အပျင်းပြေပါရွာသားတို ့ရေ…။

aye.kkJanuary 4, 20151min39919

ဝါသနာအရ၊လေ့လာခဲ့တာလေးတွေ

အမှတ်တရပြန်တင်ပေးမိတာပါ။

26-eye-pencil-drawing
၁။ သတ္တိရှိတဲ့သူ
1qc
သနားကြင်နာစိတ်ရှိသူ
bcxz
အတွင်းမနောဖြောင့်တဲ့သူ

ပုံလေးတွေကတော့ ၊အင်တာနက်ကနေယူထားတာပါ။

သတ္တိရှိတဲ့သူ

မျာက်လုံးအိမ်ကမကျယ်လွန်း၊မကျဉ်းလွန်းပါပဲ၊မျက်ဆံအိမ်တောက်ပပြီး၊မျက်ဝန်းအိမ်ကလှပါတယ်။

စကားပြောတဲ့အခါ၊သူ ့ရဲ ့မျက်ဝန်းများဟာ၊ကစားခြင်းမရှိပဲ၊တည့်တည့်စိုက်ကြည့်ပြီး၊ပြောတတ်ဆိုတတ်ပါတယ်တဲ့။

သူ ့မျက်ဆံဟာ၊မျက်ဝန်းအိမ်အလည်တည့်တည့်မှာ၊ထားရှိတတ်တယ်လို ့သိထားဘူးပါတယ်။

သနားကြင်နာတတ်သူ

သူ ့ရဲ ့မျက်ခုံးနှစ်ဖက်ဟာ၊သုံးရက်စလဆန်းလို၊ကွေးညွတ်လှပနေပါတယ်တဲ့။

အဲလိုသုံးရက်စလဆန်းလိုလှနေရင်၊သနားကြင်နာစိတ်အမှန်တကယ်ရှိတဲ့သူလို ့သိထားဘူးပါတယ်။

အတွင်းမနောဖြောင့်တဲ့သူ။

သူ ့ရဲ ့နှာတံက၊မျက်ခုံးနှစ်ဖက်အတွင်းကနေ၊စတင်ပီး၊နှာသီးထိတ်ဖျားအထိ၊ဖြာင့်စင်းပြီး၊ နှာသီးထိတ်ဖျားကလည်း

လုံးဝန်းပြီးလှပနေရင်၊သူ ့ရဲ ့အတွင်းမနောကလည်းဖြောင့်စင်းတယ်လို ့သိထားဘူးပါတယ်။

ဘယ်လိုသိလည်းမေးရင်ပေါ့နော်၊ ရှေးစကား၊ရှေးလူကြီးဆီကနေကြားသိထားတာဖြစ်တဲ့အကြောင်း

ပြောပြပါရစေနော်။

အားလုံးအတွက်၊အပျင်းလည်းပြေ၊ဗဟုသုတအနေနဲ ့သိစေချင်လို ့တစ်ဆင့်ပြန်ပြောပြတာပါ၊ရွာသားတို ့ရေ။။

19 comments

  • မြစပဲရိုး

    January 4, 2015 at 6:28 pm

    အစ်မအေး
    သုံးရက်လ ခုံးမျက်စ နဲ့ နှာတံလေးစင်းပြီး နေသူ က စိတ် ထား ကောင်း နိုင်သလို
    မျက်ခုံး တိုတို နှာတံ ပွပွ ပိုင်သူ မှာလဲ စိတ်ထားဖြောင့် တာ တွေ့ဘူးပါတယ်။

    အဲသလိုဘဲ
    အဲဒီ သွင်ပြင် နှစ်မျိုးလုံး နဲ့ သူတစ်ချို့ ရဲ့ မကောင်းတဲ့ စိတ်ဓာတ် တွေ ကိုလဲ တွေ့ဘူးပါတယ်။

    ဒီတော့ ကျွန်မသဘော အရ ဆိုရင်
    ရုပ် ရည် ကြည့်ပြီး အကဲဖြတ် တာ ဟာ မမှန်နိုင်တဲ့ အပြင် Discriminate လုပ်တဲ့ သဘောကိုလဲ ဆောင်နေနိုင်သလားလို့။
    :))

