​ကျော်​နဲ့ ​ကြောင်​

ムラカミJanuary 6, 20151min25511

တကယ်​​တော့ ကျ​နော်​က ​ကြောင်​နဲ့ပါတ်​သတ်​ရင်​ သမိုင်​းဆိုးရှိသူပါ

 

ငယ်​တုန်​းက ဘိတ်​မှာ ​ကြောင်​​ပေါက်​စတ​ကောင်​ကို ​သေ​အောင်​ မစဖူးတယ်​

ငတိမကဗျာ အိပ်​ယာ​ပေါ်ရွှံထဲသွားကစားပီးတက်​​ခွေ​နေတာရယ်​ အဲ ရိုက်​ချလိုက်​မိ​တော့ မီးဖိုထဲ ဟင်​းအိုးနှိုက်​​နေတယ်​​လေ

အပြင်​က ပြန်​လာကာစထမင်​းဆာ​နေတဲ့ကျ​နော်​နဲ့တိုး​တော့ ထပ်​နဗန်​ကျင်​းလိုက်​တာ အိမ်​​အောက်​​ပြေးဆင်​းပါ​လေ​ရော

အိမ်​​အောက်​​ရောက်​​တော့ အ​ဖေ့ အမဲလိုက်​​ခွေးနှစ်​​ကောင်​ လိုက်​လို့​ပြေးရင်​းလွှားရင်​း အ​မောဆို့သလား

နှလုံးမ​ကောင်​းလို့လား ​သေပါ​ရောလား

တကယ်​က အဲ့​ခွေးညီအစ်​ကို​တွေက ​ခွေး​ပေါကြီး​တွေ သူတို့က ​ရွှေဝါ​ရောင်​​ကြောင်​​လေးမို့ ချစ်​လို့ စချင်​တာ ကိုက်​တတ်​တာမဟုတ်​ ​သေသ်ွးေ​ရော ဘယ်​ဟာမှမကိုက်​ဖူးတဲ့ အမဲလိုက်​​ခွေးဆု​ပေးရင်​ သင်​းတို့ ညီအစ်​ကိုရမယ်​ထင်​့

ထားပါ​တော့​လေ သူတို့အ​ကြောင်​း

​နောက်​တ​ကြောင်​ကျ ဇီးကြီးနဲ့ဗျ

ဆာရင်​လာ ပွတ်​သီးပွတ်​သပ်​လုပ်​တယ်​ အဆာဝရင်​ ဖာသိဖာသာ​နေတယ်​ အဆိုးဆုံးက ​ချေးပါပက်​စက်​တာပဲ

အဲ့တုန်​းက ​ကျော်​အသက်​ ၁၂နှစ်​ပဲရှိ​သေးတာ အိမ်​မှာ လုပ်​မယ်​့လူ​တွေရှိ​ပေမယ်​့ ​ကျော်​့တာဝန်​က ​ကြောင်​​ချေးရှာတာဝန်​​လေ

ဒင်​းက တည်​တဲ့​နေရာမပါသလို ကုတင်​နဲ့​သေတ္တာကြားလို လူလက်​လှမ်​းမီဖို့ခက်​တဲ့​နေရာ ပါတတ်​တဲ့​သောက်​ကျင်​့​ကြောင်​့​ပေါ့

အနံ့ရတယ်​မ​တွေ့ဘူးဆို​တော့ လူကြီး​တွေက ​ကျော်​့ကို​ကော

​ကျော်​ကဒင်​းကို ​မေတ္တာပို့ နဲ့ဆိုပါ​တော့

တရက်​​တော့ ထပ်​ခိုးမှာတက်​ကြက်​သ​ယေယုတ်​ထားလို့ ​ဆောင်​့ကန်​မိတယ်​ မ​သေယုံတမယ်​ပါပဲ

ခုချိန်​ပြန်​စဉ်​းစား​တော့ စိတ်​မ​ကောင်​းမိဖူး

အာ့​ကြောင်​့ကျ​နော်​​ကြောင်​မ​မွေးဘဲ ​ခွေး​တော့​မွေးဖြစ်​လာခဲ့တာ နှစ်​ ၂ဝနီးပီ ​နောက်​ပိုင်​းနှစ်​​တွေ​တော့ ငါး​ပေါ့​လေ

 

အဲ့လိုသမိုင်​းရှိဖူးလို့ ​ကြောင်​ဆိုလက်​​ရှောင်​​နေတဲ့ကျ​နော်​ ပြီးခဲ့တဲ့လက လက်​ခံရမယ်​့တခုဖြစ်​လာခဲ့တယ်​

