ဤဟာဤ ကျွဲဟာကျွဲ

min kyansixJanuary 4, 20151min17410

အခြောက်မရဲ့ မှားတဲ့စကားဟာ

သူဟာ မိန်းမပါလို့ ပြောခြင်းဖြစ်သော်လည်း

တစ်စုံတစ်ခုကိုတော့

မှန်ကန်ရိုးသားစွာ ဝန်ခံလိုက်ခြင်းဖြစ်တယ်

အမှားနောက်က အမှန်ကိုပါ မြင်နိုင်မယ်ဆိုရင်

ဤဟာဤ ကျွဲဟာကျွဲ

ခပ်ရှင်းရှင်းလေးပါဘဲ

minkyansix

10 comments

  • မြစပဲရိုး

    January 4, 2015 at 6:12 pm

    ဟိုဘက်က ကြည့်တော့ လက်ဖမိုး
    ဒီဘက်က ကြည့်တော့ လက်ဖဝါး

    သူတို့ဘက်ကျ သစ္စာဖောက်
    ငါတို့ ဘက်ကျ သူရဲကောင်း

    :))
    :))

  • min kyansix

    January 4, 2015 at 6:58 pm

    အခြောက်ဟာ သူ့ရဲ့ခံစားမှုကိုတော့
    လူသိအောင် မှန်ကန်စွာပြသွားပါတယ်
    တစ်ခါတစ်လေမှာ အမှားတစ်ခုဟာ
    ခံစားမှုကို အထောက်အကူပြုသလားလို့ပါ
    မှားတော့မှားပေမယ့် မှန်တာတွေလဲရှိနေပြန်တယ်

  • ko six

    January 4, 2015 at 8:20 pm

    မသိ​သေးတာသိရလို့ ​ကျေးဇူးပါပဲ

  • aye.kk

    January 4, 2015 at 8:44 pm

    လူညီရင်ဤကိုကျွဲ ဟုဖတ်သတဲ့။။
    ကြားဘူးတာလေးပါ။။

  • min kyansix

    January 5, 2015 at 1:09 am

    လူညီရင်ဤကိုကျွဲဟု ဖြစ်အောင်ပြောတက်ကြတာက
    မိုးခါးရေကို ဝိုင်းသောက်ကြတာမျိုးလို့ထင်တယ်

    🙂

  • kyeemite

    January 5, 2015 at 11:11 am

    .ဤဟာဤ ကျွဲဟာကျွဲ
    .လူညီညီ မညီညီ မတူသည်သာပဲ။ :))

  • min kyansix

    January 5, 2015 at 12:11 pm

    ဟုတ်ကဲ့ခင်ဗျ
    ဤဟာဤ ကျွဲဟာကျွဲ ပါဘဲ 🙂

  • kai

    January 5, 2015 at 2:56 pm

    န ပရေသံ ဝိလောမာနိ၊ န ပရေသံ ကတာကတံ။
    အတ္တနောဝ အဝေက္ခေယျ၊ ကတာနိ အကာတာနိ စ။
    (ဓမ္မပဒ)

    သူများတွေရဲ့ မလိုမုန်းထားစကားတွေကိုလည်း အရေးစိုက်ပြီး နားထောင်မနေနဲ့။
    သူများတွေ လုပ်တဲ့အလုပ်တွေကိုလည်း ဟုတ်၏ မဟုတ်၏ ပြောမနေနဲ့။
    ကိုယ့်ရဲ့ အလုပ်တွေကိုသာ တကယ်ဟုတ်သလား မဟုတ်သလား ဂရုတစိုက်ကြည့်ရှုပါ။

  • min kyansix

    January 5, 2015 at 5:05 pm

    ငင့်

    အဖေနဲ့အမေ စစ်တိုက်နေတာမျိုးတော့
    ကွကိုယ် ညောင်သီးစားလို့မမြိန် ဂဲကျောက်လို့တော့မဟုတ်
    သူများမဟုတ်ဘဲ တို့များရဲ့ တို့များဖြစ်နေမယ်ဆိုရင် 🙂

  • Maung Thura

    January 5, 2015 at 7:12 pm

    အိုကွယ်… “““““ဤနဲ့ ကျွဲဟာ အများ ညီမှ ညီတဲ့ ကိစ္စပါ…
    ခေါင်းထဲ မထည့်နဲ့..

    :k:

Leave a Reply