  • တောဇီးကွက်

    January 4, 2015 at 6:55 pm

    အပေါ်က အစ်မအေးဆိုလို့ အစ်မအေးပဲ ခေါ်ပါရစေရှင့်
    ခေတ်ကာလက ဆုတ်ကပ်ရောက်နေတာဆိုတော့
    သွင်ပြင် အပြင် ခြေဆံလက်ဆံ၊ မျက်လုံး၊ စကားကြောရိုး
    အဲ့လာတွေအပြင် ခြေ၊ ခံ၊ မျက်၊ ပေါ်၊ ရိုး လူ့စရိုက်ငါးပါး စတာတွေကို
    ယေဘုယျ ခန့်မှန်းတော့မှ.. စိတ်သဘောတွေကို သိရတော့မယ့်
    ခေတ်ကြီးလာတောင် ထင်မိပါတယ်ရှင့်..။
    မီးလည်း ပြောသာပြောရတယ်.. လူကဲခတ်ပီး ချေးလိုက်တဲ့ ပိုက်ဆံတွေ
    တခါမှ ပြန်မရခဲ့ဘူး မမအေးရှင့်… 🙂

  • aye.kk

    January 4, 2015 at 6:56 pm

    မလတ်ရေ
    ကျေးဇူးပါ။
    အမှန်တော့လည်း ဒီအယူဆတွေ၊
    လက်မခံတော့တာ၊ဝိပဿနာအားထုတ်ပီးကတည်းကပါ။
    အသိ(၆)မျိုးထဲက ရှေးစကားအရ၊တစ်ဆင့်ကြားသိတဲ့အသိပါ။။

  • min kyansix

    January 4, 2015 at 7:19 pm

    ကြားဖူးနားဝပုံပြင်လေးတွေမှာ
    ဘီလူးက သီလစောင့်သတဲ့
    လှတဲ့မိန်းမတစ်ယောက်ဟာ တိုင်းပြည်ခုနှစ်ခုကို စစ်ဖြစ်စေသတဲ့

    နောက်တစ်ခုက
    ဒသဂီရိဟာ သီတာဒေဝီအတွက်သိပ်ကောင်းလွန်းနေလားလို့ပါ

    စိတ်ထဲတွေးမိတာတွေ ရေးမိပါသည်
    🙂

  • aye.kk

    January 4, 2015 at 8:39 pm

    တောဇီးကွက်
    င်္ကြန်အင်လက္ခဏာဆိုတာ
    အပြင်ပန်းအရ၊မှန်းဆခန် ့မှန်းနိုင်တယ်ဆိုပေမယ့်လည်း
    အထင်နဲ ့အမြင်ဆိုတာ၊တက်တက်စင်အောင်လွဲတတ်ပါတယ်။
    ဒါတွေကလည်း၊ဝါသနာအရနဲ ့၊အချိန်ယူလေ့လာပြီးမှသာ၊မှန်မမှန်ဆိုတာသိရှိနိုင်တာပါ။
    တရားသဘောအရနဲ ့ပြောရရင်၊ငါးပါးသီလဆိုတာပုထုဇဉ်တွေမြဲမြံဘို ့မဖြစ်နိုင်တာသိနေလို ့ပါ။
    ရုပ်ဆင်းအင်္ဂါအရ၊နှာတံစင်းရင်အပြင်နဲ ့အတွင်းစိတ်တို ့ထပ်တူကျတာလက်ခံနိုင်ခဲ့ပါတယ်။
    အပြင်ချိုပြီးအတွင်းစိတ်မပုတ်တတ်သလို၊အပြင်မချိုရင်၊အတွင်းလည်းမချိုတဲ့သူ၊အဲဒီလိုထပ်တူကျတာ
    ကိုပြောတယ်လို ့ယူဆထင်မြင်မိပါတယ်။အပြောနဲ ့အလုပ်ထပ်တူကျတယ်ပေါ့နော်။ဒါကအစ်မအနေနဲ ့
    ယုံကြည်လေးစားရတဲ့သူကပြောပြခဲ့လို ့သာသိခဲ့တဲ့အသိပါ။

    မင်းကျန်စစ်
    အတွေးဆိုတာကစိတ်ပါပဲ၊လောကကြီးကိုဦးဆောင်နေတာကလည်းစိတ်ပါပဲ။
    အရာအားလုံးကသတ်မှတ်ထားပြီး၊သိနေတဲ့အသိတွေဆိုတာကသုတအသိတွေပါ။
    အမှန်သိဆိုတာက၊ဝိပဿနာဘာဝနာတရားကိုနည်းမှန်လမ်းမှန်နဲ ့အားထုတ်ပြီး
    သိတဲ့ဉာဏ်သိကသာ၊အမှန်သိသိမြင်နိုင်တာမို ့ပါ။။