ဘယ်​အိမ်​ကမှန်​းမသိတဲ့ ​ကြောင်​မဒန်​းမ​လေး အိမ်​​ရောက်​လာတယ်​

ပုံမှန်​​အေး​အေး​နေတတ်​​ပေမယ်​့ ဆာလာရင်​ လက်​​ချောင်​းမှာ မနာ​အောင်​ကိုက်​ပြီးအစာ​တောင်​းတတ်​တယ်​

ပိုထူးဆန်​းတာက ပါစရာရှိရင်​ အိမ်​သာထဲသွားပါတာပါပဲ

ဘိုထိုင်​အိမ်​သာကမုတ်​ကို မထိုင်​တတ်​လို့ ​ဘေးဘက်​မှာ ပါချထား​ပေမယ်​့ အိမ်​က​ကောင်​မ​လေးလည်​း မညိုညင်​ဘူး​ပေါ့ဗျာ လိမ္မာတာ​ပြောတယ်​

ပို​ကောင်​းတာတခုက အိမ်​မှာ အ​ပေါ်ထပ်ကြမ်​းခင်​းနဲ့ ​အောက်​ထပ်​ထပ်​ခိုးကြားက စ​ပေ့စ်​့မှာ ကြွက်​​သောင်​းကျန်​း​နေတာ သူရှိကတည်​းက ပ​ပျောက်​သွားတာ​ရယ်​​ပေါ့

အနက်​နဲ့​ရွှေ​ရောင်​စပ်​ကြား ​ကြောင်​မဒမ်​း​လေးကို ဘယ်​လိုထိန်​းရမလဲဆိုတာ ရွာ့​ကြောင်​ချစ်​သူ​တွေဆီကြုံရင်​​မေးပါအုံးမယ်​ခင်​ဗျ

 

ခုရက်​ပိုင်​း​တော့ သွား​လေရာလိုက်​​နေလို့ နည်​းနည်​းစိတ်​ပူမိ​ကြောင်​း

 

 

Ps ကျ​နော်​​ကြောင်​ချစ်​တတိလာပီထင်​့

 

 

အဲ့လိုပါဗျာ ၂၀၁၅က အူ​ကြောင်​​ကြောင်​နဲ့ စတဲ့နှစ်​ပါ

 

11 comments

  • La Yeik

    January 6, 2015 at 1:13 pm

    အူးကြောင်ဂျီးကို မေးကျိပါလား အူးလေး..ကြောင်မဒန်းမလေးဆိုတော့လေ…အဟီး စတာနော်
    မီးမွေးထားတဲ့ကြောင်လေးလည်း ဆာရင် အဲလိုပဲ မနာအောင်ကိုက်ပေမယ့် သူတို့သွားနဲ့ကိုက်ရင် ယားလို့ ကန်ကန်ထုတ်ပလိုက်တာပဲ…ကန်ထုတ်ပလိုက်လဲ အစာမစားရမချင်း လာလာကိုက်နေတာ…သူက ကိုက်လိုက် ကိုယ်က ကန်ထုတ်လိုက်နဲ့ နောက်ဆုံး ကိုယ်ပဲ အရှုံးပေးပီး အစာကျွေးမှ ငြိမ်သွားတော့တယ်..ချစ်ဖို့တော့ အားဂျီးကောင်းတယ်…

  • Yae Myae Tha Ninn

    January 6, 2015 at 1:19 pm

    ခပ်ကြောင်ကြောင်နဲ့ စတယ် ဆိုပါစို့… အူကြောင်ကြောင်ဆို ခွေးပါ ပါမှ ဖြစ်မှာလေ… 😛

    အူ= ခွေး လေ… 😛

  • ဝင့်ပြုံးမြင့်

    January 6, 2015 at 2:13 pm

    .ကြောင်တွေ ခွေးတွေက အမိုးနီးယား အနံ့ ရတဲ့နေရာမှာ အပေါ့အလေးစွန့်ကြတယ် ကြားဖူးတာပဲ။ ဂျာမဏီမှာ ကြောင်တို့ခွေးတို့အတွက် လမ်းဘေးမှာ အိမ်သာလုပ်ပေးထားတယ်။ လှလှလေး။ ခွေးတွေ ကြောင်တွေက လမ်းသွားရင် အဲဒီမှာပဲ စွန့်ကြသတဲ့။ အမိုးနီးယားအနံ့လုပ်ပေးထားသလား မသိဘူး။ ဂက်စ်နာမည် သိပ်မသေချာဘူး။ အမိုးနီးယားလား ဘာလား မသိဘူး။ အဲဒါလေး ဖြန်းပေးထားရင် အဲဒီမှာပဲ သွားတယ်တဲ့။

    • Kaung Kin Pyar

      January 6, 2015 at 2:47 pm

      ကြောင်အတွက် အမိုးနီးယား…
      လူအတွက် အင်ဒလင်း….

