ခက်

ကာရံJanuary 4, 20151min906

ခက်

တစ်စတစ်စ အပိုင်းများက လှိုင်းအားရဲ့ရိုက်ချက်ကြောင့်
ကမ်းတစ်ဘက်မှာ အလွမ်းမဲ့ခြေရာ ထင်ကျန်ရစ်ခဲ့ပါပြီ

မွှေးသည် မွှေးသည် သို့သော် ရိုးအီနေတဲ့ ဇာတ်လမ်းတွေက
ငါ့စိတ်ရိုင်းတွေကို လှည့်စားတက်နေပြီ

ကြေ ွလွင့်ခြင်းစေတမာန်များ မာယာစေတန်တစ်ချို ့
နတ်ဆိုးတို့ ပူစော်နေတဲ့ နှလုံးသားတမလွန်မှာ
အမုန်းတရားတို့ အယူခံဝင်တက်ပြီပေါ့

သုံးမရတော့တဲ့ အပြုံးမြို့တော်ရဲ့ နောက်
မှောက်ကာထားခဲ့တဲ့ သိက္ခာတစ်ချို ့နဲ့
လက်ကျန်မေတ္တာ ယာဉ်စွန်းတန်းမှာ
ခက် ခက်သည်ဆိုသော ပုစ္စာလေးမြင်ဖူးလိုက်ချင်ပါသေးတယ်

ကာရံ ၄ ့ ၁ ့ ၂၀၁၅

6 comments

  • မြစပဲရိုး

    January 4, 2015 at 11:10 pm

    စာမေးပွဲ မှာတော့ ပုစ္ဆာခက်လေ အမှတ် ရ လွယ်လေ လို့ ကြားဘူးတာဘဲ။
    ကြိုးစားပြီး အဖြေ ဖြေခဲ့ရင်ပေါ့။
    လွယ်ရင် လူတိုင်း မှန်တော့ အမှတ်ပေး နဲ တာလေ။ :))

  • min kyansix

    January 5, 2015 at 1:19 am

    အကာသကို ပေတိုင်းထွာခိုင်းရင်တောင်
    အဖြေရလောက်မယ့် အနေအထားမှာရှိနေသလိုဘဲ 🙂

  • ကာရံ

    January 5, 2015 at 6:31 am

    ဟုတ်မယ်ထင်ပါတယ်

  • kyeemite

    January 5, 2015 at 11:09 am

    .ခက်သည် လွယ်သည် ထိုနှစ်လီ
    .ရင်ဆိုင်မိသူပေါ် သာတည် :))

  • Maung Thura

    January 5, 2015 at 7:28 pm

    တစ်စ တစ်စ ဆိုတာကို..ရေးရင်.. စလုံး အသတ်လေး ဖြုတ်ရတယ်ဆိုလား…

    ဒါမဲ့..အခု..ကျနော် ဖတ်သွားတာ.. ကဗျာ..
    သဒ္ဒါ မဟုတ်..
    ချ ချ

    😆

  • ကာရံ

    January 6, 2015 at 9:56 pm

    ကျေးကျေးပါ နားလည်ပေးလို့ ရေးရင်းနဲ့မှားနေတာလေ

Leave a Reply