  • မြစပဲရိုး

    January 4, 2015 at 9:32 pm

    အစ်မအေး
    ရှေးစကား တွေ က တကယ်တော့ မှန်တာ တွေလဲ အများကြီးပါ။
    သူတို့ က သူတို့ အတွေ့အကြုံ တွေ က နေ ဖြစ်လာတာကိုး။
    လုံးဝ ကြီး မပယ်သင့်ပါဘူး။

    အစ်မ ရေ ဝိပသနာ လမ်း ကတော့ အမှန်တရား တွေ ရှိတဲ့ လမ်း လို့ မြင်ပါတယ်။
    ဒီတော့ အစ်မအေး က လမ်းမှန် ကို သွားနေပါပြီ။
    ကျွန်မလဲ ကြိုးစားတော့ နေတာပါ အစ်မရေ။
    ဒါပေမဲ့ လောကီကိစ္စ တွေ ရဲ့ စွဲလမ်းမှု တွေက အားကြီးဆဲ။
    🙄

  • padonmar

    January 4, 2015 at 10:29 pm

    အဲဒီ ကြန်အင်တွေ တခုမှ မပြည့်စုံပါဘူး။
    အကျည်းတန် စိတ်ပုပ်လို့ ဝန်ခံပါတယ်။

    • မြစပဲရိုး

      January 4, 2015 at 10:49 pm

      ဝုတ်ပါဘူး။
      ဟို အိုင်အို ကြီး က ကျက်သရေရှိ အေးချမ်း တဲ့ မျက်နှာလို့ ပြောထားတာပါလေ။ :))

  • kyeemite

    January 5, 2015 at 11:04 am

    .မျက်ခုံး ကတော့ကံမကောင်းဘူးဗျာ..ရေးရေးလေးနဲ့ တိုတိုလေးပဲပါတယ် :))

  • aye.kk

    January 5, 2015 at 5:21 pm

    မလတ်ရေ
    မလတ်ရဲ ့စကားတွေကြားရတာပီတိဖြစ်ရပါတယ်။။

    အစ်မပဒုမ္မာ
    လူတစ်ယောက်ဟာ
    ပညာတတ်တယ်မတတ်ဘူးဆိုတာ
    နဖူးရည်နဲ ့လည်းသက်ဆိုင်ပါတယ်၊ဒါကကျမအရင်ဝါသနာအရလေ့လာလိုက်စား
    ထားပြီးသိနေတဲ့အသိပါ။အစ်မပဒုမ္မာရဲ ့နဖူးရည်ဟာပညာတတ်ပါ။
    ကျမအနေနဲ ့တကယ်လေးစားပါတယ်။ဂေဇက်ထဲမှာပညာပေးရေးသားနေတဲ့
    စေတနာမေတ္တာတွေ၊ကျမအနေနဲ ့ခံစားမိပါတယ်။
    ရုပ်ဆိုးပြီး၊အကျည်းလည်းမတန်ပါ။စိတ်ပုတ်သူဆိုရင်စာရေးသူလည်းဘယ်ဖြစ်နိုင်ပါ့မလည်းနော်။
    ရုပ်ရည်နဲ ့မဆိုင်ဘူးဆိုတာကိုလည်း၊နောက်ပိုင်းမှာဝိပဿနာအားထုတ်ပြီးမှသိလာတာပါ။။
    ကျမနှာတံဆိုမစင်းပါဘူး၊ကျမစိတ်ဆန္ဒနဲ ့တထပ်တည်းမလုပ်နိုင်တာကို၊ကျမကိုယ့်ကိုယ်သိပါတယ်။
    ဝိ်ပဿယနာအားထုတ်ပြီးနောက်ပိုင်းမှာ၊ဖြစ်အောင်လုပ်ချင်ရင်ဖြစ်လာနိုင်တယ်ဆိုတာကို၊သိပြီးတဲ့
    နောက်မှာတော့။သုတအသိတွေကိုပယ်သင့်နေပြီဆိုတာ၊သိမြင်လာပါတယ်။။

    ကြီးမိုက်ရေ
    မျက်ခုံးကတိုရင်မိစုံဖစုံနဲ ့အသက်ရှည်ကြာစွာ၊အတူတကွနေရဘို ့ကံမပါဘူးပြောရမှာ။အမေရှိလဲအဖေ
    မရှိ၊အဖေရှိလဲအမေမရှိ၊တစ်ဦးဦးစောစွာဆုံးပါးတတ်တယ်ဆိုတာ၊ရှေးစကားအရကြားသိဘူးပါတယ်။။

  • Maung Thura

    January 5, 2015 at 7:21 pm

    ဘာလို့လဲမတိ…
    အဲ့ပုံထဲကကောင်မလေးတွေကို ကြည့်ပြီး..ဗိုက်ဆာလိုက်တာ..

