိ နေနေမိတာ
    ရှက်လိုက်တာဗျာ…
    လူကြီးတွေ တက်ကြွနေသလောက်၊ အလုပ်တွေလုပ်နေသလောက် ကိုယ်ကတော့ ဘာမဟုတ်တဲ့ အရာတွေနဲ့ အလုပ်ရှုပ်ချင်ယောင် ဆောင်နေမိတာ…
    ဒေါ်လေးရေ
    ကျနော့်ကိုယ်ကျနော် ပြန်ကြည့်မိပြီး ရှက်လိုက်တာဗျာ…….
    :p: :p: :p:

  • ဖားသက်ပြင်း

    January 3, 2015 at 4:06 am

    ၂၀၁၄မှာပတ်​သတ်​ဖူးတဲ့ကရင်​မ​လေး​ယောက်​ကိုမုန်​းတယ်​ဗျာ
    တကယ်​​တော့ ဗမာမ​လေး​တွေမှချစ်​စာ​ကောင်​းတာရယ်​
    တားတားတိပါဘီ

    • မြစပဲရိုး

      January 3, 2015 at 7:18 am

      ဟို ဗေဒင်ဆြာ ဟောတာတော့ မှန်ပြီထင်ရဲ့။
      ၂၀၁၅ မှာ တိုင်းရင်းသူလေး တွေ အန္တရာယ် ကင်းမယ် ဆိုလား။
      lol:-)))))

  • မြစပဲရိုး

    January 3, 2015 at 7:17 am

    အစ်မဒုံ
    .. ပြိုလဲသွားတဲ့ သက္ကရာဇ် တွေ ကို ပြန်ပြီး ငေးကြည့် တယ်ပေါ့လေ။ (စိုးလွင်လွင် သီချင်း မှ ခိုး လာသည်)
    သံစဉ် အမှား တွေ အတွက် ကာရန် တွေ ပြန်ညှိလို့ ရရင် အမြတ်ပါဘဲ။ (စိုင်းထီးဆိုင် သီချင်း မှ ကူးချသည်)
    😉
    အိုင်ဒီယာလေးကြိုက်တယ်။
    မဖတ်ရသေးတာ တွေ အများကြီး ပြန်ဖတ် လိုက်ဦးမယ်။

  • padonmar

    January 4, 2015 at 12:06 am

    ကေဇီ၊မမ၊မယ်ပု၊ကင်းကောင်ပြာ၊မောင်ရေမြင်း၊ဦးမိုက်၊သဂျီး၊ချွေအိ၊အလက်ဆင်း၊သဂျား၊မိဂီ၊အရီးမြ၊ဘကြီးအောင်
    အားပေးကြတာ ကျေးကျေးပါဗျို့။
    ရေးအားကတော့ အလက်ဆင်းကို မီအံ့မထင်။
    သို့သော် Top 10 ထဲတော့ ဝင်လာပြီ။
    သဂျီးရဲ့ ၁ သိန်းရဖို့ နီးလာပြီ။(လူမရှိတာ သိသာလိုက်တာ)
    အဲ… မလတ်လည်း ဝင်နေပြီနော်။

    • မြစပဲရိုး

      January 4, 2015 at 5:50 pm

      အစ်မဒုံ
      ပြောသာပြောရ။
      သူကြီး မင်း က တွက်ချက်ပြီး နေမှာပါ။
      အခု Top 10 ထဲ က လူတွေ က လိပ်နှုန်း နဲ့ ဘဲ တက်နေနိုင်တာ ကို။
      သူ့ ဘတ်ဂျက် အတွက် နောက် ၂ နှစ် လောက် က တော့ အေးဆေး။ lol:-)))))))))))))))

  • La Yeik

    January 6, 2015 at 1:02 pm

    အန်တီဒုံ 2014 မှာ အများကြီးလုပ်နိုင်ခဲ့တာပဲ…ကောင်းတာတွေချည်းပဲ…မီးတို့တော့ ကိုယ့်ကိုကိုယ် ကောင်းတာလုပ်မိသလား ဆိုးတာပဲလုပ်မိသလား မခွဲခြားနိုင်သေးဘူးရယ်…

    • padonmar

      January 7, 2015 at 9:41 pm

      လရိပ်ရေ
      အန်တီက မကောင်းတာတွေကို အသာလေးဖွက်ပြီး ရေးလိုက်မိတာ ဖြစ်မှာပေါ့။

  • manawphyulay

    January 7, 2015 at 9:31 am

    တီတီရေ… ကြိုးစားထားပါ မနောကတော့ မလိုက်နိုင်သေးတော့ Top One ဖြစ်အောင် လုပ်ထားနော်… အမြဲ အားပေးနေပါတယ်…. ဖိုက်တင်း… နှစ်သစ်မှာလည်း စာတွေ အများကြီး ရေးပါဦးနော်…

  • padonmar

    January 7, 2015 at 9:55 pm

    မနောတို့ ရေးအား၊ပို့စ်တင်အားကိုတော့ ဘယ်လိုမှ မမီနိုင်ပါဘူးကွယ်။
    ဒါ့ကြောင့် လိပ်ဘိုးဘိုးတွေ လိပ်ဘွားဘွားတွေချည်းပဲ ကျန်တဲ့ Top 10 ကို သဂျီးက စိတ်ချလက်ချရှိတာပေါ့။
    မနောရဲ့ ဟန်းနီးမွန်း ခရီးစဉ်လေးတွေ ရေးပါအုံး။

Leave a Reply