    • kai

      January 6, 2015 at 3:25 pm

      Dog and puppy house training – the modern way!
      canineconcepts.co.uk › Blog
      The pheromone treated Pee Post from Simply Solution can also help in … cleaner with ammonia or bleach, as it will smell similar to the ammonia in urine and the …

  • kyeemite

    January 6, 2015 at 2:30 pm

    .အင်း..ခက်တော့နေပြီ ဖားသက်ပြင်းရေ…
    .၂၀၁၅တော့မသိဘု…၂၀၁၄အဆုံးသတ်ကတော့ အူ​ကြောင်​​ကြောင်​နဲ့ ပဲ ပီးသွားလေရဲ့ :k:

  • Maung Thura

    January 6, 2015 at 3:08 pm

    ဦးကြောင်ကိုသာပေးလိုက်ရင်…
    ဦးကြောင်ကတော့ …ပျော်ပျော်ကြီးယူမှာ..
    ဒါမယ့်..ကြောင်ကလေး ဘဝကတော့ မတွေးရဲစရာ…

    :k:

  • မြစပဲရိုး

    January 7, 2015 at 2:37 am

    ကျုပ် မတော့ ကြောင် လေး နှစ်ကောင် အထီး အစ်မ မွေးမိပါတယ်။
    အထီးလေး က ရွှေဝါရောင် ဝတုတ် လေးမို့ ကိုယ့် အချစ်တော်ပေါ့။
    နောက်တော့ ဒင်းက ကြောင်စုံး ဖြစ်ပြီး သူ့ညီမ ကြောင်မလေး မွေးတဲ့ ကလေး တွေ ကို ကိုက်ပါလေရော။
    ခေါင်းပြတ်အောင် ကိုက်တာ။
    အဲဒီထဲ က ဒင်း ကို သေခန်းဖြတ်လိုက်တာဘဲ။
    နောက်တော့ အဝါ အမဲ အဖြူ စပ် ကြောင်မလေး။ တကယ်ချစ်ဖို့ကောင်းတာ။ လှလှလေး။
    စပ်စုမလေး လို့ ခေါ်တာ။
    တမနက် မှာ ပျောတ်သွားရော။ သူများခိုး သွားတာ ထင်ရဲ့။
    အခုတော့ သက်ရှိ တွေ သံယောဇဉ်ဖြတ်ပြီး တစ်နေ့ ကို ကြောင်ပုံ တစ်ပုံ ရှိတဲ့ 365 Cat ပြက္ခဒိန် ဘဲ ထားတော့တယ်။

    အကြံပု ရရင် သားကြောဖြတ်ပေးထားလိုက်။ 😉 lol:-)))

  • manawphyulay

    January 7, 2015 at 8:52 am

    ဘာ ဦးကြောင်ကြီးကို ချစ်တယ်ဟုတ်လား… :mrgreen:
    တော်ပြီ ဟတ်ပီးဘတ်ဒေး လာလုပ်တာ မလုပ်တော့ဘူး ဒါဗြဲ…

  • Wow

    January 7, 2015 at 1:11 pm

    ဘာကြောဒယ်… ဖားနဲ့ကြောင် ချစ်နေဂျ ဘီ…. :mrgreen:

  • Ma Ma

    January 9, 2015 at 6:47 am

    ဒီရွာရဲ့စရိုက်ပီသစွာပဲ……………….
    ကျော်နဲ့ကြောင်အကြောင်းကနေ
    ကြောင်နဲ့ချီးအကြောင်း ဗဟုနဲ့သုတ ရလိုက်တယ်။ :k:

    ဒီပိုစ့်ကိုဖတ်ပြီး ၂၀၁၅ အတွက် အတိတ်ကောက်ရရင်….
    ငြိ်မ်းချမ်းရေးရမယ့် နှစ် လို့….. 🙂

Leave a Reply