    :k:

  • aye.kk

    January 6, 2015 at 5:20 pm

    အလင်းဆက်
    ဆာနေတဲ့ဗိုက်ကို
    ဟာမနေရအောင်
    အကြိုက်တွေ ့တုန်း
    အဝမှာပီးဆွဲလိုက်နော်။။

  • manawphyulay

    January 7, 2015 at 9:22 am

    အတွင်းမနော ဖြောင့် မဖြောင့်တော့ မသိဘူး။ နာမည်ကိုက မနောဖြူလေးပါဆို…. :mrgreen: :mrgreen:

  • aye.kk

    January 7, 2015 at 10:54 am

    မနောဖြူ
    ရုပ်တရားဆိုတာ၊မြင်နိုင်ပေမယ့်၊ဖမ်းဆုပ်ပြလို ့ရပေမယ့်
    စိတ်ဆိုတဲ့နာမ်တရားက၊ဖမ်းရအခက်သားပါ။
    င်္ကြန်အင်လက္ခဏာဆိုတာရှေးပြုခဲ့တဲ့၊အတိတ်ကကံ
    တရားအတိုင်း၊သတ်မှတ်ထားပြီးပါလာခဲ့တာပါ။။
    ကံဟောင်းကံဆိုးပါယ်သတ်နိုင်တာကတော့၊ဝိပဿနာသတိပဌာန်မြတ်တရားပါ။။

  • Kaung Kin Pyar

    January 9, 2015 at 9:37 am

    ညန်မာပြည်မှာဆိုရင်တော့ မှန်းလို့ရမယ်….
    ကိုရီးယားဆိုရင်တော့ အတော်ခက်မှာ….။ ဆာဂျရီတွေ များလို့….။
    :
    :
    ကြုံလို့…တွေးမိတာလေးတစ်ခု…
    လက်မတင်းပုတ်ဖြစ်နေရင် လူသတ်လက်ဆိုတာမျိုးကြားဖူးတယ်..။ ဒါကတော့ တော်တော်များများ ကြားဖူးမှာပါ….။ ပြီးရင်ရှိသေးတယ်လေ…ဘယ်မှဲ့ဆို ဘယ်လိုပေ့ါ…။ မှဲ့အဟောတွေ မျက်နှာအစိတ်အပိုင်းပေါ်က သွင်ပြင်တွေကိုကြည့်ပြီး ခန့်မှန်းတာတွေ အိုက်ဒါတွေ ဖတ်ပြီး တွေးမိသွားတာပါ…။
    ဒါက ကိုယ်ဖန်တီးလို့ဖြစ်လာတာ မဟုတ်လေ…။ အတိတ်ကံနဲ့ ဆိုင်မယ်ထင်တယ်…..။ အတိတ်ကံမကောင်းလို့ ကိုယ့်မှာ ဒီလိုအရာတွေ ပါလာပြီး…ဒီလိုအရာတွေပါလာလို့ ဒီအတိုင်းဖြစ်မယ်ဆို…နောင်သံသရာတွေမှာပါ … ဘယ်ကောင်းတော့မလဲနော်..အန်တီအေး…
    ကောင်းကင်ပြာပဲ…လျှောက်တွေးမိတာလား မသိ…

