တကယ်​​တော့ ကျ​နော်​က ​ကြောင်​နဲ့ပါတ်​သတ်​ရင်​ သမိုင်းဆိုးရှိသူပါ

 

ငယ်​တုန်းက ဘိတ်​မှာ ​ကြောင်​​ပေါက်​စတ​ကောင်​ကို ​သေ​အောင်​ မစဖူးတယ်

ငတိမကဗျာ အိပ်​ယာ​ပေါ်ရွှံထဲသွားကစားပီးတက်​​ခွေ​နေတာရယ်​ အဲ ရိုက်​ချလိုက်​မိ​တော့ မီးဖိုထဲ ဟင်းအိုးနှိုက်​​နေတယ်​​လေ

အပြင်​က ပြန်​လာကာစထမင်းဆာ​နေတဲ့ကျ​နော်​နဲ့တိုး​တော့ ထပ်​နဗန်​ကျင်းလိုက်​တာ အိမ်​​အောက်​​ပြေးဆင်းပါ​လေ​ရော

အိမ်​​အောက်​​ရောက်​​တော့ အ​ဖေ့ အမဲလိုက်​​ခွေးနှစ်​​ကောင်​ လိုက်​လို့​ပြေးရင်းလွှားရင်း အ​မောဆို့သလား

နှလုံးမ​ကောင်းလို့လား ​သေပါ​ရောလား

တကယ်​က အဲ့​ခွေးညီအစ်​ကို​တွေက ​ခွေး​ပေါကြီး​တွေ သူတို့က ​ရွှေဝါ​ရောင်​​ကြောင်​​လေးမို့ ချစ်​လို့ စချင်​တာ ကိုက်​တတ်​တာမဟုတ်​ ​သေသ်ွးေ​ရော ဘယ်​ဟာမှမကိုက်​ဖူးတဲ့ အမဲလိုက်​​ခွေးဆု​ပေးရင်​ သင်းတို့ ညီအစ်​ကိုရမယ်​ထင့်

ထားပါ​တော့​လေ သူတို့အ​ကြောင်း

နောက်​တ​ကြောင်​ကျ ဇီးကြီးနဲ့ဗျ

ဆာရင်​လာ ပွတ်​သီးပွတ်​သပ်​လုပ်​တယ်​ အဆာဝရင်​ ဖာသိဖာသာ​နေတယ်​ အဆိုးဆုံးက ​ချေးပါပက်​စက်​တာပဲ

အဲ့တုန်းက ​ကျော်​အသက်​ ၁၂နှစ်​ပဲရှိ​သေးတာ အိမ်​မှာ လုပ်​မယ့်​လူ​တွေရှိ​ပေမယ့်​ ​ကျော့်​တာဝန်​က ​ကြောင်​​ချေးရှာတာဝန်​​လေ

ဒင်းက တည်​တဲ့​နေရာမပါသလို ကုတင်​နဲ့​သေတ္တာကြားလို လူလက်​လှမ်းမီဖို့ခက်​တဲ့​နေရာ ပါတတ်​တဲ့​သောက်​ကျင့်​​ကြောင့်​​ပေါ့

အနံ့ရတယ်​မ​တွေ့ဘူးဆို​တော့ လူကြီး​တွေက ​ကျော့်​ကို​ကော

ကျော်​ကဒင်းကို ​မေတ္တာပို့ နဲ့ဆိုပါ​တော့

တရက်​​တော့ ထပ်​ခိုးမှာတက်​ကြက်​သ​ယေယုတ်​ထားလို့ ​ဆောင့်​ကန်​မိတယ်​ မ​သေယုံတမယ်​ပါပဲ

ခုချိန်​ပြန်​စဉ်းစား​တော့ စိတ်​မ​ကောင်းမိဖူး

အာ့​ကြောင့်​ကျ​နော်​​ကြောင်​မ​မွေးဘဲ ​ခွေး​တော့​မွေးဖြစ်​လာခဲ့တာ နှစ်​ ၂၀နီးပီ ​နောက်​ပိုင်းနှစ်​​တွေ​တော့ ငါး​ပေါ့​လေ

 

အဲ့လိုသမိုင်းရှိဖူးလို့ ​ကြောင်​ဆိုလက်​​ရှောင်​​နေတဲ့ကျ​နော်​ ပြီးခဲ့တဲ့လက လက်​ခံရမယ့်​တခုဖြစ်​လာခဲ့တယ်

ဘယ်​အိမ်​ကမှန်းမသိတဲ့ ​ကြောင်​မဒန်းမ​လေး အိမ်​​ရောက်​လာတယ်

ပုံမှန်​​အေး​အေး​နေတတ်​​ပေမယ့်​ ဆာလာရင်​ လက်​​ချောင်းမှာ မနာ​အောင်​ကိုက်​ပြီးအစာ​တောင်းတတ်​တယ်

ပိုထူးဆန်းတာက ပါစရာရှိရင်​ အိမ်​သာထဲသွားပါတာပါပဲ

ဘိုထိုင်​အိမ်​သာကမုတ်​ကို မထိုင်​တတ်​လို့ ​ဘေးဘက်​မှာ ပါချထား​ပေမယ့်​ အိမ်​က​ကောင်​မ​လေးလည်း မညိုညင်​ဘူး​ပေါ့ဗျာ လိမ္မာတာ​ပြောတယ်

ပို​ကောင်းတာတခုက အိမ်​မှာ အ​ပေါ်ထပ်ကြမ်းခင်းနဲ့ ​အောက်​ထပ်​ထပ်​ခိုးကြားက စ​ပေ့စ့်​မှာ ကြွက်​​သောင်းကျန်း​နေတာ သူရှိကတည်းက ပ​ပျောက်​သွားတာ​ရယ်​​ပေါ့

အနက်​နဲ့​ရွှေ​ရောင်​စပ်​ကြား ​ကြောင်​မဒမ်း​လေးကို ဘယ်​လိုထိန်းရမလဲဆိုတာ ရွာ့​ကြောင်​ချစ်​သူ​တွေဆီကြုံရင်​​မေးပါအုံးမယ်​ခင်​ဗျ

 

ခုရက်​ပိုင်း​တော့ သွား​လေရာလိုက်​​နေလို့ နည်းနည်းစိတ်​ပူမိ​ကြောင်း

 

 

Ps ကျ​နော်​​ကြောင်​ချစ်​တတိလာပီထင့်

 

 

အဲ့လိုပါဗျာ ၂၀၁၅က အူ​ကြောင်​​ကြောင်​နဲ့ စတဲ့နှစ်​ပါ

 

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011