ကျနော်ဟာ ငယ်စဉ်က ဘာသာမဲ့ တဦးဖြစ်ခဲ့ပါတယ်။ မိရိုးဖလာကတော့ ဗုဒ္ဓ ဘာသာပါ။ သရဏဂုံ သုံးပါး တည်လိုက်ရင် ဗုဒ္ဓဘာသာဖြစ်တယ်လို့ လည်းဆိုကြပါတယ်။

ငယ် စဉ်က သရဏဂုံ သုံးပါးကို လေးလေးနက်နက် တည်ခဲ့ခြင်း မရှိခဲ့ပါ။ ယခုအသက်ကလေး ရလာတော့ ဘာသာရေးကို စဉ်းစားမိပါပြီ။ ဗုဒ္ဓဘာသာနဲ့ ပါတ်သက်ပြီး

လက်လှမ်းမီရာ စာအုပ်များလည်းဖတ်။ ဒီ ဆိုဒ်ထဲမှာ ပါတဲ့ ဗုဒ္ဓ ဘာသာနဲ့ဆိုင်တဲ့စာစု များကိုလည်းမလွတ်တန်းဖတ်ပါတယ်။ ယခုလောကကြီးဟာ ရုပ်ဝါဒ ကြီးစိုး နေတဲ့

လောကကြီးဖြစ်ပါတယ်။ ဒါကြောင့် တဖက် ကလည်း ရုပ်ဝါဒကြီးစိုးနေ၊ တဖက်ကလည်း ဗုဒ္ဓဘာသာကို လေ့လာချင်ယုံမက လိုက်စားချင် ..ဆိုတော့အခက်အခဲတော့ကြုံရပါတယ်။

စားဝတ်နေရေးကလည်းရှိတော့ လိုချင်စိတ် လောဘစိတ် အနည်းငယ်နဲ့ နေရပါတယ် …… ဘာသာရေး လိုက်စားပြီး ကိုယ် နားလည်သလောက် အားထုတ်ကြည့်တော့

လောဘစိတ် နဲပါးလာတာတွေ့ရပါတယ်။ ကျနော် သမာဓိ ကို အဓိက အား စိုက်ပြီး မလုပ်ပါဘူး နေ့စဉ်လူမှုကိစ္စ ကလည်းရှိသေးတာကိုး။ ဒါကြောင့် မြင်မြင် သမျှကို

ဝိပဿနာ တင်ပြီး ဆင်ခြင် ပါတယ်။ ……ပြ ဿနာက လူတွေနဲ့စကားပြောရတာ ဂွကျလာပါတယ်။ လုပ်ရကိုင်ရတာလည်း ဂွကျလာပါတယ်။

ရောင်းသမျှဝယ်သမျှလည်း မမြတ်ချင်နေ … လိုချင် လည်း ယူသာသွား … အ၀တ်အစားမှာလည်း လူတော တိုး အောင် မ၀တ်ချင်တော့….. အိမ်ရှင်မကအစ ခပ်ကြောင်ကြောင်

ဖြစ်လာပြီလို့ ..ယူဆနေပုံ့ရပါတယ်။ဒါကပြဿနာတခုပါ။

နောက်တခုကတော့ ….. မြန်မာလူမျိုးတွေဟာ အများအားဖြင့် ….ဘယ်နားမှာတော့ ဘယ်အရပ်မှာတော့ ရဟန္တာ ပေါ် နေပြီတဲ့ ဆိုရင် ပြေးပြီးဖူးကြတာ ကိုတွေ့ရပါတယ်။

ရဟန္တာ ဖြစ်သည် ဖြစ်စေ။ ရဟန္တာ မဖြစ်သေးသည်ဖြစ်စေ ကောင်းမှုကုသိုလ် တော့ရတန်သေ၇ွ့ရကြမှာပါ။ အဲဒီမှာ …ကျနော့အနေနဲ့ …ရဟန္တာဖြစ် မဖြစ် ဘယ်လိုခွဲခြား

သိနိုင်ပါသလဲ။ ရဟန္တာ ကိုယ်တော်မြတ်တို့၏ စိတ် သည် မည်သို့ရှိပါသလဲ …. သိချင်လာပါတယ်။

လူဖြစ်မှတော့ လူတန်းစေ့ နေနိုင် အောင်ကြိုးစားရမယ် …. သားသမီးတွေ ကို လူတန်းစေ့ ထားနိုင်ရမယ် … ကိုယ်လွတ်ရုံးမထွက်ပါနဲ့ … ဆိုတာတွေကလည်း ….ကျနော့အတွက် ကန့်လန့် ခံနေပါ တယ်။ …..ကျေးဇူးပြုပြီး ..ဆွေးနွေးပေးကြပါ ၇န် …….

About fatty

Zaw oo has written 351 post in this Website..

i am over 50. I have the knowledge of broadcasting and televising as a producer and have trading- company-experiences as well.