  • aye.kk

    January 9, 2015 at 11:11 am

    ကောင်းကင်ပြာ
    တင်းပုတ်လက်မဟာ လူသတ်လက်မ မဟုတ်ပါဘူး။
    ကိုင်ရိုလက္ခဏာကျမ်းကို မလေ့လာမလိုက်စားထားတဲ့၊သူတွေပြောကြတာပါ။
    လူသတ်တဲ့လက္ခဏာဆိုတာ လက်ဖဝါးပြင်မှာ ညဏ်လမ်းကြောင်း ပေါ်ကနေပြီး၊
    ခွဲထွက်တဲ့လမ်းကြောင်းငယ်တစ်ခုဟာ ဗုဒ္ဒဟူးဂြိုလ်ခုံပေါ်ဆီကို ကော့တက်သွားခဲ့ရင်သာ အလိုဆန္ဒရမက်ကြီးမှု ကြောင့်၊လူ ့အသက်ကို သတ်နိုင်ပါတယ် ။လူသတ်တဲ့လက်လို ့ဆိုနိုင်ပါတယ်။
    အန်တီလေ့လာတဲ့ လက်ဖဝါးတွေထဲမှာ အဲလိုမျိုးတွ ့ရတဲ့လူတွေဟာ လောဘရမက်နောက်ကို ကောက်ကောက်ပါအောင် လိုက်နေကြတဲ့သူတွေချည်းပါပဲ။ အန်တီချစ်ရတဲ့ မူလတန်းပြ ဆရာမဒေါ်သိန်းသိန်း၊အသတ်ခံရပါတယ် ။ လူသတ်တယ်လို ့ယူဆရတဲ့လူကို ဖမ်းဆီးစစ်ဆေးဆဲမှာ အချုပ်ထောင်မှာ အဲလူရဲ ့လက်ကို လူသတ်တာ တကယ်ဟုတ်မဟုတ် အန်တီကိုယ်တိုင် လေ့လာကြည့်ရှုစစ်ဆေး ခဲ့ပါတယ် ။ အဲလူရဲ ့လက်ဖဝါးပြင်ရဲ ့ ညဏ်လမ်းကြောင်းရဲ ့အခွဲလမ်းကြောင်းငယ်တစ်ခုဟာ တနင်္ဂနွေဂြိုလ်ခုံအောက်ကနေ စတင်ပြီး ဗုဒ္ဒဟူး ဂြိုုလ်ခုံဆီကို ကော့ညွတ်ပြီးတက်သွားပါတယ် ။ သူဟာ လူသတ်တရားခံအစစ်ဆိုတာ အန်တီသိရှိခဲ့ပါတယ် ။ နောက်ပိုင်းအမှုစစ်ဆေးပေါ်ပေါက်ချက်အရ သူဟာ လူသတ်မှုနဲ ့ ထောင်ကျသွားခဲ့ပါတယ် ။
    ဝါသနာအရ ဆိုတော့ အနှူ လက်လည်းကြည့်ဘူးပါတယ် ဘာကြောင့်နှူ တာလဲဆိုတာ ၊ အန်တီက ငယ်ငယ်ထဲက လက္ခဏာပညာကို ဝါသနာပါခဲ့တော့ ကိုင်ရိုမူရင်းကျမ်းနဲ ့တိုက်ဆိုင်ပြီးမှလေ့လာသိရှိပြီးမှကိုင်ရိုဟောချက်တွေကို လေးစားယုံကြည်သက်ဝင်ခဲ့ပါတယ်။ ဝါသနာအရလည်း လေ့လာခဲ့ပါတယ် ။ အင်္ဂရုပ်ကျမ်း လဲထို ့အတူပါ ။ အန်တီလေ့လာလိုက်စားခဲ့တာ အသက် ၈နှစ်အရွယ်ဝန်းကျင်ထဲကပါ။။ ဝါသနာပါလာခဲ့ပါတယ်။။ တင်းပုတ်လက်မတွေဟာ သူတို ့ရဲ ့ဒေါသတွေဟာ ပြည်တည်နေတဲ့အနာလို စုပြီးမှသာပေါက်ကွဲတတ်တာမျိုးပါ။ လူသတ်ဘို ့သတ္တိမရှိတာ အမှန်ပါ ။။

    • Kaung Kin Pyar

      January 9, 2015 at 2:20 pm

      ဟုတ် အန်တီအေး
      ဗဟုသုတ တစ်ခုပါပဲ…
      ကျေးဇူးတင်ပါတယ်…

  • Wow

    January 9, 2015 at 11:29 am

    အဟွာလေ လူတစ်ယောက်ကို နဖူးရေဒူးရေကျိရဒယ်ဆိုတော့ တဂယ်ဂျီး ဒူးခေါင်းပါကျိရတာလားဟင် :mrgreen:

  • aye.kk

    January 9, 2015 at 11:32 am

    ရုပ်တရားတွေဆိုတာ
    အားလုံးပါဝင်ပါတယ်၊ဖြစ်ပြီးရင်ပျက်မှာက အသေအချာ။။

Leave a Reply