ပြင်သစ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ၏ ဆုံးဖြတ်ချက်ကို အနယ်လ်ကာ ပျက်ရယ်ပြု

khinmintatthuAugust 18, 20101min560

ချယ်လ်ဆီး တိုက်စစ်မှူး အနယ်လ်ကာသည် ပြင်သစ် စည်းကမ်း ထိန်းသိမ်းရေး ကေယာ်မတီက ၎င်းအား လက်ရွေးစင် အသင်းပွဲ ၁၈ ပွဲ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် အပေါ် ပျက်ရည်ပြု လှောင်ပြေင် သွားခဲ့သည်။

“ကျွန်တော့် အတွက်တော့ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက် အားလုံးဟာ ဘာမှ အဓိပ္ပါယ် မရှိတာတွေ ပါပဲ။ သူတို့ဘာသာ သူတို့ မျက်နှာ မပျက်ရအောင် ဟန်ဆောင်ပြီး လုပ်နေကြတာပါ။ သူတို့ ဘယ်လိုပဲ ပြစ်ဒဏ် ချမှတ်သည် ဖြစ်စေ ကျွန်တော်နဲ့ ဘာမှ မသက်ဆိုင် တော့ပါဘူး။ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က ကျွန်တော့်ကို အသင်းရဲ့ လေ့ကျင့်ရေး ကွင်းကနေ ကန်ထုတ်လိုက် ကတည်းက ကျွန်တော်နဲ့ ့ပြင်သစ်အသင်း ဇာတ်လမ်း ပြီးဆုံးသွား ပါပြီ။ သူတို့ အခုလုပ်နေ တာတွေက ပရိသတ်ကို အပြ သက်သက်လောက် လုပ်နေတာပါ။ ပြီးတော့ နည်းပြသစ် ဘလန့်ကိုလည်း အေးအေး ဆေးဆေး အလုပ်လုပ် နိုင်အောင် ရမည်ရှာ လိုက်တာပါ။ ဒီလူတွေက လူရွှင်တော် တွေနဲ့ တူပါတယ်။ ကျွန်တော့်မှာ ရယ်ရလွန်းလို့ အူတက် သေပါတော့မယ်”ဟု အနယ်လ်ကာက ပြောကြားသွား ခဲ့သည်။

အနယ်လ်ကာသည် ပြီးခဲ့သည့် ၂၀၁ဝ ကမာ္ဘ့ဖလားတွင် ဖြစ်ပွားခဲ့သော ပြဿနာနှင့် ပတ်သတ်၍ ယင်းကဲ့သို့ အပြစ်ပေး ခံခဲ့ရခြင်း ဖြစ်သည်။ ပြင်သစ် အသင်း အတွက် ၆၉ ပွဲ ကစားပေး ထားသူ အသက် ၃၁ နှစ် အရွယ်ရှိ အနယ်လ်ကာသည် ပြင်သစ် အသင်းမှ အနားယူ လိုက်ပြီ ဖြစ်ကြောင်း ကမာ္ဘ့ဖလား မပြီးဆုံးမီ ကတည်းက ကြေညာခဲ့သူလည်း ဖြစ်သည်။ ယင်းဖြစ်ရပ်တွင် အနယ်လ်ကာ အပြင် အခြား အပြစ်ပေး ခံရသူ များမှာ ၅ ပွဲပယ် ပြစ်ဒဏ် ကျခံရသူ မန်ယူ နောက်ခံလူ အီဗရာ၊ ၃ ပွဲပယ် ပြစ်ဒဏ် ကျခံရသူ ဘိုင်ယန်မြူးနစ် တောင်ပံ ကစားသမား ရီဘာရီ နှင့်  ၁ ပွဲပယ် ပြစ်ဒဏ် ကျခံရသူ လိုင်ယွန် ကစားသမား တူလာလန်တို့ ဖြစ်ကြသည်။

ယင်းပြစ်ဒဏ်နှင့် ပတ်သက်၍ ရီဘာရီ ကမူ “ကမာ္ဘ့ဖလားမှာ အားလုံး အတူတူ ကျူးလွန်ခဲ့တဲ့ အပြစ်ကို ဘာကြောင့် တစ်ချို့က ၅ ပွဲ၊ တစ်ချို့က ၁ ပွဲ၊ တစ်ချို့က ဘာအပြစ်မှ အပေး မခံရတာမျိုး ဖြစ်နေသလဲ ဆိုတာ ကျွန်တော်တော့ နားမလည် ပါဘူး။ ဒါပေမယ့် ပြင်သစ် အသင်း အတွက် ကျွန်တော် ဆက်ကစားပေး ဦးမှာပါ”ဟု ပြောကြားခဲ့သည်။